[Zawgyi] 

HTC ကေတာ့ အမ်ားသြားတဲ့လမ္းေၾကာင္းေပၚကိုတက္ဖို႔ စိတ္ကူးမရွိေသးဘူးဆိုတာကို HTC U12+ နဲ႔သက္ေသျပသြားခဲ့ပါတယ္။ Notch မပါတဲ့ 6 Inch Quad HD+ Display ကို အသံုးျပဳေပးထားတဲ့ Flagship တစ္လံုးပဲျဖစ္ပါတယ္။ 

Cameras of U12+

2018 ထဲမွာ တျခားကုမၸဏီေတာ္ေတာ္မ်ားမ်ားလုပ္လာၾကတဲ့ Full Screen Display Design ေတြကို HTC အေနနဲ႔ သေဘာက်ပံုမရပါဘူး။ 18:9 အခ်ိဳးနဲ႔ Super LCD 6 ကို Notch မပါတဲ့ Design နဲ႔ ဖုန္းရဲ႕ေရွ႕မ်က္ႏွာျပင္မွာ ေနရာေပးထားတာပါ။ ေနာက္ေက်ာဖက္မွာေတာ့ HTC ဖုန္းေတြမွာ ျမင္ေနက်ပံုအတိုင္းပဲ ခံုးထားတဲ့ Glass ကိုေတြ႕ရပါတယ္။ Dual Camera ကို အလ်ားလိုက္ထားေပးၿပီး Flash နဲ႔ Fingerprint Scanner ကိုေအာက္မွာထည့္ေပးထားပါတယ္။ 

U12+

HTC ရဲ႕အမွတ္အသားတစ္ခုလိုျဖစ္ေနတဲ့ တစ္ဝက္တစ္ပ်က္ေဖာက္ျမင္ရတဲ့ Glass Design ကို ဖုန္းရဲ႕ေနာက္ေက်ာဖက္အတြက္  သံုးေပးထားပါေသးတယ္။ ဖုန္းရဲ႕အတြင္းအစိတ္အပိုင္းတခ်ိဳ႕ကို ျမင္ရေအာင္လုပ္ေပးထားတာေၾကာင့္ ကြဲျပားၿပီး ဆြဲေဆာင္မႈရွိတဲ့ Design တစ္ခုအေနနဲ႔ U12+ Translucent Blue မွာေတြ႕ရပါတယ္။ ဖုန္းရဲ႕ေနာက္ေက်ာဖက္အေပၚပိုင္းကိုေတာ့ ေအာက္ပိုင္းထက္အနည္းငယ္ပိုထူေပးတာတာေတြ႕ရပါတယ္။ အခုလို အနည္းငယ္ပိုထူေပးထားတာကေတာ့ Camera ကို ဖုန္းအျပင္အမ်ားႀကီးထြက္မေနေစဖို႔ပဲျဖစ္ပါတယ္။ Google Pixel မွာသံုးသြားတဲ့ Design အယူအဆတစ္ခုပါ။ Main Camera ေတြကေတာ့ 12 MP + 16 MP Dual Camera သံုးေပးထားၿပီး Selfie Camera ေတြကိုလည္း 8 MP + 8 MP ႏွစ္လံုးကို အသံုးျပဳေပးထားပါတယ္။ Zoom အတြက္နဲ႔ Portrait Mode ေတြမွာ အရင္က U11 ထက္ပိုေကာင္းလာပါတယ္။ DXO Mark 103 အထိရရွိထားတာျဖစ္လို႔ Quality ပိုင္းမွာေတာ့ Flagship Quality ရႏိုင္တယ္ဆိုတာ သိသာေနပါၿပီ။ 

Edge Sense 2

HTC ရဲ႕နာမည္ႀကီး Feature တစ္ခုျဖစ္တဲ့ Edge Sence ကိုအဆင့္ႁမွင့္ထားတဲ့ Edge Sense 2 ကို HTC U12+ မွာစထည့္ေပးလာပါၿပီ။ Edge Sense 2 မွာေတာ့ အရင္ကထက္ပိုေကာင္းလာတဲ့ Feature အသစ္ေတြကို ထည့္ေပးထားတာေတြ႕ရပါတယ္။ ဖုန္းရဲ႕ေဘးေဘာင္ေတြက လက္နဲ႔ဘယ္လိုကိုု္င္ထားသလဲဆိုတာ သိႏိုင္တာေၾကာင့္ Screen Rotation ကအစ Edge Sense နဲ႔တြဲဖက္အလုပ္လုပ္ေပးလာႏိုင္ပါၿပီ။ ဖုန္းကို ေထာင္လိုက္အေနအထားမွာ လက္နဲ႔ကိုင္ထားတာကို Edge Sense Sensor ေတြက သတိထားမိတာနဲ႔ ဖုန္းကို အလ်ားလိုက္ေစာင္းလိုက္ရင္ေတာင္ Screen က ေထာင္လိုက္အေနအထားမွာပဲရွိေနေပးမွာပါ။ သာမန္ Auto Rotate ေတြလို လွည့္သြားမွာမဟုတ္တာေၾကာင့္ အသံုးျပဳတဲ့အခါ တစ္ကယ္ကိုအသံုးဝင္တဲ့ Feature သစ္တစ္ခုပါ။ ထူးျခားခ်က္အေနနဲ႔ေတာ့ HTC U12+ မွာပါတဲ့ ခလုတ္ေတြက ခလုတ္အစစ္ေတြမဟုတ္ပါဘူး။ Haptic Feedback ပဲေပးတဲ့ ခလုတ္အတုေတြပါ။ Pressure Sensor ေတြကိုပဲ ခလုတ္အတုေတြေအာက္မွာ ထည့္ေပးထားတာပါ၊ အခုလို Design ေျပာင္းလိုက္တာေၾကာင့္ Water Resistant အတြက္ ပိုေကာင္းသြားပါတယ္။ 

Boom Sound

Spec ေတြကေတာ့ Flagship ျဖစ္တာနဲ႔အညီ Qualcomm Snapdragon 845 ၊ 6 GB RAM နဲ႔အတူ 64 GB ဒါမွမဟုတ္ 128 GB ႏွစ္မ်ိဳးေ႐ြးဝယ္လို႔ရႏိုင္မွာပါ။ microSD Card လည္း ထည့္သြင္းအသံုးျပဳလို႔ရပါေသးတယ္။ Android 8.0 နဲ႔လာမွာျဖစ္ၿပီး Android P ထြက္လာရင္ေတာ့ Update ရႏိုင္မွာျဖစ္ပါတယ္။ နားၾကပ္ ေပါက္မပါတာေၾကာင့္ USB C ကိုပဲအသံုးျပဳရမွာျဖစ္သလို Qualcomm ရဲ႕  Quick Charge 3.0 လည္းပါဝင္ပါတယ္။ HTC U12+ ကို Translucent Blue ၊ Ceramic Black နဲ႔ Flame Red ဆိုၿပီး အေရာင္ သံုးမ်ိဳးနဲ႔ဝယ္လို႔ရႏိုင္မွာပါ။ ျမန္မာႏိုင္ငံကိုေတာ့ ေနာက္ တစ္လ ႏွစ္လေလာက္မွာ ဝင္လာႏုိင္မယ္လို႔ ခန္႔မွန္းရပါတယ္။ U12+ ရဲ႕ခန္႔မွန္းေစ်းကေတာ့ ျမန္မာေငြ ၁၁ သိန္းဝန္းက်င္ခန္႔ ရွိႏိုင္ပါတယ္။ 

Ref: HTC

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

2018 အတွက် HTC ရဲ့ Flagship ထုတ်ကုန်ဖြစ်လာတဲ့ HTC U12+

HTC ကတော့ အများသွားတဲ့လမ်းကြောင်းပေါ်ကိုတက်ဖို့ စိတ်ကူးမရှိသေးဘူးဆိုတာကို HTC U12+ နဲ့သက်သေပြသွားခဲ့ပါတယ်။ Notch မပါတဲ့ 6 Inch Quad HD+ Display ကို အသုံးပြုပေးထားတဲ့ Flagship တစ်လုံးပဲဖြစ်ပါတယ်။ 

Cameras of U12+

2018 ထဲမှာ တခြားကုမ္ပဏီတော်တော်များများလုပ်လာကြတဲ့ Full Screen Display Design တွေကို HTC အနေနဲ့ သဘောကျပုံမရပါဘူး။ 18:9 အချိုးနဲ့ Super LCD 6 ကို Notch မပါတဲ့ Design နဲ့ ဖုန်းရဲ့ရှေ့မျက်နှာပြင်မှာ နေရာပေးထားတာပါ။ နောက်ကျောဖက်မှာတော့ HTC ဖုန်းတွေမှာ မြင်နေကျပုံအတိုင်းပဲ ခုံးထားတဲ့ Glass ကိုတွေ့ရပါတယ်။ Dual Camera ကို အလျားလိုက်ထားပေးပြီး Flash နဲ့ Fingerprint Scanner ကိုအောက်မှာထည့်ပေးထားပါတယ်။ 

U12+

HTC ရဲ့အမှတ်အသားတစ်ခုလိုဖြစ်နေတဲ့ တစ်ဝက်တစ်ပျက်ဖောက်မြင်ရတဲ့ Glass Design ကို ဖုန်းရဲ့နောက်ကျောဖက်အတွက်  သုံးပေးထားပါသေးတယ်။ ဖုန်းရဲ့အတွင်းအစိတ်အပိုင်းတချို့ကို မြင်ရအောင်လုပ်ပေးထားတာကြောင့် ကွဲပြားပြီး ဆွဲဆောင်မှုရှိတဲ့ Design တစ်ခုအနေနဲ့ U12+ Translucent Blue မှာတွေ့ရပါတယ်။ ဖုန်းရဲ့နောက်ကျောဖက်အပေါ်ပိုင်းကိုတော့ အောက်ပိုင်းထက်အနည်းငယ်ပိုထူပေးတာတာတွေ့ရပါတယ်။ အခုလို အနည်းငယ်ပိုထူပေးထားတာကတော့ Camera ကို ဖုန်းအပြင်အများကြီးထွက်မနေစေဖို့ပဲဖြစ်ပါတယ်။ Google Pixel မှာသုံးသွားတဲ့ Design အယူအဆတစ်ခုပါ။ Main Camera တွေကတော့ 12 MP + 16 MP Dual Camera သုံးပေးထားပြီး Selfie Camera တွေကိုလည်း 8 MP + 8 MP နှစ်လုံးကို အသုံးပြုပေးထားပါတယ်။ Zoom အတွက်နဲ့ Portrait Mode တွေမှာ အရင်က U11 ထက်ပိုကောင်းလာပါတယ်။ DXO Mark 103 အထိရရှိထားတာဖြစ်လို့ Quality ပိုင်းမှာတော့ Flagship Quality ရနိုင်တယ်ဆိုတာ သိသာနေပါပြီ။ 

Edge Sense 2

HTC ရဲ့နာမည်ကြီး Feature တစ်ခုဖြစ်တဲ့ Edge Sence ကိုအဆင့်မြှင့်ထားတဲ့ Edge Sense 2 ကို HTC U12+ မှာစထည့်ပေးလာပါပြီ။ Edge Sense 2 မှာတော့ အရင်ကထက်ပိုကောင်းလာတဲ့ Feature အသစ်တွေကို ထည့်ပေးထားတာတွေ့ရပါတယ်။ ဖုန်းရဲ့ဘေးဘောင်တွေက လက်နဲ့ဘယ်လိုကိုု်င်ထားသလဲဆိုတာ သိနိုင်တာကြောင့် Screen Rotation ကအစ Edge Sense နဲ့တွဲဖက်အလုပ်လုပ်ပေးလာနိုင်ပါပြီ။ ဖုန်းကို ထောင်လိုက်အနေအထားမှာ လက်နဲ့ကိုင်ထားတာကို Edge Sense Sensor တွေက သတိထားမိတာနဲ့ ဖုန်းကို အလျားလိုက်စောင်းလိုက်ရင်တောင် Screen က ထောင်လိုက်အနေအထားမှာပဲရှိနေပေးမှာပါ။ သာမန် Auto Rotate တွေလို လှည့်သွားမှာမဟုတ်တာကြောင့် အသုံးပြုတဲ့အခါ တစ်ကယ်ကိုအသုံးဝင်တဲ့ Feature သစ်တစ်ခုပါ။ ထူးခြားချက်အနေနဲ့တော့ HTC U12+ မှာပါတဲ့ ခလုတ်တွေက ခလုတ်အစစ်တွေမဟုတ်ပါဘူး။ Haptic Feedback ပဲပေးတဲ့ ခလုတ်အတုတွေပါ။ Pressure Sensor တွေကိုပဲ ခလုတ်အတုတွေအောက်မှာ ထည့်ပေးထားတာပါ၊ အခုလို Design ပြောင်းလိုက်တာကြောင့် Water Resistant အတွက် ပိုကောင်းသွားပါတယ်။ 

Boom Sound

Spec တွေကတော့ Flagship ဖြစ်တာနဲ့အညီ Qualcomm Snapdragon 845 ၊ 6 GB RAM နဲ့အတူ 64 GB ဒါမှမဟုတ် 128 GB နှစ်မျိုးရွေးဝယ်လို့ရနိုင်မှာပါ။ microSD Card လည်း ထည့်သွင်းအသုံးပြုလို့ရပါသေးတယ်။ Android 8.0 နဲ့လာမှာဖြစ်ပြီး Android P ထွက်လာရင်တော့ Update ရနိုင်မှာဖြစ်ပါတယ်။ နားကြပ် ပေါက်မပါတာကြောင့် USB C ကိုပဲအသုံးပြုရမှာဖြစ်သလို Qualcomm ရဲ့  Quick Charge 3.0 လည်းပါဝင်ပါတယ်။ HTC U12+ ကို Translucent Blue ၊ Ceramic Black နဲ့ Flame Red ဆိုပြီး အရောင် သုံးမျိုးနဲ့ဝယ်လို့ရနိုင်မှာပါ။ မြန်မာနိုင်ငံကိုတော့ နောက် တစ်လ နှစ်လလောက်မှာ ဝင်လာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ U12+ ရဲ့ခန့်မှန်းဈေးကတော့ မြန်မာငွေ ၁၁ သိန်းဝန်းကျင်ခန့် ရှိနိုင်ပါတယ်။ 

Ref: HTC

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။