[Zawgyi] 


Made By Google Tweet



Hint for the Camera


Hint for Small Phone


Hint for the Big Phone


Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Made By Google Event ကို ဘယ်လို ကြည့်ကြမလဲ

Google က Made By Google ဆိုတဲ့ Product သစ်မိတ်ဆက်ပွဲကို New York မြို့မှာ ကျင်းပသွားတော့မှာပါ။ ဒီပွဲကိုတော့ Google က YouTube မှာ Livestream ပြုလုပ်ပေးသွားမှာဖြစ်တာကြောင့် သင်ကိုယ်တိုင်လည်း စောင့်ကြည့်နိုင်မှာပါ။ 

Made By Google Tweet

Google Event မှာ စိတ်ဝင်စားဖို့ကောင်းတာ ၃ ချက်ရှိပါတယ်။ အဲ့တာတွေကတော့ မိတ်ဆက်မယ့် ဖုန်းအသစ်တွေ၊ Android Feature အသစ်တွေနဲ့ အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာတွေပါ။ Product အသစ်တွေထဲက စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့ Pixel 3 ဖုန်းတွေပါ။ Google က ပထမဦးဆုံး Pixel ဖုန်းကတည်းက အရွယ် ၂ မျိုး ထုတ်ခဲ့ပေမယ့် အခုတစ်ခေါက်မှာတော့ ၃ မျိုးအထိ ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ အဲ့တာကလည်း Google ရဲ့ နောက်ဆုံးတင်ထားလိုက်တဲ့ Twitter က Tweet တစ်ခုကြောင့်ပါ။  

3 ဆိုတဲ့ နံပါတ်ကို သုံးခါပြထားတာက Pixel 3 Device သုံးခုဖြစ်လာမယ်ဆိုတာ သေချာနေပါပြီ။ 

Hint for the Camera

Google က Instagram အပါအဝင် Social Media တွေမှာလည်း မနားတမ်း Teaser ဓာတ်ပုံတွေတင်နေခဲ့ပါသေးတယ်။ အဲ့ဒီပုံတွေမှာတော့ Pixe 3 ဖုန်း တွေရဲ့ Camera နဲ့ပတ်သက်ပြီး Hint ပေးထားသလို Size တွေနဲ့ ပတ်သက်လို့လည်း Hint နှစ်ခုပေးထားပါတယ်။ 

Hint for Small Phone

ဖုန်းအကြီးဆုံးက ဘယ်လောက်ကြီးနိုင်မလဲဆိုတာနဲ့ ဖုန်းအသေးဆုံးကရော ဘယ်လောက်သေးတာက အဆင်ပြေမလဲဆိုတာတွေကို စဉ်းစားစရာဖြစ်အောင် လုပ်ပေးထားတာပါ။ 

Hint for the Big Phone

နောက်ထပ် သတင်းပေါက်ထားတာတွေအရတော့ Google က Pixel Slate ဆိုပြီး Android Tablet အသစ်ကိုလည်း မိတ်ဆက်ပေးသွားမယ်ဆိုတာပါ။ သတင်းပေါက်ထားတွေအားလုံး ဟုတ်မဟုတ်ဆိုတာကိုတော့ ဒီနေ့ည ၉ နာရီ ၁၀ မိနစ်မှာ YouTube ကနေ စောင့်ကြည့်နိုင်ပါတယ်။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။