[Zawgyi]

HTC ရဲ႕ Crypto-based Exodus စမတ္ဖုန္းက ကုမၸဏီရဲ႕ အနာဂတ္ပဲ့ကိုင္ရွင္ ျဖစ္လာႏိုင္မလား

အခုခ်ိန္မွာ Cryptocurrency လို႔ ေျပာလိုက္တာနဲ႔ တ႐ုတ္အစိုးရက ပိတ္ပင္ထားလိုက္ၿပီျဖစ္သလို ကြန္ပ်ဴတာ ေစ်းကြက္ထဲမွာလည္း GPU Stock ျပတ္လပ္သြားတဲ့အထိ ျဖစ္ေနပါၿပီ။ တစ္ခါတုန္းကလည္း Tesla ကုမၸဏီရဲ႕ Cloud Account ကို Hacker ေတြ Cryptocurrency Mining လုပ္ဖို႔ အသုံးခ်ခဲ့သလို Mining လုပ္ခံေနရတဲ့ စမတ္ဖုန္း အလုံးေရ သန္းေက်ာ္သြားခဲ့ပါၿပီ။ ဒါ့အျပင္ Bitcoin တန္ေၾကးဟာ ေဒၚလာ ၁၉,၀၀၀ ေလာက္ ေထာင္တက္သြားတဲ့အထိ Cryptocurrency ေခတ္ေကာင္းေနတဲ့အခ်ိန္ ဘီလီယံနာ ျဖစ္သြားတဲ့သူေတြရွိခဲ့သလို အဲ့ဒီကာလမွာတုန္းက Digital Transaction ေတြကို Hacker ေတြ ခိုးလို႔မရေအာင္ Blockchain နည္းပညာနဲ႔ Crypto Cash လႊဲေျပာင္းဖို႔ အသုံးျပဳခဲ့ၾကတာျဖစ္ပါတယ္။

Bitcoin often called Digital Wallet

အခုခ်ိန္မွာေတာ့ Crytpocurrency ေငြေၾကး တအိအိနဲ႔က်ဆင္းလာေနၿပီျဖစ္ေပမယ့္လည္း HTC ကေတာ့ Blockchain စမတ္ဖုန္း Exodus နဲ႔ ေစ်းကြက္ေဖာက္ဖို႔ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။ ဒီလို HTC အေနနဲ႔ လူစိတ္ဝင္စားမႈနည္းပါးသြားၿပီျဖစ္တဲ့ Blockchain နည္းပညာသုံး Exodus စမတ္ဖုန္းနဲ႔ ေစ်းကြက္ထဲ ဘယ္လိုနည္းလမ္းေတြနဲ႔ ျပန္လည္ဦးေမာ့ႏိုင္ေအာင္ ႀကိဳးစားမလဲဆိုတာကလည္း စိတ္ဝင္စားစရာပါ။ Exdous စမတ္ဖုန္း Project ကို ၿပီးခဲ့တဲ့ ေမလကတည္းက စတင္ေနၿပီလို႔ ေၾကညာခဲ့တယ္ဆိုေပမယ့္လည္း HTC အေနနဲ႔ ၾကမၼာငင္ေနရဆဲပါ။

ၿပီးခဲ့တဲ့ႏွစ္တုန္းက စမတ္ဖုန္းအလုံးေရ သန္း ၂ ရာေက်ာ္တင္ပို႔ႏိုင္ခဲ့တယ္ ဆိုေပမယ့္လည္း ဒီႏွစ္မွာေတာ့ IDC ထုတ္ျပန္ထားခ်က္အရ HTC ဟာ စမတ္ဖုန္းအလုံးေရ ၆၃၀,၀၀၀ ကိုသာ တင္ပို႔ႏိုင္ေသးတာပါ။ ေနာက္ဆုံးထြက္ထားတဲ့ U12 Plus စမတ္ဖုန္းဟာ လူႀကိဳက္နည္းခဲ့သလို ေမွ်ာ္လင့္ထားသလို ေရာင္းအားလည္း မေကာင္းခဲ့ပါဘူး။ ဒါ့အျပင္ ၿပီးခဲ့တဲ့လတုန္းကလည္း စမတ္ဖုန္းေရာင္းအား ၆၈ ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့တဲ့ အတြက္ ကုမၸဏီဝန္ထမ္း ၁,၅၀၀ ေက်ာ္ေလွ်ာ့ပါးခဲ့တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ကုမၸဏီလည္ပတ္ေနတဲ့ ဘ႑ာေရးအေျခအေနနဲ႔ Exodus စမတ္ဖုန္းအသစ္က HTC ရဲ႕ အနာဂတ္ကို ေဆာင္က်ဥ္းလာႏိုင္မလား ဒါမွမဟုတ္ ဖယ္ရွားပစ္မလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပါ။

HTC U12+ Plus Smartphone

အခုခ်ိန္မွာေတာ့ Development အဆင့္သာရွိေနေသးတဲ့ Exodus စမတ္ဖုန္းနဲ႔ပတ္သက္လို႔ HTC ရဲ႕ Technology Explorer “Phil Chen” ဖြင့္ဟလိုက္ပါၿပီ။ Chen အဆိုရ ေျပာရရင္ ကမာၻ႔ပထမဦးဆုံး Blockchain နည္းပညာသုံးထားမယ့္ စမတ္ဖုန္းကို “Finney” နာမည္ေပးထားၿပီး Sirin Labs က ဖန္တီးထားတယ္လို႔ သိရပါတယ္။ ဒီလို “Finney” တစ္ျဖစ္လည္း Exodus စမတ္ဖုန္းရဲ႕ ကုန္က်စရိတ္ဟာ ေဒၚလာ ၁,၀၀၀ ရွိတာျဖစ္တဲ့အတြက္ လက္ရွိ Flagship စမတ္ဖုန္းေတြကို ယွဥ္ၿပိဳင္သြားႏိုင္မယ့္ အဆင့္မွာ ရွိေနမွာျဖစ္ပါတယ္။ လတ္တေလာ အတည္မျပဳရေသးတဲ့ သတင္းေတြအရ Exodus စမတ္ဖုန္းကို တတိယႏွစ္လည္ပိုင္းေလာက္မွာ ျမင္ေတြ႕သြားရဖြယ္ ရွိေနပါတယ္။

လက္ရွိအခ်ိန္မွာ တ႐ုတ္အစိုးရက Cryptocurrency ကို ပိတ္ပင္ထားတဲ့အတြက္ Exodus စမတ္ဖုန္းကို ကမာၻအႏွံ႔ျဖန္႔ခ်ီသြားဖြယ္ရွိပါတယ္။ ဒါ့အျပင္ Bitcoin အစား စမတ္ဖုန္းေတြမွာ CryptoKitties အသုံးျပဳေနၾကၿပီျဖစ္တဲ့အတြက္ HTC အေနနဲ႔ Exodus စမတ္ဖုန္းမွာ ေထာက္ပံ့ထားမယ္လို႔ Chen ေျပာဆိုထားပါတယ္။ ဒီလို Cryptocurrency ေလာကထဲ Exodus စမတ္ဖုန္းနဲ႔ HTC ဝင္ေရာက္လာျခင္းရဲ႕ ရည္႐ြယ္ခ်က္ကလည္း စိတ္ဝင္စားစရာပါ။ လြန္ခဲ့တဲ့ ၃ ႏွစ္တုန္းက Bitcoin ေစ်းႏႈန္းေတြ တရိပ္ရိပ္ ေထာင္တက္လာေနတဲ့အခ်ိန္ စမတ္ဖုန္းနဲ႔ Mining လုပ္ဖို႔ Chen က ပထမဦးဆုံး Idea ရခဲ့တာပါ။ ဘာလို႔လဲဆိုေတာ့ အဲ့ဒီကာလမွာတုန္းက Bitcoin တန္ေၾကးက ေဒၚလာ ၂၀၀၀၀ နီးပါးရွိခဲ့တာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ား Cryptocurrency လုပ္ဖို႔ စိတ္ဝင္စားေနခဲ့တဲ့ အခ်ိန္ေကာင္းလည္းျဖစ္ပါတယ္။

HTC’s Technology Explorer Phil Chen

ဒါေပမယ့္လည္း စမတ္ဖုန္းနဲ႔ Mining လုပ္ၿပီး Bitcoin ရွာဖို႔ဆိုတာ ဆယ္စုႏွစ္တစ္စုမွ ျဖစ္လာႏိုင္မယ့္ ကိစၥပါ။ ဒီလိုနဲ႔ ၂၀၁၈ ထဲေရာက္လာတဲ့ အခ်ိန္ Cryptocurrency ေမွးမွိန္သြားၿပီ ျဖစ္သလို Bitcoin Wallet အသုံးျပဳသူလည္း အေတာ္လည္း ရွားပါးသြားပါၿပီ။ ဒီေနရာမွာ Hacker ေတြ Target ထားလာတာ Crypto Cash ေတြပါ။ ဒါေၾကာင့္ နည္းပညာ ပံ့ပိုးမႈအေနနဲ႔ Crypto Cash ကို လြယ္လြယ္ခိုးလို႔မရေအာင္ Cryptocurrency Wallet အျဖစ္သုံးလို႔ရမယ့္ Digital Kitties ေတြကို Exodus စမတ္ဖုန္းမွာ ေထာက္ပံ့ေပးထားမွာပါ။

အဲ့ဒါအျပင္ Virtual Kitties နဲ႔ အလြယ္တကူ Trade လုပ္ႏိုင္တဲ့ အားသာခ်က္ေၾကာင့္ Exodus စမတ္ဖုန္းဟာ Gamer ေတြကို စြဲေဆာင္ႏိုင္မွာျဖစ္သလို Cryptocurrency ကို မရင္းႏွီးေသးတဲ့သူေတြ အတြက္လည္း အသုံးတည့္လာမယ့္ စမတ္ဖုန္းျဖစ္လာႏိုင္မွာပါ။ လက္ရွိအခ်ိန္မွာ Bitcoin Wallet အသုံးျပဳေနသူဟာ ကမာၻတစ္ဝန္း သန္း ၃၀ ေက်ာ္ရွိေနေသးတဲ့အတြက္ HTC ရဲ႕ Exodus စမတ္ဖုန္းဟာ ၿပိဳင္ဖက္ Apple နဲ႔ Samsung တို႔ရဲ႕ Flagship စမတ္ဖုန္းေတြထက္ ပိုၿပီးဆြဲေဆာင္မႈရွိေနမလား ဆိုတာကလည္း စိတ္ဝင္စားစရာပါ။ ၿပိဳင္ဖက္ စမတ္ဖုန္းကုမၸဏီေတြ Blockchain နည္းပညာသုံး စမတ္ဖုန္း မထုတ္လုပ္ေသးတဲ့အခ်ိန္ HTC အေနနဲ႔ Exodus စမတ္ဖုန္းနဲ႔ ပဏာမေျခလွမ္းစတင္မႈဟာ အမ်ားအျမင္မွာ မတင့္တယ္လွေပမယ့္ Cryptocurrency ေစ်းကြက္ကို ပထမဦးဆုံး ခ်ဳပ္ကိုင္ထားသူ ျဖစ္လာႏိုင္မွာပါ။

CryptoKitties for Blockchain Technology

လက္ရွိအခ်ိန္မွာ Blockchain Hardware သုံးထားတဲ့ Exodus စမတ္ဖုန္းရဲ႕ နမူနာပုံစံထြက္ေပၚလာခဲ့ၿပီ ျဖစ္သလို HTC ရဲ႕ ပရိယာယ္က တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္ပဲျဖစ္ႏိုင္မလား ဒါမွမဟုတ္ ေမ်ာက္သစ္ကိုင္းလြတ္သလိုမ်ိဳး ျဖစ္လာႏိုင္မလားဆိုတာ မၾကာခင္ ေရာက္ရွိလာေတာ့မယ့္ အနာဂတ္မွာ ကြင္းကြင္းကြက္ကြက္ ျမင္ေတြ႕ရေတာ့မွာပါ။ ကြၽမ္းက်င္သူေတြကို Exodus စမတ္ဖုန္းရဲ႕ နည္းပညာဆန္းသစ္မႈက အေတာ္အတန္ ဆြဲေဆာင္ထားၿပီဆိုေပမယ့္လည္း အနာဂတ္မွာ မေသခ်ာ မေရရာေတာ့တဲ့ Cryptocurrency ေငြေၾကးက HTC အတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္တစ္ခု ျဖစ္လာႏိုင္ပါတယ္။

2B (Akhayar)

www.akhayar.com

Ref: The Verge

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

HTC ရဲ့ Crypto-based Exodus စမတ်ဖုန်းက ကုမ္ပဏီရဲ့ အနာဂတ်ပဲ့ကိုင်ရှင် ဖြစ်လာနိုင်မလား

အခုချိန်မှာ Cryptocurrency လို့ ပြောလိုက်တာနဲ့ တရုတ်အစိုးရက ပိတ်ပင်ထားလိုက်ပြီဖြစ်သလို ကွန်ပျူတာ စျေးကွက်ထဲမှာလည်း GPU Stock ပြတ်လပ်သွားတဲ့အထိ ဖြစ်နေပါပြီ။ တစ်ခါတုန်းကလည်း Tesla ကုမ္ပဏီရဲ့ Cloud Account ကို Hacker တွေ Cryptocurrency Mining လုပ်ဖို့ အသုံးချခဲ့သလို Mining လုပ်ခံနေရတဲ့ စမတ်ဖုန်း အလုံးရေ သန်းကျော်သွားခဲ့ပါပြီ။ ဒါ့အပြင် Bitcoin တန်ကြေးဟာ ဒေါ်လာ ၁၉,၀၀၀ လောက် ထောင်တက်သွားတဲ့အထိ Cryptocurrency ခေတ်ကောင်းနေတဲ့အချိန် ဘီလီယံနာ ဖြစ်သွားတဲ့သူတွေရှိခဲ့သလို အဲ့ဒီကာလမှာတုန်းက Digital Transaction တွေကို Hacker တွေ ခိုးလို့မရအောင် Blockchain နည်းပညာနဲ့ Crypto Cash လွှဲပြောင်းဖို့ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

Bitcoin often called Digital Wallet

အခုချိန်မှာတော့ Crytpocurrency ငွေကြေး တအိအိနဲ့ကျဆင်းလာနေပြီဖြစ်ပေမယ့်လည်း HTC ကတော့ Blockchain စမတ်ဖုန်း Exodus နဲ့ စျေးကွက်ဖောက်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဒီလို HTC အနေနဲ့ လူစိတ်ဝင်စားမှုနည်းပါးသွားပြီဖြစ်တဲ့ Blockchain နည်းပညာသုံး Exodus စမတ်ဖုန်းနဲ့ စျေးကွက်ထဲ ဘယ်လိုနည်းလမ်းတွေနဲ့ ပြန်လည်ဦးမော့နိုင်အောင် ကြိုးစားမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ Exdous စမတ်ဖုန်း Project ကို ပြီးခဲ့တဲ့ မေလကတည်းက စတင်နေပြီလို့ ကြေညာခဲ့တယ်ဆိုပေမယ့်လည်း HTC အနေနဲ့ ကြမ္မာငင်နေရဆဲပါ။

ပြီးခဲ့တဲ့နှစ်တုန်းက စမတ်ဖုန်းအလုံးရေ သန်း ၂ ရာကျော်တင်ပို့နိုင်ခဲ့တယ် ဆိုပေမယ့်လည်း ဒီနှစ်မှာတော့ IDC ထုတ်ပြန်ထားချက်အရ HTC ဟာ စမတ်ဖုန်းအလုံးရေ ၆၃၀,၀၀၀ ကိုသာ တင်ပို့နိုင်သေးတာပါ။ နောက်ဆုံးထွက်ထားတဲ့ U12 Plus စမတ်ဖုန်းဟာ လူကြိုက်နည်းခဲ့သလို မျှော်လင့်ထားသလို ရောင်းအားလည်း မကောင်းခဲ့ပါဘူး။ ဒါ့အပြင် ပြီးခဲ့တဲ့လတုန်းကလည်း စမတ်ဖုန်းရောင်းအား ၆၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တဲ့ အတွက် ကုမ္ပဏီဝန်ထမ်း ၁,၅၀၀ ကျော်လျှော့ပါးခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ကုမ္ပဏီလည်ပတ်နေတဲ့ ဘဏ္ဍာရေးအခြေအနေနဲ့ Exodus စမတ်ဖုန်းအသစ်က HTC ရဲ့ အနာဂတ်ကို ဆောင်ကျဥ်းလာနိုင်မလား ဒါမှမဟုတ် ဖယ်ရှားပစ်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

HTC U12+ Plus Smartphone

အခုချိန်မှာတော့ Development အဆင့်သာရှိနေသေးတဲ့ Exodus စမတ်ဖုန်းနဲ့ပတ်သက်လို့ HTC ရဲ့ Technology Explorer “Phil Chen” ဖွင့်ဟလိုက်ပါပြီ။ Chen အဆိုရ ပြောရရင် ကမ္ဘာ့ပထမဦးဆုံး Blockchain နည်းပညာသုံးထားမယ့် စမတ်ဖုန်းကို “Finney” နာမည်ပေးထားပြီး Sirin Labs က ဖန်တီးထားတယ်လို့ သိရပါတယ်။ ဒီလို “Finney” တစ်ဖြစ်လည်း Exodus စမတ်ဖုန်းရဲ့ ကုန်ကျစရိတ်ဟာ ဒေါ်လာ ၁,၀၀၀ ရှိတာဖြစ်တဲ့အတွက် လက်ရှိ Flagship စမတ်ဖုန်းတွေကို ယှဥ်ပြိုင်သွားနိုင်မယ့် အဆင့်မှာ ရှိနေမှာဖြစ်ပါတယ်။ လတ်တလော အတည်မပြုရသေးတဲ့ သတင်းတွေအရ Exodus စမတ်ဖုန်းကို တတိယနှစ်လည်ပိုင်းလောက်မှာ မြင်တွေ့သွားရဖွယ် ရှိနေပါတယ်။

လက်ရှိအချိန်မှာ တရုတ်အစိုးရက Cryptocurrency ကို ပိတ်ပင်ထားတဲ့အတွက် Exodus စမတ်ဖုန်းကို ကမ္ဘာအနှံ့ဖြန့်ချီသွားဖွယ်ရှိပါတယ်။ ဒါ့အပြင် Bitcoin အစား စမတ်ဖုန်းတွေမှာ CryptoKitties အသုံးပြုနေကြပြီဖြစ်တဲ့အတွက် HTC အနေနဲ့ Exodus စမတ်ဖုန်းမှာ ထောက်ပံ့ထားမယ်လို့ Chen ပြောဆိုထားပါတယ်။ ဒီလို Cryptocurrency လောကထဲ Exodus စမတ်ဖုန်းနဲ့ HTC ဝင်ရောက်လာခြင်းရဲ့ ရည်ရွယ်ချက်ကလည်း စိတ်ဝင်စားစရာပါ။ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက Bitcoin စျေးနှုန်းတွေ တရိပ်ရိပ် ထောင်တက်လာနေတဲ့အချိန် စမတ်ဖုန်းနဲ့ Mining လုပ်ဖို့ Chen က ပထမဦးဆုံး Idea ရခဲ့တာပါ။ ဘာလို့လဲဆိုတော့ အဲ့ဒီကာလမှာတုန်းက Bitcoin တန်ကြေးက ဒေါ်လာ ၂၀၀၀၀ နီးပါးရှိခဲ့တာကြောင့် လူတော်တော်များများ Cryptocurrency လုပ်ဖို့ စိတ်ဝင်စားနေခဲ့တဲ့ အချိန်ကောင်းလည်းဖြစ်ပါတယ်။

HTC’s Technology Explorer Phil Chen

ဒါပေမယ့်လည်း စမတ်ဖုန်းနဲ့ Mining လုပ်ပြီး Bitcoin ရှာဖို့ဆိုတာ ဆယ်စုနှစ်တစ်စုမှ ဖြစ်လာနိုင်မယ့် ကိစ္စပါ။ ဒီလိုနဲ့ ၂၀၁၈ ထဲရောက်လာတဲ့ အချိန် Cryptocurrency မှေးမှိန်သွားပြီ ဖြစ်သလို Bitcoin Wallet အသုံးပြုသူလည်း အတော်လည်း ရှားပါးသွားပါပြီ။ ဒီနေရာမှာ Hacker တွေ Target ထားလာတာ Crypto Cash တွေပါ။ ဒါကြောင့် နည်းပညာ ပံ့ပိုးမှုအနေနဲ့ Crypto Cash ကို လွယ်လွယ်ခိုးလို့မရအောင် Cryptocurrency Wallet အဖြစ်သုံးလို့ရမယ့် Digital Kitties တွေကို Exodus စမတ်ဖုန်းမှာ ထောက်ပံ့ပေးထားမှာပါ။

အဲ့ဒါအပြင် Virtual Kitties နဲ့ အလွယ်တကူ Trade လုပ်နိုင်တဲ့ အားသာချက်ကြောင့် Exodus စမတ်ဖုန်းဟာ Gamer တွေကို စွဲဆောင်နိုင်မှာဖြစ်သလို Cryptocurrency ကို မရင်းနှီးသေးတဲ့သူတွေ အတွက်လည်း အသုံးတည့်လာမယ့် စမတ်ဖုန်းဖြစ်လာနိုင်မှာပါ။ လက်ရှိအချိန်မှာ Bitcoin Wallet အသုံးပြုနေသူဟာ ကမ္ဘာတစ်ဝန်း သန်း ၃၀ ကျော်ရှိနေသေးတဲ့အတွက် HTC ရဲ့ Exodus စမတ်ဖုန်းဟာ ပြိုင်ဖက် Apple နဲ့ Samsung တို့ရဲ့ Flagship စမတ်ဖုန်းတွေထက် ပိုပြီးဆွဲဆောင်မှုရှိနေမလား ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ပြိုင်ဖက် စမတ်ဖုန်းကုမ္ပဏီတွေ Blockchain နည်းပညာသုံး စမတ်ဖုန်း မထုတ်လုပ်သေးတဲ့အချိန် HTC အနေနဲ့ Exodus စမတ်ဖုန်းနဲ့ ပဏာမခြေလှမ်းစတင်မှုဟာ အများအမြင်မှာ မတင့်တယ်လှပေမယ့် Cryptocurrency စျေးကွက်ကို ပထမဦးဆုံး ချုပ်ကိုင်ထားသူ ဖြစ်လာနိုင်မှာပါ။

CryptoKitties for Blockchain Technology

လက်ရှိအချိန်မှာ Blockchain Hardware သုံးထားတဲ့ Exodus စမတ်ဖုန်းရဲ့ နမူနာပုံစံထွက်ပေါ်လာခဲ့ပြီ ဖြစ်သလို HTC ရဲ့ ပရိယာယ်က တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲဖြစ်နိုင်မလား ဒါမှမဟုတ် မျောက်သစ်ကိုင်းလွတ်သလိုမျိုး ဖြစ်လာနိုင်မလားဆိုတာ မကြာခင် ရောက်ရှိလာတော့မယ့် အနာဂတ်မှာ ကွင်းကွင်းကွက်ကွက် မြင်တွေ့ရတော့မှာပါ။ ကျွမ်းကျင်သူတွေကို Exodus စမတ်ဖုန်းရဲ့ နည်းပညာဆန်းသစ်မှုက အတော်အတန် ဆွဲဆောင်ထားပြီဆိုပေမယ့်လည်း အနာဂတ်မှာ မသေချာ မရေရာတော့တဲ့ Cryptocurrency ငွေကြေးက HTC အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

2B (Akhayar)

www.akhayar.com

Ref: The Verge

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။