[ZawGyi]
ဂျူဂျူး(Akhayar)
www.akhayar.com
[Unicode]
သင်္ကြန်အတွက် Sunscreen နဲ့ Makeup ကိုအဆင်ပြေပြေလိမ်းကြမယ်
လက်ရှိကာလက နေပူပြင်းနေတဲ့ကာလအပိုင်းအခြားလည်းဖြစ်သလို ရေထဲနေထဲထွက်လည်ရမယ့် သင်္ကြန်လည်းရောက်ရှိလာဦးမှာမို့ မိတ်ကပ်နဲ့ Sunscreen ဘယ်လိုတွဲဖက်သုံးမလဲ၊ နေရောင်ဒဏ်ကနေကာကွယ်မှုအပြည့် ရအောင် ဘယ်လိုတွဲဖက်လိမ်းမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
-အနည်းဆုံး SPF ၃၀ မှ ၅၀ ရှိတဲ့ Sunscreen ကိုရွေးပါ။ နေ့စဉ်သုံး ထသွားထလာအတွက်ဆိုရင်တော့ SPF ၃၀ ကလုံလောက်ပါတယ်။ ဒါပေမဲ့ ခုက နေပြင်းချိန်နေပူထဲတစ်နေကုန်ရှိမယ်ဆိုရင်တော့ SPF 50 လိုအပ်ပါတယ်။ ဒီလို ကိုယ်လိုချင်တဲ့ SPF ပမာဏကိုတွေ့ပြီဆိုရင် Type ကိုရွေးပါ။ မျက်နှာမှာလိမ်းမှာမို့ အဆီအရမ်းပြန်နေလို့မရပါဘူး။ ဒါကြောင့် Gel Type ၊Liquid Type လိုမျိုးကိုရွေးပါ။ Cosmetic တွေမှာ ပါတဲ့ SPF ကလုံလောက်တဲ့ကာကွယ်မှုမပေးနိုင်ပါဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် Sunscreen သီးသန့်ခံလိမ်းစေချင်ပါတယ်။
-Sunscreen ကိုမျက်နှာအနှံ့တို့ယူပါ။ ပွတ်မလိမ်းပါနဲ့။ ပုတ်ပုတ်ပြီးလိမ်းပေးပါ။ အသားထဲစိမ့်ဝင်သွားအောင် ခဏစောင့်ပေးပါ။
-မိတ်ကပ်ကိုရေထိလည်းမပျက်စေဘဲ စွဲမြဲစေဖို့ဆိုရင် Cream Foundation ဒါမှမဟုတ် Waterproof အမျိုးအစားကို သုံးပေးပါ။ Foundation မလိမ်းခင် Primer လေးသုံးပေးပါဦး။ မိတ်ကပ် Foundation ဟာ Sunscreen နဲ့ အဆင်ပြေပြေလေးရောနှောပြီး တစ်သားတည်းဖြစ်သွားစေရပါမယ်။ Sunscreen ပါတဲ့ Foundation ရွေးချယ်ထားရင်လည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ Foundation မှာပါတဲ့ Sunscreen အာနိသင်ကိုပဲ အားကိုးလို့တော့လုံးဝလုံးဝမရပါဘူးနော်။
-တချို့တွေက Sunscreen နဲ့ Moisturizer ၊ Sunscreen နဲ့ Foundation ကိုရောပြီး လိမ်းကြတာမျိုးရှိပါတယ်။ ဒီလို မတူညီတဲ့ Products နှစ်ခုရောမွှေတာမျိုးကိုတော့ အားမပေးချင်ပါဘူး။ အရေပြားနဲ့မတည့်မှာစိုးလို့ပါ။
– ပြီးရင်တော့ Foundation လိမ်းပါမယ်။ အသားအရေနဲ့တစ်သားတည်းဖြစ်သွားအောင် သေသေချာချာလိမ်းပါ။
– Sunscreen ရွေးချယ်တဲ့နေရာမှာ Physical Suncreen ကိုရွေးချယ်ဖို့လိုပါတယ်။ Physical Sunscreen ဆိုတာက Titanium dioxide နဲ့ Zinc oxide လိုမျိုး Mineral Ingredients တွေပါဝင်ပြီး တခြား Sunscreen လိုမျိုး အသားအရေကိုထိခိုက်မှုနည်းပါတယ်။ တစ်ခုရှိတာက Chemical Sunscreen တွေလိုမျိုး အချိန်အတော်ကြာကြာကာကွယ်မှုမပေးနိုင်ပါဘူး။ ဒါကြောင့် မကြာခဏထပ်လိမ်းပေးဖို့ လိုပါလိမ့်မယ်။ Neutrogena ၊ Lancome ၊ VICHY ၊ Clinique ၊ Smooth E စတဲ့ Brand တွေထဲမှာတော့ Physical Sunscreen တွေကို ဝယ်ယူနိုင်ပါတယ်။
– မိတ်ကပ် Foundation ပေါ်လိမ်းမယ့် Physical Sunscreen ကိုတော့ ပေါင်ဒါ၊ စပရေး၊ ခရင်မ် ကြိုက်တဲ့အမျိုးအစားကို သုံးနိုင်ပါတယ်။
– Spray Type ကို သုံးမယ်ဆိုရင်တော့ ဖျန်းပြီးချိန်စပရေးစိမ့်ဝင်သွားအောင် ခဏစောင့်ပါ။ တကယ်လို့ Sunscreen Spray ချည်းပဲ မသုံးချင်ဘူးဆိုရင် Makeup Setting Spray ကို SPF ပါတာရွေးသုံးလို့ရပါတယ်နော်။
– Powder Sunscreen ကနည်းနည်းတော့ ရှာရခက်နိုင်ပါတယ်။ တကယ်လို့ ရှာတွေ့လို့သုံးမယ်ဆိုရင်တော့ Brush လေးနဲ့ ဖွဖွလိမ်းခြယ်ပေးပါ။
-Cream Type ကိုလည်း ဖွဖွလေးနဲ့ပါးပါးလေး လိမ်းပေးလို့ရပါတယ်။
ပြီးရင်တော့ ကိုယ်လိမ်းနေကျဖြစ်တဲ့ Shadow ၊ Blusher ၊ နှုတ်ခမ်းနီတွေကို ဆက်သုံးနိုင်ပါပြီ။ ဒီလို ကာကွယ်မှုလေးကို အထပ်ထပ်လုပ်ထားမယ်ဆိုရင်တော့ နေရောင်ခြည်ကို သာမန်ထက်ပိုမိုကာကွယ်နိုင်မှာပါနော်။
ဂျူဂျူး(Akhayar)
www.akhayar.com