[Zawgyi]

ဆြယ္တာ Cardigan ေလးေတြကို ဖက္ရွင္က်က် ဘယ္လုိ၀တ္ၾကမလဲ

တျဖည္းျဖည္းနဲ႔ ေဆာင္းတြင္းကိုလည္း ၀င္လာၿပီဆိုေတာ့ ဆြယ္တာေလးေတြ ၀တ္ၿပီး စတိုင္လ္ထုတ္ဖို႔ အခ်ိန္ေရာက္လာပါၿပီ။ ခရီးသြားတဲ့အခါပဲ ၀တ္မလား..ရာသီဥတုေအးတဲ့အခ်ိန္မွာပဲ ၀တ္မလား ဆြယ္တာေလးေတြက ေကာင္မေလးေတြအတြက္ ခ်စ္စရာအသြင္ေလး ျဖစ္ေစတယ္ေလ။ ေန႔စဥ္၀တ္လို႔ရသလို  စတိုင္လ္မ်ိဳးစံုထုတ္ၿပီး ၀တ္လည္း အဆင္ေျပတဲ့အျပင္ ေဆာင္းရာသီနဲ႔လည္း အံကုိက္ပဲမို႔ ဘယ္လုိေလးေတြ ၀တ္ၾကမလဲ ၾကည့္လိုက္ေနာ္။

ဂါ၀န္ရွည္ေလးေတြနဲ႔ တြဲ၀တ္ၾကည့္ပါ။

ခပ္ပါးပါး ဆြယ္တာ Cardigan ေလးေတြက ဂါ၀န္ရွည္ေလးေတြနဲ႔ လုိက္ဖက္ပါတယ္။ ေျဗာင္ဆြယ္တာေလးေတြဆုိရင္  ပြင့္ရုိက္ဂါ၀န္ရွည္ေလးေတြနဲ႔ တြဲဖက္လို႔ရၿပီး အဲဒီအတြဲအစပ္ေလးက ေတာင္ေပၚၿမိဳ႕ေလးဆီ ခရီးသြားတဲ့အခ်ိန္တို႔၊ မိန္းကေလးဆန္ဆန္ ဓာတ္ဖမ္းခ်င္တဲ့အခါမ်ိဳးမွာတို႔ ၀တ္လို႔ရပါတယ္။

Sweater Cardigan Fashion

Sweater Cardigan Fashion

ဂါ၀န္တိုေလးေတြနဲ႔လည္း လိုက္ဖက္ပါတယ္။

ဂါ၀န္တုိ ကိုယ္လံုးအတိအၾကပ္ေလးေတြ၊ မကားတကား ဂါ၀န္ေလးေတြနဲ႔ဆိုလည္း အေပၚက ဆြယ္တာပါးေလးေတြ ထပ္၀တ္လုိ႔ရပါတယ္။ ကိုယ္လံုးအတိ အၾကပ္ဂါ၀န္ေလးေတြဆိုရင္ေတာ့ အေပၚက ခပ္ပြပြ ဆြယ္တာ Cardigan ေလးေတြက ပိုအဆင္ေျပၿပီးေတာ့ လက္ျပတ္ဂါ၀န္ေတြ ၀တ္ရတာ မႀကိဳက္ရင္ အေပၚက ဆြယ္တာ Cardigan ေလးေတြ ထပ္လုိက္လို႔ရပါတယ္။

Sweater Cardigan Fashion

Sweater Cardigan Fashion

လူငယ္ဆန္ဆန္ တီရွပ္ေတြနဲ႔ ၀တ္လို႔ရတယ္။

ကုိယ္က ေပါ့ေပါ့ပါးပါး Freestyle ကိုမွ ႀကိဳက္တယ္ဆိုရင္ေတာ့လည္း တီရွပ္နဲ႔ ေဘာင္းဘီကို တြဲဖက္၀တ္ဆင္ၿပီးမွ အေပၚက Cardigan ထပ္လုိက္လို႔ရပါတယ္။ လူငယ္ဆန္တဲ့ Freestyle ျဖစ္တာမို႔ အေပၚထပ္ Cardigan ေလးက ပြေလေကာင္းေလပါပဲ။ ပိုၿပီး ေပၚလြင္ေအာင္ အေရာင္ေတာက္ေလးေတြ၊ လုိင္းစင္းပါတာေလးေတြ ၀တ္ဖုိ႔ မေမ့ပါနဲ႔။

Lady Diana

Lady Diana

စကတ္နဲ႔လည္း တြဲ၀တ္ၾကည့္ပါ။

အေပၚကလည္း ဆြယ္တာထူထူ ပြပြရွည္ရွည္ ေအာက္ကလည္း စကပ္ကားကားနဲ႔မို႔ တစ္ခ်ိဳ႕ေတြက ၀တ္ရမွာ မ၀ံ့မရဲျဖစ္ၾကပါတယ္။ ဒါေပမယ့္ ဒီလို ဆြယ္တာ Cardigan ၀တ္တဲ့စတိုင္လ္က Lady Diana တို႔ ေခတ္တည္းက ၀တ္ခဲ့တာျဖစ္သလို  အခုေနာက္ပိုင္း ကိုရီးယားဇာတ္ကားေတြထဲမွာလည္း မၾကာမၾကာေတြ႔ရတဲ့ ဖက္ရွင္ျဖစ္တာမို႔  စမ္း၀တ္ၾကည့္သင့္ပါတယ္။

Sweater Cardigan Fashion

Sweater Cardigan Fashion

ရင္ေစ့ၿပီး ၀တ္ၾကည့္ပါ။

တစ္ခါတေလမွာ ေတာ္ေတာ္မ်ားမ်ားက Sweater Cardigan ေတြကို ၾကယ္သီးျဖဳတ္၀တ္တာတို႔၊ ေရွ႕ရင္ေစ့မဟုတ္ဘဲ ၀တ္တာတုိ႔ကိုသာ ေတြ႔ရတတ္ပါတယ္။ ဒါေပမယ့္ ဆြယ္တာ Cardigan ေလးေတြကို ရင္ေစ့ ၾကယ္သီးပါရင္ ၾကယ္သီးအျပည့္ ၀တ္တာမ်ိဳးက တစ္မ်ိဳးဆန္းေစၿပီးေတာ့ အက်ၤ ီေထြေထြထူးထူး ရွာေနစရာမလိုေတာ့ပါဘူး။ Cardigan တစ္ထည္တည္းနဲ႔တင္ အလုပ္ျဖစ္ပါတယ္။

ဆြယ္တာ Cardigan အရွည္အပါးေလးေတြကိုလည္း ၀တ္ၾကည့္ပါ။

ဆြယ္တာ Cardigan အရွည္အပါးေလးေတြကလည္း လူငယ္ဆန္ဆန္ တကယ္ကိုေပါ့ေပါ့ပါးပါးရွိေစတဲ့အျပင္ ေဘာင္းဘီတို၊ ေဘာင္းဘီရွည္၊ ဂါ၀န္ ဘာနဲ႔ ၀တ္၀တ္ တြဲလို႔လိုက္ဖက္တာမို႔ ခါးရွည္ ဆြယ္တာ Cardigan ေတြကိုလည္း ေမ့မထားသင့္ပါဘူး။
ဆြယ္တာ Cardigan ေလးေတြကို ၀တ္ၿပီး စတိုင္လ္ထုတ္လိုက္ၾကရေအာင္ေနာ္။

Su Yi Htet (Akhayar)

[Unicode]

ဆွယ်တာ Cardigan လေးတွေကို ဖက်ရှင်ကျကျ ဘယ်လိုဝတ်ကြမလဲ

တဖြည်းဖြည်းနဲ့ ဆောင်းတွင်းကိုလည်း ဝင်လာပြီဆိုတော့ ဆွယ်တာလေးတွေ ဝတ်ပြီး စတိုင်လ်ထုတ်ဖို့ အချိန်ရောက်လာပါပြီ။ ခရီးသွားတဲ့အခါပဲ ဝတ်မလား..ရာသီဥတုအေးတဲ့အချိန်မှာပဲ ဝတ်မလား ဆွယ်တာလေးတွေက ကောင်မလေးတွေအတွက် ချစ်စရာအသွင်လေး ဖြစ်စေတယ်လေ။ နေ့စဉ်ဝတ်လို့ရသလို  စတိုင်လ်မျိုးစုံထုတ်ပြီး ဝတ်လည်း အဆင်ပြေတဲ့အပြင် ဆောင်းရာသီနဲ့လည်း အံကိုက်ပဲမို့ ဘယ်လိုလေးတွေ ဝတ်ကြမလဲ ကြည့်လိုက်နော်။

ဂါဝန်ရှည်လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။

ခပ်ပါးပါး ဆွယ်တာ Cardigan လေးတွေက ဂါဝန်ရှည်လေးတွေနဲ့ လိုက်ဖက်ပါတယ်။ ဗြောင်ဆွယ်တာလေးတွေဆိုရင်  ပွင့်ရိုက်ဂါဝန်ရှည်လေးတွေနဲ့ တွဲဖက်လို့ရပြီး အဲဒီအတွဲအစပ်လေးက တောင်ပေါ်မြို့လေးဆီ ခရီးသွားတဲ့အချိန်တို့၊ မိန်းကလေးဆန်ဆန် ဓာတ်ဖမ်းချင်တဲ့အခါမျိုးမှာတို့ ဝတ်လို့ရပါတယ်။

Sweater Cardigan Fashion

Sweater Cardigan Fashion

ဂါဝန်တိုလေးတွေနဲ့လည်း လိုက်ဖက်ပါတယ်။

ဂါဝန်တို ကိုယ်လုံးအတိအကြပ်လေးတွေ၊ မကားတကား ဂါဝန်လေးတွေနဲ့ဆိုလည်း အပေါ်က ဆွယ်တာပါးလေးတွေ ထပ်ဝတ်လို့ရပါတယ်။ ကိုယ်လုံးအတိ အကြပ်ဂါဝန်လေးတွေဆိုရင်တော့ အပေါ်က ခပ်ပွပွ ဆွယ်တာ Cardigan လေးတွေက ပိုအဆင်ပြေပြီးတော့ လက်ပြတ်ဂါဝန်တွေ ဝတ်ရတာ မကြိုက်ရင် အပေါ်က ဆွယ်တာ Cardigan လေးတွေ ထပ်လိုက်လို့ရပါတယ်။

Sweater Cardigan Fashion

Sweater Cardigan Fashion

လူငယ်ဆန်ဆန် တီရှပ်တွေနဲ့ ဝတ်လို့ရတယ်။

ကိုယ်က ပေါ့ပေါ့ပါးပါး Freestyle ကိုမှ ကြိုက်တယ်ဆိုရင်တော့လည်း တီရှပ်နဲ့ ဘောင်းဘီကို တွဲဖက်ဝတ်ဆင်ပြီးမှ အပေါ်က Cardigan ထပ်လိုက်လို့ရပါတယ်။ လူငယ်ဆန်တဲ့ Freestyle ဖြစ်တာမို့ အပေါ်ထပ် Cardigan လေးက ပွလေကောင်းလေပါပဲ။ ပိုပြီး ပေါ်လွင်အောင် အရောင်တောက်လေးတွေ၊ လိုင်းစင်းပါတာလေးတွေ ဝတ်ဖို့ မမေ့ပါနဲ့။

Lady Diana

Lady Diana

စကတ်နဲ့လည်း တွဲဝတ်ကြည့်ပါ။

အပေါ်ကလည်း ဆွယ်တာထူထူ ပွပွရှည်ရှည် အောက်ကလည်း စကပ်ကားကားနဲ့မို့ တစ်ချို့တွေက ဝတ်ရမှာ မဝံ့မရဲဖြစ်ကြပါတယ်။ ဒါပေမယ့် ဒီလို ဆွယ်တာ Cardigan ဝတ်တဲ့စတိုင်လ်က Lady Diana တို့ ခေတ်တည်းက ဝတ်ခဲ့တာဖြစ်သလို  အခုနောက်ပိုင်း ကိုရီးယားဇာတ်ကားတွေထဲမှာလည်း မကြာမကြာတွေ့ရတဲ့ ဖက်ရှင်ဖြစ်တာမို့  စမ်းဝတ်ကြည့်သင့်ပါတယ်။

Sweater Cardigan Fashion

Sweater Cardigan Fashion

ရင်စေ့ပြီး ဝတ်ကြည့်ပါ။

တစ်ခါတလေမှာ တော်တော်များများက Sweater Cardigan တွေကို ကြယ်သီးဖြုတ်ဝတ်တာတို့၊ ရှေ့ရင်စေ့မဟုတ်ဘဲ ဝတ်တာတို့ကိုသာ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဆွယ်တာ Cardigan လေးတွေကို ရင်စေ့ ကြယ်သီးပါရင် ကြယ်သီးအပြည့် ဝတ်တာမျိုးက တစ်မျိုးဆန်းစေပြီးတော့ အင်္ကျ ီထွေထွေထူးထူး ရှာနေစရာမလိုတော့ပါဘူး။ Cardigan တစ်ထည်တည်းနဲ့တင် အလုပ်ဖြစ်ပါတယ်။

ဆွယ်တာ Cardigan အရှည်အပါးလေးတွေကိုလည်း ဝတ်ကြည့်ပါ။

ဆွယ်တာ Cardigan အရှည်အပါးလေးတွေကလည်း လူငယ်ဆန်ဆန် တကယ်ကိုပေါ့ပေါ့ပါးပါးရှိစေတဲ့အပြင် ဘောင်းဘီတို၊ ဘောင်းဘီရှည်၊ ဂါဝန် ဘာနဲ့ ဝတ်ဝတ် တွဲလို့လိုက်ဖက်တာမို့ ခါးရှည် ဆွယ်တာ Cardigan တွေကိုလည်း မေ့မထားသင့်ပါဘူး။
ဆွယ်တာ Cardigan လေးတွေကို ဝတ်ပြီး စတိုင်လ်ထုတ်လိုက်ကြရအောင်နော်။

Su Yi Htet (Akhayar)