[Zawgyi]

ေဒါက္ဖိနပ္စီးတဲ့အခါ အဆင္ေျပေစမယ့္အခ်က္မ်ား

ပြဲလမ္းသဘင္ေတြသြားတဲ့အခါမွာ ေဒါက္ဖိနပ္လွလွေလးေတြက မိန္းကေလးတစ္ေယာက္ရဲ႕ အလွကို ပိုျပီး ေပၚလြင္ေစတယ္။ ယံုၾကည္မႈလည္း ပိုရွိေစတယ္။ ဒါေပမယ့္ ေဒါက္ဖိနပ္ေလးေတြကို မစီးတတ္တဲ့အခါမွာ လူလည္ေခါင္မွာ အရွက္ရေစနိုင္ပါတယ္။ ဒီလိုမ်ိဳးေတြမျဖစ္ေအာင္ ေဒါက္ဖိနပ္မစီးတတ္သူေတြအတြက္ေရာ၊ ေဒါက္ဖိနပ္စီးတဲ့အခါ ဖိနပ္ေပါက္တတ္တဲ့သူေတြအတြက္ေရာ Tips ေလးေတြေျပာျပေပးမွာျဖစ္ပါတယ္။

ေဒါက္ဖိနပ္ မစီးတတ္တဲ့သူေတြအတြက္ အခ်က္ ၄ ခ်က္ ရွိပါတယ္။

၁။ Block Heel ကို ေရြးခ်ယ္ပါ။

Block Heel က အခုမွ ေဒါက္ဖိနပ္စျပီး အစီးက်င့္မယ့္သူေတြအတြက္ အသင့္ေတာ္ဆံုးပါပဲ။ Block Heel ထဲမွာ တစ္ေျပးတည္း ေဒါက္ရွိသလို Pencil Heel ကိုမွ ေဒါက္လံုး နည္းနည္း ၾကီးပါတယ္။ တစ္လံုးတည္း ေဒါက္ကို စီးဖို႔ ဟန္ခ်က္မညီေသးဘူးဆိုရင္ေတာ့ တစ္ေျပးတည္း ေဒါက္ကို စီးပါ။ မေတာ္လို႔ေခ်ာ္လဲတဲ့အခါ ေျခေထာက္ခြင္တတ္ပါတယ္။

၂။ Heel to Toe နည္းလမ္းကို အသံုးျပဳပါ။

ေျခလွမ္းစလွမ္းတဲ့အခါ မိန္းကေလးေတြေတာ္ေတာ္မ်ားမ်ားက ေျခဖ်ားကေန စျပီး ေလွ်ာက္တတ္ၾကပါတယ္။ အဲဒီလို မေလွ်ာက္ရပါဘူး။ ေဒါက္ကုိ အရင္ေထာက္ျပီးမွ ေျခထိတ္ကို နင္းပါ။ အဲဒီလမ္းေလွ်ာက္နည္းကို Heel to Toe လို႔ေခၚပါတယ္။ အစဆိုရင္ေတာ့ ေျခလွမ္း စိပ္စိပ္ပဲ အရင္အဲဒီလမ္းေလွ်ာက္နည္း မွန္ျပီဆိုမွ ေျခလွမ္း က်ဲက်ဲေလွ်ာက္ပါေနာ္။

၃။ ဒူးေခါင္း မေကြးပါနဲ႔၊ မတ္မတ္ေလွ်ာက္ပါ။

ေဒါက္ဖိနပ္စီးရင္ လမ္းေလွ်ာက္က်င့္တဲ့အခါမွာ ဒူးေကြးျပီး လမ္းမေလွ်ာက္မိဖို႔ အရမ္း အေရးၾကီးပါတယ္။ ဒူးေကြးျပီး လမ္းေလွ်ာက္လိုက္မယ္ဆိုလို႔ရွိရင္ ၾကည့္ရ အရမ္းရုပ္ဆိုးပါတယ္ေနာ္။ ေခါင္းေမာ့ျပီး ေလွ်ာက္ပါ။ ပုခံုးနဲ႔ ေက်ာျပင္ကို မတ္မတ္ထားျပီး ေလွ်ာက္ေပးပါ။ ခႏၶာကိုယ္ အေနအထား မမွန္တဲ့အခါမွာလည္း ေျခေထာက္ခြင္ျပီး လဲက်တတ္ပါတယ္။

၄။ ေဒါက္ဖိနပ္ကို အရမ္းအာရံုမထားပါနဲ႔။

တစ္ခါတစ္ရံမွာ ေဒါက္ဖိနပ္စီးရင္ ေခ်ာ္လဲမလားဆိုျပီး စိုးရိမ္စိတ္နဲ႔ အားျပဳျပီး ေလွ်ာက္ေနတတ္တယ္။ အာရံုထားခါမွ ပိုျပီး ေခ်ာ္လဲတတ္ပါတယ္။ အဲဒီလို အာရံုထားလိုက္တဲ့အခါမွာ ေျခသလံုးအေၾကာေတြ ေတာင့္ျပီးတင္းေနတတ္ပါတယ္။ ေဒါက္ဖိနပ္စီးတဲ့အခါ ေျခသလံုးအေၾကာေတြ သက္ေတာင့္သက္သာရွိေနမွ ဟန္ခ်က္ညီျပီး ေက်ာ့ေမာ့လွပေနမွာျဖစ္ပါတယ္။

ေဒါက္ဖိနပ္စီးတဲ့အခါ ဖိနပ္ေပါက္တတ္တဲ့ သူေတြအတြက္ အခ်က္ ၃ ခ်က္ ရွိပါတယ္။

၁။ Vaseline လိမ္းပါ။

ေဒါက္ဖိနပ္ အသစ္စီးတဲ့အခါ Vaseline ကို လိမ္းျပီး မွ စီးပါ။ ဖိနပ္လည္းမေပါက္ေစပါဘူး။

၂။ ဖိနပ္ မေပါက္ေစတဲ့ Sticker ေလးေတြ ကပ္ပါ။

ေဒါက္ဖိနပ္ အသစ္ စီးတဲ့အခါပဲျဖစ္ျဖစ္၊ လမ္းေလွ်ာက္မ်ားတဲ့အခါပဲျဖစ္ျဖစ္ ဖိနပ္ မေပါက္ေအာင္ လုပ္ေပးတဲ့ Sticker ေလးေတြရွိပါတယ္။ Sticker ေတြက သံုးမ်ိဳးလာပါတယ္။ ဖိေႏွာင့္ေအာက္မွာကပ္တာမ်ိဳး၊ ေျခဖဝါးထိပ္ပိုင္းေအာက္မွာ ကပ္တာမ်ိဳး နဲ႔ ေျခဖိေႏွာင့္နဲ႔ ေဒါက္ဖိနပ္ေထာင့္ ထိတဲ့ေနရာနားမွာ ကပ္တာမ်ိုးဆိုျပီး ကြဲပါတယ္။ တစ္ခုကို ၁၅၀၀ က်ပ္ နဲ႔ ေရာင္းေလ့ရွိပါတယ္။

၃။ ေျခအိတ္ေလးေတြ ဝတ္ပါ။

ေဒါက္ဖိနပ္စီးတဲ့အခါ Lady Shoe ေလးေတြကို ေျခအိတ္တစ္ဝက္ေလးေတြနဲ႔ ဝတ္ပါ။ ထိပ္ပြင့္ ေဒါက္ဖိနပ္ေလးေတြ ဝတ္မယ္ဆိုရင္ ဖိနပ္လည္း မေပါက္ေတာ့ဘူး။ စတိုင္လည္းမိေစပါတယ္။

ဒီနည္းလမ္းေလးေတြနဲ႔ ေဒါက္ဖိနပ္ေလးေတြ စီးတဲ့အခါ စတိုင္က်ျပီး ေက်ာ့ေမာ့ေနၾကပါေစေနာ္။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဒေါက်ဖိနပ်စီးတဲ့အခါ အဆင်ပြေစေမယ့်အချက်များ

ပွဲလမ်းသဘင်တွေသွားတဲ့အခါမှာ ဒေါက်ဖိနပ်လှလှလေးတွေက မိန်းကလေးတစ်ယောက်ရဲ့ အလှကို ပိုပြီး ပေါ်လွင်စေတယ်။ ယုံကြည်မှုလည်း ပိုရှိစေတယ်။ ဒါပေမယ့် ဒေါက်ဖိနပ်လေးတွေကို မစီးတတ်တဲ့အခါမှာ လူလည်ခေါင်မှာ အရှက်ရစေနိုင်ပါတယ်။ ဒီလိုမျိုးတွေမဖြစ်အောင် ဒေါက်ဖိနပ်မစီးတတ်သူတွေအတွက်ရော၊ ဒေါက်ဖိနပ်စီးတဲ့အခါ ဖိနပ်ပေါက်တတ်တဲ့သူတွေအတွက်ရော Tips လေးတွေပြောပြပေးမှာဖြစ်ပါတယ်။

ဒေါက်ဖိနပ် မစီးတတ်တဲ့သူတွေအတွက် အချက် ၄ ချက် ရှိပါတယ်။

၁။ Block Heel ကို ရွေးချယ်ပါ။

Block Heel က အခုမှ ဒေါက်ဖိနပ်စပြီး အစီးကျင့်မယ့်သူတွေအတွက် အသင့်တော်ဆုံးပါပဲ။ Block Heel ထဲမှာ တစ်ပြေးတည်း ဒေါက်ရှိသလို Pencil Heel ကိုမှ ဒေါက်လုံး နည်းနည်း ကြီးပါတယ်။ တစ်လုံးတည်း ဒေါက်ကို စီးဖို့ ဟန်ချက်မညီသေးဘူးဆိုရင်တော့ တစ်ပြေးတည်း ဒေါက်ကို စီးပါ။ မတော်လို့ချော်လဲတဲ့အခါ ခြေထောက်ခွင်တတ်ပါတယ်။

၂။ Heel to Toe နည်းလမ်းကို အသုံးပြုပါ။

ခြေလှမ်းစလှမ်းတဲ့အခါ မိန်းကလေးတွေတော်တော်များများက ခြေဖျားကနေ စပြီး လျှောက်တတ်ကြပါတယ်။ အဲဒီလို မလျှောက်ရပါဘူး။ ဒေါက်ကို အရင်ထောက်ပြီးမှ ခြေထိတ်ကို နင်းပါ။ အဲဒီလမ်းလျှောက်နည်းကို Heel to Toe လို့ခေါ်ပါတယ်။ အစဆိုရင်တော့ ခြေလှမ်း စိပ်စိပ်ပဲ အရင်အဲဒီလမ်းလျှောက်နည်း မှန်ပြီဆိုမှ ခြေလှမ်း ကျဲကျဲလျှောက်ပါနော်။

၃။ ဒူးခေါင်း မကွေးပါနဲ့၊ မတ်မတ်လျှောက်ပါ။

ဒေါက်ဖိနပ်စီးရင် လမ်းလျှောက်ကျင့်တဲ့အခါမှာ ဒူးကွေးပြီး လမ်းမလျှောက်မိဖို့ အရမ်း အရေးကြီးပါတယ်။ ဒူးကွေးပြီး လမ်းလျှောက်လိုက်မယ်ဆိုလို့ရှိရင် ကြည့်ရ အရမ်းရုပ်ဆိုးပါတယ်နော်။ ခေါင်းမော့ပြီး လျှောက်ပါ။ ပုခုံးနဲ့ ကျောပြင်ကို မတ်မတ်ထားပြီး လျှောက်ပေးပါ။ ခန္ဓာကိုယ် အနေအထား မမှန်တဲ့အခါမှာလည်း ခြေထောက်ခွင်ပြီး လဲကျတတ်ပါတယ်။

၄။ ဒေါက်ဖိနပ်ကို အရမ်းအာရုံမထားပါနဲ့။

တစ်ခါတစ်ရံမှာ ဒေါက်ဖိနပ်စီးရင် ချော်လဲမလားဆိုပြီး စိုးရိမ်စိတ်နဲ့ အားပြုပြီး လျှောက်နေတတ်တယ်။ အာရုံထားခါမှ ပိုပြီး ချော်လဲတတ်ပါတယ်။ အဲဒီလို အာရုံထားလိုက်တဲ့အခါမှာ ခြေသလုံးအကြောတွေ တောင့်ပြီးတင်းနေတတ်ပါတယ်။ ဒေါက်ဖိနပ်စီးတဲ့အခါ ခြေသလုံးအကြောတွေ သက်တောင့်သက်သာရှိနေမှ ဟန်ချက်ညီပြီး ကျော့မော့လှပနေမှာဖြစ်ပါတယ်။

ဒေါက်ဖိနပ်စီးတဲ့အခါ ဖိနပ်ပေါက်တတ်တဲ့ သူတွေအတွက် အချက် ၃ ချက် ရှိပါတယ်။

၁။ Vaseline လိမ်းပါ။

ဒေါက်ဖိနပ် အသစ်စီးတဲ့အခါ Vaseline ကို လိမ်းပြီး မှ စီးပါ။ ဖိနပ်လည်းမပေါက်စေပါဘူး။

၂။ ဖိနပ် မပေါက်စေတဲ့ Sticker လေးတွေ ကပ်ပါ။

ဒေါက်ဖိနပ် အသစ် စီးတဲ့အခါပဲဖြစ်ဖြစ်၊ လမ်းလျှောက်များတဲ့အခါပဲဖြစ်ဖြစ် ဖိနပ် မပေါက်အောင် လုပ်ပေးတဲ့ Sticker လေးတွေရှိပါတယ်။ Sticker တွေက သုံးမျိုးလာပါတယ်။ ဖိနှောင့်အောက်မှာကပ်တာမျိုး၊ ခြေဖဝါးထိပ်ပိုင်းအောက်မှာ ကပ်တာမျိုး နဲ့ ခြေဖိနှောင့်နဲ့ ဒေါက်ဖိနပ်ထောင့် ထိတဲ့နေရာနားမှာ ကပ်တာမျိုးဆိုပြီး ကွဲပါတယ်။ တစ်ခုကို ၁၅၀၀ ကျပ် နဲ့ ရောင်းလေ့ရှိပါတယ်။

၃။ ခြေအိတ်လေးတွေ ဝတ်ပါ။

ဒေါက်ဖိနပ်စီးတဲ့အခါ Lady Shoe လေးတွေကို ခြေအိတ်တစ်ဝက်လေးတွေနဲ့ ဝတ်ပါ။ ထိပ်ပွင့် ဒေါက်ဖိနပ်လေးတွေ ဝတ်မယ်ဆိုရင် ဖိနပ်လည်း မပေါက်တော့ဘူး။ စတိုင်လည်းမိစေပါတယ်။

ဒီနည်းလမ်းလေးတွေနဲ့ ဒေါက်ဖိနပ်လေးတွေ စီးတဲ့အခါ စတိုင်ကျပြီး ကျော့မော့နေကြပါစေနော်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။