[Zawgyi]

အေတြ႔အႀကံဳမရွိလို႔ ဇာတ္ကားရိုက္ကူးဖို႔ကိုရင္ခုန္ေနတဲ့ အလွမယ္ထက္ထက္ထြန္း

အလွမယ္တစ္ေယာက္ျဖစ္ၿပီး ေမာ္ဒယ္သင္တန္းကိုလည္းဖြင့္လွစ္ထားတဲ့ ထက္ထက္ထြန္းက “လူႀကီးလူေကာင္း” ရုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္သရုပ္ေဆာင္ခြင့္ရခဲ့တဲ့အတြက္ အေတြ႔အႀကံဳမရွိတဲ့သူတစ္ေယာက္အေနနဲ႔ တကယ္ကိုရင္ခုန္ပါတယ္လို႔ဆိုပါတယ္။

“လူႀကီးလူေကာင္း” ရုပ္ရွင္ဇာတ္ကားမွာ ပါဝင္ရိုက္ကူးခြင့္ဘယ္လိုရခဲ့လဲလို႔ေမးၾကည့္ရာ “ထက္ထက္ တို႔ရဲ႕ဆရာဦးခ်ိဳႀကီးကေနတစ္ဆင့္ အမ်ားပိုင္ကုမၸဏီကကမ္းလွမ္းလာတာနဲ႔ ထက္ထက္လည္းရလာတဲ့အခြင့္အေရးကို လက္မလႊတ္ခ်င္ဘူး။ အဲဒါေၾကာင့္ လက္ခံရိုက္ကူးျဖစ္တာပါ။ အဓိကက အလွမယ္ေတြကိုအဓိကထားၿပီး သရုပ္ေဆာင္ဖို႔ေရြးတာနဲ႔ ဆရာခ်ိဳႀကီးက ထက္ထက္ကိုစဥ္းစားမိတယ္။ အရမ္းလည္းေပ်ာ္တယ္။ ဒီဇာတ္ကားႀကီးအတြက္လည္း ပထမဆံုးအေနနဲ႔ လူေရြးခံရတယ္။ ေနာက္တစ္ခုက ထက္ထက္အေနနဲ႔ အေတြ႔အႀကံဳသိပ္မရွိေတာ့ ရင္ခုန္တယ္။ အေတြ႔အႀကံဳအသစ္ေတြအမ်ားႀကီးရမယ္ဆိုတာကိုလည္း သိပါတယ္။ အမ်ားႀကီးလည္းႀကိဳးစားထားတယ္။ ထက္ထက္လည္း အေကာင္းဆံုးျဖစ္ေအာင္ႀကိဳးစားထားတယ္” လို႔ ထက္ထက္ထြန္းကေျပာပါတယ္။

တကယ္ဝါရင့္သရုပ္ေဆာင္ေတြနဲ႔ရိုက္ကူးရတဲ့အတြက္ ျပင္ဆင္မႈအပိုင္းမွာေရာ ဘယ္လိုေတြျပင္ဆင္ထားလဲလို႔ ထပ္မံေမးၾကည့္ရာ “ျပင္ဆင္မႈအပိုင္းကေတာ့ အဝတ္အစားပိုင္းကို ေသခ်ာျပင္ဆင္ရတာေပါ့ေနာ္။ ဒီဇာတ္ကားက ႐ုပ္ရွင္ကားႀကီးျဖစ္ေတာ့ ဘယ္ခ်ိန္မွ ႐ံုတင္ရမယ္ဆိုတာမသိေတာ့ Fashion Update ျဖစ္တဲ့ အလန္းေဟာ့ေရွာ့ေလးေတြ ဝတ္ဆင္ထားပါတယ္။ ရိုက္တဲ့အခ်ိန္မွာ ဖက္ရွင္ကိုေနာက္ဆံုးေပၚျဖစ္ေအာင္ဝတ္ထားတာေပ့ါ ဒါေပမယ့္လည္း ရံုတင္တဲ့ႏွစ္က်ရင္ေတာ ထက္ထက္ရဲ႕ဖက္ရွင္ကေနာက္ဆံုးေပၚျဖစ္ခ်င္မွျဖစ္ေတာ့မွာေလ အဲဒါတစ္ခုကိုေတာ့ စိတ္ပူမိတယ္” လို႔ ထက္ထက္ထြန္းက ဆိုပါတယ္။ လူႀကီးလူေကာင္းရုပ္ရွင္ဇာတ္ကားကို ဒါရိုက္တာျပည္ဟိန္းသီဟက ရိုက္ကူးပံုေဖာ္သြားမွာျဖစ္ၿပီး သရုပ္ေဆာင္ေတြအျဖစ္ လြင္မိုး၊ လူမင္း၊ ေျပတီဦး၊ ေနတုိး၊ စုုိးျမတ္သူဇာတို႔ကလည္း ပါဝင္သရုပ္ေဆာင္သြားၾကမွာျဖစ္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အတွေ့အကြုံမရှိလို့ ဇာတ်ကားရိုက်ကူးဖို့ကိုရင်ခုန်နေတဲ့ အလှမယ်ထက်ထက်ထွန်း

အလှမယ်တစ်ယောက်ဖြစ်ပြီး မော်ဒယ်သင်တန်းကိုလည်းဖွင့်လှစ်ထားတဲ့ ထက်ထက်ထွန်းက “လူကြီးလူကောင်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တဲ့အတွက် အတွေ့အကြုံမရှိတဲ့သူတစ်ယောက်အနေနဲ့ တကယ်ကိုရင်ခုန်ပါတယ်လို့ဆိုပါတယ်။

“လူကြီးလူကောင်း” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရိုက်ကူးခွင့်ဘယ်လိုရခဲ့လဲလို့မေးကြည့်ရာ “ထက်ထက် တို့ရဲ့ဆရာဦးချိုကြီးကနေတစ်ဆင့် အများပိုင်ကုမ္ပဏီကကမ်းလှမ်းလာတာနဲ့ ထက်ထက်လည်းရလာတဲ့အခွင့်အရေးကို လက်မလွှတ်ချင်ဘူး။ အဲဒါကြောင့် လက်ခံရိုက်ကူးဖြစ်တာပါ။ အဓိကက အလှမယ်တွေကိုအဓိကထားပြီး သရုပ်ဆောင်ဖို့ရွေးတာနဲ့ ဆရာချိုကြီးက ထက်ထက်ကိုစဉ်းစားမိတယ်။ အရမ်းလည်းပျော်တယ်။ ဒီဇာတ်ကားကြီးအတွက်လည်း ပထမဆုံးအနေနဲ့ လူရွေးခံရတယ်။ နောက်တစ်ခုက ထက်ထက်အနေနဲ့ အတွေ့အကြုံသိပ်မရှိတော့ ရင်ခုန်တယ်။ အတွေ့အကြုံအသစ်တွေအများကြီးရမယ်ဆိုတာကိုလည်း သိပါတယ်။ အများကြီးလည်းကြိုးစားထားတယ်။ ထက်ထက်လည်း အကောင်းဆုံးဖြစ်အောင်ကြိုးစားထားတယ်” လို့ ထက်ထက်ထွန်းကပြောပါတယ်။

တကယ်ဝါရင့်သရုပ်ဆောင်တွေနဲ့ရိုက်ကူးရတဲ့အတွက် ပြင်ဆင်မှုအပိုင်းမှာရော ဘယ်လိုတွေပြင်ဆင်ထားလဲလို့ ထပ်မံမေးကြည့်ရာ “ပြင်ဆင်မှုအပိုင်းကတော့ အဝတ်အစားပိုင်းကို သေချာပြင်ဆင်ရတာပေါ့နော်။ ဒီဇာတ်ကားက ရုပ်ရှင်ကားကြီးဖြစ်တော့ ဘယ်ချိန်မှ ရုံတင်ရမယ်ဆိုတာမသိတော့ Fashion Update ဖြစ်တဲ့ အလန်းဟော့ရှော့လေးတွေ ဝတ်ဆင်ထားပါတယ်။ ရိုက်တဲ့အချိန်မှာ ဖက်ရှင်ကိုနောက်ဆုံးပေါ်ဖြစ်အောင်ဝတ်ထားတာပေ့ါ ဒါပေမယ့်လည်း ရုံတင်တဲ့နှစ်ကျရင်တော ထက်ထက်ရဲ့ဖက်ရှင်ကနောက်ဆုံးပေါ်ဖြစ်ချင်မှဖြစ်တော့မှာလေ အဲဒါတစ်ခုကိုတော့ စိတ်ပူမိတယ်” လို့ ထက်ထက်ထွန်းက ဆိုပါတယ်။ လူကြီးလူကောင်းရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာပြည်ဟိန်းသီဟက ရိုက်ကူးပုံဖော်သွားမှာဖြစ်ပြီး သရုပ်ဆောင်တွေအဖြစ် လွင်မိုး၊ လူမင်း၊ ပြေတီဦး၊ နေတိုး၊ စိုုးမြတ်သူဇာတို့ကလည်း ပါဝင်သရုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။