[Zawgyi]

Spotify အေကာင့္ ဘယ္လိုဖြင့္မလဲ ?

သင္ဟာ ႏိုင္ငံျခား သီခ်င္းသံစဥ္ေတြကိုႀကိဳက္ႏွစ္သက္သူတစ္ဦးဆိုရင္ Spotify ကိုမျဖစ္မေနသံုးၾကည့္ဖို႔အရင္ဆံုးတိုက္တြန္းပါရေစ။ (သံုးရင္လည္းသံုးႏွင့္ေနေလာက္ပါၿပီ xD)

Spotify ဆိုတာဘာလဲ?
Spotify ဆိုတာကေတာ့ Online Music Streaming Service တစ္ခုပါ။ ကမာၻတဝွမ္းမွာရွိတဲ့ အဆိုေတာ္အသီးသီးရဲ႕ သီခ်င္းေတြကို Online ကေနတဆင့္ ရွာေဖြနားေထာင္လို႔ရပါတယ္။ အေကာင္းဆံုးနာမည္ႀကီးေနတဲ့သီခ်င္းေတြ သီခ်င္းတစ္ပုဒ္ကို မတူညီတဲ့ ဂီတသံစဥ္အမ်ိဳးမ်ိဳးနဲ႔ ပံုေဖာ္ထားတာေတြကို နားေထာင္ႏိုင္ပါတယ္။(ဒီေလာက္ေကာင္းတဲ့ Spotify ကိုအေစာႀကီးကတည္းက နားေထာင္ခဲ့သင့္တယ္ေနာ္) ဒါေပမယ့္ Spotify ကိုနားေထာင္ဖို႔အတြက္ ျပႆတစ္ခုကရွိေနခဲ့ပါတယ္။ အဲ့တာကေတာ့ Spotify ကိုနားေထာင္ဖို႔အတြက္ အေကာင့္လိုအပ္မွာျဖစ္ၿပီး App မွာပါဝင္တဲ့အဆင့္အလိုက္ အေကာင့္ဖြင့္ေပမယ့္ No Intenret Connection လို႔ျပၿပီး ဘာမွဆက္လုပ္လို႔မရတာပါပဲ။ ဒါဟာ ႏိုင္ငံအလိုက္ Location ေတြ ကန္႔သတ္ထားတဲ့အတြက္ျဖစ္ပါတယ္။ အင္တာနက္ လိုင္းမေကာင္းလို႔မဟုတ္ပါဘူး။ ခုလိုဘာေၾကာင့္လုပ္ရတာလဲလို႔ ရွာၾကည့္တဲ့အခါမွာေတာ့ လက္ခံႏိုင္ေလာက္တဲ့ ေအာက္ပါ အေၾကာင္းအရာေလးေတြကိုေတြ႕ရွိရပါတယ္။

(၁) ႏိုင္ငံတိုင္းမွာရွိတဲ့ သီခ်င္းပိုင္ရွင္၊ အဆိုရွင္ေတြနဲ႔ မူပိုင္ခြင့္ဆိုင္ရာညွိႏႈိင္းခ်က္ေတြ အဆင္မေျပေသးတာေၾကာင့္ျဖစ္ပါတယ္။

(၂) User အမ်ားစုဟာ Paid Version ေတြကိုအသံုးမျပဳေတာ့ပဲ Free အေနနဲ႔သာသံုးစြဲေနတဲ့အတြက္လည္းျဖစ္ႏုိင္ပါတယ္။ ဒါ့အျပင္ အခ်ိဳ႕ေသာ User ေတြဟာ Start up ေတြကိုေတာင္ေသေသခ်ာခ်ာမျပင္ဆင္ပဲ ဒီအတိုင္းပစ္ထားၾကပါတယ္။

(၃) ႏိုင္ငံတိုင္းကိုေပးသံုးေပမယ့္ ၄င္းတို႔အတြက္ အက်ိဳးအျမတ္မရရွိျခင္း

စတဲ့အခ်က္ေတြေၾကာင့္ျမန္မာႏိုင္ငံအပါအဝင္ အခ်ိဳ႕ႏိုင္ငံအေတာ္မ်ားမ်ားမွာ အသံုးျပဳႏိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။

ဒီလိုျဖစ္ေနရင္ေတာ့ Location ခဏေျပာင္းၿပီးအေကာင့္ဖြင့္ရင္ရပါတယ္။
ေအာက္မွာ ေဖာ္ျပမယ့္နည္းလမ္းေတြကေတာ့ VPN ကိုအသံုးျပဳၿပီး Location ေျပာင္းကာ Spotify အေကာင့္ ဖြင့္နည္းပဲျဖစ္ပါတယ္။ ကဲ စလိုက္ရေအာင္..

ပထမဦးဆံုးလိုအပ္မယ့္ App ေတြကို Download ျပဳလုပ္ပါ။

Spotify

Turbo VPN

-Download ဆြဲၿပီးလို႔ Install လုပ္ၿပီးသြားရင္ေတာ့ Turbo VPN ကိုဖြင့္ပါ။ ပံုမွာျပ
ထားတဲ့အတိုင္း US Server ကိုေရြးၿပီးခ်ိတ္ေပးပါ။

-Notification Bar ေလးမွာ ေသာ့ပံုေလးေပၚလာၿပီဆိုရင္ေတာ့ VPN ခ်ိတ္ဆက္မႈ
လုပ္ငန္းစဥ္ၿပီးဆံုးပါၿပီ။ Home Key နဲ႔ထြက္ၿပီး Spotify ထဲကိုဝင္ပါ။ အေကာင့္သစ္
ဖြင့္မွာျဖစ္တဲ့အတြက္ Sign Up Free ကိုႏွိပ္ပါ။


-Email နဲ႔ အသံုးျပဳမယ့္ Password အသစ္ကိုရုိက္ထည့္ပါ။
-Next ကိုႏွိပ္ေပးလိုက္ရင္ ရပါၿပီ။

VPN မခ်ိတ္ခင္က ေပၚေနတဲ့ No Internet Connection ဆိုတာႀကီးေပၚေတာ့မွာမဟုတ္ပါဘူး။ စိတ္ႀကိဳက္နားေထာင္လို႔ရပါၿပီခင္ဗ်ာ။

Phone Hay Ko (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Spotify အကောင့် ဘယ်လိုဖွင့်မလဲ ?

သင်ဟာ နိုင်ငံခြား သီချင်းသံစဉ်တွေကိုကြိုက်နှစ်သက်သူတစ်ဦးဆိုရင် Spotify ကိုမဖြစ်မနေသုံးကြည့်ဖို့အရင်ဆုံးတိုက်တွန်းပါရစေ။ (သုံးရင်လည်းသုံးနှင့်နေလောက်ပါပြီ xD)

Spotify ဆိုတာဘာလဲ?
Spotify ဆိုတာကတော့ Online Music Streaming Service တစ်ခုပါ။ ကမ္ဘာတဝှမ်းမှာရှိတဲ့ အဆိုတော်အသီးသီးရဲ့ သီချင်းတွေကို Online ကနေတဆင့် ရှာဖွေနားထောင်လို့ရပါတယ်။ အကောင်းဆုံးနာမည်ကြီးနေတဲ့သီချင်းတွေ သီချင်းတစ်ပုဒ်ကို မတူညီတဲ့ ဂီတသံစဉ်အမျိုးမျိုးနဲ့ ပုံဖော်ထားတာတွေကို နားထောင်နိုင်ပါတယ်။(ဒီလောက်ကောင်းတဲ့ Spotify ကိုအစောကြီးကတည်းက နားထောင်ခဲ့သင့်တယ်နော်) ဒါပေမယ့် Spotify ကိုနားထောင်ဖို့အတွက် ပြဿတစ်ခုကရှိနေခဲ့ပါတယ်။ အဲ့တာကတော့ Spotify ကိုနားထောင်ဖို့အတွက် အကောင့်လိုအပ်မှာဖြစ်ပြီး App မှာပါဝင်တဲ့အဆင့်အလိုက် အကောင့်ဖွင့်ပေမယ့် No Intenret Connection လို့ပြပြီး ဘာမှဆက်လုပ်လို့မရတာပါပဲ။ ဒါဟာ နိုင်ငံအလိုက် Location တွေ ကန့်သတ်ထားတဲ့အတွက်ဖြစ်ပါတယ်။ အင်တာနက် လိုင်းမကောင်းလို့မဟုတ်ပါဘူး။ ခုလိုဘာကြောင့်လုပ်ရတာလဲလို့ ရှာကြည့်တဲ့အခါမှာတော့ လက်ခံနိုင်လောက်တဲ့ အောက်ပါ အကြောင်းအရာလေးတွေကိုတွေ့ရှိရပါတယ်။

(၁) နိုင်ငံတိုင်းမှာရှိတဲ့ သီချင်းပိုင်ရှင်၊ အဆိုရှင်တွေနဲ့ မူပိုင်ခွင့်ဆိုင်ရာညှိနှိုင်းချက်တွေ အဆင်မပြေသေးတာကြောင့်ဖြစ်ပါတယ်။

(၂) User အများစုဟာ Paid Version တွေကိုအသုံးမပြုတော့ပဲ Free အနေနဲ့သာသုံးစွဲနေတဲ့အတွက်လည်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အချို့သော User တွေဟာ Start up တွေကိုတောင်သေသေချာချာမပြင်ဆင်ပဲ ဒီအတိုင်းပစ်ထားကြပါတယ်။

(၃) နိုင်ငံတိုင်းကိုပေးသုံးပေမယ့် ၎င်းတို့အတွက် အကျိုးအမြတ်မရရှိခြင်း

စတဲ့အချက်တွေကြောင့်မြန်မာနိုင်ငံအပါအဝင် အချို့နိုင်ငံအတော်များများမှာ အသုံးပြုနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

ဒီလိုဖြစ်နေရင်တော့ Location ခဏပြောင်းပြီးအကောင့်ဖွင့်ရင်ရပါတယ်။
အောက်မှာ ဖော်ပြမယ့်နည်းလမ်းတွေကတော့ VPN ကိုအသုံးပြုပြီး Location ပြောင်းကာ Spotify အကောင့် ဖွင့်နည်းပဲဖြစ်ပါတယ်။ ကဲ စလိုက်ရအောင်..

ပထမဦးဆုံးလိုအပ်မယ့် App တွေကို Download ပြုလုပ်ပါ။

Spotify

Turbo VPN

-Download ဆွဲပြီးလို့ Install လုပ်ပြီးသွားရင်တော့ Turbo VPN ကိုဖွင့်ပါ။ ပုံမှာပြ
ထားတဲ့အတိုင်း US Server ကိုရွေးပြီးချိတ်ပေးပါ။

-Notification Bar လေးမှာ သော့ပုံလေးပေါ်လာပြီဆိုရင်တော့ VPN ချိတ်ဆက်မှု
လုပ်ငန်းစဉ်ပြီးဆုံးပါပြီ။ Home Key နဲ့ထွက်ပြီး Spotify ထဲကိုဝင်ပါ။ အကောင့်သစ်
ဖွင့်မှာဖြစ်တဲ့အတွက် Sign Up Free ကိုနှိပ်ပါ။


-Email နဲ့ အသုံးပြုမယ့် Password အသစ်ကိုရိုက်ထည့်ပါ။
-Next ကိုနှိပ်ပေးလိုက်ရင် ရပါပြီ။

VPN မချိတ်ခင်က ပေါ်နေတဲ့ No Internet Connection ဆိုတာကြီးပေါ်တော့မှာမဟုတ်ပါဘူး။ စိတ်ကြိုက်နားထောင်လို့ရပါပြီခင်ဗျာ။

Phone Hay Ko (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။