[Zawgyi]

ေဆးဖက္ဝင္ပ်ားရည္နဲ႔ ဝိတ္တက္ေအာင္လုပ္ၾကမယ္

ပဲြတက္စရာ၊ သြားစရာလာစရာေတြရွိလို႔ အဝတ္အစားေတြႀကိဳခ်ဳပ္ထားၿပီးကာမွ တကယ္ပဲြတက္ခါနီးက်မွ အလုပ္ေတြဖိစီးလို႔၊ အိပ္ေရးပ်က္လို႔ အစရွိသျဖင္႔ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင္႔ ဝိတ္ေတြထိုးက်သြားတာမ်ဳိး ျဖစ္ဖူးၾကမွာပါ။ လွလွပပေလးျဖစ္ေအာင္လို႔ ႀကိဳတင္ျပင္ဆင္ထားကာမွ ဝိတ္က်သြားလုိ႔ ဘယ္လုပ္လို႔ ဘာကုိင္ရမွန္းမသိတဲ႔ ခံစားခ်က္က ေတာ္ေတာ္ဆိုးပါတယ္။ ဝိတ္က်သြားလို႔ စိတ္ဓာတ္က်ေနတဲ့သူေတြအတြက္ေကာ၊ ဝိတ္တက္ခ်င္လို႔ ႀကိဳးစားပမ္းစားျပဳလုပ္ေနၾကတဲ႔သူေတြအတြက္ပါ ထိထိေရာက္ေရာက္နဲ႔ ဝိတ္အျမန္တက္ေစမယ့္ လွ်ဳိ႕ဝွက္နည္းလမ္းေလးကုိ ေျပာျပေပးခ်င္ပါတယ္။

လွ်ဳိ႕ဝွက္နည္းလမ္းေလးမေျပာျပေသးခင္ ဝိတ္တက္ဖုိ႔အတြက္ဆို ေန႔စဥ္ ပံုမွန္စားသံုးေနက် အစားအစာေတြထဲကို ကယ္လိုရီ ၅၀၀ ထပ္ေပါင္းထည္႔ၿပီး စားသံုးေပးသင္႔ပါတယ္။ အဲလိုထပ္ေပါင္းထည္႔႔ၿပီး စားသုံးေပးျခင္းအားျဖင့္ တစ္ပတ္အတြင္းမွာ တစ္ေပါင္တက္လာေစပါတယ္။ ဒါအျပင္ Strength Training Exercise ေတြပါတဲြၿပီး လုပ္ေဆာင္ေပးမယ္ဆိုရင္ အဆီေတြတက္လာတာမ်ဳိးမျဖစ္ဘဲ ၾကြက္သားေတြထြက္လာေစမွာပါ။

ဝိတ္တက္ေအာင္နည္းလမ္းစံုလုပ္ၿပီးသြားလို႔ ဝိတ္မတက္ေသးဘူးလို႔ ခံစားရရင္ အခုေျပာျပမယ္႔ လွ်ဳိ႕ဝွက္နည္းလမ္းေလးအတိုင္း ႀကိဳးစားၾကည္႔လို႔ရပါတယ္။ လွ်ဳိ႕ဝွက္္နည္းလမ္းေလးကေတာ့ အိမ္မွာအလြယ္တကူရႏိုင္တဲ႔ ေဆးဖက္ဝင္ပစၥည္းပ်ားရည္နဲ႕ ေန႔စဥ္ေသာက္သံုးေလ႔ရွိတဲ႔ ႏြားႏို႔ကိုအသံုးျပဳၿပီး ဝိတ္တက္ေအာင္ျပဳလုပ္ျခင္းပဲ ျဖစ္ပါတယ္။ ႏြားႏို႔နဲ႔ ပ်ားရည္အေရာအေႏွာက ဝိတ္တက္ေစတယ္လို႔ေျပာရင္ အ့ံၾသသြားၾကမလား မသိဘူး။ ဒီအေရာအေႏွာက တကယ္ပဲ ဝိတ္တက္ေအာင္ကူညီေပးပါတယ္။ ဝိတ္တက္ဖို႔အတြက္ဆို ႏြားႏို႔နဲ႔ပ်ားရည္ေရာေႏွာျပီး နံနက္ခင္းဘာမွမစားရေသးခင္အခ်ိန္နဲ႔ ညဘက္အိပ္ရာမဝင္ခင္အခ်ိန္ေတြမွာ စားသံုးေပးသင္႔ပါတယ္။ ဒီလိုစားသံုးေပးျခင္းအားျဖင္႔ က်န္းက်န္းမာမာနဲ႔ ဝိတ္တက္လာေစပါတယ္။

အိပ္ရာမဝင္ခင္ ႏြားႏို႔ေသာက္ျခင္းက ခႏၶာကိုယ္ကို ကယ္လိုရီတိုးေစပါတယ္။ မလိုင္ျပည္႕ႏြားႏို႔ကအဆီဓာတ္အျပည္႔ပါဝင္တဲ႔အတြက္ ဝိတ္တက္ေစဖို႔ ကူညီေပးတဲ႔ အစားအေသာက္ေတြထဲမွာေတာ့ သူ႔အစြမ္းကအံ့မခမန္းပါပဲ။ မလုိင္ျပည္႔ပါတဲ့ႏြားႏို႔တစ္ခြက္မွာ ကယ္လုိရီ ၁၅၀ ရွိပါတယ္။ ေန႔စဥ္ ဒီမလိုင္ျပည္႔ႏြားႏို႔ကို ႏွစ္ခြက္ေလာက္ ေသာက္သံုးေပးျခင္းျဖင့္လည္း တစ္ပတ္ေလာက္ၾကာတဲ႔အခါမွာ တစ္ေပါင္ေလာက္တက္လာေအာင္ ကူညီေပးပါတယ္။ အဲလုိပါပဲ ပ်ားရည္ကလည္း အာဟာရဓာတ္နဲ႔ ကယ္လိုရီဓာတ္ ၾကြယ္ဝစြာပါဝင္တဲ႔ အစားအစာ ျဖစ္ပါတယ္။ ပ်ားရည္ရဲ႕ စိတ္ဝင္စားဖြယ္ေကာင္းတဲ႔ အခ်က္တစ္ခ်က္က ဝိတ္တက္ေစသလို ဝိတ္လည္းက်ေစတယ္ဆိုတဲ႔ အခ်က္ပဲ ျဖစ္ပါတယ္။ တကယ္လုိ႔ ပ်ားရည္ကို သံပုရာ(သို႔)သစ္ၾကံပိုးေခါက္၊ ေရေႏြးေႏြးတို႔နဲ႔ ေရာၿပီး ေသာက္သံုးေပးမယ္ဆိုရင္ အဆီပိုေတြကိုေလာင္ကၽြမ္းေစၿပီး ဝိတ္က်ေစပါတယ္။ ဒါေပမဲ႔ ပ်ားရည္ကို ႏြားႏို႔နဲ႔ေသာက္မယ္ဆိုရင္ေတာ့ ဝိတ္တက္လာေစပါတယ္။ ပ်ားရည္နဲ႔ ႏြားႏို႔အေရာအႏွာမွာ ကာဗိုဟိုက္ဒရိတ္ ၈၀ ရာခိုင္ႏႈန္းပါဝင္ၿပီး ဗီတာမင္နဲ႔သတၱဳဓာတ္ ႏွစ္ရာခိုင္ႏႈန္းပါဝင္ကာ က်န္တဲ႔ရာခိုင္ႏႈန္းကေတာ့ ေရဓာတ္ျဖစ္ပါတယ္။ ပ်ားရည္မွာ ကာဗိုဟိုက္ဒရိတ္မ်ားစြာပါဝင္ပါတယ္။ဒါေၾကာင္႔မို႔ ျပင္းထန္တဲ႔ေလ့က်င္႔ခန္းေတြလုပ္တဲ႔အခါမွာ ကုန္ခန္းသြားတဲ႔ စြမ္းအင္ေတြျပန္လည္ျပည္႔ေစဖို႔ ပ်ားရည္ကိုမွီဝဲလို႔ ရပါတယ္။

ဝိတ္တက္ေစဖို႔အတြက္ဆို ပ်ားရည္နဲ႔ႏြားႏို႔အေရာကို မနက္ဘက္မွာေသာက္တာထက္ ညဘက္မွာေသာက္တာက ပိုအက်ဴိးမ်ားပါတယ္။ ညဘက္မွာ အစာေခ်ဖ်က္မႈႏႈန္းကေႏွးတဲ႔အတြက္ ခႏၶာကိုယ္က ကယ္လိုရီေတြကို ပိုမိုစုပ္ယူႏိုငိၿပီး ဝိတ္တက္လာေစပါတယ္။ပ်ားရည္ကုိ ႏြားႏို႔နဲ႔ေရာေသာက္တဲ႔အခါမွာ ပူေႏြးတဲ႔ႏြားႏိုနဲ႔ ေရာေသာက္တာက ပိုအက်ဳိးရွိၿပီး ဆူပြက္ေနတဲ႔ႏြားႏို႔နဲ႔ေရာေသာက္တာက က်န္းမာေရးကုိထိခိုက္ေစပါတယ္။ ဘာေၾကာင္႔လဲဆိုေတာ့ ပ်ားရည္က ဆူပြက္ေနတဲ႔ ႏြားႏို႔နဲ႔ဆို ေကာ္လိုကပ္ေစးေစးျဖစ္သြားတတ္ပါတယ္။ အဲလိုကပ္ေစးေစးျဖစ္လာတဲ႔ပ်ားရည္ကုိ ခႏၶာကိုယ္က မေခ်ဖ်က္ႏိုင္ပါဘူး။ ဆူပြက္ေနတဲ႔ႏြားႏို႔နဲ႔ ပ်ားရည္ကုိ ေရာေႏွာၿပီး ေသာက္မိရင္ အစာမေၾကျဖစ္ျပီး အစာအိမ္နာျခင္းနဲ႔ ဝမ္းခ်ဳပ္ျခင္းေၾကာင္႔ စအိုနာက်င္ျခင္းအစရွိတဲ႔ ေဝဒနာေတြခံစားရပါလိမ္႔မယ္။ ဒါေၾကာင္႔မို႔ ဝိတ္တက္ဖို႔ ပ်ားရည္နဲ႔ႏြားႏို႔အေရာကို ေသာက္သံုးမယ္ဆိုရင္ ပူေႏြးတဲ႔ႏြားႏို႔ (ဒါမွမဟုတ္) ႏြားႏို႔ေအးေအးေလးနဲ႔႔ဲပဲ ေသာက္သံုးဖို႔ အၾကံျပဳလုိက္ပါရေစ။ အထက္ပါနည္းလမ္းအတိုင္းက်င္႔သံုးၿပီး က်န္းမာလွပတဲ႔ ခႏၶာကိုယ္ျပည္႔ျပည္႔ေလးေတြကို ပိုင္ဆုိင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဆေးဖက်ဝင်ပျားရည်နဲ့ ဝိတ်တက်အောင်လုပ်ကြမယ်

ပွဲတက်စရာ၊ သွားစရာလာစရာတွေရှိလို့ အဝတ်အစားတွေကြိုချုပ်ထားပြီးကာမှ တကယ်ပွဲတက်ခါနီးကျမှ အလုပ်တွေဖိစီးလို့၊ အိပ်ရေးပျက်လို့ အစရှိသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဝိတ်တွေထိုးကျသွားတာမျိုး ဖြစ်ဖူးကြမှာပါ။ လှလှပပလေးဖြစ်အောင်လို့ ကြိုတင်ပြင်ဆင်ထားကာမှ ဝိတ်ကျသွားလို့ ဘယ်လုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ ခံစားချက်က တော်တော်ဆိုးပါတယ်။ ဝိတ်ကျသွားလို့ စိတ်ဓာတ်ကျနေတဲ့သူတွေအတွက်ကော၊ ဝိတ်တက်ချင်လို့ ကြိုးစားပမ်းစားပြုလုပ်နေကြတဲ့သူတွေအတွက်ပါ ထိထိရောက်ရောက်နဲ့ ဝိတ်အမြန်တက်စေမယ့် လျှို့ဝှက်နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။

လျှို့ဝှက်နည်းလမ်းလေးမပြောပြသေးခင် ဝိတ်တက်ဖို့အတွက်ဆို နေ့စဉ် ပုံမှန်စားသုံးနေကျ အစားအစာတွေထဲကို ကယ်လိုရီ ၅၀၀ ထပ်ပေါင်းထည့်ပြီး စားသုံးပေးသင့်ပါတယ်။ အဲလိုထပ်ပေါင်းထည့့်ပြီး စားသုံးပေးခြင်းအားဖြင့် တစ်ပတ်အတွင်းမှာ တစ်ပေါင်တက်လာစေပါတယ်။ ဒါအပြင် Strength Training Exercise တွေပါတွဲပြီး လုပ်ဆောင်ပေးမယ်ဆိုရင် အဆီတွေတက်လာတာမျိုးမဖြစ်ဘဲ ကြွက်သားတွေထွက်လာစေမှာပါ။

ဝိတ်တက်အောင်နည်းလမ်းစုံလုပ်ပြီးသွားလို့ ဝိတ်မတက်သေးဘူးလို့ ခံစားရရင် အခုပြောပြမယ့် လျှို့ဝှက်နည်းလမ်းလေးအတိုင်း ကြိုးစားကြည့်လို့ရပါတယ်။ လျှို့ဝှက်နည်းလမ်းလေးကတော့ အိမ်မှာအလွယ်တကူရနိုင်တဲ့ ဆေးဖက်ဝင်ပစ္စည်းပျားရည်နဲ့ နေ့စဉ်သောက်သုံးလေ့ရှိတဲ့ နွားနို့ကိုအသုံးပြုပြီး ဝိတ်တက်အောင်ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ နွားနို့နဲ့ ပျားရည်အရောအနှောက ဝိတ်တက်စေတယ်လို့ပြောရင် အံ့သြသွားကြမလား မသိဘူး။ ဒီအရောအနှောက တကယ်ပဲ ဝိတ်တက်အောင်ကူညီပေးပါတယ်။ ဝိတ်တက်ဖို့အတွက်ဆို နွားနို့နဲ့ပျားရည်ရောနှောပြီး နံနက်ခင်းဘာမှမစားရသေးခင်အချိန်နဲ့ ညဘက်အိပ်ရာမဝင်ခင်အချိန်တွေမှာ စားသုံးပေးသင့်ပါတယ်။ ဒီလိုစားသုံးပေးခြင်းအားဖြင့် ကျန်းကျန်းမာမာနဲ့ ဝိတ်တက်လာစေပါတယ်။

အိပ်ရာမဝင်ခင် နွားနို့သောက်ခြင်းက ခန္ဓာကိုယ်ကို ကယ်လိုရီတိုးစေပါတယ်။ မလိုင်ပြည့်နွားနို့ကအဆီဓာတ်အပြည့်ပါဝင်တဲ့အတွက် ဝိတ်တက်စေဖို့ ကူညီပေးတဲ့ အစားအသောက်တွေထဲမှာတော့ သူ့အစွမ်းကအံ့မခမန်းပါပဲ။ မလိုင်ပြည့်ပါတဲ့နွားနို့တစ်ခွက်မှာ ကယ်လိုရီ ၁၅၀ ရှိပါတယ်။ နေ့စဉ် ဒီမလိုင်ပြည့်နွားနို့ကို နှစ်ခွက်လောက် သောက်သုံးပေးခြင်းဖြင့်လည်း တစ်ပတ်လောက်ကြာတဲ့အခါမှာ တစ်ပေါင်လောက်တက်လာအောင် ကူညီပေးပါတယ်။ အဲလိုပါပဲ ပျားရည်ကလည်း အာဟာရဓာတ်နဲ့ ကယ်လိုရီဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ပျားရည်ရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်တစ်ချက်က ဝိတ်တက်စေသလို ဝိတ်လည်းကျစေတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တကယ်လို့ ပျားရည်ကို သံပုရာ(သို့)သစ်ကြံပိုးခေါက်၊ ရေနွေးနွေးတို့နဲ့ ရောပြီး သောက်သုံးပေးမယ်ဆိုရင် အဆီပိုတွေကိုလောင်ကျွမ်းစေပြီး ဝိတ်ကျစေပါတယ်။ ဒါပေမဲ့ ပျားရည်ကို နွားနို့နဲ့သောက်မယ်ဆိုရင်တော့ ဝိတ်တက်လာစေပါတယ်။ ပျားရည်နဲ့ နွားနို့အရောအနှာမှာ ကာဗိုဟိုက်ဒရိတ် ၈၀ ရာခိုင်နှုန်းပါဝင်ပြီး ဗီတာမင်နဲ့သတ္တုဓာတ် နှစ်ရာခိုင်နှုန်းပါဝင်ကာ ကျန်တဲ့ရာခိုင်နှုန်းကတော့ ရေဓာတ်ဖြစ်ပါတယ်။ ပျားရည်မှာ ကာဗိုဟိုက်ဒရိတ်များစွာပါဝင်ပါတယ်။ဒါကြောင့်မို့ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်တဲ့အခါမှာ ကုန်ခန်းသွားတဲ့ စွမ်းအင်တွေပြန်လည်ပြည့်စေဖို့ ပျားရည်ကိုမှီဝဲလို့ ရပါတယ်။

ဝိတ်တက်စေဖို့အတွက်ဆို ပျားရည်နဲ့နွားနို့အရောကို မနက်ဘက်မှာသောက်တာထက် ညဘက်မှာသောက်တာက ပိုအကျိူးများပါတယ်။ ညဘက်မှာ အစာချေဖျက်မှုနှုန်းကနှေးတဲ့အတွက် ခန္ဓာကိုယ်က ကယ်လိုရီတွေကို ပိုမိုစုပ်ယူနိုငိပြီး ဝိတ်တက်လာစေပါတယ်။ပျားရည်ကို နွားနို့နဲ့ရောသောက်တဲ့အခါမှာ ပူနွေးတဲ့နွားနိုနဲ့ ရောသောက်တာက ပိုအကျိုးရှိပြီး ဆူပွက်နေတဲ့နွားနို့နဲ့ရောသောက်တာက ကျန်းမာရေးကိုထိခိုက်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျားရည်က ဆူပွက်နေတဲ့ နွားနို့နဲ့ဆို ကော်လိုကပ်စေးစေးဖြစ်သွားတတ်ပါတယ်။ အဲလိုကပ်စေးစေးဖြစ်လာတဲ့ပျားရည်ကို ခန္ဓာကိုယ်က မချေဖျက်နိုင်ပါဘူး။ ဆူပွက်နေတဲ့နွားနို့နဲ့ ပျားရည်ကို ရောနှောပြီး သောက်မိရင် အစာမကြေဖြစ်ပြီး အစာအိမ်နာခြင်းနဲ့ ဝမ်းချုပ်ခြင်းကြောင့် စအိုနာကျင်ခြင်းအစရှိတဲ့ ဝေဒနာတွေခံစားရပါလိမ့်မယ်။ ဒါကြောင့်မို့ ဝိတ်တက်ဖို့ ပျားရည်နဲ့နွားနို့အရောကို သောက်သုံးမယ်ဆိုရင် ပူနွေးတဲ့နွားနို့ (ဒါမှမဟုတ်) နွားနို့အေးအေးလေးနဲ့ဲပဲ သောက်သုံးဖို့ အကြံပြုလိုက်ပါရစေ။ အထက်ပါနည်းလမ်းအတိုင်းကျင့်သုံးပြီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ပြည့်ပြည့်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။