
Google I/O 2018


Gmail Smart Compose


How to do Smart Compose


Gmail Smart Compose



Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ကနေ ပြီးခဲ့တဲ့ Google I/O 2018 Developer Conference မှာ Gmail နဲ့ ပတ်သတ်ပြီး ပြောင်းလဲမှုတစ်ခုကို ကြေညာသွားခဲ့ပါတယ်။ အဲ့ဒါကတော့ Smart Compose လို့ ခေါ်ဆိုထားတဲ့ ကိုယ်ရိုက်နေတဲ့ Mail ကို အလိုအလျောက်အဆုံးသတ်ပြီး စာကြောင်းစီပေးမယ့် Feature တစ်ခုပဲဖြစ်ပါတယ်။

Google I/O 2018

အဆိုပါ Google Gmail ရဲ့ Smart Compose Feature က အခုအချိန်မှာ ပုံမှန်အသုံးပြုသူတွေအနေနဲ့တော့ ရရှိဦးမှာမဟုတ်ပေမယ့် တကယ်လို့ စမ်းပြီး အသုံးပြုချင်တယ်ဆိုရင်လည်း အသုံးပြုနိုင်နေပြီပဲဖြစ်ပါတယ်။

Gmail Smart Compose

ဘယ်လိုမျိုး Google Gmail ရဲ့ Smart Compose ကို အသုံးပြုရမလဲဆိုရင် Gmail အသစ်ကို အသုံးပြုနေဖို့ လိုအပ်ပြီး တကယ်လို့ Gmail အသစ်ကို အသုံးမပြုရသေးဘူးဆိုရင် Setting ထဲက “Try out new Gmail” ကို နှိပ်ပြီး အရင်ပြောင်းလဲရမှာပါ။ ပြီးရင်တော့ Gmail ရဲ့ Setting ထဲကို သွားပြီးတော့ “Enable Experimental Access” ဆိုတဲ့ Option ကို အမှန်ခြစ် On ပေးရမှာပဲဖြစ်ပါတယ်။

How to do Smart Compose

အခုလိုမျိုး ပြုလုပ်ပြီးသွားပြီဆိုရင် Mail အသစ်ကို Compose ပြုလုပ်တဲ့အချိန်မှာ စာရိုက်နေတဲ့အချိန်မှာ နောက်ရိုက်ရမယ့် စာကြောင်းကို ကြိုတင်ခန့်မှန်းပေးသွားမှာပဲဖြစ်ပါတယ်။ အခုလိုမျိုး ကြိုပြိး ရိုက်နိုင်မယ့် စာသားကို မှိန်မှိန်လေးနဲ့ Suggestion မြင်ရမှာဖြစ်ပြီးတော့ အဆိုပါ စာသားကို အသုံးပြုချင်တယ်ဆိုရင် “Tab” Key ကို နှိပ်လိုက်တာနဲ့ ချက်ချင်း ဖြည့်ပေးသွားမှာဖြစ်ပါတယ်။

Gmail Smart Compose

အခု Gmail ရဲ့ Smart Compose Feature ဟာ Stable မဖြစ်သေးပဲ Experimental အဆင့်ပဲရှိသေးတဲ့အတွက် အမှားအယွင်းတခါတလေရှိနေနိုင်တယ်လို့ Google က ပြောကြားထားပြီးတော့ နောက်ပိုင်းမှာတော့ အလွန်ကျွမ်းကျင်လာမယ်လို့ သိရပါတယ်။ လောလောဆယ်မှာ Smart Compose Feature က English Language မှာပဲ ရရှိနေသေးတယ်လို့လည်း သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အခု Google ရဲ့ Smart Compose Feature ဟာ ရှည်လျားတဲ့ လိပ်စာတွေအပြင် အမြဲတမ်းပြောနေဖြစ်တဲ့ နှုတ်ဆက်တဲ့စကားတွေကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အလိုလျောက်ဖြည့်ပေးသွားမှာဖြစ်တဲ့အတွက် သိသိသာသာကို အချိန်ကုန်လျော့ချပေးနိုင်တော့မှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com