[Zawgyi]

Wide Leg Trouser ေတြကို ဒီလို ဝတ္ဆင္ၾကမယ္

Wide Leg Trouser ေတြဆိုတာ အရင္အရင္ေခတ္ကတည္းက ဝတ္ဆင္ၾကတာျဖစ္ပါတယ္။ ဒီဘက္ေခတ္မွာေတာ့ ၂၀၁၆ခုႏွစ္ ႏွစ္ကုန္ပိုင္းေလာက္ကမွ ျပန္ျပီး ေခတ္စားလာတာပဲျဖစ္ပါတယ္။ Wide Leg Trouser ေတြက အျခား Trouser ေတြနဲ႔ မတူပါဘူး။ ကိုယ့္ရဲ႕ ခါးနဲ႔ တင္ကိုလွပေစတယ္။ ေပါင္ကေနစျပီး ေျခသလံုး၊ ေျခမ်က္စိအထိ ေဘးကိုကားျပီး ထြက္သြားတာျဖစ္တဲ့အတြက္ လမ္းေလွ်ာက္ရတဲ့အခါ လြတ္လပ္တယ္။ ေပါ့ေပ့ါပါးပါးျဖစ္ေစတယ္။ Fashion လည္းက် Style လည္း မိေစတယ္။

ျမန္မာနိုင္ငံရဲ႕ Fashion Trend နဲ႔ က်ေတာ့ Wide Leg Trouser ကို ဝတ္ဆင္ဖို႔က သိပ္ျပီး အသားမက်ဘူးျဖစ္ေနတာကို ေတြ႔ရတယ္။ Skinny Jeans တို႔ Typical Jean Pants တို႔ကိုပဲ အရိုးစြဲေအာင္ဝတ္လာၾကေတာ့ Wide Leg Trouser ကို ဘယ္လိုမ်ိဳးတြဲဖက္ျပီး ဝတ္ရမယ္ဆိုတာ ခက္ခက္ခဲခဲစဥ္းစားယူေနတတ္ၾကတယ္။

Wide Leg Trouser က ေပါ့ပါးတဲ႔ပံုစံရွိတယ္။ ေျပာရရင္ေတာ့ Street Style ဆန္ပါတယ္။ Wide Leg ရဲ႕ အားသာခ်က္က အရပ္ပိုရွည္တယ္လို႔ ထင္ရေစတယ္။ ဒါ့အျပင္ Street Style၊ Beach Style ၊ Chic Style နဲ႔ Office Outfit ပံုစံမ်ိဳးေတြလည္း ဝတ္ဆင္လို႔ရပါတယ္။

Street-Style

Source : www.pinterest.com

Street Style ပံုစံမ်ိဳး ဝတ္ဆင္ခ်င္ရင္ေတာ့ T-shirt ၊ Wide Leg Trousers နဲ႔ Sport Shoe တို႔နဲ႔ တြဲဖက္ျပီး ဝတ္ဆင္လို႔ရပါတယ္။ ဒါ့အျပင္ Long Sleeve Turtleneck Top တို႔နဲ႔လည္း ဝတ္ဆင္လို႔ရပါတယ္။ Oversized Long-sleeve Tee ေတြနဲ႔လည္း ဝတ္ဆင္လို႔ရပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

Beach-Style

Source : www.pinterest.com

Beach Style ပံုစံမ်ိဳးဝတ္ဆင္မယ္ဆိုရင္ေတာ့ Off-Shoulder Top ေလးေတြနဲ႔ ဝတ္ဆင္လို႔ရပါတယ္။ Beach Style ကို ဝတ္ဆင္တဲ့အခါမွာ Wide Leg Trouser အေရာင္ကို ေရြးခ်ယ္တတ္ဖို႔လိုပါတယ္။ စပန္႔အသားပံုစံမ်ိဳးကိုလည္း ေရြးခ်ယ္တတ္ဖို႔လိုပါတယ္။

Chic-Style

Source : www.pinterest.com

Chic Style ဆုိရင္ေတာ့ Shirt ကို ေအာက္ကေနဝတ္ဆင္ျပီး Coat ထပ္ဝတ္တာမ်ိဳး ဝတ္ဆင္လို႔ရပါတယ္။ Plain Shirt ခ်ည္းသက္သက္နဲ႔လည္း ဝတ္ဆင္လို႔ရပါတယ္။ Cami Top (ဒါမွမဟုတ္) Crop Top ေလး ေတြနဲ႔ ဝတ္ဆင္လို႔ရပါေသးတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

Office-Outfit

Source : www.pinterest.com

Office Outfit ကေတာ့ Shirt နဲ႔ ဝတ္ဆင္လို႔ရသလို Sweater အပါးေလးေတြနဲ႔လည္းဝတ္ဆင္လို႔ရပါတယ္။ Sleeveless Top ေတြနဲ႔လည္း ဝတ္ဆင္လို႔ရပါတယ္။ အျမင္မရိုင္းပါဘူးေနာ္။ ဝတ္ဆင္တဲ့အခါ Top ေရာ၊ Trouser ကိုေရာ Plain Color ေတြကိုပဲ အဓိကထားေရြးခ်ယ္ပါလို႔ Recommend ေပးခ်င္ပါတယ္။ ပိုျပီး Chic ျဖစ္ေစသလို ပိုျပီး Smart က်ေစပါတယ္။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Wide Leg Trouser တွေကို ဒီလို ဝတ်ဆင်ကြမယ်

Wide Leg Trouser တွေဆိုတာ အရင်အရင်ခေတ်ကတည်းက ဝတ်ဆင်ကြတာဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ ၂၀၁၆ခုနှစ် နှစ်ကုန်ပိုင်းလောက်ကမှ ပြန်ပြီး ခေတ်စားလာတာပဲဖြစ်ပါတယ်။ Wide Leg Trouser တွေက အခြား Trouser တွေနဲ့ မတူပါဘူး။ ကိုယ့်ရဲ့ ခါးနဲ့ တင်ကိုလှပစေတယ်။ ပေါင်ကနေစပြီး ခြေသလုံး၊ ခြေမျက်စိအထိ ဘေးကိုကားပြီး ထွက်သွားတာဖြစ်တဲ့အတွက် လမ်းလျှောက်ရတဲ့အခါ လွတ်လပ်တယ်။ ပေါ့ပေ့ါပါးပါးဖြစ်စေတယ်။ Fashion လည်းကျ Style လည်း မိစေတယ်။

မြန်မာနိုင်ငံရဲ့ Fashion Trend နဲ့ ကျတော့ Wide Leg Trouser ကို ဝတ်ဆင်ဖို့က သိပ်ပြီး အသားမကျဘူးဖြစ်နေတာကို တွေ့ရတယ်။ Skinny Jeans တို့ Typical Jean Pants တို့ကိုပဲ အရိုးစွဲအောင်ဝတ်လာကြတော့ Wide Leg Trouser ကို ဘယ်လိုမျိုးတွဲဖက်ပြီး ဝတ်ရမယ်ဆိုတာ ခက်ခက်ခဲခဲစဉ်းစားယူနေတတ်ကြတယ်။

Wide Leg Trouser က ပေါ့ပါးတဲ့ပုံစံရှိတယ်။ ပြောရရင်တော့ Street Style ဆန်ပါတယ်။ Wide Leg ရဲ့ အားသာချက်က အရပ်ပိုရှည်တယ်လို့ ထင်ရစေတယ်။ ဒါ့အပြင် Street Style၊ Beach Style ၊ Chic Style နဲ့ Office Outfit ပုံစံမျိုးတွေလည်း ဝတ်ဆင်လို့ရပါတယ်။

Street-Style

Source : www.pinterest.com

Street Style ပုံစံမျိုး ဝတ်ဆင်ချင်ရင်တော့ T-shirt ၊ Wide Leg Trousers နဲ့ Sport Shoe တို့နဲ့ တွဲဖက်ပြီး ဝတ်ဆင်လို့ရပါတယ်။ ဒါ့အပြင် Long Sleeve Turtleneck Top တို့နဲ့လည်း ဝတ်ဆင်လို့ရပါတယ်။ Oversized Long-sleeve Tee တွေနဲ့လည်း ဝတ်ဆင်လို့ရပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

Beach-Style

Source : www.pinterest.com

Beach Style ပုံစံမျိုးဝတ်ဆင်မယ်ဆိုရင်တော့ Off-Shoulder Top လေးတွေနဲ့ ဝတ်ဆင်လို့ရပါတယ်။ Beach Style ကို ဝတ်ဆင်တဲ့အခါမှာ Wide Leg Trouser အရောင်ကို ရွေးချယ်တတ်ဖို့လိုပါတယ်။ စပန့်အသားပုံစံမျိုးကိုလည်း ရွေးချယ်တတ်ဖို့လိုပါတယ်။

Chic-Style

Source : www.pinterest.com

Chic Style ဆိုရင်တော့ Shirt ကို အောက်ကနေဝတ်ဆင်ပြီး Coat ထပ်ဝတ်တာမျိုး ဝတ်ဆင်လို့ရပါတယ်။ Plain Shirt ချည်းသက်သက်နဲ့လည်း ဝတ်ဆင်လို့ရပါတယ်။ Cami Top (ဒါမှမဟုတ်) Crop Top လေး တွေနဲ့ ဝတ်ဆင်လို့ရပါသေးတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

Office-Outfit

Source : www.pinterest.com

Office Outfit ကတော့ Shirt နဲ့ ဝတ်ဆင်လို့ရသလို Sweater အပါးလေးတွေနဲ့လည်းဝတ်ဆင်လို့ရပါတယ်။ Sleeveless Top တွေနဲ့လည်း ဝတ်ဆင်လို့ရပါတယ်။ အမြင်မရိုင်းပါဘူးနော်။ ဝတ်ဆင်တဲ့အခါ Top ရော၊ Trouser ကိုရော Plain Color တွေကိုပဲ အဓိကထားရွေးချယ်ပါလို့ Recommend ပေးချင်ပါတယ်။ ပိုပြီး Chic ဖြစ်စေသလို ပိုပြီး Smart ကျစေပါတယ်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။