HTC ဟာ သူတို့ရဲ့ ထုတ်ကုန်  စမတ်ဖုန်း Series အသစ်၂ ခု ဖြစ်တဲ့ U Ultra နဲ့ U Play ကို စတင်မိတ်ဆက်ခဲ့ပြီး  Liquid Surface Construction နည်းပညာသုံးထားတဲ့ ဖန်သားနဲ့ ကိုယ်ထည်ကိုပြုလုပ်ထားပါတယ်။  အသစ်ထွက်ရှိမယ့် U Ultra စမတ်ဖုန်းရဲ့ အရှေ့ဘက်မှာ ချုံ့ ထားတဲ့ Secondary Display ပါဝင်ပါတယ်။ Dual Display Technology အသုံးပြုထားတာကြောင့် User တွေအနေနဲ့ Apps ၊ Contacts တွေကို အသုံးပြုတဲ့ အခါမှာ ပိုမိုမြန်ဆန်စေပါတယ်။

U Ultra မှာပါဝင်တဲ့ Mini-Display ဟာ ၂လက်မ ရှိပြီး မြင်ကွင်းကို အထောက်အပံ့ပေးတဲ့ Resolution ကတော့ 160 x1040 ဖြစ်ပါတယ်။ အဓိက မျက်နှာပြင်အကျယ်အ၀န်းကတော့ ၅.၇လက်မရှိပြီး Resolution အနေနဲ့ကတော့ 2560×1440 ရှိပါတယ်။ Processor အနေနဲ့ Snap Dragon 821 ပါဝင်ပါတယ်။ RAM 4GB ရှိပြီး Internal Storage အနေနဲ့ကတော့ 64GB ပါဝင်တဲ့အပြင် ထပ်မံတိုးချဲ့ အသုံးပြုချင်ရင်တော့ MicroSD Card ကို အသုံးပြုနိုင်ပါတယ်။ Battery အနေနဲ့ 3000mAh ပါဝင်ပါတယ်။ ဒီဖုန်းမှာ Fingerprint Scanner ပါဝင်ပြီး Home Button ကို main panel ရဲ့အောက်မှာထည့်သွင်းထားပါတယ်။ နောက်ဘက်ကင်မရာဟာ 12MP ရှိတာကြောင့် HTC’s Ultrapixel Sensor အသုံးပြုထားတာကြောင့် မြင်ကွင်းကို တည်ငြိမ်စေပြီး ရုပ်ထွက်ကောင်းမွန်စေပါတယ်။ ရှေ့ဘက် Selfie ကင်မရာကတော့ 16MP ပါရှိပါတယ်။ HTC Bolt နဲ့ တူတာကတော့ ဒီ U Series မှာ Headphone အပေါက်ကို USB-C port နဲ့ ပေါင်းထားပါတယ်။ ဒါပေမယ့် ကုမ္ပဏီ အနေနဲ့ သူတို့ရဲ့ သကေံတ တခုဖြစ်တဲ့ “Boom Sound” Speaker နည်းပညာကိုတော့ ဆက်လက် အသုံးပြုနေဆဲ ဖြစ်ကြောင်းသိရပါတယ်။ Secondary Display မှာ အသံ နဲ့ Touch Interactions စနစ်အသုံးပြုနိုင်အောင် လုပ်ထားကြောင်းသိရပါတယ်။

U Play ကတော့ U Ultra နဲ့ စတိုလ် တူညီပေမယ့် တစ်ဆင့်နိမ့်တဲ့ ပုံစံနဲ့ထုတ်လုပ်ထားပါတယ်။ မျက်နှာပြင် အကျယ်အ၀န်းဟာ 5.2 လက်မှ ကျယ်ဝန်းပြီး Resolution အနေနဲ့ 1080P ပါရှိပါတယ်။ ဒီ ဖုန်းကို RAM အမျိုးအစား၂ ခုနဲ့ထုတ်လုပ်ထားပြီး 3GB RAM မှာ Internal Storage 32GB ပါဝင်ပြီး 4GB RAM မှာ 64GB ပါဝင်ပါတယ်။ Processor အနေနဲ့ MediaTek Helio P10 အသုံးပြုထားပါတယ်။ ထူးခြားချက်ကတော့ ရှေ့ကင်မရာနဲ့နောက်ကင်မရာမှာ 16MP F/2.0Lens ပါရှိပါတယ်။ U Ultra နဲ့ မတူညီတာကတော့ HTC ရဲ့ Built In လုပ်ထားတဲ့ UltraPixel Sensor ပါဝင်ခြင်းမရှိတာဖြစ်ပါတယ်။

ဖုန်း၂ ခုလုံးမှာ Android 7.0 ပါဝင်မှာဖြစ်ပါတယ်။ ဒီဖုန်းတွေကို 2017 အစောပိုင်းမှာထုတ်လုပ်ရန်စီစဉ်ထားပြီး ဈေးနှုန်းအနေနဲ့ကတော့ $400 နဲ့ 500 ကြားရှိမှာဖြစ်ကြောင်းသိရပါတယ်။

Ref : thenextweb

Jan ( Akhayar)