HTC Mobile President Chialin Chang ရာထူးမွ ႏႈတ္ထြက္

Google ကေန HTC စမတ္ဖုန္းကို ဝယ္ယူတာဟာ အခုအခ်ိန္မွာ ျပီးျပတ္သြားျပီျဖစ္ျပီးေတာ့ HTC ဟာလည္း ေနာက္ပိုင္းမွာ Google Pixel စမတ္ဖုန္းေတြကို ထုတ္လုပ္ဖုိ႔ရည္ရြယ္လာရေတာ့မွာပဲျဖစ္ပါတယ္။

ဒါေပမယ့္ အခုလုိမ်ိဳး အေျပာင္းအလဲမွာ HTC က သူရဲ႕ Mobile Smartphone ေတြထုတ္လုပ္မႈမွာဦးေဆာင္သူျဖစ္တဲ့ Chialin Chang ကို ဆံုးရႈံးလုိက္ရျပီျဖစ္ပါတယ္။ Chialin Chang ဟာ HTC ကိုလြန္ခဲ့တဲ့ ဧျပီလ ၂၀၁၂ ခုႏွစ္ထဲက CFO အေနနဲ႔ တာဝန္ယူခဲ့တာျဖစ္ျပီး အခုအခ်ိန္မွာ HTC စမတ္ဖုန္းေတြအတြက္ ၾကီးမားတဲ့ေနရာတစ္ခုကို ရယူထားတာပဲျဖစ္ပါတယ္။

အခုလုိမ်ိဳး ႏႈတ္ထြက္မႈဟာ HTC ကုမၸဏီအတြက္ ရုတ္တရက္ဆုိသလုိျဖစ္သြားခဲ့တာျဖစ္ျပီးေတာ့ Chailin ကေတာ့ အခုလုိႏႈတ္ထြက္ရတာဟာ ပုဂၢိဳလ္ေရးဆုိင္ရာ အနာဂတ္အစီအစဥ္ေတြရွိတာေၾကာင့္ျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ အခုလိုရုတ္တရက္အလုပ္ထြက္သြားတာဟာ HTC အတြက္ အစားထုိးေနရာယူဖုိ႔အတြက္ လူရွာလုိ႔မရေသးသလို Chairwoman and CEO Cher Wang အတြက္ကေတာ့ ပိုျပီး ဝန္ပိလာေစေတာ့မွာပဲျဖစ္ပါတယ္။

HTC ရဲ႕ တရားဝင္ထုတ္ျပန္ခ်က္မွာလည္း Chialin Chang ကိုယ္တုိင္ အလုပ္မွ ႏႈတ္ထြက္သြားျပီဆိုတာကုိ အတည္ျပဳခဲ့သလုိ ကုမၸဏီအတြက္ ၆ ႏွစ္တာအခ်ိန္အတြင္း ေဆာင္ရြက္ေပးခဲ့မႈေတြအတြက္ ေက်းဇူးတင္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

HTC ဟာ လက္ရွိအခ်ိန္မွာ ေအာင္ျမင္တယ္လုိ႔ ေျပာလုိ႔ရတဲ့အေျခအေနမရွိမဟုတ္ေတာ့ပဲ ျပီးခဲ့တဲ့ Q3 2017 တုန္းကလည္း ေဒၚလာ ၁၀၃ သန္းအထိ ဆံုးရႈံးခဲ့တာပဲျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာ အခုလုိမ်ိဳး HTC ရဲ႕ အဓိကက်တဲ့ Mobile President အလုပ္ထြက္သြားတာက ၾကီးမားတဲ့ထုိးႏွက္မႈတစ္ခုျဖစ္သြားမွာေတာ့ ေသခ်ာေနပါတယ္။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google ကနေ HTC စမတ်ဖုန်းကို ဝယ်ယူတာဟာ အခုအချိန်မှာ ပြီးပြတ်သွားပြီဖြစ်ပြီးတော့ HTC ဟာလည်း နောက်ပိုင်းမှာ Google Pixel စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ရည်ရွယ်လာရတော့မှာပဲဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုမျိုး အပြောင်းအလဲမှာ HTC က သူရဲ့ Mobile Smartphone တွေထုတ်လုပ်မှုမှာဦးဆောင်သူဖြစ်တဲ့ Chialin Chang ကို ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ Chialin Chang ဟာ HTC ကိုလွန်ခဲ့တဲ့ ဧပြီလ ၂၀၁၂ ခုနှစ်ထဲက CFO အနေနဲ့ တာဝန်ယူခဲ့တာဖြစ်ပြီး အခုအချိန်မှာ HTC စမတ်ဖုန်းတွေအတွက် ကြီးမားတဲ့နေရာတစ်ခုကို ရယူထားတာပဲဖြစ်ပါတယ်။

အခုလိုမျိုး နှုတ်ထွက်မှုဟာ HTC ကုမ္ပဏီအတွက် ရုတ်တရက်ဆိုသလိုဖြစ်သွားခဲ့တာဖြစ်ပြီးတော့ Chailin ကတော့ အခုလိုနှုတ်ထွက်ရတာဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အနာဂတ်အစီအစဉ်တွေရှိတာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အခုလိုရုတ်တရက်အလုပ်ထွက်သွားတာဟာ HTC အတွက် အစားထိုးနေရာယူဖို့အတွက် လူရှာလို့မရသေးသလို Chairwoman and CEO Cher Wang အတွက်ကတော့ ပိုပြီး ဝန်ပိလာစေတော့မှာပဲဖြစ်ပါတယ်။

HTC ရဲ့ တရားဝင်ထုတ်ပြန်ချက်မှာလည်း Chialin Chang ကိုယ်တိုင် အလုပ်မှ နှုတ်ထွက်သွားပြီဆိုတာကို အတည်ပြုခဲ့သလို ကုမ္ပဏီအတွက် ၆ နှစ်တာအချိန်အတွင်း ဆောင်ရွက်ပေးခဲ့မှုတွေအတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။

HTC ဟာ လက်ရှိအချိန်မှာ အောင်မြင်တယ်လို့ ပြောလို့ရတဲ့အခြေအနေမရှိမဟုတ်တော့ပဲ ပြီးခဲ့တဲ့ Q3 2017 တုန်းကလည်း ဒေါ်လာ ၁၀၃ သန်းအထိ ဆုံးရှုံးခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ အခုလိုမျိုး HTC ရဲ့ အဓိကကျတဲ့ Mobile President အလုပ်ထွက်သွားတာက ကြီးမားတဲ့ထိုးနှက်မှုတစ်ခုဖြစ်သွားမှာတော့ သေချာနေပါတယ်။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com