[ZawGyi]

အလုပ္ရမယ္႔ဖက္ရွင္ဆိုတာ

ခုမွအလုပ္စေလွ်ာက္ျပီး လုပ္ငန္းခြင္ဘဝကိုစတင္ၾကမယ္႔ ေမာင္ေလးေတြ ညီမေလးေတြအတြက္ အင္တာဗ်ဴးသြားေျဖရင္ သတိထားသင္႔တဲ႔ဝတ္စားဆင္ယင္ပံုေလးေတြကိုမ်ွေဝေပးခ်င္ပါတယ္ေနာ္။ အလုပ္ေတြလုပ္ေနၾကတဲ႔သူေတာ္ေတာ္မ်ားမ်ားက အင္တာဗ်ဳးအေတြ႔အၾကံဳေတြရွိျပီးျပီဆိုေပမယ္႔ အခုမွအင္တာဗ်ဴးဝင္မယ္႔သူေလးေတြအတြက္ေတာ႔ ဒီအခ်က္ေလးေတြက တစ္ေထာင္႔တစ္ေနရာက အေထာက္အကူျဖစ္ေစလိမ္႔မယ္လို႔ေမ်ွာ္လင္႔ပါတယ္။

ဘုိကျပားမျဖစ္ေစနဲ႔

အင္တာဗ်ဴးအတြက္ ဝတ္စံုေရြးမယ္ဆိုရင္အဓိကအေရးၾကီးဆံုးက ျမန္မာဝတ္စံုဝတ္မယ္ဆိုရင္လည္း ပီပီျပင္ျပင္ဝတ္ပါ။ Accessories ကအစ ကိုယ္႔ဝတ္စံုနဲ႔လိုက္ဖက္တာမ်ိဳးျဖစ္ရပါမယ္။ အေနာက္တိုင္းဝတ္စံုဝတ္မယ္ဆိုရင္လည္း ပီပီျပင္ျပင္ဝတ္ေစခ်င္ပါတယ္။ ဘေလာက္စ္အက်ၤ ီနဲ႔စကတ္ ၊ ရွပ္ေကာ္လံနဲ႔စတိုင္လ္ေဘာင္းဘီရွည္ စသျဖင္႔ ကိုယ္႔ဖက္ရွင္ကိုတိတိပပေဖာ္ျပေစခ်င္ပါတယ္။

မတိုလြန္းမျပတ္လြန္းေစနဲ႔

အင္တာဗ်ဴးအတြက္ဝတ္စားမယ္ဆိုရင္ ကိုယ္႔အိမ္ကမတ္တပ္မွန္မွာ ျမင္ေနရတဲ႔ကိုယ္႔ပံုရိပ္လွေနရံုနဲ႔အဆင္ေျပျပီလို႔မထင္မွတ္ပါနဲ႔။ အင္တာဗ်ဴးသြားေျဖတဲ႔အခ်ိန္မွာ ဘယ္လိုထိုင္ခံုမ်ိဳးနဲ႔ထိုင္ရမယ္၊ ဘယ္လိုလူေတြနဲ႔ေတြ႔ရမယ္ ၊ ဘယ္ေလာက္ၾကာမယ္ဆိုတာကို မသိတဲ႔အတြက္ ဘယ္လိုအေနအထားျဖစ္ျဖစ္ထိုင္လို႔အဆင္ေျပမယ္႔ ဝတ္စံုမ်ိဳး ၊ ကိုယ္႔ကိုသက္ေသာင္႔သက္သာျဖစ္ေစမယ္႔ ဝတ္စံုမ်ိဳးကိုေရြးေစခ်င္ပါတယ္။

ရံုးဝတ္စံုဝတ္ပါ

အေကာင္းဆံုးက Office Style လို႔ေခၚတဲ႔ ရံုးတက္ဝတ္စံုမ်ိဳးဝတ္တာက လြယ္ကူရိုးရွင္းျပီးအဆင္အေျပဆံုးပါပဲ။ ဘေလာက္စ္အက်ၤ ီနဲ႔စကတ္ ၊ ကုတ္နဲ႔ေဘာင္းဘီရွည္ ၊ ရုိုးရွင္းလံုျခံဳတဲ႔ ဂါဝန္စတာေတြက ဝယ္ယူရလြယ္ကူျပီးေခါင္းစားေနရတာမ်ိဳးမျဖစ္ေစပါဘူး။ ကိုယ္က အလုပ္ေတြဆက္တိုက္ေလွ်ာက္ျဖစ္ေနမယ္ဆိုရင္ အင္တာဗ်ဴးေျဖမယ္႔ဝတ္စံုႏွစ္စံုေလာက္ထားပါ။

ထသြားထလာေတြေရွာင္ပါ

အင္တာဗ်ဴးေျဖပါမယ္ဆိုမွ ေစ်းဝယ္ထြက္သလိုေပါ႔ပါးတဲ႔ဝတ္စံုဝတ္သြားဖို႔ မသင္႔ေတာ္ပါဘူး။ ဂ်င္းေဘာင္းဘီ ၊ တီရွပ္ ၊ တင္းနစ္ဖိနပ္ ၊ ဦးထုပ္ ၊ ေျခညွပ္ဖိနပ္ စတာေတြမဝတ္ဆင္ပါနဲ႔။ အမ်ိဳးသားေတြဆိုရင္ေတာ႔ ရွပ္အက်ၤ ီအပြင္႔အကြက္ၾကီးေတြ ၊ ရွဳပ္ယွပ္ခတ္ေနတဲ႔ဒီဇိုင္းမ်ိဳးေတြေရွာင္ပါ။

ရာထူးနဲ႔လိုက္ဖက္တဲ႔ဝတ္စံုဝတ္ပါ

အလုပ္အင္တာဗ်ဳးေျဖတဲ႔အခါမွာ ကိုယ္ေလွ်ာက္မယ္႔ ရာထူးနဲ႔လိုက္ဖက္တဲ႔ဝတ္စားျပင္ဆင္မႈမ်ိဳးရွိရင္ ပိုေကာင္းပါတယ္။ မန္ေနဂ်ာရာထူးကိုေလွ်ာက္ထားျပီး ဖိုသီဖပ္သီဝတ္ဆင္သြားလို႔လည္းမျဖစ္သလို မားကက္တင္းသမားကလည္း သြက္လက္တက္ၾကြတဲ႔ပံုေပၚေနဖို႔လိုပါတယ္။ စမတ္က်က်သပ္ရပ္ေနဖို႔က အေရးအၾကီးဆံုးအခ်က္ပါပဲ။

အမ်ိဳးသမီးေတြအေနနဲ႔…

(၁) အဓိကက အေရာင္ျငိမ္တာေတြဝတ္ပါ။

(၂) ကိုယ္႔ဝတ္စံုနဲ႔ဖိနပ္က လိုက္ဖက္မႈရွိပါေစ။

(၃) ရတနာပစၥည္းေတြအမ်ားၾကီး မဝတ္ပါနဲ႔။

(၄) ဆံပင္ပံုစံသပ္ရပ္မႈရွိပါေစ။

(၅) မိတ္ကပ္ေတြ အိုဗာျဖစ္ေအာင္မလိမ္းပါနဲ႔။ ေရေမႊးတရားလြန္မစြတ္ပါနဲ႔။

(၆) ေျခသည္းလက္သည္း သပ္ရပ္မႈရွိပါေစ။

အမ်ိဳးသားေတြအေနနဲ႔…

(၁) အေရာင္ျငိမ္တာဝတ္ပါ။ ရွပ္လက္ရွည္အျဖဴကိုေရြးခ်ယ္ႏိုင္ပါတယ္။

(၂) ေျခအိတ္အမည္းနဲ႔ ရွဴးဖိနပ္စီးသင္႔ပါတယ္။

(၃) ရတနာပစၥည္းမဝတ္ဆင္ေလေကာင္းေလပါပဲ။

(၄) သပ္ရပ္တဲ႔ဆံပင္ပံုစံရွိပါေစ။ မုတ္ဆိတ္ေမြးရိတ္ထားပါ။

(၅) ေျခသည္းလက္သည္းေတြ သပ္ရပ္ေနပါေစ။

(၆) သက္ေသာင္႔သက္သာရွိတဲ႔ပံုစံေပါက္ေနပါေစ။

(၇) ေယာက်ၤားဆန္တဲ႔ေရေမႊးန႔ံကို ေရြးစြတ္ပါ။

ဒီလိုအေျခခံအခ်က္ေလးေတြသိျပီဆိုရင္ ကိုယ္ေျဖတဲ႔အင္တာဗ်ဴးေတြမွာ ကိုယ္႔ဖက္ရွင္နဲ႔ပတ္သက္ျပီး အမွတ္ေလ်ာ႔တာမ်ိဳးေတြကင္းေဝးႏိုင္ပါလိမ္႔မယ္။ အခရာပရိသတ္ေတြထဲမွာေရာ အင္တာဗ်ဴးဖက္ရွင္အတြက္ အၾကံျပဳခ်င္တာေလးေတြရွိရင္ေျပာျပခဲ႔ေပးပါလား။

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

[Unicode]

အလုပ်ရမယ့်ဖက်ရှင်ဆိုတာ

ခုမှအလုပ်စလျှောက်ပြီး လုပ်ငန်းခွင်ဘဝကိုစတင်ကြမယ့် မောင်လေးတွေ ညီမလေးတွေအတွက် အင်တာဗျူးသွားဖြေရင် သတိထားသင့်တဲ့ဝတ်စားဆင်ယင်ပုံလေးတွေကိုမျှဝေပေးချင်ပါတယ်နော်။ အလုပ်တွေလုပ်နေကြတဲ့သူတော်တော်များများက အင်တာဗျုးအတွေ့အကြုံတွေရှိပြီးပြီဆိုပေမယ့် အခုမှအင်တာဗျူးဝင်မယ့်သူလေးတွေအတွက်တော့ ဒီအချက်လေးတွေက တစ်ထောင့်တစ်နေရာက အထောက်အကူဖြစ်စေလိမ့်မယ်လို့မျှော်လင့်ပါတယ်။

ဘိုကပြားမဖြစ်စေနဲ့

အင်တာဗျူးအတွက် ဝတ်စုံရွေးမယ်ဆိုရင်အဓိကအရေးကြီးဆုံးက မြန်မာဝတ်စုံဝတ်မယ်ဆိုရင်လည်း ပီပီပြင်ပြင်ဝတ်ပါ။ Accessories ကအစ ကိုယ့်ဝတ်စုံနဲ့လိုက်ဖက်တာမျိုးဖြစ်ရပါမယ်။ အနောက်တိုင်းဝတ်စုံဝတ်မယ်ဆိုရင်လည်း ပီပီပြင်ပြင်ဝတ်စေချင်ပါတယ်။ ဘလောက်စ်အင်္ကျ ီနဲ့စကတ် ၊ ရှပ်ကော်လံနဲ့စတိုင်လ်ဘောင်းဘီရှည် စသဖြင့် ကိုယ့်ဖက်ရှင်ကိုတိတိပပဖော်ပြစေချင်ပါတယ်။

မတိုလွန်းမပြတ်လွန်းစေနဲ့

အင်တာဗျူးအတွက်ဝတ်စားမယ်ဆိုရင် ကိုယ့်အိမ်ကမတ်တပ်မှန်မှာ မြင်နေရတဲ့ကိုယ့်ပုံရိပ်လှနေရုံနဲ့အဆင်ပြေပြီလို့မထင်မှတ်ပါနဲ့။ အင်တာဗျူးသွားဖြေတဲ့အချိန်မှာ ဘယ်လိုထိုင်ခုံမျိုးနဲ့ထိုင်ရမယ်၊ ဘယ်လိုလူတွေနဲ့တွေ့ရမယ် ၊ ဘယ်လောက်ကြာမယ်ဆိုတာကို မသိတဲ့အတွက် ဘယ်လိုအနေအထားဖြစ်ဖြစ်ထိုင်လို့အဆင်ပြေမယ့် ဝတ်စုံမျိုး ၊ ကိုယ့်ကိုသက်သောင့်သက်သာဖြစ်စေမယ့် ဝတ်စုံမျိုးကိုရွေးစေချင်ပါတယ်။

ရုံးဝတ်စုံဝတ်ပါ

အကောင်းဆုံးက Office Style လို့ခေါ်တဲ့ ရုံးတက်ဝတ်စုံမျိုးဝတ်တာက လွယ်ကူရိုးရှင်းပြီးအဆင်အပြေဆုံးပါပဲ။ ဘလောက်စ်အင်္ကျ ီနဲ့စကတ် ၊ ကုတ်နဲ့ဘောင်းဘီရှည် ၊ ရိုးရှင်းလုံခြုံတဲ့ ဂါဝန်စတာတွေက ဝယ်ယူရလွယ်ကူပြီးခေါင်းစားနေရတာမျိုးမဖြစ်စေပါဘူး။ ကိုယ်က အလုပ်တွေဆက်တိုက်လျှောက်ဖြစ်နေမယ်ဆိုရင် အင်တာဗျူးဖြေမယ့်ဝတ်စုံနှစ်စုံလောက်ထားပါ။

ထသွားထလာတွေရှောင်ပါ

အင်တာဗျူးဖြေပါမယ်ဆိုမှ ဈေးဝယ်ထွက်သလိုပေါ့ပါးတဲ့ဝတ်စုံဝတ်သွားဖို့ မသင့်တော်ပါဘူး။ ဂျင်းဘောင်းဘီ ၊ တီရှပ် ၊ တင်းနစ်ဖိနပ် ၊ ဦးထုပ် ၊ ခြေညှပ်ဖိနပ် စတာတွေမဝတ်ဆင်ပါနဲ့။ အမျိုးသားတွေဆိုရင်တော့ ရှပ်အင်္ကျ ီအပွင့်အကွက်ကြီးတွေ ၊ ရှုပ်ယှပ်ခတ်နေတဲ့ဒီဇိုင်းမျိုးတွေရှောင်ပါ။

ရာထူးနဲ့လိုက်ဖက်တဲ့ဝတ်စုံဝတ်ပါ

အလုပ်အင်တာဗျုးဖြေတဲ့အခါမှာ ကိုယ်လျှောက်မယ့် ရာထူးနဲ့လိုက်ဖက်တဲ့ဝတ်စားပြင်ဆင်မှုမျိုးရှိရင် ပိုကောင်းပါတယ်။ မန်နေဂျာရာထူးကိုလျှောက်ထားပြီး ဖိုသီဖပ်သီဝတ်ဆင်သွားလို့လည်းမဖြစ်သလို မားကက်တင်းသမားကလည်း သွက်လက်တက်ကြွတဲ့ပုံပေါ်နေဖို့လိုပါတယ်။ စမတ်ကျကျသပ်ရပ်နေဖို့က အရေးအကြီးဆုံးအချက်ပါပဲ။

အမျိုးသမီးတွေအနေနဲ့…

(၁) အဓိကက အရောင်ငြိမ်တာတွေဝတ်ပါ။

(၂) ကိုယ့်ဝတ်စုံနဲ့ဖိနပ်က လိုက်ဖက်မှုရှိပါစေ။

(၃) ရတနာပစ္စည်းတွေအများကြီး မဝတ်ပါနဲ့။

(၄) ဆံပင်ပုံစံသပ်ရပ်မှုရှိပါစေ။

(၅) မိတ်ကပ်တွေ အိုဗာဖြစ်အောင်မလိမ်းပါနဲ့။ ရေမွှေးတရားလွန်မစွတ်ပါနဲ့။

(၆) ခြေသည်းလက်သည်း သပ်ရပ်မှုရှိပါစေ။

အမျိုးသားတွေအနေနဲ့…

(၁) အရောင်ငြိမ်တာဝတ်ပါ။ ရှပ်လက်ရှည်အဖြူကိုရွေးချယ်နိုင်ပါတယ်။

(၂) ခြေအိတ်အမည်းနဲ့ ရှူးဖိနပ်စီးသင့်ပါတယ်။

(၃) ရတနာပစ္စည်းမဝတ်ဆင်လေကောင်းလေပါပဲ။

(၄) သပ်ရပ်တဲ့ဆံပင်ပုံစံရှိပါစေ။ မုတ်ဆိတ်မွေးရိတ်ထားပါ။

(၅) ခြေသည်းလက်သည်းတွေ သပ်ရပ်နေပါစေ။

(၆) သက်သောင့်သက်သာရှိတဲ့ပုံစံပေါက်နေပါစေ။

(၇) ယောင်္ကျားဆန်တဲ့ရေမွှေးနံ့ကို ရွေးစွတ်ပါ။

ဒီလိုအခြေခံအချက်လေးတွေသိပြီဆိုရင် ကိုယ်ဖြေတဲ့အင်တာဗျူးတွေမှာ ကိုယ့်ဖက်ရှင်နဲ့ပတ်သက်ပြီး အမှတ်လျော့တာမျိုးတွေကင်းဝေးနိုင်ပါလိမ့်မယ်။ အခရာပရိသတ်တွေထဲမှာရော အင်တာဗျူးဖက်ရှင်အတွက် အကြံပြုချင်တာလေးတွေရှိရင်ပြောပြခဲ့ပေးပါလား။

ဂျူဂျူး(အခရာ)

www.akhayar.com