[Zawgyi] 

HP မွာ Spectre ဆိုတဲ့ Branding က ေတာ္ေတာ္နာမည္ႀကီးပါတယ္။ HP အေနနဲ႔လည္း Flagship Ultrabook ေတြထဲမွာ Spectre ေတြကို အေကာင္းဆံုးျဖစ္ေနေစဖို႔ ဖန္တီးလာတာ အခုဆိုရင္ Model အသစ္ကို ထုတ္ျပႏိုင္ခဲ့ပါၿပီ။ 

New HP Logo

HP အေနနဲ႔ေတာ့ PC ဆိုတာကို ျပန္ဖန္တီးျပမယ္ဆိုတဲ့ ႀကံဳးဝါးခ်က္နဲ႔ အခု Spectre Model အသစ္ကို ထုတ္ျပလိုက္တာျဖစ္ၿပီး Spectre Folio လို႔ အဓိပၸာယ္ရွိရွိ နာမည္ေပးထားတာပါ။ Folio ဆိုတာကေတာ့ စာ႐ြက္ေခါက္လို႔ အဓိပၸာယ္သက္ေရာက္တာေၾကာင့္ အခု HP ရဲ႕ Convertable Laptop နဲ႔ လိုက္ဖက္တဲ့နာမည္ပါ။ 

Spectre Folio as a Tablet

HP အေနနဲ႔ေတာ့ အခုလို Design ကိုရႏိုင္ဖို႔အတြက္ ဂရုတစိုက္ ဖန္တီးခဲ့ရပါတယ္။ ေစ်းကြက္ထဲမွာၾကည့္လိုက္ရင္ Laptop လို႔ေျပာလိုက္တာနဲ႔ Alumimium ဒါမွမဟုတ္ Plastic နဲ႔လုပ္ထားတဲ့ Laptop ေတြကိုပဲ အေတြ႕ရမ်ားတာပါ။ HP ကေတာ့ အဲ့ဒီလိုိစိတ္ကူးေတြထဲကေန ကြဲထြက္တဲ့ Design အယူအဆနဲ႔ အခုလို Leather သံုးထားတဲ့ Laptop ကိုထုတ္လိုက္တာပါ။ Leather ကို Laptop ရဲ႕ အျပင္ဖက္ပိုင္းအတြက္ အျပည့္သံုးထားတာျဖစ္ၿပိး အထဲမွာေတာ့ Magnesium Chasis ကို သံုးၿပီး Convertable Laptop အျဖစ္ ဖန္တီးေပးထားတာပါ။ 

Magnesium body with Leather

Leather ကိုေတာ့ Magnesium Frame နဲ႔တြဲေပးထားၿပီး အထဲမွာ Motherboard ကို ေတြ႕ေနက် Laptop ေတြထက္ ပိုေသးေအာင္ လုပ္ေပးထားတာေၾကာင့္ Laptop ကို ပိုပါးေအာင္ လုပ္ေပးလာႏိုင္တာပါ။ Motherboard ကေသးေနတဲ့အျပင္ အပူထုတ္တာလည္း နည္းတာေၾကာင့္ HP က အခု Laptop အတြက္ Fan ေတြထည့္ေပးမထားေတာ့ပါဘူး။ အထဲမွာေတာ့ 8th Generation Intel Core i7 Processor ၊ 8GB RAM နဲ႔ 256GB SSD ေတြထည့္ေပးထားပါတယ္။

Full HD Display

DIsplay ကေတာ့ 13.3 Inch Full HD Display ကို Intel ရဲ႕ 1W Panel နည္းပညာသံုးၿပီးထည့္ေပးထားတာေၾကာင့္ Battery စားသက္သာေစမွာပါ။ 1W နည္းပညာကေတာ့ Intel ကဖန္တီးေပးထားတာျဖစ္ၿပီး Intel ရဲ႕ Integrated Graphic ေတြနဲ႔တြဲဖက္ၿပီး အလုပ္လုပ္ေပးရင္း Display က Battery စားသက္သာေအာင္ ဖန္တီးေပးထားတဲ့ နည္းပညာပါ။ Spectre Folio Laptop ကို အားအျပည့္သြင္းထားမယ္ဆိုရင္ Battery က ၁၈ နာရီအထိ အသံုးခံႏိုင္မွာျဖစ္တယ္လို႔ ေၾကညာထားပါတယ္။ 

HP Spectre Folio as a Tablet

Convertible Laptop ျဖစ္တာေၾကာင့္ Laptop အျဖစ္လည္း သံုးႏိုင္သလို Tablet လိုလည္း သံုးႏိုင္ပါေသးတယ္။ အဲ့ဒီအတြက္လည္း HP က Folio Laptop အတြက္ Stylus ကို ထည့္ေပးထားပါေသးတယ္။ Stylus ကေတာ့ Tilt Sensitivity နဲ႔ Level 4000 ေက်ာ္ Pressure Sensitivity ပါဝင္ပါေသးတယ္။ Apple Pencil ကို ယွဥ္ၿပိဳင္ထားတာလို႔လည္း ေျပာလို႔ရပါတယ္။ HP ကေတာ့ Premium Laptop ဆိုတာထက္ ဇိမ္ခံထုတ္ကုန္ပိုဆန္တဲ့ Laptop ေတြကို ထုတ္ေနတာလို႔ေျပာရင္ ပိုမွန္ပါမယ္။ Spectre Folio ကို ထုတ္လုပ္ဖို႔အတြက္ ဖက္ရွင္ဒီဇိုင္နာေတြကိုေတာင္ ငွားရမ္းခဲ့တယ္လို႔သိရပါတယ္။ Laptop ေတြကို အခုလို အျမင္ဆန္းဆန္း၊ Material ဆန္းဆန္းနဲ႔ ထုတ္တာ HP က အရင္မဟုတ္ပါဘူး။ Microsoft ကလည္း သူတို႔ရဲ႕ Surface ထုတ္ကုန္တခ်ိဳ႕အတြက္ Alcantara လို႔ေခၚတဲ့ ခ်ည္သားကိုသံုးၿပီး Keyboard လက္တင္တဲ့ေနရာအတြက္ သံုးျပခဲ့ပါေသးတယ္။ 

Bang & Olufsen Speakers

HP Spectre Folio ကိုေတာ့ Core i7 Model ကို $1,399 နဲ႔ေရာင္းခ်ေပးမွာျဖစ္ၿပီး Core i5 Model ကိုေတာ့ $1,299 နဲ႔ ေရာင္းခ်ေပးသြားမယ္လို႔ သိရပါတယ္။ အခုႏွစ္ကုန္မွာလည္း 4K Display နဲ႔ Model ကို ေစ်းကြက္တင္သြားဦးမယ္လို႔လည္း သိရပါတယ္။ ဒီ Spectre Folio Laptop ေတြကေတာ့ သာမန္ ရံုးဝန္ထမ္းေတြအတြက္ဆိုတာထက္ $1000 ေက်ာ္သံုးၿပီး အျမင္အရေရာ၊ အထိအေတြ႕အရပါ သိပ္ေကာင္းပါတယ္ဆိုတဲ့ Laptop ကိုမွ လိုခ်င္ပါတယ္ဆိုသူေတြအတြက္ပဲ ျဖစ္ဖို႔မ်ားပါတယ္။ $1,300 ဝန္းက်င္မွာ ဒီထက္ Performance ပိုေကာင္းတဲ့ တျခား Laptop ေတြဝယ္လို႔ရသလို ႐ံုးသံုးဖို႔အတြက္ေတာ့ ဒီ Leather သားက အၾကမ္းခံပါ့မလားဆိုတာကလည္း စိတ္ဝင္စားစရာပါ။

Ref: The Verge | HP

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Leather အစစ်နဲ့လုပ်ထားတဲ့ Laptop ကို HP ထုတ်ပြပြီ

HP မှာ Spectre ဆိုတဲ့ Branding က တော်တော်နာမည်ကြီးပါတယ်။ HP အနေနဲ့လည်း Flagship Ultrabook တွေထဲမှာ Spectre တွေကို အကောင်းဆုံးဖြစ်နေစေဖို့ ဖန်တီးလာတာ အခုဆိုရင် Model အသစ်ကို ထုတ်ပြနိုင်ခဲ့ပါပြီ။ 

New HP Logo

HP အနေနဲ့တော့ PC ဆိုတာကို ပြန်ဖန်တီးပြမယ်ဆိုတဲ့ ကြုံးဝါးချက်နဲ့ အခု Spectre Model အသစ်ကို ထုတ်ပြလိုက်တာဖြစ်ပြီး Spectre Folio လို့ အဓိပ္ပာယ်ရှိရှိ နာမည်ပေးထားတာပါ။ Folio ဆိုတာကတော့ စာရွက်ခေါက်လို့ အဓိပ္ပာယ်သက်ရောက်တာကြောင့် အခု HP ရဲ့ Convertable Laptop နဲ့ လိုက်ဖက်တဲ့နာမည်ပါ။ 

Spectre Folio as a Tablet

HP အနေနဲ့တော့ အခုလို Design ကိုရနိုင်ဖို့အတွက် ဂရုတစိုက် ဖန်တီးခဲ့ရပါတယ်။ ဈေးကွက်ထဲမှာကြည့်လိုက်ရင် Laptop လို့ပြောလိုက်တာနဲ့ Alumimium ဒါမှမဟုတ် Plastic နဲ့လုပ်ထားတဲ့ Laptop တွေကိုပဲ အတွေ့ရများတာပါ။ HP ကတော့ အဲ့ဒီလိုစိတ်ကူးတွေထဲကနေ ကွဲထွက်တဲ့ Design အယူအဆနဲ့ အခုလို Leather သုံးထားတဲ့ Laptop ကိုထုတ်လိုက်တာပါ။ Leather ကို Laptop ရဲ့ အပြင်ဖက်ပိုင်းအတွက် အပြည့်သုံးထားတာဖြစ်ပြိး အထဲမှာတော့ Magnesium Chasis ကို သုံးပြီး Convertable Laptop အဖြစ် ဖန်တီးပေးထားတာပါ။ 

Magnesium body with Leather

Leather ကိုတော့ Magnesium Frame နဲ့တွဲပေးထားပြီး အထဲမှာ Motherboard ကို တွေ့နေကျ Laptop တွေထက် ပိုသေးအောင် လုပ်ပေးထားတာကြောင့် Laptop ကို ပိုပါးအောင် လုပ်ပေးလာနိုင်တာပါ။ Motherboard ကသေးနေတဲ့အပြင် အပူထုတ်တာလည်း နည်းတာကြောင့် HP က အခု Laptop အတွက် Fan တွေထည့်ပေးမထားတော့ပါဘူး။ အထဲမှာတော့ 8th Generation Intel Core i7 Processor ၊ 8GB RAM နဲ့ 256GB SSD တွေထည့်ပေးထားပါတယ်။

Full HD Display

DIsplay ကတော့ 13.3 Inch Full HD Display ကို Intel ရဲ့ 1W Panel နည်းပညာသုံးပြီးထည့်ပေးထားတာကြောင့် Battery စားသက်သာစေမှာပါ။ 1W နည်းပညာကတော့ Intel ကဖန်တီးပေးထားတာဖြစ်ပြီး Intel ရဲ့ Integrated Graphic တွေနဲ့တွဲဖက်ပြီး အလုပ်လုပ်ပေးရင်း Display က Battery စားသက်သာအောင် ဖန်တီးပေးထားတဲ့ နည်းပညာပါ။ Spectre Folio Laptop ကို အားအပြည့်သွင်းထားမယ်ဆိုရင် Battery က ၁၈ နာရီအထိ အသုံးခံနိုင်မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။ 

HP Spectre Folio as a Tablet

Convertible Laptop ဖြစ်တာကြောင့် Laptop အဖြစ်လည်း သုံးနိုင်သလို Tablet လိုလည်း သုံးနိုင်ပါသေးတယ်။ အဲ့ဒီအတွက်လည်း HP က Folio Laptop အတွက် Stylus ကို ထည့်ပေးထားပါသေးတယ်။ Stylus ကတော့ Tilt Sensitivity နဲ့ Level 4000 ကျော် Pressure Sensitivity ပါဝင်ပါသေးတယ်။ Apple Pencil ကို ယှဉ်ပြိုင်ထားတာလို့လည်း ပြောလို့ရပါတယ်။ HP ကတော့ Premium Laptop ဆိုတာထက် ဇိမ်ခံထုတ်ကုန်ပိုဆန်တဲ့ Laptop တွေကို ထုတ်နေတာလို့ပြောရင် ပိုမှန်ပါမယ်။ Spectre Folio ကို ထုတ်လုပ်ဖို့အတွက် ဖက်ရှင်ဒီဇိုင်နာတွေကိုတောင် ငှားရမ်းခဲ့တယ်လို့သိရပါတယ်။ Laptop တွေကို အခုလို အမြင်ဆန်းဆန်း၊ Material ဆန်းဆန်းနဲ့ ထုတ်တာ HP က အရင်မဟုတ်ပါဘူး။ Microsoft ကလည်း သူတို့ရဲ့ Surface ထုတ်ကုန်တချို့အတွက် Alcantara လို့ခေါ်တဲ့ ချည်သားကိုသုံးပြီး Keyboard လက်တင်တဲ့နေရာအတွက် သုံးပြခဲ့ပါသေးတယ်။ 

Bang & Olufsen Speakers

HP Spectre Folio ကိုတော့ Core i7 Model ကို $1,399 နဲ့ရောင်းချပေးမှာဖြစ်ပြီး Core i5 Model ကိုတော့ $1,299 နဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ အခုနှစ်ကုန်မှာလည်း 4K Display နဲ့ Model ကို ဈေးကွက်တင်သွားဦးမယ်လို့လည်း သိရပါတယ်။ ဒီ Spectre Folio Laptop တွေကတော့ သာမန် ရုံးဝန်ထမ်းတွေအတွက်ဆိုတာထက် $1000 ကျော်သုံးပြီး အမြင်အရရော၊ အထိအတွေ့အရပါ သိပ်ကောင်းပါတယ်ဆိုတဲ့ Laptop ကိုမှ လိုချင်ပါတယ်ဆိုသူတွေအတွက်ပဲ ဖြစ်ဖို့များပါတယ်။ $1,300 ဝန်းကျင်မှာ ဒီထက် Performance ပိုကောင်းတဲ့ တခြား Laptop တွေဝယ်လို့ရသလို ရုံးသုံးဖို့အတွက်တော့ ဒီ Leather သားက အကြမ်းခံပါ့မလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။

Ref: The Verge | HP

Min Than Htike (Akhayar)

www.akhayar.com