Desire Series ကို ပြန်လည်အသက်သွင်းတော့မယ့် HTC






Ref : GSMAreana

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

HTC ရဲ့ Desire Series စမတ်ဖုန်းတွေကို မှတ်မိကြသေးရဲ့လား?

လွန်ခဲ့တဲ့ ၂ နှစ်ကျော်၊ ၃ နှစ်ဝန်းကျင်လောက်က HTC ဟာ သူရဲ့ Flagship Series ဖုန်းတွေကို One Series လို့နာမည်မပေးခင်၊ HTC U Series စမတ်ဖုန်းတွေမထုတ်လုပ်ခင်တုန်းက HTC Desire နာမည်နဲ့ အရည်အသွေးကောင်းတဲ့ Mid Range စမတ်ဖုန်းတွေကိုထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ HTC ကနေ Desire Series Mid Range ဖုန်းကို ပြန်ပြီးထုတ်လုပ်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ Mid Range စမတ်ဖုန်းမဟုတ်ပဲ Low-End Entry စမတ်ဖုန်းဖြစ်လာမှာဖြစ်ပါတယ်။

ဒီတစ်ခါ HTC Desire စမတ်ဖုန်းဟာ Desire 12 လို့ နာမည်ပေးထားပြီးတော့ Mediatek Processor နဲ့အတူ RAM 3GB နဲ့ ROM 32GB ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Storage အနေနဲ့ 32GB ပါဝင်တယ်ဆိုပေမယ့် ထပ်တိုးချင်တယ်ဆိုရင် MicroSD Card ကနေ 2TB MicroSD Card အထိ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် အခု Desire 12 စမတ်ဖုန်းဟာ လက်ရှိစမတ်ဖုန်းတွေမှာ ခေတ်စားလာတဲ့ 18:9 Ratio Display ကို HD+ Resolution နဲ့ အသုံးပြုလာမှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ 12MP Back Camera နဲ့အတူ Front Camera ကိုတော့ 5MP Selfie Camera ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။ Battery ကလည်း 2,730 mAh Battery ပါဝင်မှာဖြစ်ပြီး Dual SIM ကိုလည်း Support ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref : GSMAreana

Zawyè (Akhayar) 

www.akhayar.com