[Zawgyi]

စမတ္ဖုန္းေတြမွာ Data အရမ္းမစားေအာင္ ဘယ္လိုလုပ္မလဲ

ဖုန္းတစ္လုံး ဝယ္ၿပီးသြားတဲ့အခ်ိန္ကစၿပီး အင္တာနက္ စသုံးလို႔ ေဘလ္ ခဏခဏျဖည့္ေနရတဲ့ ဒုကၡမ်ိဳး အၿမဲလိုလို ႀကံေနၾကမွာပါ။ Android ပဲ ကိုင္ကိုင္၊ ပန္းသီးပဲကိုင္ကိုင္ ဒီျပႆနာဟာ အနည္းနဲ႔အမ်ား စိတ္ညစ္ရတာမလို႔ ကိုယ္ကိုင္ေနတဲ့ စမတ္ဖုန္းေလးမွာ ေဘလ္အသုံးမၾကမ္းေအာင္ ေခြၽတာလို႔ရမယ့္နည္းလမ္းေလးေတြ ေဖာ္ျပေပးလိုက္ရပါတယ္။

Data Limit ဖြင့္ေပးထားပါ
ဖုန္းသုံးေနသူအမ်ားစုက တစ္ပတ္မွာ ကိုယ္အင္တာနက္ ဘယ္ေလာက္ သုံးေနသလဲဆိုတာ မသိၾကပါဘူး။ ဖုန္း Setting ထဲမွာ Data Limit ဖြင့္ေပးထားလိုက္တာက တစ္ပတ္၊ တစ္ပတ္ကို အင္တာနက္ ဘယ္ေလာက္သုံးေနသလဲ သိႏိုင္သလို အင္တာနက္ Package ဘယ္ေလာက္ဝယ္ဖို႔ လိုမလဲဆိုတာ တြက္ခ်က္လို႔ ရမွာပါ။

How to set Data Limit in Setting

Data Saver သုံးေပးပါ
ဘယ္လို အင္တာနက္ Plan နဲ႔ပဲ သုံးသုံး Facebook နဲ႔ Instagram တို႔ဟာ Background Service မွာပါ ေဒတာသုံးေနတာမလို႔ ေဘလ္ မကုန္သင့္ဘဲ ကုန္ေနရတတ္ပါတယ္။ ဒါေၾကာင့္ စမတ္ဖုန္းေတြမွာ Data Saver ဆိုၿပီး အင္တာနက္သုံးတာ ေႁခြတာလို႔ရေအာင္ ထည့္သြင္းေပးထားေလ့ရွိပါတယ္။ ဒါ့အျပင္ Chrome Browser မွာလည္း Data Saver ပါဝင္ေသးတာေၾကာင့္ Browser နဲ႔သုံးတဲ့အခါမွာလည္း ေဘလ္အကုန္အက် သက္သာဦးမွာပါ။

Set Data Saver on whenever possible

Software နဲ႔ Apps ေတြကို Wi-Fi နဲ႔ပဲ Update လုပ္ပါ
ဆိုလိုခ်င္တာ တတ္ႏိုင္သမွ် Wi-Fi သုံးပါ လို႔ ေျပာခ်င္တာပါ။ Apps ေတြ Update ထြက္လို႔ပဲ ျဖစ္ျဖစ္၊ ဖုန္းမွာ Software Update ရတာပဲျဖစ္ျဖစ္ မလိုအပ္ရင္ Update မလုပ္ပါနဲ႔။ Wi-Fi လို အင္တာနက္ Free သုံးလို႔ရတဲ့အခါမ်ိဳးမွသာ YouTube ၾကည့္တာျဖစ္ျဖစ္၊ Update လုပ္တာျဖစ္ျဖစ္ အားရပါးရ အားေပးပစ္လိုက္ပါ။

Use Wi-Fi whenever possible

Live Streaming ေတြကို Offline ပဲၾကည့္ပါ
ဘယ္သူက ဘာ Live လႊင့္လို႔ စိတ္ဝင္တစားၾကည့္ခ်င္တယ္ဆိုရင္ေတာင္ Quality ကို ၾကည့္လို႔ အစဥ္ေျပသေလာက္ပဲ ထားၿပီးၾကည့္ပါ။ Offline ၾကည့္လို႔ရမယ့္ဟာမ်ိဳးဆိုရင္ Save ထားၿပီး ကိုယ္ၾကည့္ခ်င္တဲ့အခါမွ ျပန္ၾကည့္ပါ။

Limit background app in both iOS & Android

Background Apps ေတြကို ပိတ္ထားပါ
ကိုယ္က Facebook တစ္ခုပဲ သုံးေနတာဆိုေပမယ့္ တခ်ိဳ႕ Application ေတြက အင္တာနက္ပြင့္သြားတာနဲ႔ Run ေနတာမ်ိဳး ရွိတတ္ပါတယ္။ ဒီ Apps ေတြ သုံးဖို႔မလိုေသးဘူးဆိုရင္ Setting ထဲမွာ သြားပိတ္ေပးထားလို႔ရပါတယ္။

2B (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

စမတ်ဖုန်းတွေမှာ Data အရမ်းမစားအောင် ဘယ်လိုလုပ်မလဲ

ဖုန်းတစ်လုံး ဝယ်ပြီးသွားတဲ့အချိန်ကစပြီး အင်တာနက် စသုံးလို့ ဘေလ် ခဏခဏဖြည့်နေရတဲ့ ဒုက္ခမျိုး အမြဲလိုလို ကြံနေကြမှာပါ။ Android ပဲ ကိုင်ကိုင်၊ ပန်းသီးပဲကိုင်ကိုင် ဒီပြဿနာဟာ အနည်းနဲ့အများ စိတ်ညစ်ရတာမလို့ ကိုယ်ကိုင်နေတဲ့ စမတ်ဖုန်းလေးမှာ ဘေလ်အသုံးမကြမ်းအောင် ချွေတာလို့ရမယ့် နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ရပါတယ်။

Data Limit ဖွင့်ပေးထားပါ
ဖုန်းသုံးနေသူအများစုက တစ်ပတ်မှာ ကိုယ်အင်တာနက် ဘယ်လောက် သုံးနေသလဲဆိုတာ မသိကြပါဘူး။ ဖုန်း Setting ထဲမှာ Data Limit ဖွင့်ပေးထားလိုက်တာက တစ်ပတ်၊ တစ်ပတ်ကို အင်တာနက် ဘယ်လောက်သုံးနေသလဲ သိနိုင်သလို အင်တာနက် Package ဘယ်လောက်ဝယ်ဖို့ လိုမလဲဆိုတာ တွက်ချက်လို့ ရမှာပါ။

How to set Data Limit in Setting

Data Saver သုံးပေးပါ
ဘယ်လို အင်တာနက် Plan နဲ့ပဲ သုံးသုံး Facebook နဲ့ Instagram တို့ဟာ Background Service မှာပါ ဒေတာသုံးနေတာမလို့ ဘေလ် မကုန်သင့်ဘဲ ကုန်နေရတတ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းတွေမှာ Data Saver ဆိုပြီး အင်တာနက်သုံးတာ ခြွေတာလို့ရအောင် ထည့်သွင်းပေးထားလေ့ရှိပါတယ်။ ဒါ့အပြင် Chrome Browser မှာလည်း Data Saver ပါဝင်သေးတာကြောင့် Browser နဲ့သုံးတဲ့အခါမှာလည်း ဘေလ်အကုန်အကျ သက်သာဦးမှာပါ။

Set Data Saver on whenever possible

Software နဲ့ Apps တွေကို Wi-Fi နဲ့ပဲ Update လုပ်ပါ
ဆိုလိုချင်တာ တတ်နိုင်သမျှ Wi-Fi သုံးပါ လို့ ပြောချင်တာပါ။ Apps တွေ Update ထွက်လို့ပဲ ဖြစ်ဖြစ်၊ ဖုန်းမှာ Software Update ရတာပဲဖြစ်ဖြစ် မလိုအပ်ရင် Update မလုပ်ပါနဲ့။ Wi-Fi လို အင်တာနက် Free သုံးလို့ရတဲ့အခါမျိုးမှသာ YouTube ကြည့်တာဖြစ်ဖြစ်၊ Update လုပ်တာဖြစ်ဖြစ် အားရပါးရ အားပေးပစ်လိုက်ပါ။

Use Wi-Fi whenever possible

Live Streaming တွေကို Offline ပဲကြည့်ပါ
ဘယ်သူက ဘာ Live လွှင့်လို့ စိတ်ဝင်တစားကြည့်ချင်တယ်ဆိုရင်တောင် Quality ကို ကြည့်လို့ အစဥ်ပြေသလောက်ပဲ ထားပြီးကြည့်ပါ။ Offline ကြည့်လို့ရမယ့်ဟာမျိုးဆိုရင် Save ထားပြီး ကိုယ်ကြည့်ချင်တဲ့အခါမှ ပြန်ကြည့်ပါ။

Limit background app in both iOS & Android

Background Apps တွေကို ပိတ်ထားပါ
ကိုယ်က Facebook တစ်ခုပဲ သုံးနေတာဆိုပေမယ့် တချို့ Application တွေက အင်တာနက်ပွင့်သွားတာနဲ့ Run နေတာမျိုး ရှိတတ်ပါတယ်။ ဒီ Apps တွေ သုံးဖို့မလိုသေးဘူးဆိုရင် Setting ထဲမှာ သွားပိတ်ပေးထားလို့ရပါတယ်။

2B (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။