[Zawgyi]
puff sleeves dresses
puff sleeves dresses
puff sleeves dresses
puff sleeves dresses
Su Yi Htet (Akhayar)
[Unicode]
Fashion Influencer တွေကြားထဲမှာ ရေပန်းစားလာတဲ့ Puff Sleeves အင်္ကျ ီများ
ဖက်ရှင်ရေစီးကြောင်းက အမြဲပြောင်းလဲနေတာဖြစ်တဲ့အတွက် တစ်ပတ် တစ်ပတ်မှာ Fashion နဲ့ပတ်သက်လို့ ပြောင်းလဲဝတ်ဆင်စရာတွေကတော့ မရိုးနိုင်အောင်ကို ထွက်နေတာပါ။ အခုဆိုရင်လည်း နောက်ဆုံး Trendyအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ Puff Sleeves လို့ခေါ်တဲ့ လက်ဖောင်း အင်္ကျ ီတွေဟာ Fashion Influencer တွေ၊Model တွေနဲ့ Celebrity တွေကြားထဲကို ရောက်ရှိလို့လာခဲ့ပြန်ပါပြီ။ တစ်နည်းအားဖြင့် ဆင်တူတာက အမေတို့ အဒေါ်တို့ခေတ်က ခေတ်စားခဲ့တဲ့ လက်ဖောင်းဖောင်း အင်္ကျ ီမျိုးတွေပေါ့။ Puff Sleeves ဆိုတာ လက်မောင်းရင်းနားမှာ ပွပွဖောင်းဖောင်း ဒီဇိုင်းထွင်ထားတဲ့ အင်္ကျ ီ ပုံစံမျိုးကိုဆိုလိုတာပါ။ လက်ဖောင်းဖောင်းကိုမှ အောက်နားမှာ ကျပ်ပြီး အပေါ်လက်မောင်းရင်းနားမှာ ဖောင်းတဲ့ပုံစံမျိုး၊ လက်တိုကိုမှ ဖောင်းဖောင်းပွပွအင်္ကျ ီမျိုး စသည်ဖြင့် လက်အတိုအရှည် ပုံစံလေးတွေကွဲတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။
ဒီလို Puff Sleeves တွေက ခေတ်စားနေတော့ သင်က ခေတ်ရေစီးကြောင်းနောက်ကို လိုက်တတ်တဲ့သူဆိုရင် Puff Sleeves တစ်ထည်တော့ ဝယ်မှာသေချာတဲ့အပြင် အထာကျကျ ဘယ်လို ဝတ်ရမလဲဆိုတာ နည်းနည်းခေါင်းစားကောင်း ခေါင်းစားနိုင်ပါတယ်။ ဒါပေမယ့်သင့်လက်ထဲကို Puff Sleeve တစ်ထည် ရောက်လာပြီဆိုရင် အခုပြောပြမယ့် Style Tips တွေကို သုံးပြီးတွဲဖက်ကြည့်လိုက်ပါ။ အရမ်းလန်းတဲ့ ကောင်မလေးတစ်ယောက်လို ဖြစ်ကိုဖြစ်သွားမှာ အသေချာပါပဲ။
puff sleeves with jeans
puff sleeves with jeans
puff sleeves with jeans
puff sleeves with jeans
puff sleeves with jeans
puff sleeves with jeans
Jean တွေနဲ့ တွဲဖက်ပြီး ဝတ်ကြည့်လိုက်ပါ။ အထူးသဖြင့် တစ်ဖြောင့်တည်း သွားတဲ့ Straight legs pant တွေ၊ Skinny Jean တွေနဲ့ တွဲဖက်ပြီး ဝတ်ဆင်လို့ရပါတယ်။
puff sleeves with bell pants (Crd goes to M Seng Lu)
puff sleeves with bell pants (Crd goes to M Seng Lu)
ခေါင်းလောင်းဘောင်းဘီလို့ ခေါ်တဲ့ Bell Pant လိုမျိုး ဘောင်းဘီရှည်တွေ၊ Stylepant တွေ နဲ့လည်း လိုက်ဖက်ပါတယ်။
M Seng Lu ဝတ်ထားသလိုမျိုးလေးပေါ့။
puff sleeves with short jeans
puff sleeves with short jeans
ဘောင်းဘီတိုလေးတွေနဲ့တွဲမယ်ဆိုရင်တော့ Short Jean Pant အတိုလေးတွေ ရွေးလိုက်ပါ။
puff sleeves with skirts
puff sleeves with skirts
puff sleeves with skirts
puff sleeves with skirts
Puff Sleeves တွေက စကတ်တွေနဲ့လည်း လိုက်ဖက်ပါသေးတယ်။ Jean Skirt လေးတွေ၊Leather Skirt တွေ၊ဘာဂျာတွန့်ခေါက် Pleated Skirt တွေ၊Pencil Skirt တွေနဲ့ ကိုယ့်စိတ်ကြိုက်တွဲစပ်ကြည့်လိုက်လို့လည်း ရပါတယ်။
puff sleeves with trendy pants
puff sleeves with trendy pants
အရမ်းကို လန်းချင်ရင်တော့ အခုခေတ်စားနေတဲ့ Trackpant တွေ၊Sporty Pant တွေနဲ့ Crop Top လို Puff Sleeves တွေနဲ့ တွဲလိုက်ပါ။ ဒီစတိုင်လ်နဲ့ဆို Party တွေ၊ Festival တွေကိုပါ သွားလို့ရပါတယ်။
puff sleeves dresses
puff sleeves dresses
puff sleeves dresses
puff sleeves dresses
နောက်ဆုံး ဘယ်လိုတွဲစပ်ရမလဲဆိုတာ ခေါင်းစားမခံချင်ဘူးဆိုရင်တော့ Puff Sleeves ဂါဝန်ကိုသာ ရွေးလိုက်ပါ။ အရမ်းရှည်တဲ့ ဂါဝန်မျိုးမဟုတ်ဘဲ ဒူးဖုံရုံလေးတွေ၊ပေါင်တစ်ဝက်လေးတွေဆိုရင် သက်သောင့်သက်တာဖြစ်တဲ့အပြင် မိန်းမဆန်စေသလို လူငယ်ဆန်ဆန်လည်း ဖြစ်စေပါတယ်။
Gigi Hadid wears Puff Sleeves
Gigi Hadid wears Puff Sleeves
M Seng Lu and May Grace Perry wear Puff Sleeves
M Seng Lu and May Grace Perry wear Puff Sleeves
ကဲ..Puff Sleeves တစ်ထည်လောက်တော့ မြန်မြန်ပြေးဝယ်သင့်ပြီလို့ မထင်ဘူးလား။
Su Yi Htet (Akhayar)