ကျနော် အခုဖော်ပြပေးမယ့် Battery Indicator Application ကတော့ S10 Ring နဲ့ အလိုက်ဖက်ဆုံး၊ အလှပဆုံးဖြစ်စေမယ့် Feature App လေးပဲဖြစ်ပါတယ်။ ဖုန်းဖွင့်တာနဲ့ Lens ပတ်ပတ်လည် အရောင်ပြေးနေတာ မြင်ရမှာဖြစ်ပြီး ဘယ်လိုသုံးနိုင်မလဲဆိုရင် PlayStore မှာ Energy Ring ကို အရင် Download ဆွဲလိုက်ပါ။

ဆိုတော့ Apps လေးဟာ သာမန် Customization App ဖြစ်တယ်ဆိုမယ့် Ring အထူ၊ အရောင်နဲ့ Direction (ဘယ်၊ ညာလှည့်မလား) စသဖြင့် Setting ထဲမှာ ရွေးချယ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် တခုတော့ရှိပါတယ်၊ အဲ့ဒါက ရုပ်ရှင်ကြည့်၊ ဂိမ်းကစားရင် ဒီ LED Ring လေးက အနှောက်ယှက်ဖြစ်နေမှာမို့ ပိတ်ထားလိုက်တာ ပိုကောင်းမယ်ထင်ပါတယ်။

ဘယ်လိုပဲပြောပြော Fancy ဒီဇိုင်းနှစ်သက်သူတွေ S10 Ring ကို အလှလေးဖြစ်သွားအောင် Customize လုပ်နိုင်တဲ့အတွက် အသုံးတည့်မှာပါ။ FullScreen Display ထဲ Punch-hole ကိုဒီတိုင်းကြည့်နေတာထက်စာရင် ပုံစံတမျိုးနဲ့သုံးနိုင်တာ ပိုလည်း Useful ဖြစ်ပါတယ်။

Image (Winudf)

နောက်အပတ်ထဲမှာ S10 Ring ကို Notification Indicator အနေနဲ့ဘယ်လိုသုံးနိုင်မလဲ တင်ဆက်သွားမှာဖြစ်ပြီး Punch-hole တမျိုးထဲသုံးနေရလို့ မကျေမနပ်ဖြစ်နေသူတွေ Galaxy S8 ၊ S9 နဲ့ Note တွေမှာလည်း Energy Bar နဲ့ LED ဘားတန်းကို Screen အပေါ်ဖက်မှာ အသုံးပြုနိုင်ပါသေးတယ်။