လက်ဝတ်တန်ဆာမကြိုက်တဲ့သူတွေအပြင် ကိုယ်ခန္ဒာပေါ်မှာ အ၀တ်အစားအပြင် အပိုဘာတစ်ခုမှ အတင်မခံနိုင်တဲ့ အမျိုးသမီးတွေလည်း တွေ့ဖူးပါတယ်။ Image Consultant ဆီလာပြီး တိုင်ပင်ပေမယ့် လက်ဝတ်လက်စားတွေ အတင်းဝတ်ခိုင်းမှာ၊ သူတို့မကြိုက်တဲ့ အ၀တ်အစားတွေ အရောင်တွေ အတင်းဝတ်ခိုင်းမှာ ကြောက်တဲ့သူတွေ အများကြီးတွေ့ဖူးပါတယ်။

တကယ်တော့ ကျွန်မရဲ့အလုပ် (Image Consultant)က အမျိုးသမီး အမျိုးသားတွေကို Professional ဖြစ်ချင်ရင် ဒီတိုင်းထွက်ရမယ်ဆိုပြီး စက်ရုံက ပုံနှိပ်လိုက်သလို ၀တ်ခိုင်းတာ၊ ပြင်ဆင်ခိုင်းတာလုံးဝ (လုံးဝ) မဟုတ်ပါဘူး။

တကယ့်အလုပ်က လူတွေကို နားလည်ဖို့ပါ။ သူတို့ရဲ့ ကြိုက်တာ၊ မကြိုက်တာကို သေချာလေ့လာသုံးသပ်၊ စကားပြော၊ နားထောင်ပြီး သူတို့နဲ့ လိုက်ဖက်ညီတဲ့၊ သူတို့ရဲ့ Goals တွေ၊ Passionတွေ၊ Values တွေနဲ့ ကိုက်ညီတဲ့ သူတို့တောင် မသိသေးတဲ့ ကိုယ်ပိုင် Image တစ်ခုကို Client နဲ့ တူတူလက်တွဲပြီး တည်ဆောက်ရတာပါ။ It’s a discovery process ပါ။

Image Consulting မှာ အရေးပါတဲ့ အစိတ်အပိုင်းတွေက Appearance ၊ Behaviour ၊ Communication ပါ။ အဲဒီမှာ Appearance ကို Subject အများကြီးထပ်ခွဲပါတယ်။ Appearance ထဲက တစ်ခုဖြစ်တဲ့ Accessories အကြောင်းလေးပြောချင်ပါတယ်။

Accessories ကြိုက်တဲ့လူရှိသလို မကြိုက်တဲ့လူလည်းရှိပါတယ်။ ကိုယ်နဲ့ လိုက်ဖက်တဲ့ Accessories ၀တ်ဆင်ခြင်းဟာ လူကို  ဆွဲဆောင်မှုပိုရှိစေပါတယ်။ ပိုကြည့်ကောင်းစေပါတယ်။ အရောင်လေးတွေနဲ့ အပြင်အဆင်က တစ်ဖက်လူရဲ့ စိတ်ဝင်စားမှုကို ပိုမြင့်တက်စေပါတယ်။ Accessories လို့ပြောတဲ့နေရာမှာ လက်ဝတ်လက်စားအပြင် မျက်မှန်၊ ဦးထုပ်၊ ပုဝါ၊ ရင်ထိုး၊ နာရီ၊ ကလစ်၊ ခါးပတ်၊ လက်ကြယ်သီး အလှများ၊ လက်ကိုင်အိတ် အစရှိသည်တို့ အားလုံးပါဝင်ပါတယ်။

Accessories Tips

  •   ဖက်ရှင်ကျကျ စိတ်ဝင်စားဖွယ်အရောင်များနှင့်ပြင်ဆင်ပါ။
  •   ရိုးရိုးယဉ်ယဉ် သို့သော် ခေတ်မီမီ ဖြစ်ပါစေ။
  •   ပြီးပြည့်စုံသော ဆင်ယင်ထုံးဖွဲ့မှု ဖြစ်ပါစေ။ အပေါ်ပိုင်းကိုတော့ သေချာပြင်ထားပြီး အောက်ပိုင်းကို ဖြစ်သလိုဝတ်တာမျိုး ရှောင်ပါ။
  •   ဆံပင်၊ မိတ်ကပ်၊ ဆင်ယင်ထုံးဖွဲ့မှု၊ မျက်မှန် များသည်လည်း မိမိရဲ့ ပုံရိပ်ကို မြှင့်တင်ပေးနိုင်၊ ကျစေနိုင်သော အသုံးအဆောင်ပစ္စည်းများဖြစ်ပါတယ်။
  •   ဘယ်လောက်ပဲ ဈေးကြီးဈေးသက်သာ အရေးမကြီးပါ။ အတုမ၀တ်ပါနှင့်။

Accessories များ မလိုအပ်ဘဲ အလွန်အကျွံ ၀တ်ဆင်ခြင်း

  •      ရှုပ်ထွေးသောပုံစံ – Accessories များ အလွန်အကျွံ ဝတ်ဆင်ခြင်း ကိုရှောင်ရပါမယ်။
  •      တစ်နေရာထဲတွင် နှစ်ခုထက် ပိုမို ဝတ်ဆင်ခြင်း ရှောင်ရပါမယ်။
  •      စာရွက်စာတမ်းထည့်အိတ်၊ လက်ကိုင်အိတ် အကြီးအသေး စသဖြင့် အများကြီး မကိုင်ဘဲ တစ်စုတစ်စည်းထဲ သပ်ရပ်စွာ ကိုင်ရပါမယ်။
  •      အသားကပ်ခြေအိတ်ဝတ်တဲ့အခါ ၀တ်ထားတဲ့ အ၀တ်အစားနဲ့ မလိုက်တာမျိုးရှောင်ကျဉ်ရပါမယ်။ ဥပမာ ရုံးသွားတဲ့ Formal Dress နဲ့ ရောင်စုံခြေအိတ်တွဲဝတ်တာမျိုး။
  •   ခြေကျင်းဝတ်တွင် ကြီးမားသော ခြေကျင်းများ ဝတ်ဆင်ခြင်းရှောင်ရပါမယ်။
  •   ဆံပင် Style သပ်ရပ်လှပခြင်း၊ မျက်နှာနှင့် လိုက်ဖက်ခြင်းဟာလည်း အရေးကြီးလှပါတယ်။ မိမိရဲ့ ဆံပင် အလွန်ရှုပ်ထွေးပါက (ဥပမာ – ဆံပင်အကောက်) အခြား Accessories တွေကို လျှော့ပြီး ၀တ်ဆင်ရပါမယ်။
  •   ကျောက်မျက်ရတနာ များဝတ်ဆင်ရာတွင် မျက်နှာ၏ ပုံသဏ္ဏာန်နှင့်အရွယ်အစားပေါ် မူတည်၍ ဝတ်ဆင်ရပါမယ်။

အရာအားလုံးဟာ Balance ပါပဲ။ Accessories ဆိုရင် လုံးဝ (လုံးဝ) မ၀တ်ချင်ဘူးဆိုတာကိုလည်း နည်းနည်းလေး ပြန်စဉ်းစားသင့်သလို Chrismas Tree လို အများကြီး ၀တ်ဆင်ခြင်းမှလည်း ရှောင်ကျဉ်ခြင်းဖြင့် Accessories ကို လိုသလိုအသုံးပြုနိုင်ပါတယ်။

Htet Yie (Brand You)

အခရာ

www.akhayar.com