Facebook ကေန ျပီးခဲ့တဲ့ရက္သတၱပတ္တုန္းက က်င္းပခဲ့တဲ့ F8 Developer Conference မွာ Facebook ကေန Date ျပဳလုပ္ႏုိင္တဲ့ Feature အသစ္တစ္ခုကို ထည့္သြင္းေပးသြားမယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ အခု Facebook ရဲ႕ Dating Feature အသစ္ကဘယ္လုိမ်ိဳး အလုပ္လုပ္မွာလဲ? ဘယ္အခ်ိန္မွာ အသံုးျပဳလုိ႔ရလာမွာလဲဆုိတာကို အခု Article မွာ ေဖာ္ျပသြားမွာျဖစ္ပါတယ္။

Facebook Dating

Facebook ရဲ႕ Chief Product Officer ျဖစ္တဲ့ Chris Cox ကေတာ့ အခု Feature က Facebook ကို စတင္တည္ေထာင္ျပီးထဲက ထည့္သြင္းဖုိ႔ စိတ္ကူးထားတဲ့ Feature တစ္ခုျဖစ္ျပီးေတာ့ အခ်ိန္ ၁၄ ႏွစ္ေလာက္ၾကာျပီးမွ တကယ္ထည့္သြင္းႏုိင္ခဲ့တာျဖစ္တယ္လုိ႔လည္း ေျပာခဲ့ပါတယ္။

Facebook ဟာ အခုလုိမ်ိဳး Dating Feature ကို ထည့္သြင္းေပးဖုိ႔ ၾကိဳးစားတာက Tinder လုိမ်ိဳး Application ေတြကို ယွဥ္ျပိဳင္ဖုိ႔ ျဖစ္ႏုိင္ျပီးေတာ့ ေနာက္တစ္ခုကလည္း အခုေနာက္ပိုင္းျဖစ္ပြားလာတဲ့ User ေတြရဲ႕ Privacy Data ေတြကို ခုိးယူခံရမႈသတင္းကို ဖံုးကြယ္သြားေစဖုိ႔လည္းျဖစ္ႏုိင္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Facebook ရဲ႕ Dating Feature အသစ္အေၾကာင္းကို သိထားသမွ် ေဖာ္ျပေပးလုိက္ပါတယ္။

Facebook Profile နဲ႔ပဲ အသံုးျပဳရမွာလား?

Facebook Dating

အခု Feature ဟာ Facebook App ကေနပဲ အဓိကအသံုးျပဳသြားမွာျဖစ္ေပမယ့္ Dating Feature ကို အသံုးျပဳေတာ့မယ္ဆိုရင္ေတာ့ ေနာက္ထပ္ သီးျခား Profile တစ္ခုကို ထပ္မံ Setup ျပဳလုပ္ရမယ္လုိ႔ ယူဆရပါတယ္။ အဆိုပါ Dating အတြက္ Feature အတြက္ Profile အသစ္ကိုေတာ့ ကုိယ့္ရဲ႕ လက္တြဲေဖာ္ျဖစ္ႏုိင္တဲ့ အသံုးျပဳသူကိုပဲ ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

ဘယ္သူေတြနဲ႔ Date လုပ္ရမွာလဲ?

Facebook က ကိုယ့္ရဲ႕ Interests ေတြနဲ႔ အျခားေသာ Locations နဲ႔ Data ေတြကို အသံုးျပဳျပီးေတာ့ ကိုယ္နဲ႔ ကိုက္ညီမယ္လုိ႔ ယူဆရတဲ့ Groups ဒါမွမဟုတ္ Events ေတြကို Unlock လုပ္သြားမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ကိုယ့္အတြက္ Date လုပ္ဖုိ႔ Recommend ေပးတဲ့သူက ကုိယ္နဲ႔ အၾကိဳက္တူညီတဲ့သူေတြပဲျဖစ္ေနမွာပါ။

Dating Feature မွာ တူညီမွာမဟုတ္ေတာ့တဲ့ Messaging Feature

အခု Facebook Dating Feature မွာ Messaging စနစ္ကလည္း သာမန္ Facebook Messenger ကေန စတင္အသံုးျပဳရမွာမဟုတ္ပဲနဲ႔ သီးျခား Messaging Service ကေန အသံုးျပဳရမွာပါ။ Facebook က ကိုယ့္အတြက္ Recommend ေပးလုိက္တဲ့ Date လုပ္ရမယ့္သူကို Text Only Message တစ္ေစာင္အရင္ေပးပို႔ရမွာျဖစ္ျပီးေတာ့ တဖက္က အဆုိပါ Message ကို ျပန္ျပီး Reply လုပ္မွသာ Facebook Messenger ကို အသံုးျပဳႏုိင္မွာျဖစ္တယ္လုိ႔လည္း သိရပါတယ္။

Facebook Dating

ဘယ္အခ်ိန္မွာ အခု Dating Feature ကို သံုးႏုိင္မွာလဲ?

Facebook ကိုယ္တုိင္ကေတာ့ ဘယ္အခ်ိန္မွာ အခု Feature ကို ထုတ္ေပးသြားမယ္ဆုိတာမ်ိဳးကို အတိအက်ေျပာၾကားသြားျခင္းမရွိခဲ့ပါဘူး။ ဒါေပမယ့္ လာမယ့္လပိုင္းမွာေတာ့ အသံုးျပဳသူေတြကို စတင္စမ္းသပ္သြားမယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

ဘာပဲျဖစ္ျဖစ္ Single ေတြ Facebook ကေန လက္တြဲေဖာ္ရွာေဖြတာ အခုထက္ပိုျပီး လြယ္ကူလာေတာ့မလား? Akhayar ပရိသတ္ၾကီးေရာ ဘယ္လုိျမင္ပါသလဲ?

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Facebook ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ကျင်းပခဲ့တဲ့ F8 Developer Conference မှာ Facebook ကနေ Date ပြုလုပ်နိုင်တဲ့ Feature အသစ်တစ်ခုကို ထည့်သွင်းပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အခု Facebook ရဲ့ Dating Feature အသစ်ကဘယ်လိုမျိုး အလုပ်လုပ်မှာလဲ? ဘယ်အချိန်မှာ အသုံးပြုလို့ရလာမှာလဲဆိုတာကို အခု Article မှာ ဖော်ပြသွားမှာဖြစ်ပါတယ်။

Facebook Dating

Facebook ရဲ့ Chief Product Officer ဖြစ်တဲ့ Chris Cox ကတော့ အခု Feature က Facebook ကို စတင်တည်ထောင်ပြီးထဲက ထည့်သွင်းဖို့ စိတ်ကူးထားတဲ့ Feature တစ်ခုဖြစ်ပြီးတော့ အချိန် ၁၄ နှစ်လောက်ကြာပြီးမှ တကယ်ထည့်သွင်းနိုင်ခဲ့တာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

Facebook ဟာ အခုလိုမျိုး Dating Feature ကို ထည့်သွင်းပေးဖို့ ကြိုးစားတာက Tinder လိုမျိုး Application တွေကို ယှဉ်ပြိုင်ဖို့ ဖြစ်နိုင်ပြီးတော့ နောက်တစ်ခုကလည်း အခုနောက်ပိုင်းဖြစ်ပွားလာတဲ့ User တွေရဲ့ Privacy Data တွေကို ခိုးယူခံရမှုသတင်းကို ဖုံးကွယ်သွားစေဖို့လည်းဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Facebook ရဲ့ Dating Feature အသစ်အကြောင်းကို သိထားသမျှ ဖော်ပြပေးလိုက်ပါတယ်။

Facebook Profile နဲ့ပဲ အသုံးပြုရမှာလား?

Facebook Dating

အခု Feature ဟာ Facebook App ကနေပဲ အဓိကအသုံးပြုသွားမှာဖြစ်ပေမယ့် Dating Feature ကို အသုံးပြုတော့မယ်ဆိုရင်တော့ နောက်ထပ် သီးခြား Profile တစ်ခုကို ထပ်မံ Setup ပြုလုပ်ရမယ်လို့ ယူဆရပါတယ်။ အဆိုပါ Dating အတွက် Feature အတွက် Profile အသစ်ကိုတော့ ကိုယ့်ရဲ့ လက်တွဲဖော်ဖြစ်နိုင်တဲ့ အသုံးပြုသူကိုပဲ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဘယ်သူတွေနဲ့ Date လုပ်ရမှာလဲ?

Facebook က ကိုယ့်ရဲ့ Interests တွေနဲ့ အခြားသော Locations နဲ့ Data တွေကို အသုံးပြုပြီးတော့ ကိုယ်နဲ့ ကိုက်ညီမယ်လို့ ယူဆရတဲ့ Groups ဒါမှမဟုတ် Events တွေကို Unlock လုပ်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်အတွက် Date လုပ်ဖို့ Recommend ပေးတဲ့သူက ကိုယ်နဲ့ အကြိုက်တူညီတဲ့သူတွေပဲဖြစ်နေမှာပါ။

Dating Feature မှာ တူညီမှာမဟုတ်တော့တဲ့ Messaging Feature

အခု Facebook Dating Feature မှာ Messaging စနစ်ကလည်း သာမန် Facebook Messenger ကနေ စတင်အသုံးပြုရမှာမဟုတ်ပဲနဲ့ သီးခြား Messaging Service ကနေ အသုံးပြုရမှာပါ။ Facebook က ကိုယ့်အတွက် Recommend ပေးလိုက်တဲ့ Date လုပ်ရမယ့်သူကို Text Only Message တစ်စောင်အရင်ပေးပို့ရမှာဖြစ်ပြီးတော့ တဖက်က အဆိုပါ Message ကို ပြန်ပြီး Reply လုပ်မှသာ Facebook Messenger ကို အသုံးပြုနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

Facebook Dating

ဘယ်အချိန်မှာ အခု Dating Feature ကို သုံးနိုင်မှာလဲ?

Facebook ကိုယ်တိုင်ကတော့ ဘယ်အချိန်မှာ အခု Feature ကို ထုတ်ပေးသွားမယ်ဆိုတာမျိုးကို အတိအကျပြောကြားသွားခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် လာမယ့်လပိုင်းမှာတော့ အသုံးပြုသူတွေကို စတင်စမ်းသပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Single တွေ Facebook ကနေ လက်တွဲဖော်ရှာဖွေတာ အခုထက်ပိုပြီး လွယ်ကူလာတော့မလား? Akhayar ပရိသတ်ကြီးရော ဘယ်လိုမြင်ပါသလဲ?

Zawyè (Akhayar) 

www.akhayar.com