[Zawgyi]

ပြင့္ရိုက္ဂါ၀န္ေတြကို ဘယ္လို အေပၚထပ္ေတြနဲ႔ တြဲဝတ္မလဲ

မိန္းကေလးေတာ္ေတာ္မ်ားကေတာ့ ဂါဝန္မႀကိဳက္တဲ့သူရယ္လုိ႔ မရိွသေလာက္ပါပဲ။ အခုဒီႏွစ္ပိုင္းေတြမွာ ေကာင္မေလးေတြအေနနဲ႔ ဂါဝန္ေလးေတြ ျပန္အ၀တ္မ်ားလာၾကသလုိ ရိုးရိုးရွင္းရွင္းနဲ႔ လွပတဲ့ French Girl Dress ေလးေတြ ေကာင္မေလးေတြၾကားထဲ ေရပန္းစားလာတာ ေတြ႔ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ခါတေလမွာ ဂါဝန္တစ္ထည္တည္း ၀တ္ရတာ အရမ္းပ်င္းစရာေကာင္းတယ္ေလ။ ကိုယ္၀တ္မယ့္ ပြင့္ရိုက္ဂါ၀န္ပံုစံနဲ႔ လိုက္ဖက္တဲ့ အေပၚထပ္ေလးေတြနဲ႔ ရံဖန္ရံခါ တြဲ၀တ္ၾကည့္တာက ပိုဆန္းသြားေစသလို စတိုင္လ္တစ္မ်ဳိးလည္း ထပ္ရေစတာမို႔ ပြင့္ရိုက္ဂါဝန္တစ္ထည္တည္း ရိုးရိုးႀကီး၀တ္မယ့္ အစား ေအာက္မွာေျပာျပထားသလုိ အေပၚထပ္ေလးေတြနဲ႔ တြဲဝတ္ၾကည့္လိုက္မယ္ဆုိရင္ ….

Jean Coat

Jean Coat

Jean Coat

Jean ကေတာ့ ဘာနဲ႔တြဲတြဲလိုက္တယ္ဆိုတဲ့အတိုင္းပါပဲ..ဂါဝန္ေတြနဲ႔ တြဲ၀တ္လုိက္လည္း မိုက္ပါတယ္။ အထူးသျဖင့္ ပြင့္ရိုက္ဂါဝန္ေလးေတြနဲ႔ဆို ခ်စ္စရာေကာင္းၿပီး လူငယ္ဆန္တဲ့အသြင္ကို ရရိွေစသလို ခပ္မုိက္မိုက္ပံုစံကိုေျပာင္းလဲလိုက္လုိ႔လည္း လြယ္ပါတယ္။ တကယ္လုိ႔ မဝတ္ရင္ေတာင္ အေပၚက ၿခံဳတာတို႔၊ ပခံုးတစ္ဝက္ေလွ်ာၿပီး ဝတ္တာတို႔လည္း လုပ္လို႔ရပါေသးတယ္။

Sweater Cardigan

Sweater Cardigan

Sweater Cardigan

မထူမပါး Sweater Cardigan ေလးေတြက မၾကာခင္ေရာက္ေတာ့မယ့္ ေဆာင္းရာသီနဲ႔လည္း အံကိုက္ပါပဲ။ ခရီးေတြ ဘာေတြသြားတဲ့အခါ  Sweater Cardigan ေလးက ဝတ္လုိ႔အဆင္ေျပသလို ဓာတ္ပံုရိုက္ရင္လည္း လွပါတယ္။ ခါးနည္းနည္း ရွည္တဲ့ Sweater Cardigan ေလးေတြက နည္းနည္း Fit ျဖစ္တဲ့ ပြင့္ရိုက္ဂါဝန္ေတြနဲ႔ ပိုအဆင္ေျပၿပီးေတာ့ ဂါဝန္ကားကားေလးေတြကေတာ့ ကိုယ္လံုးအတိ ရင္ေစ့ Sweater Cardigan ေလးေတြနဲ႔ ပိုလိုက္ဖက္ပါတယ္။

Leather Jacket and Floral Dress

Leather Jacket and Floral Dress

Leather Jacket

Leather ေတြနဲ႔ တြဲဖက္လုိက္မယ္ဆိုရင္ မမုိက္တဲ့ ဖက္ရွင္ဆိုတာမရွိပါဘူး။ မိန္းမဆန္တဲ့ ပြင့္ရိုက္ဂါဝန္
ေတြနဲ႔ Leather Jacket ေတြကို တြဲဖက္ဝတ္လိုက္မယ္ဆုိရင္ တစ္မ်ိဳးေတာ့ ဆန္းသြားမွာ ေသခ်ာပါတယ္။ ဒီစတိုင္လ္က သူငယ္ခ်င္းေတြနဲ႔ ေပါ့ေပါ့ပါးပါး Hangout လုပ္တဲ့အခါ ဝတ္လုိ႔ရသလို Shopping ထြက္တဲ့အခ်ိန္၊ ေမြးေန႔ပါတီေတြဘာေတြ သြားရင္လည္း ဝတ္သြားႏိုင္ပါတယ္။ Leather Jacket ေၾကာင့္ ပြင့္ရိုက္ဂါဝန္ရဲ႕ အေရာင္လည္း ပိုထြက္သြားမွာပါ။

bomber jacket

bomber jacket

Bomber Jacket

Bomber Jacket ေလးေတြကို ပြင့္ရိုက္ဂါဝန္ေတြနဲ႔  တြဲ၀တ္လို႔ရပါတယ္။ အထူးသျဖင့္ ခပ္ပါးပါး Bomber ေလးေတြက ပြင့္ရိုက္ဂါဝန္ေလးေတြနဲ႔ တြဲဖက္လုိ႔ေကာင္းတဲ့အျပင္ မိန္းမဆန္ၿပီး သူမ်ားနဲ႔ မတူတဲ့ စတိုင္လ္ကို ရရွိေစပါတယ္။ ေအးတဲ့အခ်ိန္ဆိုလည္း Bomber ထူထူေလးေတြနဲ႔ ရိႈးထုတ္လုိ႔ရေသးတယ္ေနာ္။

Shirt Dress

Shirt Dress

Shirt Dress

ပံုမွန္အေပၚထပ္ေတြနဲ႔ မတြဲခ်င္ေတာ့ဘူးဆုိရင္ ကိုယ့္မွာ ရွိၿပီးသား Shirt Dress အရွည္ေတြနဲ႔ တြဲလိုက္လို႔ရပါတယ္။ အေပၚဝတ္ရံုဖားဖားလုိ Shirt Dress ေတြနဲ႔ ဝတ္လိုက္မယ္ဆုိရင္ အရမ္း ကားကားဖားဖား ဂါဝန္ေတြထက္ ကိုယ္က်ပ္ဂါဝန္ေလးေတြကို ဦးစားေပးသင့္ၿပီးေတာ့ အစင္း Shirt Dressေတြ၊ ဖဲလို ဝတ္ရံုဖားဖားေတြနဲ႔ တြဲဝတ္လုိ႔ရပါတယ္။ ဒီစတုိင္လ္နဲ႔ဆိုရင္ေတာ့ ဆန္းသြားမွာ အေသအခ်ာပါ။

Su Yi Htet (Akhayar)

[Unicode]

ပွင့်ရိုက်ဂါဝန်တွေကို ဘယ်လို အပေါ်ထပ်တွေနဲ့ တွဲဝတ်မလဲ

မိန်းကလေးတော်တော်များကတော့ ဂါဝန်မကြိုက်တဲ့သူရယ်လို့ မရှိသလောက်ပါပဲ။ အခုဒီနှစ်ပိုင်းတွေမှာ ကောင်မလေးတွေအနေနဲ့ ဂါဝန်လေးတွေ ပြန်အဝတ်များလာကြသလို ရိုးရိုးရှင်းရှင်းနဲ့ လှပတဲ့ French Girl Dress လေးတွေ ကောင်မလေးတွေကြားထဲ ရေပန်းစားလာတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ဂါဝန်တစ်ထည်တည်း ဝတ်ရတာ အရမ်းပျင်းစရာကောင်းတယ်လေ။ ကိုယ်ဝတ်မယ့် ပွင့်ရိုက်ဂါဝန်ပုံစံနဲ့ လိုက်ဖက်တဲ့ အပေါ်ထပ်လေးတွေနဲ့ ရံဖန်ရံခါ တွဲဝတ်ကြည့်တာက ပိုဆန်းသွားစေသလို စတိုင်လ်တစ်မျိုးလည်း ထပ်ရစေတာမို့ ပွင့်ရိုက်ဂါဝန်တစ်ထည်တည်း ရိုးရိုးကြီးဝတ်မယ့် အစား အောက်မှာပြောပြထားသလို အပေါ်ထပ်လေးတွေနဲ့ တွဲဝတ်ကြည့်လိုက်မယ်ဆိုရင် ….

Jean Coat

Jean Coat

Jean Coat

Jean ကတော့ ဘာနဲ့တွဲတွဲလိုက်တယ်ဆိုတဲ့အတိုင်းပါပဲ..ဂါဝန်တွေနဲ့ တွဲဝတ်လိုက်လည်း မိုက်ပါတယ်။ အထူးသဖြင့် ပွင့်ရိုက်ဂါဝန်လေးတွေနဲ့ဆို ချစ်စရာကောင်းပြီး လူငယ်ဆန်တဲ့အသွင်ကို ရရှိစေသလို ခပ်မိုက်မိုက်ပုံစံကိုပြောင်းလဲလိုက်လို့လည်း လွယ်ပါတယ်။ တကယ်လို့ မဝတ်ရင်တောင် အပေါ်က ခြုံတာတို့၊ ပခုံးတစ်ဝက်လျှောပြီး ဝတ်တာတို့လည်း လုပ်လို့ရပါသေးတယ်။

Sweater Cardigan

Sweater Cardigan

Sweater Cardigan

မထူမပါး Sweater Cardigan လေးတွေက မကြာခင်ရောက်တော့မယ့် ဆောင်းရာသီနဲ့လည်း အံကိုက်ပါပဲ။ ခရီးတွေ ဘာတွေသွားတဲ့အခါ Sweater Cardigan လေးက ဝတ်လို့အဆင်ပြေသလို ဓာတ်ပုံရိုက်ရင်လည်း လှပါတယ်။ ခါးနည်းနည်း ရှည်တဲ့ Sweater Cardigan လေးတွေက နည်းနည်း Fit ဖြစ်တဲ့ ပွင့်ရိုက်ဂါဝန်တွေနဲ့ ပိုအဆင်ပြေပြီးတော့ ဂါဝန်ကားကားလေးတွေကတော့ ကိုယ်လုံးအတိ ရင်စေ့ Sweater Cardigan လေးတွေနဲ့ ပိုလိုက်ဖက်ပါတယ်။

Leather Jacket and Floral Dress

Leather Jacket and Floral Dress

Leather Jacket

Leather တွေနဲ့ တွဲဖက်လိုက်မယ်ဆိုရင် မမိုက်တဲ့ ဖက်ရှင်ဆိုတာမရှိပါဘူး။ မိန်းမဆန်တဲ့ ပွင့်ရိုက်ဂါဝန်
တွေနဲ့ Leather Jacket တွေကို တွဲဖက်ဝတ်လိုက်မယ်ဆိုရင် တစ်မျိုးတော့ ဆန်းသွားမှာ သေချာပါတယ်။ ဒီစတိုင်လ်က သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး Hangout လုပ်တဲ့အခါ ဝတ်လို့ရသလို Shopping ထွက်တဲ့အချိန်၊ မွေးနေ့ပါတီတွေဘာတွေ သွားရင်လည်း ဝတ်သွားနိုင်ပါတယ်။ Leather Jacket ကြောင့် ပွင့်ရိုက်ဂါဝန်ရဲ့ အရောင်လည်း ပိုထွက်သွားမှာပါ။

bomber jacket

bomber jacket

Bomber Jacket

Bomber Jacket လေးတွေကို ပွင့်ရိုက်ဂါဝန်တွေနဲ့ တွဲဝတ်လို့ရပါတယ်။ အထူးသဖြင့် ခပ်ပါးပါး Bomber လေးတွေက ပွင့်ရိုက်ဂါဝန်လေးတွေနဲ့ တွဲဖက်လို့ကောင်းတဲ့အပြင် မိန်းမဆန်ပြီး သူများနဲ့ မတူတဲ့ စတိုင်လ်ကို ရရှိစေပါတယ်။ အေးတဲ့အချိန်ဆိုလည်း Bomber ထူထူလေးတွေနဲ့ ရှိုးထုတ်လို့ရသေးတယ်နော်။

Shirt Dress

Shirt Dress

Shirt Dress

ပုံမှန်အပေါ်ထပ်တွေနဲ့ မတွဲချင်တော့ဘူးဆိုရင် ကိုယ့်မှာ ရှိပြီးသား Shirt Dress အရှည်တွေနဲ့ တွဲလိုက်လို့ရပါတယ်။ အပေါ်ဝတ်ရုံဖားဖားလို Shirt Dress တွေနဲ့ ဝတ်လိုက်မယ်ဆိုရင် အရမ်း ကားကားဖားဖား ဂါဝန်တွေထက် ကိုယ်ကျပ်ဂါဝန်လေးတွေကို ဦးစားပေးသင့်ပြီးတော့ အစင်း Shirt Dressတွေ၊ ဖဲလို ဝတ်ရုံဖားဖားတွေနဲ့ တွဲဝတ်လို့ရပါတယ်။ ဒီစတိုင်လ်နဲ့ဆိုရင်တော့ ဆန်းသွားမှာ အသေအချာပါ။

Su Yi Htet (Akhayar)