[Zawgyi]

ေခ်တဲ့ပိုစ့္ေတြ အရိုက္မ်ားလို႔ ေခ်တတ္ေနၿပီဆိုတဲ့ ထက္ထက္ထြန္း

Miss ကေနမွတစ္ဆင့္ သရုပ္ေဆာင္ဘက္ပိုင္းကိုေရာက္ရိွလာတဲ့ ထက္ထက္ထြန္းဟာ ရုပ္ရွင္ကားႀကီးေတြ ရိုက္ေနရသလို ဗီဒီယိုဇာတ္ကားေတြကိုလည္း ရိုက္ေနရၿပီပဲျဖစ္ပါတယ္။ သူ႔မရဲ႕အႏုပညာလႈပ္ရွားမႈ တစ္ေစ့တစ္ေစာင္းနဲ႔ ပတ္သက္ၿပီးေမးျမန္းခဲ့တာကေတာ့ “လတ္တေလာမွာ “ခြင္ႀကီးခြင္က်ယ္” ရုပ္ရွင္ကားႀကီး ရိုက္ထားပါတယ္။ ဒီကားက လူလိမ္အေၾကာင္းေပါ့။ ခြင္အႀကီးႀကီးဖန္တဲ့သူနဲ႔ ခြင္ေသးေသးေလးဖန္တဲ့သူရဲ႕ ၾကားကျဖစ္တဲ့အေၾကာင္းကို ဟာသပုံစံ ရိုက္ထားတာေလးပါ။ ဒီကားမွာ ထက္ထက္ကလည္း လူလိမ္မေလးတစ္ေယာက္ပုံစံကိုမွ လူလိမ္မလို႔ မထင္ရတဲ့ပုံစံမ်ိဳး သရုပ္ေဆာင္ထားပါတယ္”လို႔ ေျပာပါတယ္။

ကိုယ့္အေနနဲ႔ ဒီဇာတ္ကားမွာ နာမည္ႀကီး၀ါရင့္သရုပ္ေဆာင္ေတြနဲ႔အတူ လက္တြဲၿပီးလုပ္ရေတာ့ စိတ္ထဲမွာရွိန္တာတို႔၊ ေၾကာက္တာတို႔ ျဖစ္မိေသးလားလို႔ဆိုေတာ့….”၀ါရင့္သရုပ္ေဆာင္ေတြနဲ႔ သရုပ္ေဆာင္ရလို႔ ရိွန္တာမ်ိဳးေတာ့မရိွပါဘူး။ ေရွ႕မွာလည္း ကိုေျပတီတို႔၊ အန္ကယ္ေလးတို႔နဲ႔ ရိုက္ခဲ့ဘူးပါတယ္။ သူတို႔ေတြက ရင္းရင္းႏွီးႏွီးႀကိဳဆိုေပးၾကပါတယ္”လို႔ ဆိုပါတယ္။

ထက္ထက္အေနနဲ႔ေရာ ကိုယ္အားသာတဲ့ကာရိုက္တာမ်ိဳးနဲ႔ ကိုယ္ရိုက္ခ်င္ေနတဲ့ ကာရိုက္တာမ်ိဳးရိွရင္လည္း ေျပာျပေပးပါဦးဆိုေတာ့… “ကိုယ္က အခုခ်ိန္မွာ ဘယ္ဇာတ္ရုပ္ကို ပိုအားသာတယ္ဆိုတာမ်ိဳးေတာ့ မသိေသးပါဘူး။ က်တဲ့ဇာတ္ရုပ္ေပၚမွာ အေကာင္းဆုံးသရုပ္ေဆာင္ခဲ့ပါတယ္။ ထက္ထက္အေနနဲ႔ အမ်ားႀကီးႀကိဳးစားဖို႔ လိုပါေသးတယ္။ ကိုယ္ရိုက္ခ်င္တဲ့ ဇာတ္ရုပ္ဆိုရင္ ဟာသစပ္ၿဖီးၿဖီး ေျပာင္စပ္စပ္လုပ္ရမွာကိုလည္း ရမယ္ထင္တာပဲ။ နည္းနည္းခပ္မာမာေတြလည္း ရမယ္ထင္တာပါပဲ။ အခုေနာက္ပိုင္းမွာ ေခ်တဲ့ပိုစ့္ေတြ အရမ္းရိုက္ရေတာ့ ေခ်တာေတာ့ ပိုင္တယ္။အခုလည္း လူလိမ္ဇာတ္ရုပ္နဲ႔ ႏွစ္ကားရိွၿပီရိုက္ထားတာ”ဆိုေတာ့ ေခ်တတ္ေနၿပီေပါ့ေနာ္။

ကိုယ္က ဗီလိန္သရုပ္ေဆာင္ရတဲ့အေပၚမွာ ပရိသတ္က မုန္းသြားမွာမ်ိဳး မစိုးရိမ္မိဘူးလားဆိုတာကိုေတာ့…”လူလိမ္ဆိုေပမယ့္လို႔ ပရိသတ္က အျပင္မွာ ကိုယ္ကမလိမ္တတ္ပဲ ခ်စ္စရာေကာင္းတယ္ဆိုတာ သိထားၿပီးသားဆိုေတာ့ အဲဒါနဲ႔ပတ္သက္ၿပီး ပရိသတ္မုန္းသြားမွာပဲဆိုၿပီး မစိုးရိမ္ပါဘူး”လို႔ ဆိုပါတယ္။

www.akhayar.com

[Unicode]

ချေတဲ့ပိုစ့်တွေ အရိုက်များလို့ ချေတတ်နေပြီဆိုတဲ့ ထက်ထက်ထွန်း

Miss ကနေမှတစ်ဆင့် သရုပ်ဆောင်ဘက်ပိုင်းကိုရောက်ရှိလာတဲ့ ထက်ထက်ထွန်းဟာ ရုပ်ရှင်ကားကြီးတွေ ရိုက်နေရသလို ဗီဒီယိုဇာတ်ကားတွေကိုလည်း ရိုက်နေရပြီပဲဖြစ်ပါတယ်။ သူ့မရဲ့အနုပညာလှုပ်ရှားမှု တစ်စေ့တစ်စောင်းနဲ့ ပတ်သက်ပြီးမေးမြန်းခဲ့တာကတော့ “လတ်တလောမှာ “ခွင်ကြီးခွင်ကျယ်” ရုပ်ရှင်ကားကြီး ရိုက်ထားပါတယ်။ ဒီကားက လူလိမ်အကြောင်းပေါ့။ ခွင်အကြီးကြီးဖန်တဲ့သူနဲ့ ခွင်သေးသေးလေးဖန်တဲ့သူရဲ့ ကြားကဖြစ်တဲ့အကြောင်းကို ဟာသပုံစံ ရိုက်ထားတာလေးပါ။ ဒီကားမှာ ထက်ထက်ကလည်း လူလိမ်မလေးတစ်ယောက်ပုံစံကိုမှ လူလိမ်မလို့ မထင်ရတဲ့ပုံစံမျိုး သရုပ်ဆောင်ထားပါတယ်”လို့ ပြောပါတယ်။

ကိုယ့်အနေနဲ့ ဒီဇာတ်ကားမှာ နာမည်ကြီးဝါရင့်သရုပ်ဆောင်တွေနဲ့အတူ လက်တွဲပြီးလုပ်ရတော့ စိတ်ထဲမှာရှိန်တာတို့၊ ကြောက်တာတို့ ဖြစ်မိသေးလားလို့ဆိုတော့….”ဝါရင့်သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်ရလို့ ရှိန်တာမျိုးတော့မရှိပါဘူး။ ရှေ့မှာလည်း ကိုပြေတီတို့၊ အန်ကယ်လေးတို့နဲ့ ရိုက်ခဲ့ဘူးပါတယ်။ သူတို့တွေက ရင်းရင်းနှီးနှီးကြိုဆိုပေးကြပါတယ်”လို့ ဆိုပါတယ်။

ထက်ထက်အနေနဲ့ရော ကိုယ်အားသာတဲ့ကာရိုက်တာမျိုးနဲ့ ကိုယ်ရိုက်ချင်နေတဲ့ ကာရိုက်တာမျိုးရှိရင်လည်း ပြောပြပေးပါဦးဆိုတော့… “ကိုယ်က အခုချိန်မှာ ဘယ်ဇာတ်ရုပ်ကို ပိုအားသာတယ်ဆိုတာမျိုးတော့ မသိသေးပါဘူး။ ကျတဲ့ဇာတ်ရုပ်ပေါ်မှာ အကောင်းဆုံးသရုပ်ဆောင်ခဲ့ပါတယ်။ ထက်ထက်အနေနဲ့ အများကြီးကြိုးစားဖို့ လိုပါသေးတယ်။ ကိုယ်ရိုက်ချင်တဲ့ ဇာတ်ရုပ်ဆိုရင် ဟာသစပ်ဖြီးဖြီး ပြောင်စပ်စပ်လုပ်ရမှာကိုလည်း ရမယ်ထင်တာပဲ။ နည်းနည်းခပ်မာမာတွေလည်း ရမယ်ထင်တာပါပဲ။ အခုနောက်ပိုင်းမှာ ချေတဲ့ပိုစ့်တွေ အရမ်းရိုက်ရတော့ ချေတာတော့ ပိုင်တယ်။အခုလည်း လူလိမ်ဇာတ်ရုပ်နဲ့ နှစ်ကားရှိပြီရိုက်ထားတာ”ဆိုတော့ ချေတတ်နေပြီပေါ့နော်။

ကိုယ်က ဗီလိန်သရုပ်ဆောင်ရတဲ့အပေါ်မှာ ပရိသတ်က မုန်းသွားမှာမျိုး မစိုးရိမ်မိဘူးလားဆိုတာကိုတော့…”လူလိမ်ဆိုပေမယ့်လို့ ပရိသတ်က အပြင်မှာ ကိုယ်ကမလိမ်တတ်ပဲ ချစ်စရာကောင်းတယ်ဆိုတာ သိထားပြီးသားဆိုတော့ အဲဒါနဲ့ပတ်သက်ပြီး ပရိသတ်မုန်းသွားမှာပဲဆိုပြီး မစိုးရိမ်ပါဘူး”လို့ ဆိုပါတယ်။

www.akhayar.com