Mobile Payment စနစ်တွေက အခုအချိန်မှာ တဖြည်းဖြည်းအသုံးပြုတဲ့သူတွေများပြားလာပြီးတော့ ပိုပြီးလည်းတွင်ကျယ်လာတယ်လို့ ပြောလို့ရပါတယ်။ အဲ့ဒီထဲကမှ စိတ်ချရပြီးတော့ အသုံးပြုရတာလည်း အလွန်လွယ်ကူတဲ့ CB Pay Mobile Payment App တစ်ခုကို ဘယ်လိုစတင်အသုံးပြုကြမလဲဆိုတာကို အဓိကရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။

အရင်ဆုံး CB Pay ကို ကိုယ့်ရဲ့ Mobile Phone တွေမှာ အသုံးပြုမယ်ဆိုရင် နီးစပ်ရာ CB Bank ဒါမှမဟုတ် အသုံးပြုနေတဲ့ Device အပေါ်မှုတည်ပြီးတော့ Google Play Store ဒါမှမဟုတ် Apple App Store ကနေ CB Pay Application ကို Download ဆွဲပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

CB Pay

CB Pay ပထမဆုံးအကြိမ်စတင်အသုံးပြုနိုင်ရန်အတွက် CB Pay Account ဖွင့်ရန် Register ကို နှိပ်ဖို့လိုအပ်မှာပါ။ အဲ့ဒီနောက်ပိုင်းမှာတော့ ဖော်ပြထားတဲ့အဆင့်တွေအတိုင်း CB Bank Account ဒါမှမဟုတ် ATM Card ရှိတယ်ဆိုရင် Yes နဲ့ မရှိဘူးဆိုရင် No ကို နှိပ်ပြီး ဖုန်းနံပါတ်ကို ဖြည့်သွင်းပြီးဆက်လက် Account ဖွင့်ရမှာဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ ကိုယ့်ရဲ့ Account Information တွေကို မှန်ကန်စွာဖြည့်ရမှာဖြစ်ပြီး Register ပြုလုပ်မယ့် ဖုန်းနံပါတ်ကိုပါ သေသေချာချာထည့်သွင်းရမှာပါ။

ပြီးရင်တော့ ထည့်သွင်းထားတဲ့ ဖုန်းနံပါတ်ကို OTP Code ဝင်ရောက်လာမှာဖြစ်ပြီး ကိုယ့် Personal Information တွေဖြစ်တဲ့

  • နာမည်
  • မှတ်ပုံတင်နံပါတ်
  • မွေးသက္ကရာဇ်
  • Security Question နဲ့ Answer တွေကို သေချာဖြေပေးဖို့လိုအပ်မှာပါ။

နောက်ဆုံးအဆင့်အနေနဲ့ သုံးစွဲမည့်သူရဲ့ မှတ်ပုံတင်အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်းနှင့် Profile Picture ကို ဓါတ်ပုံရိုက်ပြီး ထည့်သွင်းပေးရမှာပါ။ အဲ့ဒါပြီးရင်တော့ Create Pin Code ကနေ CB Pay Application ကို အသုံးပြုမယ့် PIN Number ၆လုံးကို ထည့်သွင်းပြီးရင် CB Pay ကို စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

CB Pay ကို အသုံးပြုလို့ရပြီဆိုတာနဲ့ Account တွေအချင်းချင်းကို Transfer ပြုလုပ်နိုင်မှာဖြစ်ပြီး ATM ကနေလည်း Cardless Withdrawal အသုံးပြုနိုင်မှာပါ။ Peer-to-Peer Payment တွေ၊ Bill Payment တွေနဲ့ Mobile Top Up ၊ Credit Card Payment တွေအကုန်လုံးကို ဒီ Application တစ်ခုတည်းနဲ့ သုံးနိုင်မှာပါ။ နောက်ပြီး Business Payment တွေကိုပါ CB Pay နဲ့တင်ပြုလုပ်လို့ရပါတယ်။

ဒီ CB Pay ရဲ့ အားသာချက်တွေကတော့ အခုရနိုင်တဲ့ Feature တွေအပြင် အသုံးပြုလိုက်တဲ့ Electronic Receipt တွေကိုလည်း Photo Gallery မှာ Auto Save ထားပေးတဲ့အတွက် အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်ခြင်း၊ Favorite Account Number တွေကို မှတ်ထားနိုင်ခြင်း စတဲ့ တခြားသော Feature တွေလည်းပါဝင်နေပါသေးတယ်။ ဒါတင်မဟုတ်သေးဘဲ မိမိ Account မှ အခြား Account သို့ ငွေတောင်းခံခြင်း (Cash Request) ပေးပို့ပြီး တောင်းဆိုနိုင်မှာပါ။ ဒါ့အပြင် ကိုယ့်ရဲ့ Account ထဲမှ လက်ကျန်ငွေကို ချက်ချင်းပြန်လည်ကြည့်ရှုနိုင်တဲ့ Quick Balance Check လည်း သုံးလို့ရပါသေးတယ်။

CB Pay

ဒီ CB Pay ရဲ့ Feature တွေထဲမှာ အကြိုက်မိဆုံးအချက်ကတော့ Bank Account တွေလိုမျိုးပဲ CB Pay Account ထဲမှာ ထည့်ထားတဲ့ပိုက်ဆံက တစ်နှစ်ကို 8.25% အတိုးရရှိတာပဲဖြစ်ပါတယ်။ အဲ့တော့ Bank မှာငွေစုသလိုပဲ CB Pay Account မှာလည်း စုထားလို့ရမှာပါ။

CB Pay ကို အသုံးမပြုသေးဘူးဆိုရင် အခုပဲ စတင်အသုံးပြုကြည့်သင့်နေပါပြီ။