Microsoft ဟာ Surface Laptop ကို ထုတ်လုပ်ခဲ့လို့ အနည်းငယ်လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပေမယ့် ယခု HP ရဲ့ မော်ဒယ်အသစ် လက်ပ်တော့က လူတွေကိုပြန်လည်ဆွဲဆောင်ခဲ့ပါပြီ။ မော်ဒယ်အသစ်တစ်ခုဖြစ်တဲ့ ENVY လိုင်းကို HP ကထုတ်လုပ်လိုက်ပြီးတော့ Microsoft ကို ချွေးပြန်စေခဲ့တာပါ။ HP ဟာ ENVY 13, ENVY 17 နဲ့ ENVY x360 15 ဆိုတဲ့ မော်ဒယ် သုံးမျိုးကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ENVY 13 နဲ့ 17 တို့ဟာ တူညီတဲ့ ပုံစံမျိုးနဲ့ ထွက်လာခဲ့တာဖြစ်ပြီး မျက်နှာပြင်မှာသာ ကွာခြားသွားတာပါ။ ENVY 13 မှာ ၁၃လက်မ မျက်နှာပြင်ရှိပြီး ENVY 17 မှာတော့ ၁၇လက်မအရွယ် မျက်နှာပြင်ရှိပါတယ်။ FHD (1080p) နဲ့ 4K ဆိုပြီး ရုပ်ထွက်တွေရှိမှာပါ။

HP ဟာ ENVY လက်ပ်တော့တွေရဲ့ ဒီဇိုင်းတွေကိုလည်း ပြန်ပြင်ထားခဲ့တာဖြစ်ပြီး Metal ဘော်ဒီနဲ့ Natural Silver ဒါမှမဟုတ် Silk Gold ဆိုတဲ့ အရောင်တွေနဲ့ ရနိုင်မှာပါ။ ENVY 13 ဟာ Core i5 နဲ့ ENVY 17 ဟာ Core i7 Processor တွေကို တပ်ဆင်ထားမှာပါ။ NVIDIA GTX 940MX graphics ရှိမှာဖြစ်ပါတယ်။

ENVY 13 နဲ့ 17 မော်ဒယ်တွေဟာ Surface Laptop ရဲ့ ပြိုင်ဘက်တွေ ဖြစ်လာနိုင်ပါတယ်။ ၁၃.၉၅ မီလီ အထူရှိပြီးတော့ Surface လက်ပ်တော့ထက်သာတာက Customization Option တွေထက်ပိုမို သာလွန်တဲ့ Option တွေရှိနေတာပါ။ ဒီအထဲမှာ Surface Laptop ထက် Storage ပိုသာတာတွေပါဝင်ပါတယ်။ ဒါပေမယ့် Windows 10 နဲ့ထွက်လာမှာ ဖြစ်ပြီး Windows 10 S ကိုတော့ အသုံးပြုထားခြင်းမရှိပါဘူး။

Windows x360 15 ကတော့ မျက်နှာပြင် ၁၅.၆လက်မအကျယ်ရှိတဲ့အပြင် နာမည်အတိုင်း မျက်နှာပြင်ကို တစ်ပတ်လှည့်နိုင်မှာပါ။ အဲ့ဒီအပြင် ခြားနားတဲ့ Usage Mode တွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ENVY x30 15 ဟာ HP ရဲ့ N-tig လို့ခေါ်တဲ့ Pen ကို Support လုပ်ထားပါတယ်။

ENVY 13 ကို ဒေါ်လာ ၁၀၅၀၊ ENVY 17 ကို ဒေါ်လာ ၁၀၀၀  နဲ့ ENVY x360 15 ကို ဒေါ်လာ ၉၀၀ ဆိုပြီး ဈေးနှုန်းအသီးသီးနဲ့ ရောင်းချသွားမှာပါ။ ရောင်းချမယ့်ရက်ကို နောက်လကျရင် HP ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြပေးသွားမယ်လို့ သိရပါတယ်။

Ref: SlashGear