[Zawgyi]

Samsung က်င္းပသြားေတာ့မယ့္ Galaxy Unpack Event မွာ ဘာေတြျမင္ေတြ႕ရမလဲ

Samsung စမတ္ဖုန္း ထုတ္ကုန္သစ္ မိတ္ဆက္ပြဲႀကီး မၾကာခင္ New York ၿမိဳ႕မွာ က်င္းပသြားေတာ့မွာပါ။ Galaxy Unpack Event ဆိုေတာ့ ဒီပြဲေလးမွာ ကြၽန္ေတာ္တို႔ ဘာေတြ ျမင္ေတြ႕ရမလဲ၊ အခုအခ်ိန္ Samsung Product အသစ္ထဲမွာ ေရပန္းစားေနတာက Galaxy Note 9 ျဖစ္ၿပီး သူနဲ႔အတူ Galaxy Watch အသစ္နဲ႔ Wireless Charge Duo ထုတ္ကုန္ ႏွစ္မ်ိဳး မိတ္ဆက္သြားဖြယ္ရွိတယ္လို႔ သတင္းထြက္ေနပါတယ္။

Galaxy Unpack Event

ဒါဆိုရင္ Samsung Product မိတ္ဆက္ပြဲနဲ႔အတူ ည ၉ နာရီခြဲမွာ က်င္းပသြားေတာ့မယ့္ Galaxy Unpack Event ကို ဘယ္လိုၾကည့္က်မလဲ။ ဒီပြဲစဥ္ကို Samsung Facebook Page မွာ တိုက္႐ိုက္ၾကည့္ရႈႏိုင္သလို Samsung Website မွာလည္း သြားေရာက္ၾကည့္ရႈႏိုင္ပါတယ္။ ဆိုေတာ့ Galaxy ထုတ္ကုန္ မိတ္ဆက္ပြဲေလးမွာ ဘာေတြ ထူးျခားလာဦးမလဲ?

Galaxy Note perhaps?

Galaxy Note 9

Samsung ကိုယ္တိုင္က Galaxy S9 ေရာင္းအားက်ေနလို႔ အားတက္သေရာ ေမွ်ာ္လင့္ထားတဲ့ စမတ္ဖုန္းလို႔ ေျပာရင္ မွားမယ္မထင္ပါဘူး။ ဒီဇိုင္းပိုင္းမွာ အရင္ Galaxy Note 8 ေမာ္ဒယ္နဲ႔ ထူးျခားသြားတာမ်ိဳးမရွိေပမယ့္ Battery အေနနဲ႔ 4,000 mAh Battery သုံးလာႏိုင္ပါတယ္။

Different Colours, Yellowish Stylus Pen

ကင္မရာပိုင္းေျပာရရင္ Galaxy S9 Plus လို Dual Camera Setup ပါဝင္လာႏိုင္ၿပီး Aperture f/1.5 ကေန f/2.4 အထိ အတိုးခ်ဲ႕ျပဳလုပ္ႏိုင္တဲ့ 12MP ပင္မကင္မရာ၊ ထပ္ၿပီး Aperture f/2.4 ရွိတဲ့ 12MP ကင္မရာကိုပဲ Secondary အေနနဲ႔ ပါဝင္လာမယ္လို႔ ခန႔္မွန္းရပါတယ္။ ေရွ႕ကင္မရာမွာေတာ့ 8MP ကင္မရာပဲ သုံးထားႏိုင္ၿပီး Wide-angel Lens ထည့္သြင္းထားမယ္လို႔ သိရပါတယ္။ ဒီေနရာမွာ Galaxy S9 Plus နဲ႔ ကြာသြားမယ့္အခ်က္က 960fps ဗီဒီယိုေတြကို ဝ.၄ စကၠန႔္အထိ ႐ိုက္ကူးႏိုင္မယ္ဆိုတာပါ။ အရင္တုန္းက ဝ.၂ စကၠန႔္ထိပဲ ႐ိုက္လို႔ရတာဆိုေတာ့ ၁၂ စကၠန႔္စာ Slow-motion ဗီဒီယိုေတြ Galaxy Note 9 နဲ႔ ႐ိုက္ကူးလို႔ရမယ္လို႔ ခန႔္မွန္းရပါတယ္။

Stylus Pen Feature

Galaxy Note 9 မွာ ထူးျခားလာမယ့္ ေနာက္တခ်က္က Storage ကို 512GB အထိ ပါဝင္လာမယ္ဆိုတဲ့ သတင္းပါ။ မၾကာေသးခင္က ေပါက္ၾကားခဲ့တဲ့ သတင္းအရဆိုရင္ Galaxy Note 8 လို 6.4″ Display၊ Quad HD+ Resolution နဲ႔ Corning Glass Protection ေတြ ပါဝင္လာမွာပါ။ က်န္တဲ့ Specification နဲ႔ ပတ္သက္လို႔ တိတိက်က် မသိရေသးမယ့္ Snapdragon 845 SoC ဒါမွမဟုတ္ Samsung Exynos 9 Series Processor သုံးထားႏိုင္ပါတယ္။ RAM ကို 6GB ဒါမွမဟုတ္ 8GB ပါဝင္လာႏိုင္ၿပီး Storage ကို 64GB/128GB/512GB ဆိုၿပီး ေ႐ြးခ်ယ္လို႔ရမယ္ ထင္ပါတယ္။

Leaked Galaxy Note 9 Image

ဒီလိုဆိုေတာ့ Galaxy Note 9 နဲ႔ ပတ္သက္လို႔ အေတာ္ေလး ျပည့္စုံေနၿပီထင္ပါတယ္။ ထုံးစံအတိုင္း IP68 Standard နဲ႔ ပြဲထြက္လာဦးမွာျဖစ္သလို Audio ပိုင္းမွာလည္း Dolby Atmos နဲ႔ အားျဖည့္ထားတဲ့ Stereo Speaker အသံထြက္စနစ္ ပါဝင္လာဦးမွာပါ။

Samsung Wireless Charger Duo

Wireless Charger Duo

Wireless Charger Duo နဲ႔ ပတ္သက္လို႔ Roland Quandt ဆိုသူက Twitter အေကာင့္မွာ ပုံနဲ႔တကြ တင္ထားခဲ့လို႔ Samsung တိတ္တဆိတ္ မိတ္ဆက္ေပးသြားခ်င္တယ္ဆိုတာ သိရတာပါ။ သူေလးလည္း Apple AirPower Mat လို 2-in-1 Wireless Charging စနစ္ပါဝင္လာၿပီး စမတ္ဖုန္းနဲ႔ နာရီကို တၿပိဳင္နက္ အားသြင္းႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

Samsung Galaxy Gear

Galaxy Gear

Galaxy Gear ကိုေတာ့ Google သုံးေနတဲ့ Wear OS အစား Samsung ကိုယ္ပိုင္ Tizen Software ပဲ သုံးထားမယ္လို႔ ခန႔္မွန္းရပါတယ္။ လက္ရွိအခ်ိန္မွာ Galaxy Gear နဲ႔ ပတ္သက္လို႔ တိတိက်က် မသိရေသးတာမလို႔ မၾကာခင္ က်င္းပသြားေတာ့မယ့္ Galaxy Unpack Event ေရာက္မွသာ Device ၃ မ်ိဳးလုံး ဘယ္လို Specification မ်ိဳးနဲ႔ မိတ္ဆက္လာမလဲဆိုတာ အေသးစိတ္သိရွိရမွာပါ။

2B (Akhayar)

www.akhayar.com

[Unicode]

Samsung ကျင်းပသွားတော့မယ့် Galaxy Unpack Event မှာ ဘာတွေမြင်တွေ့ရမလဲ

Samsung စမတ်ဖုန်း ထုတ်ကုန်သစ် မိတ်ဆက်ပွဲကြီး မကြာခင် New York မြို့မှာ ကျင်းပသွားတော့မှာပါ။ Galaxy Unpack Event ဆိုတော့ ဒီပွဲလေးမှာ ကျွန်တော်တို့ ဘာတွေ မြင်တွေ့ရမလဲ၊ အခုအချိန် Samsung Product အသစ်ထဲမှာ ရေပန်းစားနေတာက Galaxy Note 9 ဖြစ်ပြီး သူနဲ့အတူ Galaxy Watch အသစ်နဲ့ Wireless Charge Duo ထုတ်ကုန် နှစ်မျိုး မိတ်ဆက်သွားဖွယ်ရှိတယ်လို့ သတင်းထွက်နေပါတယ်။

Galaxy Unpack Event

ဒါဆိုရင် Samsung Product မိတ်ဆက်ပွဲနဲ့အတူ ည ၉ နာရီခွဲမှာ ကျင်းပသွားတော့မယ့် Galaxy Unpack Event ကို ဘယ်လိုကြည့်ကျမလဲ။ ဒီပွဲစဉ်ကို Samsung Facebook Page မှာ တိုက်ရိုက်ကြည့်ရှုနိုင်သလို Samsung Website မှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။ ဆိုတော့ Galaxy ထုတ်ကုန် မိတ်ဆက်ပွဲလေးမှာ ဘာတွေ ထူးခြားလာဦးမလဲ?

Galaxy Note perhaps?

Galaxy Note 9

Samsung ကိုယ်တိုင်က Galaxy S9 ရောင်းအားကျနေလို့ အားတက်သရော မျှော်လင့်ထားတဲ့ စမတ်ဖုန်းလို့ ပြောရင် မှားမယ်မထင်ပါဘူး။ ဒီဇိုင်းပိုင်းမှာ အရင် Galaxy Note 8 မော်ဒယ်နဲ့ ထူးခြားသွားတာမျိုးမရှိပေမယ့် Battery အနေနဲ့ 4,000 mAh Battery သုံးလာနိုင်ပါတယ်။

Different Colours, Yellowish Stylus Pen

ကင်မရာပိုင်းပြောရရင် Galaxy S9 Plus လို Dual Camera Setup ပါဝင်လာနိုင်ပြီး Aperture f/1.5 ကနေ f/2.4 အထိ အတိုးချဲ့ပြုလုပ်နိုင်တဲ့ 12MP ပင်မကင်မရာ၊ ထပ်ပြီး Aperture f/2.4 ရှိတဲ့ 12MP ကင်မရာကိုပဲ Secondary အနေနဲ့ ပါဝင်လာမယ်လို့ ခန့်မှန်းရပါတယ်။ ရှေ့ကင်မရာမှာတော့ 8MP ကင်မရာပဲ သုံးထားနိုင်ပြီး Wide-angel Lens ထည့်သွင်းထားမယ်လို့ သိရပါတယ်။ ဒီနေရာမှာ Galaxy S9 Plus နဲ့ ကွာသွားမယ့်အချက်က 960fps ဗီဒီယိုတွေကို ဝ.၄ စက္ကန့်အထိ ရိုက်ကူးနိုင်မယ်ဆိုတာပါ။ အရင်တုန်းက ဝ.၂ စက္ကန့်ထိပဲ ရိုက်လို့ရတာဆိုတော့ ၁၂ စက္ကန့်စာ Slow-motion ဗီဒီယိုတွေ Galaxy Note 9 နဲ့ ရိုက်ကူးလို့ရမယ်လို့ ခန့်မှန်းရပါတယ်။

Stylus Pen Feature

Galaxy Note 9 မှာ ထူးခြားလာမယ့် နောက်တချက်က Storage ကို 512GB အထိ ပါဝင်လာမယ်ဆိုတဲ့ သတင်းပါ။ မကြာသေးခင်က ပေါက်ကြားခဲ့တဲ့ သတင်းအရဆိုရင် Galaxy Note 8 လို 6.4″ Display၊ Quad HD+ Resolution နဲ့ Corning Glass Protection တွေ ပါဝင်လာမှာပါ။ ကျန်တဲ့ Specification နဲ့ ပတ်သက်လို့ တိတိကျကျ မသိရသေးမယ့် Snapdragon 845 SoC ဒါမှမဟုတ် Samsung Exynos 9 Series Processor သုံးထားနိုင်ပါတယ်။ RAM ကို 6GB ဒါမှမဟုတ် 8GB ပါဝင်လာနိုင်ပြီး Storage ကို 64GB/128GB/512GB ဆိုပြီး ရွေးချယ်လို့ရမယ် ထင်ပါတယ်။

Leaked Galaxy Note 9 Image

ဒီလိုဆိုတော့ Galaxy Note 9 နဲ့ ပတ်သက်လို့ အတော်လေး ပြည့်စုံနေပြီထင်ပါတယ်။ ထုံးစံအတိုင်း IP68 Standard နဲ့ ပွဲထွက်လာဦးမှာဖြစ်သလို Audio ပိုင်းမှာလည်း Dolby Atmos နဲ့ အားဖြည့်ထားတဲ့ Stereo Speaker အသံထွက်စနစ် ပါဝင်လာဦးမှာပါ။

Samsung Wireless Charger Duo

Wireless Charger Duo

Wireless Charger Duo နဲ့ ပတ်သက်လို့ Roland Quandt ဆိုသူက Twitter အကောင့်မှာ ပုံနဲ့တကွ တင်ထားခဲ့လို့ Samsung တိတ်တဆိတ် မိတ်ဆက်ပေးသွားချင်တယ်ဆိုတာ သိရတာပါ။ သူလေးလည်း Apple AirPower Mat လို 2-in-1 Wireless Charging စနစ်ပါဝင်လာပြီး စမတ်ဖုန်းနဲ့ နာရီကို တပြိုင်နက် အားသွင်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Samsung Galaxy Gear

Galaxy Gear

Galaxy Gear ကိုတော့ Google သုံးနေတဲ့ Wear OS အစား Samsung ကိုယ်ပိုင် Tizen Software ပဲ သုံးထားမယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိအချိန်မှာ Galaxy Gear နဲ့ ပတ်သက်လို့ တိတိကျကျ မသိရသေးတာမလို့ မကြာခင် ကျင်းပသွားတော့မယ့် Galaxy Unpack Event ရောက်မှသာ Device ၃ မျိုးလုံး ဘယ်လို Specification မျိုးနဲ့ မိတ်ဆက်လာမလဲဆိုတာ အသေးစိတ်သိရှိရမှာပါ။

2B (Akhayar)

www.akhayar.com