[Zawgyi]

ပထမဆုံး Blockchain စမတ္ဖုန္း Exodus 1 ကို HTC မိတ္ဆက္လုိက္ျပီ

HTC ကေတာ့ လက္ရွိ Android ဖုန္းေတြထဲမွာ Security အေကာင္းဆုံး၊ Crypto-cash ေတြကို လြဲေျပာင္းေပးႏိုင္တဲ့ Exodus 1 စမတ္ဖုန္းကို မိတ္ဆက္သြားခဲ့ျပီျဖစ္ပါတယ္။ Digital Money ကို သမာရိုးက်  Transfer လုပ္ေပးႏိုင္တဲ့ Blockchain နည္းပညာကို ထည့္သြင္းထားတာဆိုေပမယ့္လို႔ ေဒတာသိမ္းဆည္းမႈမွတ္တမ္းေတြနဲ႔ လုံျခဳံေရးစနစ္အားလုံး Android OS နဲ႔ မသက္ဆိုင္ မခ်ိတ္ဆက္ထားဘူးဆိုပါတယ္။

Blockchain Smartphone Exodus 1

ဒီလို သီးသန္႔အသုံးျပဳႏိုင္ဖုိ႔အတြက္ Crytpokitties ေခၚ Application ကတဆင့္ Crypto-cash ေတြ သိမ္းဆည္းထားမယ္၊ လြဲေျပာင္းႏိုင္မယ္လို႔ သိရပါတယ္။ ေနာက္ျပီး စမတ္ဖုန္းအခိုးခံရလို႔ အခ်က္လက္ပါသြားမွာစိုးရိမ္ေနရရင္ Social Key Recovery Mechansim နဲ႔ ေဒတာေတြျပန္ရယူႏိုင္မယ္ HTC ဆိုထားပါတယ္။

Exodus 1

ဒီ Security Mechanism အလုပ္လုပ္ဖို႔ ကိုယ္နဲ႔အခင္မင္အရင္းႏွီးဆုံး Friends ေတြဆီ Recovery Information ပို႔ထားရမွာပါ၊ ဒီအဆင့္ျပီးသြားရင္ Key Manangement App ကို Install လုပ္ထားမွ ေနာက္ဆုံး Software လုပ္ထုံးအတိုင္း Key Data ေတြကို သူငယ္ခ်င္းဖုန္းဆီ တိတ္တဆိတ္ေပးပို႔ထားမွာျဖစ္ပါတယ္။

Exodus Logo

အခုလိုသာဆုိရင္ Exodus စမတ္ဖုန္းက Security ပိုေကာင္းတယ္ဆိုတာထက္ ဖုန္းကကိုယ့္အသက္ထက္တန္ဖိုးၾကီးေနသလိုပါပဲ၊ Bitcoin လို Digital Cash ေဒတာေတြဖုန္းထဲသိမ္း၊ လြဲေျပာင္းတယ္ဆိုတာကလည္း Hacker ေတြမ်က္စိၾကစရာ၊ တကယ္လုိ႔ ဖုန္းခိုးခံရရင္လည္း ရင္ေလးစရာ၊ ေနာက္ျပီး သူငယ္ခ်င္းစမတ္ဖုန္းထဲ Secret Information ေပးထားႏိုင္တယ္ဆိုေပမယ့္ ေနာက္ေက်ာဓားနဲ႔ထိုးသြားရင္ မလြယ္ပါဘူး။

Exodus 1

ဘယ္လိုပဲျဖစ္ျဖစ္ Android ဖုန္းအားလုံးထဲမွာ တမူထူးျခားတဲ့ နည္းပညာဆန္းသစ္မႈနဲ႔ ထြက္ရွိလာတဲ့ Exodus ဟာ Triple Camera ၊ A.I စနစ္ပလူပ်ံေအာင္သုံးေနတဲ့ ဖုန္းေတြနဲ႔ ဘာမွမသက္ဆိုင္သလိုပါပဲ။ 6” Display ကိုမွ HD+ Resolution သုံးထားတယ္၊ 16MP Dual Cameras နဲ႔ 8MP Front Camera ၊ Snapdragon 845 SoC ၊ 6GB RAM နဲ႔128GB Storage ပါရွိတာက Flagship ဖုန္းတလုံးအတြက္ လုံေလာက္တယ္ေျပာရေပမယ့္ ေပါင္းစပ္ထားတဲ့ Blockchain နည္းပညာနဲ႔ HTC ျပန္ေဖာက္ထြက္ႏိုင္ပါ့မလား?

A Closer Look

လက္ရွိအခ်ိန္မွာေတာ့ $960 နဲ႔ ႏိုင္ငံေပါင္း ၃၄ ႏိုင္ငံမွာ Pre-order လက္ခံေနျပီျဖစ္ျပီး စီးပြားေရးလုပ္ငန္းရွင္တခ်ိဳ႕ မ်က္စိၾကေနတဲ့ Exodus စမတ္ဖုန္းလို႔ ေျပာရင္ပိုျပည့္စုံသြားမယ္ထင္ပါတယ္။

www.akhayar.com

[Unicode]

ပထမဆုံး Blockchain စမတ်ဖုန်း Exodus 1 ကို HTC မိတ်ဆက်လိုက်ပြီ

HTC ကတော့ လက်ရှိ Android ဖုန်းတွေထဲမှာ Security အကောင်းဆုံး၊ Crypto-cash တွေကို လွဲပြောင်းပေးနိုင်တဲ့ Exodus 1 စမတ်ဖုန်းကို မိတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။ Digital Money ကို သမာရိုးကျ  Transfer လုပ်ပေးနိုင်တဲ့ Blockchain နည်းပညာကို ထည့်သွင်းထားတာဆိုပေမယ့်လို့ ဒေတာသိမ်းဆည်းမှုမှတ်တမ်းတွေနဲ့ လုံခြုံရေးစနစ်အားလုံး Android OS နဲ့ မသက်ဆိုင် မချိတ်ဆက်ထားဘူးဆိုပါတယ်။

Blockchain Smartphone Exodus 1

ဒီလို သီးသန့်အသုံးပြုနိုင်ဖို့အတွက် Crytpokitties ခေါ် Application ကတဆင့် Crypto-cash တွေ သိမ်းဆည်းထားမယ်၊ လွဲပြောင်းနိုင်မယ်လို့ သိရပါတယ်။ နောက်ပြီး စမတ်ဖုန်းအခိုးခံရလို့ အချက်လက်ပါသွားမှာစိုးရိမ်နေရရင် Social Key Recovery Mechansim နဲ့ ဒေတာတွေပြန်ရယူနိုင်မယ် HTC ဆိုထားပါတယ်။

Exodus 1

ဒီ Security Mechanism အလုပ်လုပ်ဖို့ ကိုယ်နဲ့အခင်မင်အရင်းနှီးဆုံး Friends တွေဆီ Recovery Information ပို့ထားရမှာပါ၊ ဒီအဆင့်ပြီးသွားရင် Key Manangement App ကို Install လုပ်ထားမှ နောက်ဆုံး Software လုပ်ထုံးအတိုင်း Key Data တွေကို သူငယ်ချင်းဖုန်းဆီ တိတ်တဆိတ်ပေးပို့ထားမှာဖြစ်ပါတယ်။

Exodus Logo

အခုလိုသာဆိုရင် Exodus စမတ်ဖုန်းက Security ပိုကောင်းတယ်ဆိုတာထက် ဖုန်းကကိုယ့်အသက်ထက်တန်ဖိုးကြီးနေသလိုပါပဲ၊ Bitcoin လို Digital Cash ဒေတာတွေဖုန်းထဲသိမ်း၊ လွဲပြောင်းတယ်ဆိုတာကလည်း Hacker တွေမျက်စိကြစရာ၊ တကယ်လို့ ဖုန်းခိုးခံရရင်လည်း ရင်လေးစရာ၊ နောက်ပြီး သူငယ်ချင်းစမတ်ဖုန်းထဲ Secret Information ပေးထားနိုင်တယ်ဆိုပေမယ့် နောက်ကျောဓားနဲ့ထိုးသွားရင် မလွယ်ပါဘူး။

Exodus 1

ဘယ်လိုပဲဖြစ်ဖြစ် Android ဖုန်းအားလုံးထဲမှာ တမူထူးခြားတဲ့ နည်းပညာဆန်းသစ်မှုနဲ့ ထွက်ရှိလာတဲ့ Exodus ဟာ Triple Camera ၊ A.I စနစ်ပလူပျံအောင်သုံးနေတဲ့ ဖုန်းတွေနဲ့ ဘာမှမသက်ဆိုင်သလိုပါပဲ။ 6” Display ကိုမှ HD+ Resolution သုံးထားတယ်၊ 16MP Dual Cameras နဲ့ 8MP Front Camera ၊ Snapdragon 845 SoC ၊ 6GB RAM နဲ့128GB Storage ပါရှိတာက Flagship ဖုန်းတလုံးအတွက် လုံလောက်တယ်ပြောရပေမယ့် ပေါင်းစပ်ထားတဲ့ Blockchain နည်းပညာနဲ့ HTC ပြန်ဖောက်ထွက်နိုင်ပါ့မလား?

A Closer Look

လက်ရှိအချိန်မှာတော့ $960 နဲ့ နိုင်ငံပေါင်း ၃၄ နိုင်ငံမှာ Pre-order လက်ခံနေပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တချို့ မျက်စိကြနေတဲ့ Exodus စမတ်ဖုန်းလို့ ပြောရင်ပိုပြည့်စုံသွားမယ်ထင်ပါတယ်။

www.akhayar.com