[Zawgyi] 

Xiaomi က MIX ကို စထုတ္တုန္းက Luxury ဖုန္းတစ္လံုးအေနနဲ႔ထုတ္ခဲ့တာပါ။ တျခား ကုမၸဏီေတြလို Limited Edition ေတြ အမ်ားႀကီး သိပ္မရွိခဲ့တဲ့ Xiaomi လို ကုမၸဏီအတြက္ေတာ့ MIX ဆိုတာ အေရးႀကီးတဲ့ ထုတ္ကုန္တစ္ခုပါ။

MIX 2

Xiaomi ရဲ႕ ဖန္တီးႏိုင္စြမ္းကိုလည္း ထုတ္ျပဖို႔ အေကာင္းဆံုး Device ျဖစ္သလို ကုမၸဏီေရွ႕ဆက္သြားမယ့္ လမ္းေၾကာင္းကိုလည္း မွန္းလို႔ရတဲ့ ထုတ္ကုန္တစ္ခုပါ။ Flagship ထုတ္ကုန္တစ္ခုဆိုတာထက္ ဇိမ္ခံပစၥည္းလို၊ အႏုပညာလက္ရာတစ္ခုလို ခံစားရေစဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ထုတ္ထားတာေၾကာင့္ MIX ဖုန္းေတြရဲ႕ Design က ပံုစံခြက္တစ္ခုထဲမွာသြားေနမွာပါ။ ပထမဦးဆံုး MIX ကတည္းက Xiaomi ရဲ႕ Full Screen Design အယူအဆကို ေနာက္ထြက္မယ့္ MIX ဖုန္းေတြမွာလည္း ဆက္အသံုးျပဳသြားမယ္ဆိုတာက ပံုေသျဖစ္ေနပါၿပီ။ အခုေနာက္ဆံုးထြက္ထားတဲ့ MIX 2s မွာေတာ့ တျခား Flagship ေတာ္ေတာ္မ်ားမ်ားအတိုင္း Wide Screen Ratio ျဖစ္သြားသလို Dual Camera ပါလာပါတယ္။ 

MIX 2s

Flagship Feature ေတြကိုထပ္ထည့္ေပးလာရင္း MIX ရဲ႕ Design ကိုလည္း ထိခိိုက္မႈမရွိေအာင္ လုပ္ေနတာ ေတြ႕ရပါတယ္။ ေနာက္ဆံုးထြက္ထားတဲ့ ေကာလဟလေတြအရ MIX 3 မွာ Display ေအာက္က Front Camera ထားရတဲ့ ေဘာင္ထူထူေနရာကို ပိုပါးထားတဲ့ Design နဲ႔ ေတြ႕ရႏိုင္မယ္လို႔ သိရပါတယ္။ Selfie Camera ကိုေတာ့ လက္ရွိဖုန္းေတြမွာ ေတြ႕ရသလိုပဲ ဖုန္းရဲ႕ အေပၚပိုင္း တစ္ေနေနရာမွာ ႁမွဳပ္လိုက္မယ္လို႔ ယူဆရပါတယ္။ Mi MIX ရဲ႕ အရသာေပ်ာက္သြားမွာ မဟုတ္သလို ပိုၿပီး လိုခ်င္စရာေကာင္းလာမလားဆိုတာကေတာ့ စိတ္ဝင္စားစရာပါ။ ေနာက္ေက်ာဖက္က Camera ေတြကိုေတာ့ အရင္က MIX ဖုန္းေတြလို အလည္မွာထားတာ မဟုတ္ေတာ့ဘဲ ေဘးဖက္ အေပၚေထာင့္ကို ေ႐ႊ႕လာတာကေတာ့ စိတ္မေကာင္းစရာပါ။ MIX 3 မွာ ေသခ်ာတာကေတာ့ Under Display Fingerprint Scanner ပါလာမယ္ဆိုတာပါပဲ။ MIX Fan ေတြလည္း ေမွ်ာ္လင့္ထားတဲ့ ဖုန္းတစ္လံုးျဖစ္မယ္ဆိုတာ ေသခ်ာပါတယ္။ သင္ေရာ MIX ဖုန္းေတြကို သေဘာက်သူလား။ 

Ref: International Business Times India

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Xiaomi ရဲ့ နောက်ထပ်ထွက်လာမယ့် MIX 3 ရဲ့ Design အသစ်

Xiaomi က MIX ကို စထုတ်တုန်းက Luxury ဖုန်းတစ်လုံးအနေနဲ့ထုတ်ခဲ့တာပါ။ တခြား ကုမ္ပဏီတွေလို Limited Edition တွေ အများကြီး သိပ်မရှိခဲ့တဲ့ Xiaomi လို ကုမ္ပဏီအတွက်တော့ MIX ဆိုတာ အရေးကြီးတဲ့ ထုတ်ကုန်တစ်ခုပါ။

MIX 2

Xiaomi ရဲ့ ဖန်တီးနိုင်စွမ်းကိုလည်း ထုတ်ပြဖို့ အကောင်းဆုံး Device ဖြစ်သလို ကုမ္ပဏီရှေ့ဆက်သွားမယ့် လမ်းကြောင်းကိုလည်း မှန်းလို့ရတဲ့ ထုတ်ကုန်တစ်ခုပါ။ Flagship ထုတ်ကုန်တစ်ခုဆိုတာထက် ဇိမ်ခံပစ္စည်းလို၊ အနုပညာလက်ရာတစ်ခုလို ခံစားရစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ထားတာကြောင့် MIX ဖုန်းတွေရဲ့ Design က ပုံစံခွက်တစ်ခုထဲမှာသွားနေမှာပါ။ ပထမဦးဆုံး MIX ကတည်းက Xiaomi ရဲ့ Full Screen Design အယူအဆကို နောက်ထွက်မယ့် MIX ဖုန်းတွေမှာလည်း ဆက်အသုံးပြုသွားမယ်ဆိုတာက ပုံသေဖြစ်နေပါပြီ။ အခုနောက်ဆုံးထွက်ထားတဲ့ MIX 2s မှာတော့ တခြား Flagship တော်တော်များများအတိုင်း Wide Screen Ratio ဖြစ်သွားသလို Dual Camera ပါလာပါတယ်။ 

MIX 2s

Flagship Feature တွေကိုထပ်ထည့်ပေးလာရင်း MIX ရဲ့ Design ကိုလည်း ထိခိုက်မှုမရှိအောင် လုပ်နေတာ တွေ့ရပါတယ်။ နောက်ဆုံးထွက်ထားတဲ့ ကောလဟလတွေအရ MIX 3 မှာ Display အောက်က Front Camera ထားရတဲ့ ဘောင်ထူထူနေရာကို ပိုပါးထားတဲ့ Design နဲ့ တွေ့ရနိုင်မယ်လို့ သိရပါတယ်။ Selfie Camera ကိုတော့ လက်ရှိဖုန်းတွေမှာ တွေ့ရသလိုပဲ ဖုန်းရဲ့ အပေါ်ပိုင်း တစ်နေနေရာမှာ မြှုပ်လိုက်မယ်လို့ ယူဆရပါတယ်။ Mi MIX ရဲ့ အရသာပျောက်သွားမှာ မဟုတ်သလို ပိုပြီး လိုချင်စရာကောင်းလာမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။ နောက်ကျောဖက်က Camera တွေကိုတော့ အရင်က MIX ဖုန်းတွေလို အလည်မှာထားတာ မဟုတ်တော့ဘဲ ဘေးဖက် အပေါ်ထောင့်ကို ရွှေ့လာတာကတော့ စိတ်မကောင်းစရာပါ။ MIX 3 မှာ သေချာတာကတော့ Under Display Fingerprint Scanner ပါလာမယ်ဆိုတာပါပဲ။ MIX Fan တွေလည်း မျှော်လင့်ထားတဲ့ ဖုန်းတစ်လုံးဖြစ်မယ်ဆိုတာ သေချာပါတယ်။ သင်ရော MIX ဖုန်းတွေကို သဘောကျသူလား။ 

Ref: International Business Times India

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။