[Zawgyi]

Skirt နဲ႔ ဖိနပ္ကို လွည္႔ကြက္ေလးေတြသံုးၿပီး ဖက္ရွင္က်က် တဲြဖက္ဝတ္ဆင္ၾကမလဲ

“ေတာင္းမွာအကြပ္လူမွာအဝတ္”ဆိုသလိုမ်ဳိး အဝတ္အစား၊ ဖိနပ္ေတြကို သူ႔ေနရာနဲ႔သူ လုိက္ဖက္မႈရွိရွိ ဝတ္စားႏိုင္မွ လူအျမင္မွာ တင္႔တယ္ၿပီး ပဲြလယ္တိုးႏိုင္တာ ျဖစ္ပါတယ္။ တစ္ခါတစ္ရံမွာ ေရြးခ်ယ္လိုက္တဲ႔ ဝတ္စံုနဲ႔ ဖိနပ္ လိုက္ဖက္မႈရွိေအာင္ ဝတ္စားရတာကလည္း တကယ္ကို ဦးေႏွာက္စားၿပီး ကုိယ္ရဲ႕အခ်ိန္ေတြကုိ မလုိအပ္ဘဲ ကုန္ဆံုးေစႏုိင္ပါတယ္။ ဘယ္လို Skirt ေတြနဲ႔ ဖိနပ္ေတြကုိ တဲြဖက္ဝတ္ဆင္ရင္ လိုက္ဖက္မႈရွိလဲဆိုတဲ့ လွည္႔ကြက္ေလးေတြကို သိထားခဲ႔ရင္ ကိုယ္အခ်ိန္ေတြ မလိုအပ္ဘဲ ကုန္ဆံုးသြားတာမ်ဳိး မျဖစ္ႏိုင္ေတာ့ပါဘူး။ အခ်ိန္မကုန္ဘဲ စတုိုင္လ္က်က်နဲ႔ ၾကြၾကြရြရြေလးလွပေစဖို႔အတြက္ လွည္႔ကြက္ေလးေတြကို ေလ့လာၾကည္႔ၾကရေအာင္။

(၁) Pencil Skirt နဲ႔ သိပ္မျမင္႔လြန္းတဲ႔ ေဒါက္ဖိနပ္

Pencil Skirt ဟာ ဘယ္ေတာ့မွ ရုိးမသြားေစဘဲ ဝတ္လိုက္တဲ႔အခ်ိန္တုိင္း လွပတင္႔တယ္မႈကို ရရွိေစတဲ႔ Skirt မ်ဳိး ျဖစ္ပါတယ္။ အရင္တုန္းက Pencil Skirt ကို ရုံးတက္ဖက္ရွင္အေနနဲ႔သာ ဝတ္ဆင္ၾကေသာ္လည္း အခုခ်ိန္ခါမွာေတာ့ ထသြားထလာအေနနဲ႔ေကာ ေပါ့ေပါ့ပါးပါး ဖက္ရွင္အေနနဲ႔ပါ ဝတ္ဆင္လာၾကတာကို ေတြ႔ရပါတယ္။ Pencil Skirt က အရွည္အမ်ဳိးမ်ဳိး၊ အေရာင္အမ်ဳိးမ်ဳိး၊ ပံုစံအမ်ဳိးမ်ဳိး၊ အသားအမ်ဳိးမ်ဳိးနဲ႔ လာတဲ့အတြက္ ကိုယ္နဲ႔လိုက္ဖက္တဲ႔ အကိုက္ညီဆံုးပံုစံျဖစ္ေအာင္ အလြယ္တကူ ေရြးခ်ယ္ၿပီး ဝတ္ဆင္လို႔ ရပါတယ္။ Pencil Skirt ကို ဝတ္ဆင္တဲ႔အခါမ်ဳိးမွာ အရမ္းမျမင့္လြန္းဘဲ သက္ေတာင္႔သက္သာရွိတဲ႔ ေဒါက္ဖိနပ္မ်ဳိးနဲ႔ တဲြဖက္ဝတ္ဆင္ျခင္းက အလိုက္ဖက္ဆံုးပါလို႔ နာမည္ႀကီးဒီဇုိင္နာေတြက အၾကံေပးထားပါတယ္။ ဒါအျပင္ ကြင္းထိုးဖိနပ္ေလးေတြ၊ ႀကိဳးသိုင္းဖိနပ္ အျမင္႔ေလးေတြနဲ႔ ေပါင္းစပ္ၿပီးလည္း ဝတ္ဆင္ၾကည္႔လို႔ရပါတယ္။ အထက္မွာေဖာ္ျပထားတဲ့ ဖိနပ္ေလးေတြနဲ႔ ဝတ္မယ္ဆိုရင္ေတာ့ Pencil Skirt ရဲ႕အရွည္က ဒူးထိရွည္တာမ်ဳိး(သို႔) ဒူးေက်ာ္တာမ်ဳိး ျဖစ္ဖို႔ အေရးႀကီးပါတယ္။

Pencil Skirt and Comfortable Heel

Pencil Skirt and Comfortable Heel

(၂) Tulip Skirt နဲ႔ Ankle boot

Tulip Skirt ကို ျမင္သာေအာင္ေျပာရမယ္ဆိုရင္ေတာ့ ဂါဝန္အကားကိုမွ အရမ္းအကာႀကီး မဟုတ္ဘဲ ေျပေျပေလးနဲ႔ ကိုယ္လံုးကိုယ္ေပါက္ ေပၚလြင္ေစတဲ့ စကပ္မ်ဳိးျဖစ္ပါတယ္။ Tulip Skirt ေတြဟာ မိန္းကေလးေတြရဲ႕ တင္နဲ႔ ခႏၶာကိုယ္အခ်ဳိးအစားကို ေပၚလြင္ေစဖို႔ အေထာက္အပံံ့ေပးတဲ့ စကပ္အမ်ဳိးအစား ျဖစ္ပါတယ္။ Tulip စကပ္နဲ႔ လုိက္ဖက္ညီမႈရွိတဲ့ဖိနပ္ကို တဲြဖက္ဝတ္ဆင္လိုက္ရင္ စဲြေဆာင္မႈအားေကာင္းတဲ႔ မိန္းကေလးတစ္ေယာက္အသြင္ကို ရရွိေစပါတယ္။ ေျခက်င္းဝတ္အုပ္တဲ႔ Ankle Boot လိုမ်ဳိး ဖိနပ္ေတြနဲ႔ ေျခေခ်ာင္းေတြ ေပၚလြင္ေစတဲ႔ ဖိနပ္မ်ဳိးေတြနဲ႔ တဲြဖက္ဝတ္ဆင္လို႔လည္း ရပါတယ္။ ပူအိုက္တဲ႔ရာသီဥတုုမ်ဳိးမွာဆို Strappy Gladiator Sandals လို႔ေခၚတဲ့ ႀကိဳးသိုင္းဖိနပ္အပါးနဲ႔ တဲြဖက္ဝတ္ဆင္လို႔ ရပါတယ္။ ေျခေခ်ာင္းေလးေတြေပၚတဲ႔ ဖိနပ္မ်ဳိးနဲ႔ ဝတ္ဆင္ရတာ အဆင္မေျပရင္ေတာ့ ထိပ္ခၽြန္ဖိနပ္ေဒါက္ပါးေလးေတြနဲ႔လည္း ဝတ္ဆင္ၾကည္႔လုိ႔ရပါတယ္။ ေဂၚတဲ့ ဖက္ရွင္ကို ရခ်င္တယ္ဆိုရင္ေတာ့ Sneaker နဲ႔ ေပါင္းစပ္ၿပီး ဝတ္ဆင္ၾကည္႔လို႔ ရပါေသးတယ္။

Tulip Skirt and Ankles Boot

Tulip Skirt and Ankles Boot

(၃) ေအာက္နားကားတဲ႔စကပ္ (Flared Skirt) နဲ႔ ေဒါက္ဖိနပ္အမ်ဳိးမ်ဳိး

ေအာက္နားကားတဲ့ စကပ္ေတြရဲ႕ အားသာခ်က္ကေတာ့ ေဒါက္ဖိနပ္အမ်ဳိးမ်ဳိးနဲ႔ တဲြဖက္ဝတ္ဆင္လို႔ရျခင္းပဲ ျဖစ္ပါတယ္။ ေဒါက္ဖိနပ္ရဲ႕အျမင္႔ကိုေတာ့ ကိုယ္နွစ္သက္တဲ႔ အျမင္႔မ်ဳိး၊ ဝတ္ထားရင္သက္ေတာင္႔သက္သာရွိတဲ့ အျမင္႔မ်ဳိးနဲ႔ တက္ေရာက္မယ္႔ပဲြအခမ္းအနား၊ သြားေရာက္မယ္႔ေနရာေပၚမူတည္ၿပီး ေရြးခ်ယ္သင္႔ပါတယ္။ ပူအုိက္တဲ႔ရာသီဥတုမ်ဳိးမွာဆိုရင္ ႀကိဳးသိုင္းဖိနပ္နဲ႔လည္း တဲြဖက္ဝတ္ဆင္လို႔ ရပါတယ္။ အင္တာဗ်ဴးေျဖတဲ႔အခါမွာ ဝတ္ဆင္မယ္ဆိုရင္ေတာ့ Flared Skirt နဲ႔ ေပါ့ပါးတဲ႔ ရႈးဖိနပ္တစ္စံု (သို႔) High-Heeled Boots နဲ႔ တဲြဖက္ဝတ္ဆင္လိုက္ရင္ ၿပီးျပည္႔စံုတဲ႔ ဖက္ရွင္ကို ရရွိေစမွာျဖစ္ပါတယ္။

Flared skirt and heels to your taste

Flared skirt and heels to your taste

(၄) အထပ္ထပ္ပါတဲ႔စကပ္ (Wrap Skirt) နဲ႔ ႀကိဳက္ႏွစ္သက္တဲ႔ ဖိနပ္

ခႏၶာကိုယ္အခ်ဳိးအစားကို အမ်ားႀကီးထည္႔သြင္းစဥ္းစာရာမလိုဘဲ ဝတ္ဆင္လို႔ရတဲ႔ စကပ္ကို ျပပါဆို ရင္ Wrap Skirt ေလးေတြကိုပဲ ညႊန္းရမွာ ျဖစ္ပါတယ္။ ဒီစကပ္ကို ဝတ္ဆင္တဲ႔အခါမွာ ေနာက္ထပ္ထူးျခားခ်က္တစ္ခုကေတာ့ ဘယ္ဖိနပ္အမ်ဳိးအစားနဲ႔မဆို လြတ္လြတ္လပ္လပ္ေရြးခ်ယ္ၿပီး ဝတ္ဆင္လို႔ရျခင္းပဲ ျဖစ္ပါတယ္။ ဒီဇိုင္္နာေတြ အၾကံေပးထားတာကေတာ့ Wrap Skirt ေလးေတြ ဝတ္ဆင္မယ္ဆိုရင္ ရာသီဥတုနဲ႔ကိုက္ညီတဲ႔ Flat Shoe ေလးေတြနဲ႔ တဲြဖက္ဝတ္ဆင္လို႔ရပါတယ္။ အခုေခတ္စားေနတဲ႔ ေလးေထာင္႔ေဒါက္ေလးေတြနဲ႔ ဝတ္ဆင္မယ္ဆိုရင္လည္း မိန္းမဆန္ဆန္ သိမ္သိမ္ေမြ႕ေမြ႕နဲ႔ လွပစတိုင္လ္က်ေနမွာ ေသခ်ာပါတယ္။

Wrap Skirt and Flat Sole

Wrap Skirt and Flat Sole

(၅) A-Line Skirt နဲ႔ High Heel

A ပံုသ႑န္ေကာက္ေၾကာင္းရွိတဲ႔ စကပ္ကို ဝတ္ဆင္တဲ႔အခါမ်ုဳိးမွာ ျဖစ္္ေလ့ျဖစ္ထရွိတာကေတာ့ ေျခေထာက္ကို တုိသြားေစၿပီး တင္ကို ကားသြားေစတယ္လို႔ ထင္ရေစတာပဲ ျဖစ္ပါတယ္။ အဲဒီလိုမထင္ရေစဖို႔အတြက္ တဲြဖက္ဝတ္ဆင္မယ္႔ဖိနပ္ကို ေသခ်ာဂရုတစိုက္ ေရြးခ်ယ္သင္႔ပါတယ္။ High Heel (သို႔) Mid-high Heel နဲ႔ တဲြဖက္ဝတ္ဆင္ျခင္းျဖင္႔ ခႏၶာကိုယ္က်စ္လ်စ္ေသးသြယ္သြားသေယာင္ထင္ရၿပီး ေကာက္ေၾကာင္းကို ေပၚလြင္လာေစပါတယ္။ Heel ဝတ္တဲ႔အခါမွာ အျမင္႔ကိုေတာ့ ရာသီဥတုနဲ႔ ေန႔စဥ္လမ္းေလွ်ာက္ရတဲ႔ အကြာအေဝးေပၚမူတည္ၿပီး သက္ေတာင္႔သက္သာျဖစ္မယ္႔ အျမင္႔ကို ေရြးခ်ယ္သင္႔ပါတယ္။ A-Line Skirt ဝတ္ထားလို႔ ပုတယ္လို႔ထင္ေနေသးရင္ေတာ့ Sneaker တစ္ရံနဲ႔ တဲြဖက္ၿပီး ဝတ္ဆင္ၾကည္႔လို႔ ရပါတယ္။

A Line Skirt and High Heel

A Line Skirt and High Heel

(၆) Mini Skirt နဲ႔ Boots

စကပ္ပံုစံမ်ဳိးစံုထဲက Mini Skirt အမ်ဳိးအစားဟာ Boot ေတြနဲ႔ အလြန္လိုက္ဖက္တဲ႔ စကပ္ျဖစ္ပါတယ္။ Mini Skirt ေတြဟာ ယခုဆိုရင္ ေစ်းကြက္ထဲမွာ အသားအမ်ဳိးမ်ဳိး၊ အေရာင္အမ်ဳိးမ်ဳိးနဲ႔ ရရွိေနၿပီျဖစ္တဲ႔အတြက္ ကိုယ္နဲ႔ကိုက္ညီတဲ့ပံုစံကို ေရြးခ်ယ္ၿပီး Boot ေတြနဲ႔ ေပါင္းစပ္ၾကည္႔လုိက္ပါ။ ဇာပါတဲ့ High-Heel လိုမ်ုဳိး Boot ေတြနဲ႔ မာေက်ာေက်ာဖက္ရွင္ပံုစံကို ဖန္တီးလို႔ရသလို သားေရ Boot နဲ႔တဲြဖက္ၿပီး ေပ့ါေပါ့ပါးပါးဖက္ရွင္ပံုစံကိုလည္း ဖန္တီးလို႔ရပါတယ္။ ေအးတဲ႔ရာသီမ်ဳိးမွာဆိုရင္ေတာ့ ဒူးထိအရွည္ရွိတဲ႔ Boot ေတြဟာ Mini Skirt နဲ႔ အလြန္လုိက္ဖက္ပါတယ္။

Mini Skirt and Boots

Mini Skirt and Boots

(၇) Midi Skirt နဲ႔ ဖိနပ္အမ်ဳိးမ်ဳိး

Midi Skirt ေလးေတြဟာ ေႏြရာသီနဲ႔ အလြန္လုိက္ဖက္တဲ႔ Skirt ေလးေတြျဖစ္ၿပီး ေျမာက္ျမားလွေသာ ဖိနပ္ေတြနဲ႔လည္း လုိက္ဖက္ညီမႈရွိတဲ႔ စကပ္အမ်ဳိးအစားျဖစ္ပါတယ္။ Midi Skirt ေလးေတြကို Sneaker နဲ႔ တဲြဖက္ဝတ္ဆင္လိုက္ရင္ လူငယ္ဆန္ဆန္ ေပါ့ေပါ့ပါးပါး အသြင္အျပင္ကို ရရွိေစပါတယ္။ ဒါ့အျပင္ ႀကိဳးသိုင္းဖိနပ္အပါးေလးေတြ၊ ထိပ္ဖြင္႔ဖိနပ္ေလးေတြနဲ႔ Mid-High Heel ေလးေတြနဲ႔ တဲြဖက္ဝတ္ဆင္လုိ႔ ရပါတယ္။

Midi Skirt and Heel

Midi Skirt and Heel

(၈) Maxi Skirt နဲ႔ ထူထူျမင္႔ျမင္႔ရႈးဖိနပ္

Maxi Skirt ေတြဟာ ခါးကိုေပၚလြင္ေစတဲ႔ စကပ္အမ်ဳိးအစား ျဖစ္ပါတယ္။ ဒါ့အျပင္ Maxi Skirt ေတြကို ဝတ္ဆင္တဲ႔အခါမွာ လုိက္ဖက္ညီမႈရွိတဲ႔ အေရာင္နဲ႔ခါးပတ္ေလးေတြကို ထပ္ေပါင္းစပ္ၿပီး ခႏၶာကိုယ္အခ်ဳိးအစားက်နေအာင္ ဖန္တီးလုိ႔ရပါတယ္။ Maxi Skirt ေတြကို Heel (သို႔) ထူထူျမင္႔ျမင္႔ရႈးဖိနပ္ေတြနဲ႔ တဲြဖက္ဝတ္ဆင္တာက အလုိက္ဖက္ဆံုးပါလို႔ ဖက္ရွင္ကၽြမ္းက်င္သူေတြရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။ ေႏြရာသီမွာဆိုရင္ေတာ့ Maxi Skirt ကို High-Platform Sandals မ်ဳိးနဲ႔ တဲြဖက္ဝတ္ဆင္လို႔ရၿပီး ေအးတဲ႔ရာသီမွာဆိုရင္ေတာ့ High-Heel Ankle Boot ေတြလုိမ်ဳိးနဲ႔ တဲြဖက္ဝတ္ဆင္လို႔ရပါတယ္။

Mixi Skirt and Heel

Mixi Skirt and Heel

ကဲ…. ဘယ္လိုဖိနပ္ေတြနဲ႔ ဘယ္္လိုုစကပ္အမ်ဳိးအစားေတြ တဲြဖက္ဝတ္ဆင္တာက လိုက္ဖက္မႈရွိလဲဆိုတာ သိသြားၿပီးဆိုေတာ့ အခ်ိန္ကုန္သက္သာသာနဲ႔ ျမန္ျမန္ဆန္ဆန္ လုိက္ဖက္တဲ႔ဖက္ရွင္ကို ဖန္တီးႏိုင္ၿပီးလို႔ ထင္ပါတယ္။ ပရိသတ္ႀကီးေကာ ဘယ္လိုစကပ္ေတြနဲ႔ ဖိနပ္ေတြကို အထာက်က်ဝတ္ဆင္ေလ့ရွိလဲဆိုတဲ႔ ဖက္ရွင္အျမင္ေလးေတြကို ျပန္လည္မွ်ေဝေပးခဲ႔ပါဦး။

H.H(Akhayar)

www.akhayar.com

[Unicode]

Skirt နဲ့ ဖိနပ်ကို လှည့်ကွက်လေးတွေသုံးပြီး ဖက်ရှင်ကျကျ တွဲဖက်ဝတ်ဆင်ကြမလဲ

“တောင်းမှာအကွပ်လူမှာအဝတ်”ဆိုသလိုမျိုး အဝတ်အစား၊ ဖိနပ်တွေကို သူ့နေရာနဲ့သူ လိုက်ဖက်မှုရှိရှိ ဝတ်စားနိုင်မှ လူအမြင်မှာ တင့်တယ်ပြီး ပွဲလယ်တိုးနိုင်တာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ရွေးချယ်လိုက်တဲ့ ဝတ်စုံနဲ့ ဖိနပ် လိုက်ဖက်မှုရှိအောင် ဝတ်စားရတာကလည်း တကယ်ကို ဦးနှောက်စားပြီး ကိုယ်ရဲ့အချိန်တွေကို မလိုအပ်ဘဲ ကုန်ဆုံးစေနိုင်ပါတယ်။ ဘယ်လိုစကပ်တွေနဲ့ ဖိနပ်တွေကို တွဲဖက်ဝတ်ဆင်ရင် လိုက်ဖက်မှုရှိလဲဆိုတဲ့ လှည့်ကွက်လေးတွေကို သိထားခဲ့ရင် ကိုယ်အချိန်တွေ မလိုအပ်ဘဲ ကုန်ဆုံးသွားတာမျိုး မဖြစ်နိုင်တော့ပါဘူး။ အချိန်မကုန်ဘဲ စတိုင်လ်ကျကျနဲ့ ကြွကြွရွရွလေးလှပစေဖို့အတွက် လှည့်ကွက်လေးတွေကို လေ့လာကြည့်ကြရအောင်။

(၁) Pencil Skirt နဲ့ သိပ်မမြင့်လွန်းတဲ့ ဒေါက်ဖိနပ်

Pencil Skirt ဟာ ဘယ်တော့မှ ရိုးမသွားစေဘဲ ဝတ်လိုက်တဲ့အချိန်တိုင်း လှပတင့်တယ်မှုကို ရရှိစေတဲ့ Skirt မျိုး ဖြစ်ပါတယ်။ အရင်တုန်းက Pencil Skirt ကို ရုံးတက်ဖက်ရှင်အနေနဲ့သာ ဝတ်ဆင်ကြသော်လည်း အခုချိန်ခါမှာတော့ ထသွားထလာအနေနဲ့ကော ပေါ့ပေါ့ပါးပါး ဖက်ရှင်အနေနဲ့ပါ ဝတ်ဆင်လာကြတာကို တွေ့ရပါတယ်။ Pencil Skirt က အရှည်အမျိုးမျိုး၊ အရောင်အမျိုးမျိုး၊ ပုံစံအမျိုးမျိုး၊ အသားအမျိုးမျိုးနဲ့ လာတဲ့အတွက် ကိုယ်နဲ့လိုက်ဖက်တဲ့ အကိုက်ညီဆုံးပုံစံဖြစ်အောင် အလွယ်တကူ ရွေးချယ်ပြီး ဝတ်ဆင်လို့ ရပါတယ်။ Pencil Skirt ကို ဝတ်ဆင်တဲ့အခါမျိုးမှာ အရမ်းမမြင့်လွန်းဘဲ သက်တောင့်သက်သာရှိတဲ့ ဒေါက်ဖိနပ်မျိုးနဲ့ တွဲဖက်ဝတ်ဆင်ခြင်းက အလိုက်ဖက်ဆုံးပါလို့ နာမည်ကြီးဒီဇိုင်နာတွေက အကြံပေးထားပါတယ်။ ဒါအပြင် ကွင်းထိုးဖိနပ်လေးတွေ၊ ကြိုးသိုင်းဖိနပ် အမြင့်လေးတွေနဲ့ ပေါင်းစပ်ပြီးလည်း ဝတ်ဆင်ကြည့်လို့ရပါတယ်။ အထက်မှာဖော်ပြထားတဲ့ ဖိနပ်လေးတွေနဲ့ ဝတ်မယ်ဆိုရင်တော့ Pencil Skirt ရဲ့အရှည်က ဒူးထိရှည်တာမျိုး(သို့) ဒူးကျော်တာမျိုး ဖြစ်ဖို့ အရေးကြီးပါတယ်။

Pencil Skirt and Comfortable Heel

Pencil Skirt and Comfortable Heel

(၂) Tulip Skirt နဲ့ Ankle boot

Tulip Skirt ကို မြင်သာအောင်ပြောရမယ်ဆိုရင်တော့ ဂါဝန်အကားကိုမှ အရမ်းအကာကြီး မဟုတ်ဘဲ ပြေပြေလေးနဲ့ ကိုယ်လုံးကိုယ်ပေါက် ပေါ်လွင်စေတဲ့ စကပ်မျိုးဖြစ်ပါတယ်။ Tulip Skirt တွေဟာ မိန်းကလေးတွေရဲ့ တင်နဲ့ ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေဖို့ အထောက်အပံံ့ပေးတဲ့ စကပ်အမျိုးအစား ဖြစ်ပါတယ်။ Tulip စကပ်နဲ့ လိုက်ဖက်ညီမှုရှိတဲ့ဖိနပ်ကို တွဲဖက်ဝတ်ဆင်လိုက်ရင် စွဲဆောင်မှုအားကောင်းတဲ့ မိန်းကလေးတစ်ယောက်အသွင်ကို ရရှိစေပါတယ်။ ခြေကျင်းဝတ်အုပ်တဲ့ Ankle Boot လိုမျိုး ဖိနပ်တွေနဲ့ ခြေချောင်းတွေ ပေါ်လွင်စေတဲ့ ဖိနပ်မျိုးတွေနဲ့ တွဲဖက်ဝတ်ဆင်လို့လည်း ရပါတယ်။ ပူအိုက်တဲ့ရာသီဥတုမျိုးမှာဆို Strappy Gladiator Sandals လို့ခေါ်တဲ့ ကြိုးသိုင်းဖိနပ်အပါးနဲ့ တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။ ခြေချောင်းလေးတွေပေါ်တဲ့ ဖိနပ်မျိုးနဲ့ ဝတ်ဆင်ရတာ အဆင်မပြေရင်တော့ ထိပ်ချွန်ဖိနပ်ဒေါက်ပါးလေးတွေနဲ့လည်း ဝတ်ဆင်ကြည့်လို့ရပါတယ်။ ဂေါ်တဲ့ ဖက်ရှင်ကို ရချင်တယ်ဆိုရင်တော့ Sneaker နဲ့ ပေါင်းစပ်ပြီး ဝတ်ဆင်ကြည့်လို့ ရပါသေးတယ်။

Tulip Skirt and Ankles Boot

Tulip Skirt and Ankles Boot

(၃) အောက်နားကားတဲ့စကပ် (Flared Skirt) နဲ့ ဒေါက်ဖိနပ်အမျိုးမျိုး

အောက်နားကားတဲ့ စကပ်တွေရဲ့ အားသာချက်ကတော့ ဒေါက်ဖိနပ်အမျိုးမျိုးနဲ့ တွဲဖက်ဝတ်ဆင်လို့ရခြင်းပဲ ဖြစ်ပါတယ်။ ဒေါက်ဖိနပ်ရဲ့အမြင့်ကိုတော့ ကိုယ်နှစ်သက်တဲ့ အမြင့်မျိုး၊ ဝတ်ထားရင်သက်တောင့်သက်သာရှိတဲ့ အမြင့်မျိုးနဲ့ တက်ရောက်မယ့်ပွဲအခမ်းအနား၊ သွားရောက်မယ့်နေရာပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ ပူအိုက်တဲ့ရာသီဥတုမျိုးမှာဆိုရင် ကြိုးသိုင်းဖိနပ်နဲ့လည်း တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။ အင်တာဗျူးဖြေတဲ့အခါမှာ ဝတ်ဆင်မယ်ဆိုရင်တော့ Flared Skirt နဲ့ ပေါ့ပါးတဲ့ ရှုးဖိနပ်တစ်စုံ (သို့) High-Heeled Boots နဲ့ တွဲဖက်ဝတ်ဆင်လိုက်ရင် ပြီးပြည့်စုံတဲ့ ဖက်ရှင်ကို ရရှိစေမှာဖြစ်ပါတယ်။

Flared skirt and heels to your taste

Flared skirt and heels to your taste

(၄) အထပ်ထပ်ပါတဲ့စကပ် (Wrap Skirt) နဲ့ ကြိုက်နှစ်သက်တဲ့ ဖိနပ်

ခန္ဓာကိုယ်အချိုးအစားကို အများကြီးထည့်သွင်းစဉ်းစာရာမလိုဘဲ ဝတ်ဆင်လို့ရတဲ့ စကပ်ကို ပြပါဆို ရင် Wrap Skirt လေးတွေကိုပဲ ညွှန်းရမှာ ဖြစ်ပါတယ်။ ဒီစကပ်ကို ဝတ်ဆင်တဲ့အခါမှာ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ဘယ်ဖိနပ်အမျိုးအစားနဲ့မဆို လွတ်လွတ်လပ်လပ်ရွေးချယ်ပြီး ဝတ်ဆင်လို့ရခြင်းပဲ ဖြစ်ပါတယ်။ ဒီဇိုင်နာတွေ အကြံပေးထားတာကတော့ Wrap Skirt လေးတွေ ဝတ်ဆင်မယ်ဆိုရင် ရာသီဥတုနဲ့ကိုက်ညီတဲ့ Flat Shoe လေးတွေနဲ့ တွဲဖက်ဝတ်ဆင်လို့ရပါတယ်။ အခုခေတ်စားနေတဲ့ လေးထောင့်ဒေါက်လေးတွေနဲ့ ဝတ်ဆင်မယ်ဆိုရင်လည်း မိန်းမဆန်ဆန် သိမ်သိမ်မွေ့မွေ့နဲ့ လှပစတိုင်လ်ကျနေမှာ သေချာပါတယ်။

Wrap Skirt and Flat Sole

Wrap Skirt and Flat Sole

(၅) A-Line Skirt နဲ့ High Heel

A ပုံသဏ္ဍန်ကောက်ကြောင်းရှိတဲ့ စကပ်ကို ဝတ်ဆင်တဲ့အခါမျိုုးမှာ ဖြစ်လေ့ဖြစ်ထရှိတာကတော့ ခြေထောက်ကို တိုသွားစေပြီး တင်ကို ကားသွားစေတယ်လို့ ထင်ရစေတာပဲ ဖြစ်ပါတယ်။ အဲဒီလိုမထင်ရစေဖို့အတွက် တွဲဖက်ဝတ်ဆင်မယ့်ဖိနပ်ကို သေချာဂရုတစိုက် ရွေးချယ်သင့်ပါတယ်။ High Heel (သို့) Mid-high Heel နဲ့ တွဲဖက်ဝတ်ဆင်ခြင်းဖြင့် ခန္ဓာကိုယ်ကျစ်လျစ်သေးသွယ်သွားသယောင်ထင်ရပြီး ကောက်ကြောင်းကို ပေါ်လွင်လာစေပါတယ်။ Heel ဝတ်တဲ့အခါမှာ အမြင့်ကိုတော့ ရာသီဥတုနဲ့ နေ့စဉ်လမ်းလျှောက်ရတဲ့ အကွာအဝေးပေါ်မူတည်ပြီး သက်တောင့်သက်သာဖြစ်မယ့် အမြင့်ကို ရွေးချယ်သင့်ပါတယ်။ A-Line Skirt ဝတ်ထားလို့ ပုတယ်လို့ထင်နေသေးရင်တော့ Sneaker တစ်ရံနဲ့ တွဲဖက်ပြီး ဝတ်ဆင်ကြည့်လို့ ရပါတယ်။

A Line Skirt and High Heel

A Line Skirt and High Heel

(၆) Mini Skirt နဲ့ Boots

စကပ်ပုံစံမျိုးစုံထဲက Mini Skirt အမျိုးအစားဟာ Boot တွေနဲ့ အလွန်လိုက်ဖက်တဲ့ စကပ်ဖြစ်ပါတယ်။ Mini Skirt တွေဟာ ယခုဆိုရင် ဈေးကွက်ထဲမှာ အသားအမျိုးမျိုး၊ အရောင်အမျိုးမျိုးနဲ့ ရရှိနေပြီဖြစ်တဲ့အတွက် ကိုယ်နဲ့ကိုက်ညီတဲ့ပုံစံကို ရွေးချယ်ပြီး Boot တွေနဲ့ ပေါင်းစပ်ကြည့်လိုက်ပါ။ ဇာပါတဲ့ High-Heel လိုမျိုုး Boot တွေနဲ့ မာကျောကျောဖက်ရှင်ပုံစံကို ဖန်တီးလို့ရသလို သားရေ Boot နဲ့တွဲဖက်ပြီး ပေ့ါပေါ့ပါးပါးဖက်ရှင်ပုံစံကိုလည်း ဖန်တီးလို့ရပါတယ်။ အေးတဲ့ရာသီမျိုးမှာဆိုရင်တော့ ဒူးထိအရှည်ရှိတဲ့ Boot တွေဟာ Mini Skirt နဲ့ အလွန်လိုက်ဖက်ပါတယ်။

Mini Skirt and Boots

Mini Skirt and Boots

(၇) Midi Skirt နဲ့ ဖိနပ်အမျိုးမျိုး

Midi Skirt လေးတွေဟာ နွေရာသီနဲ့ အလွန်လိုက်ဖက်တဲ့ Skirt လေးတွေဖြစ်ပြီး မြောက်မြားလှသော ဖိနပ်တွေနဲ့လည်း လိုက်ဖက်ညီမှုရှိတဲ့ စကပ်အမျိုးအစားဖြစ်ပါတယ်။ Midi Skirt လေးတွေကို Sneaker နဲ့ တွဲဖက်ဝတ်ဆင်လိုက်ရင် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး အသွင်အပြင်ကို ရရှိစေပါတယ်။ ဒါ့အပြင် ကြိုးသိုင်းဖိနပ်အပါးလေးတွေ၊ ထိပ်ဖွင့်ဖိနပ်လေးတွေနဲ့ Mid-High Heel လေးတွေနဲ့ တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။

Midi Skirt and Heel

Midi Skirt and Heel

(၈) Maxi Skirt နဲ့ ထူထူမြင့်မြင့်ရှုးဖိနပ်

Maxi Skirt တွေဟာ ခါးကိုပေါ်လွင်စေတဲ့ စကပ်အမျိုးအစား ဖြစ်ပါတယ်။ ဒါ့အပြင် Maxi Skirt တွေကို ဝတ်ဆင်တဲ့အခါမှာ လိုက်ဖက်ညီမှုရှိတဲ့ အရောင်နဲ့ခါးပတ်လေးတွေကို ထပ်ပေါင်းစပ်ပြီး ခန္ဓာကိုယ်အချိုးအစားကျနအောင် ဖန်တီးလို့ရပါတယ်။ Maxi Skirt တွေကို Heel (သို့) ထူထူမြင့်မြင့်ရှုးဖိနပ်တွေနဲ့ တွဲဖက်ဝတ်ဆင်တာက အလိုက်ဖက်ဆုံးပါလို့ ဖက်ရှင်ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ နွေရာသီမှာဆိုရင်တော့ Maxi Skirt ကို High-Platform Sandals မျိုးနဲ့ တွဲဖက်ဝတ်ဆင်လို့ရပြီး အေးတဲ့ရာသီမှာဆိုရင်တော့ High-Heel Ankle Boot တွေလိုမျိုးနဲ့ တွဲဖက်ဝတ်ဆင်လို့ရပါတယ်။

Mixi Skirt and Heel

Mixi Skirt and Heel

ကဲ…. ဘယ်လိုဖိနပ်တွေနဲ့ ဘယ်လိုစကပ်အမျိုးအစားတွေ တွဲဖက်ဝတ်ဆင်တာက လိုက်ဖက်မှုရှိလဲဆိုတာ သိသွားပြီးဆိုတော့ အချိန်ကုန်သက်သာသာနဲ့ မြန်မြန်ဆန်ဆန် လိုက်ဖက်တဲ့ဖက်ရှင်ကို ဖန်တီးနိုင်ပြီးလို့ ထင်ပါတယ်။ ပရိသတ်ကြီးကော ဘယ်လိုစကပ်တွေနဲ့ ဖိနပ်တွေကို အထာကျကျဝတ်ဆင်လေ့ရှိလဲဆိုတဲ့ ဖက်ရှင်အမြင်လေးတွေကို ပြန်လည်မျှဝေပေးခဲ့ပါဦး။

H.H(Akhayar)

www.akhayar.com