Qualcomm Snapdragon 835 CPU နဲ့ HP Envy x2 Laptop ကို Preorder မှာယူနိုင်ပြီ





Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

HP ဟာ လက်ရှိပထမဆုံး ARM Based Processor ကိုအသုံးပြုထားတဲ့ Windows 10 PC တစ်ခုဖြစ်တဲ့ HP Envy x2 2-In-1 ကွန်ပျူတာကို စတင်ပြီး Preorder မှာယူခင့်ပြုလိုက်ပြီဖြစ်ပါတယ်။ အခု HP Envy x2 ကွန်ပျူတာဟာ Qualcomm Snapdragon 835 Processor ကို အသုံးပြုထားတာဖြစ်ပြီးတော့ Always Connected PC တစ်ခုဖြစ်ပါတယ်။

HP Envy x2 ဟာ Laptop နဲ့ Tablet အနေနဲ့ ၂ မျိုး အသုံးပြုနိုင်တဲ့ Convertibles PC တစ်ခုဖြစ်ပြီးတော့ 12.3″ Full HD Touch Screen ပါဝင်မှာဖြစ်ပါတယ်။ Processor အနေနဲ့ကတော့ အခုနပြောခဲ့တဲ့အတိုင်း Qualcomm Snapdragon 835 Processor ၊ RAM 4GB နဲ့ Flash Storage 128GB ပါဝင်မှာဖြစ်ပါတယ်။ အခြားသော Features တွေအနေနဲ့လည်း Qualcomm Adreno 540 GPU ၊ Bluetooth 5.0 နဲ့ 802.11 ac Wi-Fi တွေပါဝင်မှာဖြစ်ပါသလို Nano SIM Reader ပါဝင်တဲ့အတွက် LTE Connectivity လည်းရရှိမှာပဲဖြစ်ပါတယ်။ USB Type C Port ကိုအသုံးပြုထားသလို Storage ကို တိုးချဲ့ဖို့အတွက် MicroSD Card Slot လည်းပါဝင်မှာပါ။

2-In-1 PC ဖြစ်တဲ့အတွက် Camera တွေအနေနဲ့ 13 MP Back Camera နဲ့အတူ 5MP Front Camera ပါဝင်လာမှာဖြစ်ပြီး Video ရိုက်ကူးမှုတွေနဲ့ Video Call တွေအတွက် Microphone ၃ ခု ပါဝင်လာမှာဖြစ်ပါတယ်။ အခု HP Envy x2 ဟာ Windows 10 S Version နဲ့ လာမှာဖြစ်ပေမယ့် Windows 10 ကို အခမဲ့ Upgrade ပြုလုပ်နိုင်ဦးမှာပါ။

HP Envy x2 ကို ဒေါ်လာ ၉၉၉ နဲ့ ရောင်းချသွားမှာဖြစ်ပြီးတော့ လာမယ့် မတ်လ ၆ ရက်နေ့က စတင်ပြီးတင်ပို့ရောင်းချသွားမယ်လို့ သိရပါတယ်။ အခုဈေးဟာ အခြားသော Intel Processor တွေအသုံးပြုထားတဲ့ Windows Laptop တွေနဲ့ ယှဉ်ရင် ဈေးများတယ်လို့ပြောနိုင်သေးပေမယ့် Always Connected LTE စနစ်နဲ့ HP ကပြောကြားထားတဲ့ 19 Hours Battery Life က အမြဲတမ်းပေါ့ပေါ့ပါးပါး သယ်ယူသွားပြီး အလုပ်လုပ်ကိုင်ချင်တဲ့သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်နေမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com