[Zawgyi]



iPad New Design Render


MacBook


Min Than Htike (Akhayar)

www.akhayar.com


[Unicode]

ဒီနေ့ညမှာ ကျင်းပမယ့် Apple ရဲ့ Special Event ကို ဘယ်လိုစောင့်ကြည့်ကြမလဲ

Apple ကတော့ Brooklyn Academy Of Music မှာ Special Event လုပ်သွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒီပွဲမှာတော့ ထုတ်ကုန်အသစ်တွေကို မိတ်ဆက်ပေးသွားမှာဖြစ်လို့ Apple Fan တွေအတွက်တော့ စိတ်ဝင်စားစရာပါပဲ။

Livestream will start at 8:30PM Myanmar Time

iPhone အသစ်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာလကပဲ မိတ်ဆက်ပေးသွားခဲ့ပြီး iPad အသစ်နဲ့ Mac တွေကိုတော့ ဒီနေ့ညမှာကျင်းပမယ့် ပွဲမှာပဲ တွေ့ရတော့မှာပါ။ iPad အသစ်တွေကိုတော့ မကြာသေးခင်က မိတ်ဆက်ပေးသွားခဲ့တဲ့ iPhone တွေလို့ပဲ Screen အပြည့်ဖြစ်အောင် Design ပြောင်းထားပေးမယ်လို့ သတင်းတွေထွက်နေပြီးသားပါ။ အဲ့ဒီအတွက်တော့ Touch ID ကို ဖယ်ပစ်လိုက်ရမှာဖြစ်တာကြောင့် iPhone တွေမှာလို Face ID ကို ထည့်ပေးလာမှာပါ။ ဒါပေမယ့် Face ID ကြောင့် iPad တွေမှာ Notch ပါလာမှာမဟုတ်ပါဘူး။ အကြောင်းကတော့ iPad တွေရဲ့ Display ဘေးဘောင်တွေက iPhone တွေရဲ့ Notch အတိုင်းအတာလောက် ထူနေသေးတာကြောင့်ပါ။ iPad mini ကိုလည်း အသစ်ထုတ်ပေးသွားမယ်လို့ သတင်းထွက်ထားပါသေးတယ်။

iPad New Design Render

နောက်ထပ် ထုတ်ကုန်သစ်တွေအနေနဲ့တော့ Mac တွေကို မိတ်ဆက်ပေးသွားမယ်လို့ ယူဆရပါတယ်။ Mac အသစ်တွေနဲ့ပတ်သက်ပြီးတော့လည်း သတင်းပေါက်တာတွေ၊ ကောလဟလတွေ ထွက်နေပြီးဖြစ်ပေမယ့် တိတိကျကျ သိရတာတော့ တစ်ခုမှမရှိသေးပါဘူး။ Design ပြောင်းတာမရှိသေးတဲ့ MacBook Air ကိုလည်း Apple က Design အသစ်နဲ့ ထုတ်ပေးလာမယ်လို့ သတင်းထွက်နေတာ များနေပါပြီ။ တကယ်ဟုတ်မဟုတ်ကိုတော့ ဒီနေ့ညပွဲကိုပဲ စောင့်ကြည့်ရမှာပါ။

MacBook

Apple က သူတို့ Website မှာပဲ Live Stream လုပ်ပေးသွားမှာဖြစ်တာကြောင့် ဒီ Link ကနေ ဝင်ကြည့်နိုင်ပါတယ်။ Live ကြည့်ဖို့အတွက်တော့ macOS နဲ့ iOS တွေမှာပါတဲ့ Safari နဲ့ Windows မှာဆိုရင် Microsoft Edge Browser နဲ့ Chrome Browser တွကိုသုံးပြီး ကြည့်နိုင်မှာပါ။ Event ကိုတော့ ဒီနေ့ အောက်တိုဘာ ၃၀ ရက်နေ့ ည ၈ နာရီခွဲမှာ စတင်သွားမယ်လို့ သိရပါတယ်။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။