[Zawgyi]



Min Than Htike (Akhayar)

www.akhayar.com


[Unicode]

OnePlus 6T Event ကို ဘယ်လိုစောင့်ကြည့်ကြမလဲ

OnePlus ကတော့ ဒီနေ့ည ၉ နာရီခွဲမှာ OnePlus 6T ကို မိတ်ဆက်တော့မှာဖြစ်ပါတယ်။ OnePlus 6 ရဲ့နေရာကို အစားထိုးပေးမယ့် ထုတ်ကုန်အဖြစ် 6T က ရောက်လာမှာပါ။ 6T ကိုတော့ Minor Design Change နဲ့ Feature အသစ်တွေကို မိတ်ဆက်ပေးလာမယ်လို့ သတင်းထွက်ထားပြီးသားပါ။ OnePlus ကတော့ Event အတွက် ပြင်ဆင်နေတဲ့ Video ကိုလည်း Twitter မှာ Share ပေးထားပါသေးတယ်။

OnePlus 6T နဲ့ပတ်သက်လို့တော့ Teaser Video တွေနဲ့ ဓာတ်ပုံတွေကို Twitter မှာ တင်ထားသလို Facebook မှာလည်း Share ပေးခဲ့ပါတယ်။ Portrait Mode ၊ Night Mode ၊ Display Size နဲ့ Battery ပိုင်းတွေမှာ တိုးတက်လာမယ်ဆိုတာကို Teaser တွေထဲမှာ ပြသွားခဲ့ပါတယ်။ OnePlus 6T မှာ အဓိကပြောင်းလဲမှုအနေနဲ့ နောက်ကျောဖက်က Fingerprint Scanner ကို ဖြုတ်ပစ်ပြီး In Display Fingerprint Scanner ကို ထည့်ပေးလာမှာပါ။ OnePlus ကတော့ အမြန်ဆုံး In Display Fingerprint Scanner ဖြစ်လာမယ်ဆိုတာမျိုးကို ခဏခဏပြောနေပါပြီ။

OnePlus 6T နဲ့ပတ်သက်လို့တော့ Specification တွေက သတင်းပေါက်ထားပြီးဖြစ်ပေမယ့် တကယ်မိတ်ဆက်မှာပဲ အဲ့ဒီသတင်းတွေက ဟုတ်မဟုတ် သိရမှာပါ။ Oxygen OS ကိုလည်း အရင်ကထက် ပိုကောင်းလာအောင် လုပ်ပေးထားမှာဖြစ်ပြီး 6T အတွက် Gesture အသစ်တွေကိုလည်း တွေ့လာရမယ်လို့ OnePlus CEO Pete Lau က Forum မှာ ရှင်းပြခဲ့ပါတယ်။ OnePlus Event ကိုတော့ New York မှာ ကျင်းပသွားမှာဖြစ်ပြီး Live-Stream ကို YouTube မှာ ဒီ Link ကနေတဆင့်လွှင့်ပေးသွားမယ်လို့ သိရပါတယ်။ Event စမယ့် အချိန်ကတော့ ဒီနေ့ည ၉ နာရီခွဲပါ။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။