[Zawgyi]

အဝါေရာင္ကို ဘယ္လုိဖက္ရွင္က်ေအာင္ဝတ္ဆင္မလဲ

၂၀၁၈မွာ Trend အျဖစ္ဆံုး ကာလာအေရာင္က အဝါေရာင္ျဖစ္လို႔ေနပါတယ္ေနာ္။ အဝါေရာင္က လူၾကိဳက္မ်ားတဲ႔အေရာင္ ဖက္ရွင္အတြက္ေရြးခ်ယ္မႈပိုမ်ားလာတဲ႔အေရာင္လည္း ျဖစ္ပါတယ္။ ဒီေတာ့ အဝါေရာင္ကိုဘယ္လိုအေရာင္ေလးေတြနဲ႔တြဲဖက္ဝတ္ဆင္မလဲ ဘယ္လိုဒီဇိုင္းေလးေတြနဲ႔တြဲျပီး စတိုင္လ္က်ေအာင္ဖန္တီးမလဲဆိုတာ မွ်ေဝေပးလိုက္တယ္ေနာ္။

Blue

blue

အဝါေရာင္ဆိုတာ အျပာေရာင္ေလးနဲ႔ အလိုက္ဖက္ဆံုးပါ။ အဲဒီေတာ့ လူငယ္ပံုစံေလးလည္း မပ်က္ေစခ်င္ဘူူး၊ လြတ္လြတ္လပ္လပ္ေပါ့ေပါ့ပါးပါးေလးလည္း ဝတ္ခ်င္တဲ့ ပ်ိဳေမေလးေတြအတြက္ Jean Coat ေလးေတြနဲ႔ တြဲဝတ္ဖို႔ေျပာခ်င္ပါတယ္။ ခ်စ္ဖို႔လည္း ပိုေကာင္းျပီး သြက္သြက္လက္လက္ေလးလည္း ျဖစ္ပါတယ္။

Stripes

stripe

အျဖဴအမည္း မ်ဥ္းက်ားေလးေတြပါတဲ့ ေဘာင္းဘီေလးေတြ၊ Coat ေလးေတြနဲ႔ တြဲဖက္ျပီး ဝတ္ဆင္လို႔ရပါတယ္။ ဒါမွမဟုတ္ အဝါေရာင္ Coat ကို Stripe Blouse ေလးနဲ႔ တြဲျပီး ဝတ္ဆင္လို႔ရပါတယ္။

Bomber Jacket

bomber

ကိုယ့္ဆီမွာ Jumpsuit အဝါေရာင္တစ္ထည္ရွိခဲ့ရင္ Bomber Jacket ေလးေတြနဲ႔ တြဲဖက္ျပီး ဝတ္ၾကည့္ပါ။ ေထြေထြထူးထူးနဲ႔ ျပင္ဆင္စရာမလိုပဲ Fashionista တစ္ေယာက္ျဖစ္သြားမွာပါ။

White tops/ pants

white

အျဖဴေရာင္ေလးေတြနဲ႔ တြဲဖက္ျပီး ဝတ္ၾကည့္ပါ။ ကိုယ့္မွာရွိတာ အဝါေရာင္ အက်ီၤေလးဆိုရင္ အျဖဴေရာင္ ေဘာင္းဘီေလးနဲ႔ တြဲျပီး ဝတ္တာမ်ိဳး၊ ေဘာင္းဘီဆို အျဖဴေရာင္ အက်ီၤေလးနဲ႔ ဝတ္ပါ။ အျဖဴေရာင္က ဘယ္အေရာင္နဲ႔ မဆိုတြဲဖက္ျပီး ဝတ္ဆင္လို႔ရပါတယ္။ သူနဲ႔ တြဲဖက္ျပီး ဝတ္လိုက္တဲ့ အေရာင္ကို ပိုျပီး ေတာက္ေစပါတယ္။

Green Tops/ Pants

green

အစိမ္းေရာင္ဆိုတာလည္း လိုက္ဖက္တဲ့အေရာင္တစ္ခုပါ။ အစိမ္းေရာင္နဲ႔ တြဲဖက္ျပီး ဝတ္လုိက္မယ္ဆိုရင္ ကိုယ္က Smart က်ျပီး အရမ္းကို Style ရွိတဲ့ သူတစ္ေယာက္ျဖစ္သြားမွာပါ။ Chic and Smart ပံုစံမ်ိဳးသေဘာက်တဲ့သူေတြအတြက္ မျဖစ္မေန တြဲဖက္ျပီး ဝတ္သင့္တဲ့အေရာင္ပါ။

Prints

prints

Print ဒီဇိုင္းေလးေတြနဲ႔ ထုတ္ထားတဲ့ အက်ီၤေလးေတြ၊ စကတ္ (သို႔) ေဘာင္းဘီေလးေတြနဲ႔ တြဲဖက္ျပီးလည္း ဝတ္ဆင္ၾကည့္ပါ။ အဝါေရာင္ကို ျဖည့္စြက္ကာလာအေနနဲ႔ ဝတ္ဆင္လို႔ရပါတယ္။ Prints ေလးေတြေရြးခ်ယ္တဲ့အခါ သတိထားရမွာ တစ္ခုက အေရာင္အႏုကို မေရြးခ်ယ္မိဖို႔လိုအပ္ပါတယ္။

Black / Grey

blackgrey

အဝါနဲ႔ အမည္းဟာ အေရာင္ေတြထဲမွာ အလွဆံုးေပါင္းစပ္မႈတစ္ခုပါ။ ဆြဲေဆာင္မႈရွိတဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ေအာင္ စကၠန္႔အတြင္းေျပာင္းလဲေပးသြားမွာျဖစ္ပါတယ္။ အမည္းအေရာင္လည္း ဝတ္လို႔ရသလို ခဲရင့္ေရာင္လည္း ဝတ္လို႔ရပါတယ္။

အားလံုးပဲ လန္းသထက္လန္းနိုင္ၾကပါေစ။

Redrose (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အဝါရောင်ကို ဘယ်လိုဖက်ရှင်ကျအောင်ဝတ်ဆင်မလဲ

၂၀၁၈မှာ Trend အဖြစ်ဆုံး ကာလာအရောင်က အဝါရောင်ဖြစ်လို့နေပါတယ်နော်။ အဝါရောင်က လူကြိုက်များတဲ့အရောင် ဖက်ရှင်အတွက်ရွေးချယ်မှုပိုများလာတဲ့အရောင်လည်း ဖြစ်ပါတယ်။ ဒီတော့ အဝါရောင်ကိုဘယ်လိုအရောင်လေးတွေနဲ့တွဲဖက်ဝတ်ဆင်မလဲ ဘယ်လိုဒီဇိုင်းလေးတွေနဲ့တွဲပြီး စတိုင်လ်ကျအောင်ဖန်တီးမလဲဆိုတာ မျှဝေပေးလိုက်တယ်နော်။

Blue

blue

အဝါရောင်ဆိုတာ အပြာရောင်လေးနဲ့ အလိုက်ဖက်ဆုံးပါ။ အဲဒီတော့ လူငယ်ပုံစံလေးလည်း မပျက်စေချင်ဘူူး၊ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးလေးလည်း ဝတ်ချင်တဲ့ ပျိုမေလေးတွေအတွက် Jean Coat လေးတွေနဲ့ တွဲဝတ်ဖို့ပြောချင်ပါတယ်။ ချစ်ဖို့လည်း ပိုကောင်းပြီး သွက်သွက်လက်လက်လေးလည်း ဖြစ်ပါတယ်။

Stripes

stripe

အဖြူအမည်း မျဉ်းကျားလေးတွေပါတဲ့ ဘောင်းဘီလေးတွေ၊ Coat လေးတွေနဲ့ တွဲဖက်ပြီး ဝတ်ဆင်လို့ရပါတယ်။ ဒါမှမဟုတ် အဝါရောင် Coat ကို Stripe Blouse လေးနဲ့ တွဲပြီး ဝတ်ဆင်လို့ရပါတယ်။

Bomber Jacket

bomber

ကိုယ့်ဆီမှာ Jumpsuit အဝါရောင်တစ်ထည်ရှိခဲ့ရင် Bomber Jacket လေးတွေနဲ့ တွဲဖက်ပြီး ဝတ်ကြည့်ပါ။ ထွေထွေထူးထူးနဲ့ ပြင်ဆင်စရာမလိုပဲ Fashionista တစ်ယောက်ဖြစ်သွားမှာပါ။

White tops/ pants

white

အဖြူရောင်လေးတွေနဲ့ တွဲဖက်ပြီး ဝတ်ကြည့်ပါ။ ကိုယ့်မှာရှိတာ အဝါရောင် အကျီၤလေးဆိုရင် အဖြူရောင် ဘောင်းဘီလေးနဲ့ တွဲပြီး ဝတ်တာမျိုး၊ ဘောင်းဘီဆို အဖြူရောင် အကျီၤလေးနဲ့ ဝတ်ပါ။ အဖြူရောင်က ဘယ်အရောင်နဲ့ မဆိုတွဲဖက်ပြီး ဝတ်ဆင်လို့ရပါတယ်။ သူနဲ့ တွဲဖက်ပြီး ဝတ်လိုက်တဲ့ အရောင်ကို ပိုပြီး တောက်စေပါတယ်။

Green Tops/ Pants

green

အစိမ်းရောင်ဆိုတာလည်း လိုက်ဖက်တဲ့အရောင်တစ်ခုပါ။ အစိမ်းရောင်နဲ့ တွဲဖက်ပြီး ဝတ်လိုက်မယ်ဆိုရင် ကိုယ်က Smart ကျပြီး အရမ်းကို Style ရှိတဲ့ သူတစ်ယောက်ဖြစ်သွားမှာပါ။ Chic and Smart ပုံစံမျိုးသဘောကျတဲ့သူတွေအတွက် မဖြစ်မနေ တွဲဖက်ပြီး ဝတ်သင့်တဲ့အရောင်ပါ။

Prints

prints

Print ဒီဇိုင်းလေးတွေနဲ့ ထုတ်ထားတဲ့ အကျီၤလေးတွေ၊ စကတ် (သို့) ဘောင်းဘီလေးတွေနဲ့ တွဲဖက်ပြီးလည်း ဝတ်ဆင်ကြည့်ပါ။ အဝါရောင်ကို ဖြည့်စွက်ကာလာအနေနဲ့ ဝတ်ဆင်လို့ရပါတယ်။ Prints လေးတွေရွေးချယ်တဲ့အခါ သတိထားရမှာ တစ်ခုက အရောင်အနုကို မရွေးချယ်မိဖို့လိုအပ်ပါတယ်။

Black / Grey

blackgrey

အဝါနဲ့ အမည်းဟာ အရောင်တွေထဲမှာ အလှဆုံးပေါင်းစပ်မှုတစ်ခုပါ။ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်အောင် စက္ကန့်အတွင်းပြောင်းလဲပေးသွားမှာဖြစ်ပါတယ်။ အမည်းအရောင်လည်း ဝတ်လို့ရသလို ခဲရင့်ရောင်လည်း ဝတ်လို့ရပါတယ်။

အားလုံးပဲ လန်းသထက်လန်းနိုင်ကြပါစေ။

Redrose (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။