[Zawgyi] 


HTC U12 Life


HTC U12+


Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Mobile လောကကနေ ထွက်သွားမှာမဟုတ်ဘူးဆိုတဲ့ HTC

HTC ဆိုတာ တစ်ချိန်က ပြည်တွင်းဈေးကွက်မှာပါ နေရာတစ်ခုရခဲ့သလို ပရိသတ်တွေလည်း အခုအချိန်ထိ ကျန်နေသေးတဲ့ Brand တစ်ခုပါ။ ဖုန်းတွေထဲမှာ Software Experience အရရော Build Quality အရပါ တော်တော်လေးကောင်းတဲ့ ဖုန်းတွေအဖြစ် နာမည်ကြီးခဲ့တာပါ။

HTC U12 Life

အခုလည်း Flagship ဖုန်းတွေ ဆက်ထုတ်နေတုန်းဖြစ်ပေမယ့် ပြည်တွင်းဈေးကွက်မှာတော့ သိပ်ပြီး မတွေ့ရတော့ပါဘူး။ လာမယ့် ဒီဇင်ဘာလထဲမှာလည်း ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်သွားဖို့ရှိတယ်လို့ သတင်းထွက်နေပါတယ်။ HTC အနေနဲ့တော့ တခြားပြိုင်ဖက် ကုမ္ပဏီတွေလို ဖုန်းတွေအများကြီး ထုတ်ပြပြီးပရိသတ်ကိုမဆွဲဆောင်နိုင်တော့ပါဘူး။ 

HTC U12+

HTC ကတော့ တဖြည်းဖြည်း Sony နဲ့ဆင်လာပါပြီ။ Mobile အပိုင်းမှာ ဝင်ငွေအများကြီးရှာနေတာထက် တခြားအပိုင်းတွေဖြစ်တဲ့ VR Product တွေမှာ ပိုပြီး Improve ဖြစ်အောင် လုပ်နေရင်း အချိန်ကုန်နေခဲ့ပါတယ်။ Mobile ဖက်ကို သိပ်ပြီး စိတ်ဝင်စားစရာတွေ လုပ်မပြတော့ဘူးဆိုပေမယ့် Mobile အပိုင်းကိုတော့ လုံးဝရပ်သွားဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။ လက်ရှိထုတ်ထားတဲ့ Flagship ကတော့ HTC U12+ ဖြစ်ပြီး ဘယ်အချိန်မှာ အသစ်ထပ်ထုတ်ပြမလဲဆိုတာ မသိရသေးပါဘူး။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com