[Zawgyi]

HTC ဆိုတာ ထိုင္ဝမ္အေျခစိုက္ နည္းပညာကုမၸဏီတစ္ခုဆိုတာ အားလံုး သိၿပီးျဖစ္မွာပါ။ HTC ရဲ႕ တစ္ခ်ိန္က နာမည္ႀကီးထုတ္ကုန္ေတြျဖစ္ခဲ့တဲ့ Evo စမတ္ဖုန္းေတြ၊ Dream Series ေတြနဲ႔ Google အတြက္ ထုတ္ေပးတဲ့ Nexus One ဖုန္းလိုမ်ိဳးေတြအျပင္ ျမန္မာႏုိင္ငံမွာ နာမည္ႀကီးလိုက္တဲ့ HTC Butterfly နဲ႔ HTC One Series ေတြကို သင္ရင္းႏွီးမွာပါ။ ဒါေပမယ့္ အခုေနာက္ပိုင္းႏွစ္ေတြမွာေတာ့ HTC ဆီက စိတ္လႈပ္ရွားစရာ ထုတ္ကုန္အသစ္ေတြကို သိပ္ၿပီး မေတြ႕ရေတာ့ပါဘူး။ HTC ဟာ ေသသြားၿပီလားဆိုတဲ့ ေမးခြန္းမ်ိဳးကို ေမးစရာျဖစ္လာပါတယ္။ 

HTC One M8

လြန္ခဲ့တဲ့ ၅ ႏွစ္ေလာက္က HTC မွာ ႏိုင္ငံတစ္ကာဝန္ထမ္းေပါင္း ၁၉၀၀၀ အထိရွိခဲ့ပါတယ္။ ထုတ္ကုန္ေတြအားလံုးနီးပါးကလည္း အဲ့ဒီအခ်ိန္ေတြမွာ သိပ္စိတ္ဝင္စားဖို႔ေကာင္းခဲ့ပါတယ္။ အခုေတာ့ HTC ဟာ ထိုင္ဝမ္မွာရွိတဲ့ သူတို႔ထုတ္လုပ္ေရး လုပ္ငန္းခြင္ေတြက လုပ္ငန္းအမ်ိဳးအစားေပါင္း ၁၅၀၀ ေလာက္ကို ပိတ္သိမ္းလိုက္ၿပီျဖစ္ပါတယ္။ အဲ့ဒီလို ပိတ္သိမ္းလိုက္တာေၾကာင့္ လက္ရွိ HTC ရဲ႕ ဝန္ထမ္းစုစုေပါင္း အေရအတြက္က အေယာက္ ၅၀၀၀ ေလာက္ပဲ က်န္ပါေတာ့တယ္။ စမတ္ဖုန္းထုတ္လုပ္မႈအပိုင္းမွာ HTC က လက္ေလွ်ာ့လာတာျဖစ္တယ္လို႔ သိရပါတယ္။ 

HTC One

၂၀၁၈ ခုႏွစ္အေစာပို္င္းမွာ တစ္ကမၻာလံုးအတိုင္းအတာအရ HTC ရဲ႕ စမတ္ဖုန္းေစ်းကြက္ေဝစုက ၀.၃ ရာခိုင္ႏႈန္းပဲ ရွိပါတယ္။ လြန္ခဲ့တဲ့ ၂၀၁၁ ခုႏွစ္မွာေတာ့ ေစ်းကြက္ေဝစု ၁၀ ရာခိုင္ႏႈန္းအထိ ပိုင္ဆိုင္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ HTC အတြက္ စမတ္ဖုန္းေစ်းကြက္က စိတ္ဝင္စားစရာမေကာင္းေတာ့ပါဘူး။ ဒီေနာက္ပိုင္းမွာေတာ့ HTC အေနနဲ႔ VR Hedaset ေတြျဖစ္တဲ့ Vive ထုတ္ကုန္ေတြကိုပဲ ဦးစားေပးဖန္တီးလာႏိုင္ၿပီး VR ေစ်းကြက္နဲ႔ နည္းပညာပိုင္းမွာ ဦးေဆာင္သူျဖစ္လာႏိုင္ပါတယ္လို႔လည္း ကၽြမ္းက်င္သူေတြက ခန္႔မွန္းထားၾကပါတယ္။ HTC ရဲ႕ အေငြ႕အသက္ေတြကိုေတာ့ Google ရဲ႕ လက္ရွိထုတ္ေနတဲ့ Pixel ဖုန္းေတြမွာ ေတြ႕ေနရဦးမွာပါ။

HTC Vive

၂၀၁၇ ခုႏွစ္ထဲမွာ Google က HTC Smartphone Design Talent ရဲ႕ အစိတ္အပို္င္း ေတာ္ေတာ္မ်ားမ်ားကို $1.1 Billion နဲ႔ ဝယ္ယူခဲ့ပါေသးတယ္။ HTC ရဲ႕ ဝန္ထမ္းေပါင္း အေယာက္ ၂၀၀၀ ေလာက္ဟာ Google ရဲ႕လက္ေအာက္ကို ေရာက္သြားခဲ့ပါတယ္။ ေနာက္ပိုင္း Pixel ဖုန္းေတြမွာလည္း HTC ရဲ႕အေငြ႕အသက္တခ်ိဳ႕ကို ေတြ႕ရဦးမွာပါ။ HTC ကိုယ္တိုင္ကေတာ့ ေနာက္ႏွစ္အနည္းငယ္အတြင္းမွာ စမတ္ဖုန္းေတြ ဆက္ထုတ္ေနဦးမလားဆိုတာေတာ့ စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ 

Ref: Tech Crunch

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

HTC ရဲ့ စမတ်ဖုန်းတွေက မကြာခင် ကွယ်ပျောက်သွားတော့မှာလား

HTC ဆိုတာ ထိုင်ဝမ်အခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဆိုတာ အားလုံး သိပြီးဖြစ်မှာပါ။ HTC ရဲ့ တစ်ချိန်က နာမည်ကြီးထုတ်ကုန်တွေဖြစ်ခဲ့တဲ့ Evo စမတ်ဖုန်းတွေ၊ Dream Series တွေနဲ့ Google အတွက် ထုတ်ပေးတဲ့ Nexus One ဖုန်းလိုမျိုးတွေအပြင် မြန်မာနိုင်ငံမှာ နာမည်ကြီးလိုက်တဲ့ HTC Butterfly နဲ့ HTC One Series တွေကို သင်ရင်းနှီးမှာပါ။ ဒါပေမယ့် အခုနောက်ပိုင်းနှစ်တွေမှာတော့ HTC ဆီက စိတ်လှုပ်ရှားစရာ ထုတ်ကုန်အသစ်တွေကို သိပ်ပြီး မတွေ့ရတော့ပါဘူး။ HTC ဟာ သေသွားပြီလားဆိုတဲ့ မေးခွန်းမျိုးကို မေးစရာဖြစ်လာပါတယ်။ 

HTC One M8

လွန်ခဲ့တဲ့ ၅ နှစ်လောက်က HTC မှာ နိုင်ငံတစ်ကာဝန်ထမ်းပေါင်း ၁၉၀၀၀ အထိရှိခဲ့ပါတယ်။ ထုတ်ကုန်တွေအားလုံးနီးပါးကလည်း အဲ့ဒီအချိန်တွေမှာ သိပ်စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။ အခုတော့ HTC ဟာ ထိုင်ဝမ်မှာရှိတဲ့ သူတို့ထုတ်လုပ်ရေး လုပ်ငန်းခွင်တွေက လုပ်ငန်းအမျိုးအစားပေါင်း ၁၅၀၀ လောက်ကို ပိတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီလို ပိတ်သိမ်းလိုက်တာကြောင့် လက်ရှိ HTC ရဲ့ ဝန်ထမ်းစုစုပေါင်း အရေအတွက်က အယောက် ၅၀၀၀ လောက်ပဲ ကျန်ပါတော့တယ်။ စမတ်ဖုန်းထုတ်လုပ်မှုအပိုင်းမှာ HTC က လက်လျှော့လာတာဖြစ်တယ်လို့ သိရပါတယ်။ 

HTC One

၂၀၁၈ ခုနှစ်အစောပိုင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ HTC ရဲ့ စမတ်ဖုန်းဈေးကွက်ဝေစုက ဝ.၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာတော့ ဈေးကွက်ဝေစု ၁၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ HTC အတွက် စမတ်ဖုန်းဈေးကွက်က စိတ်ဝင်စားစရာမကောင်းတော့ပါဘူး။ ဒီနောက်ပိုင်းမှာတော့ HTC အနေနဲ့ VR Hedaset တွေဖြစ်တဲ့ Vive ထုတ်ကုန်တွေကိုပဲ ဦးစားပေးဖန်တီးလာနိုင်ပြီး VR ဈေးကွက်နဲ့ နည်းပညာပိုင်းမှာ ဦးဆောင်သူဖြစ်လာနိုင်ပါတယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ HTC ရဲ့ အငွေ့အသက်တွေကိုတော့ Google ရဲ့ လက်ရှိထုတ်နေတဲ့ Pixel ဖုန်းတွေမှာ တွေ့နေရဦးမှာပါ။

HTC Vive

၂၀၁၇ ခုနှစ်ထဲမှာ Google က HTC Smartphone Design Talent ရဲ့ အစိတ်အပိုင်း တော်တော်များများကို $1.1 Billion နဲ့ ဝယ်ယူခဲ့ပါသေးတယ်။ HTC ရဲ့ ဝန်ထမ်းပေါင်း အယောက် ၂၀၀၀ လောက်ဟာ Google ရဲ့လက်အောက်ကို ရောက်သွားခဲ့ပါတယ်။ နောက်ပိုင်း Pixel ဖုန်းတွေမှာလည်း HTC ရဲ့အငွေ့အသက်တချို့ကို တွေ့ရဦးမှာပါ။ HTC ကိုယ်တိုင်ကတော့ နောက်နှစ်အနည်းငယ်အတွင်းမှာ စမတ်ဖုန်းတွေ ဆက်ထုတ်နေဦးမလားဆိုတာတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ 

Ref: Tech Crunch

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။