[Zawgyi]

ေလးႏွစ္ေလာက္ေစာင့္ခဲ့ရအျပီးမွာ ထြက္ေပၚလာတဲ့ ‘How to Train your Dragon 3 (2019)’ Trailer

How to Train Your Dragon : The Hidden World ကို ၾကည့္ရဖုိ႔က တျဖည္းျဖည္းနီးလာျပီဆုိရမွာ ျဖစ္ျပီး Official Trailer ကို အခုဇြန္လ ၆ ရက္ေန႔က တင္ေပးလိုက္ျပီ ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ How to Train Your Dragon Trilogy ဇာတ္ကားတြဲေတြရဲ့ တတိယေျမာက္နဲ႔ ေနာက္ဆံုးဇာတ္ကား ျဖစ္ျပီး ၂၀၁၉ ခုႏွစ္က်ရင္ ျပသမွာ ျဖစ္ပါတယ္။

How to Train your Dragon 3

How to Train your Dragon 3

ဇာတ္ကားရဲ႕ Trailer အရေတာ့ Toothless တစ္ေယာက္ လွပေက်ာ့ရွင္းတဲဲ့ နဂါးအမေလး Night Fury နဲ႔ ေတြ႔တဲ့ အခ်စ္ဇာတ္လမ္းေလးလည္း ပါဝင္ပါတယ္။ ပိုစတာမွာလည္း Toothless နဲ႔ နဂါးအမေလး ပံုပါျပီး အရင္လို Hiccup နဲ႔ Toothless ထက္ပုိတဲ့ ဇာတ္လမ္းအဖြဲ႔မ်ိဳးကို ေတြ႔ျမင္ရမွာပါ။

How to Train your Dragon

How to Train your Dragon

ပထမ How to Train your Dragon ဇာတ္ကားကို ၂၀၁၀ ခုနွစ္္မွာ ထြက္ရွိခဲ့ျပီး ေနာက္ဆက္တြဲဇာတ္ကားကိုေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိခဲ့ပါတယ္။ အခုလို ေလးႏွစ္ၾကာအျပီးမွာေတာ့ How to Train your Dragon 3 လို႔ ေခၚႏုိင္တဲ့ How to Train Your Dragon : The Hidden World ရဲ့ Trailer ထြက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

ဒီ Trailer ရဲ့ ခ်စ္ဖို႔ အေကာင္းဆံုးကေတာ့ Toothless တစ္ေယာက္ ေကာင္မေလးကို လိုက္ေၾကာင္တဲ့အခန္းေတြျဖစ္ျပီး Ed Sheeran ရဲ့ သီခ်င္း Castle on the Hill ကိုလည္း သံုးထားတာေတြ႔ရပါတယ္။ ၾကည့္ခ်င္လြန္းလို႔ ရံုတင္ရက္ကို ၾကည့္လိုက္ေတာ့ မတ္လ ၁ ရက္၊ ၂၀၁၉ ခုႏွစ္မွ ရုံတင္မွာဆုိေတာ့ ေတာ္ေတာ္ေစာင့္ရဦးမွာပါ။ ျဖန္႔ခ်ိေရးျဖစ္တဲ့ DreamWorks ကေတာ့ ရုံတင္ရက္နီးလာရင္ Promotion ေတြ အရမ္းလုပ္မွာေတာ့ ေသခ်ာေနျပီး အခုေတာ့ ဒီ Trailer ေလးနဲ႔ပဲ ေက်နပ္ရမွာပါ။

Yoe Lu (Akhayar)

www.akhayar.com

Ref : movieweb.com
[Unicode]

လေးနှစ်လောက်စောင့်ခဲ့ရအပြီးမှာ ထွက်ပေါ်လာတဲ့ ‘How to Train your Dragon 3 (2019)’ Trailer

How to Train Your Dragon : The Hidden World ကို ကြည့်ရဖို့က တဖြည်းဖြည်းနီးလာပြီဆိုရမှာ ဖြစ်ပြီး Official Trailer ကို အခုဇွန်လ ၆ ရက်နေ့က တင်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ How to Train Your Dragon Trilogy ဇာတ်ကားတွဲတွေရဲ့ တတိယမြောက်နဲ့ နောက်ဆုံးဇာတ်ကား ဖြစ်ပြီး ၂၀၁၉ ခုနှစ်ကျရင် ပြသမှာ ဖြစ်ပါတယ်။

How to Train your Dragon 3

How to Train your Dragon 3

ဇာတ်ကားရဲ့ Trailer အရတော့ Toothless တစ်ယောက် လှပကျော့ရှင်းတဲ့ နဂါးအမလေး Night Fury နဲ့ တွေ့တဲ့ အချစ်ဇာတ်လမ်းလေးလည်း ပါဝင်ပါတယ်။ ပိုစတာမှာလည်း Toothless နဲ့ နဂါးအမလေး ပုံပါပြီး အရင်လို Hiccup နဲ့ Toothless ထက်ပိုတဲ့ ဇာတ်လမ်းအဖွဲ့မျိုးကို တွေ့မြင်ရမှာပါ။

How to Train your Dragon

How to Train your Dragon

ပထမ How to Train your Dragon ဇာတ်ကားကို ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး နောက်ဆက်တွဲဇာတ်ကားကိုတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ အခုလို လေးနှစ်ကြာအပြီးမှာတော့ How to Train your Dragon 3 လို့ ခေါ်နိုင်တဲ့ How to Train Your Dragon : The Hidden World ရဲ့ Trailer ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒီ Trailer ရဲ့ ချစ်ဖို့ အကောင်းဆုံးကတော့ Toothless တစ်ယောက် ကောင်မလေးကို လိုက်ကြောင်တဲ့အခန်းတွေဖြစ်ပြီး Ed Sheeran ရဲ့ သီချင်း Castle on the Hill ကိုလည်း သုံးထားတာတွေ့ရပါတယ်။ ကြည့်ချင်လွန်းလို့ ရုံတင်ရက်ကို ကြည့်လိုက်တော့ မတ်လ ၁ ရက်၊ ၂၀၁၉ ခုနှစ်မှ ရုံတင်မှာဆိုတော့ တော်တော်စောင့်ရဦးမှာပါ။ ဖြန့်ချိရေးဖြစ်တဲ့ DreamWorks ကတော့ ရုံတင်ရက်နီးလာရင် Promotion တွေ အရမ်းလုပ်မှာတော့ သေချာနေပြီး အခုတော့ ဒီ Trailer လေးနဲ့ပဲ ကျေနပ်ရမှာပါ။

Yoe Lu (Akhayar)

www.akhayar.com

Ref : movieweb.com