ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Acer ကနေ ပထမဆုံးသော Chrome OS ကို အသုံးပြုထားတဲ့ Tablet ကို မိတ်ဆက်ခဲ့ပြီး အခုအချိန်မှာတော့ HP ကနေ ဒုတိယမြောက် Chrome OS ကို အသုံးပြုထားတဲ့ Chromebook X2 Tablet ကို မိတ်ဆက်လိုက်ပါတယ်။

HP Chromebook X2





Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

ပီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Acer ကနေ ပထမဆုံးသော Chrome OS ကို အသုံးပြုထားတဲ့ Tablet ကို မိတ်ဆက်ခဲ့ပြီး အခုအချိန်မှာတော့ HP ကနေ ဒုတိယမြောက် Chrome OS ကို အသုံးပြုထားတဲ့ Chromebook X2 Tablet ကို မိတ်ဆက်လိုက်ပါတယ်။

HP Chromebook X2

အခု Chromebook X2 Tablet က စွမ်းဆောင်ရည်အရ မြင့်မားတယ်လို့ ပြောလို့ရပြီးတော့ ဈေးနှုန်းအရလည်း ဒေါ်လာ ၅၉၉ ကျသင့်မှာဖြစ်ပြီးတော့ Keyboard Dock အပြင် Stylus ကိုပါ Support ပြုလုပ်တဲ့အတွက် အခြားသော Apple iPad Pro လိုမျိုး Tablet တွေနဲ့ ယှဉ်ရင် ဈေးသက်သာတယ်တောင်ပြောလို့ရပါတယ်။

HP Chromebook X2 Tablet က 12.3″ 2400×1600 Resolution ရှိတဲ့ Display ကို အသုံးပြုထားပြီးတော့ 4GB RAM ဒါမှမဟုတ် 8GB ၊ Storage အနေနဲ့ 32GB ပါဝင်မှာဖြစ်ပါတယ်။ Stereo Speakers ၊ 5MP Front Camera နဲ့ 13MP Back Camera ပါဝင်မှာဖြစ်တဲ့အပြင် USB Type C Port ၂ ခု၊ MicroUSB Port တွေပါဝင်မှာပဲဖြစ်ပါတယ်။ HP ကတော့ Battery Life ကို ၁၀ နာရီခွဲခန့်ရရှိမယ်လို့ ပြောကြားထားပါတယ်။

အခုထွက်ရှိလာတဲ့ HP Chromebook X2 က Google Chrome OS ကို အသုံးပြုထားပြီး Processor ကိုလည်း Intel M3 Processor ကို အသုံးပြုထားတာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်အရလည်း တော်တော်ကို ကောင်းတယ်လို့ ပြောလို့ရပါတယ်။

HP Chromebook X2 Tablet ကို လာမယ့် ဂျွန်လထဲမှာ စတင်ရောင်းချသွားမယ်လို့လည်း သိရပါတယ်။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com