[Zawgyi]

သမီးေလးေတြ ပုိင္ဆုိင္ထားၿပီဆုိရင္ ဒီအခ်က္ေတြကုိ မျဖစ္မေနသင္ၾကားေပးပါ…..

သားသမီးေလးေတြရဲ႕ အနာဂတ္ဘဝခရီးလမ္းလွပဖုိ႔အတြက္ မိဘတိုင္းက လမ္းညႊန္သင္ၾကားျပသေပးရမွာပါ။ လူႀကီးမိဘမိဘဆရာသမားေတြရဲ႕ ဆိုဆံုးမမႈေအာက္မွာ ေကာင္းေကာင္းမြန္မြန္နဲ႔ႀကီးျပင္းလာတဲ့ ရင္ေသြးငယ္ကေလးေတြက ဘဝခရီးလမ္းကုိ ျဖတ္သန္းတဲ့အခါ အမွားအမွန္ကုိ ခြဲျခားသိၿပီး အခက္အခဲေတြကုိ အေကာင္းဆံုး ႀကံ႕ႀကံ႕ခံရင္ဆုိင္ျဖတ္သန္းသြားႏုိင္ၾကမွာလည္းျဖစ္ပါတယ္။ မိဘေတြက သားသမီးေတြအတြက္ အသိပညာ၊ အတတ္ပညာ၊ စိတ္ပုိင္းဆုိင္ရာ အက်င့္စာရိတၱ၊ ကုိယ္က်င့္တရားေကာင္းမြန္တဲ့သူေတြျဖစ္လာေအာင္ ထိန္းေက်ာင္းသင္ၾကားျပသေပးရမွာပါ။ သားေယာက်္ားေလးနဲ႔ယွဥ္ရင္ သမီးမိန္းကေလးေတြက အားႏြဲ႕တတ္ၾကပါတယ္ေနာ္။ ဒါေၾကာင့္ သမီးမိန္းကေလးေတြကုိ ပုိင္ဆုိင္ထားတဲ့ မိဘျဖစ္သူေတြအတြက္ေတာ့ တကယ့္ကုိပဲ မိဘရိပ္ေအာက္မွာ ပညာရည္ျပည့္ဝၿပီး အလိမၼာဆံုးျဖစ္မယ့္ သမီးကေလးေတြျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္ေပးဖုိ႔လုိအပ္ပါတယ္။ သမီးမိန္းကေလးေတြဆိုရင္ေတာ့ မျဖစ္မေနသင္ၾကားျပသေပးရမွာက လွပတဲ့စိတ္ထားရွိဖို႔နဲ႔ ဘဝခရီးလမ္းကုိ ဘယ္လုိမ်ိဳးႀကံ႕ႀကံ႕ခံေလွ်ာက္လွမ္းသြားၾကမလဲဆုိတာနဲ႔ပတ္သက္ၿပီး သင္ၾကားျပသေပးသင္႔သလို အျခားေသာဘယ္လိုအခ်က္အလက္ေတြကိုလည္း သင္ၾကားျပသေပးသင္႔သလဲဆိုတာကို သမီးမိန္းကေလးေတြေမြးထားတဲ့ မိဘေတြအတြက္ ေဖာ္ျပေပးလုိက္ပါတယ္….

ကုိယ့္ကုိကုိယ္ခ်စ္တတ္ဖုိ႔ သမီးေလးကုိ သင္ေပးပါ။

ေလာကႀကီးမွာ ကုိယ့္ေလာက္ေတာ့ ဘယ္သူကမွ ကုိယ့္ကုိမခ်စ္ၾကပါဘူး။ ဒါေၾကာင့္မုိ႔လုိ႔ မိမိကုိယ္ကုိ အရင္ဆံုးခ်စ္တတ္ေအာင္ သင္ေပးပါ။ ကုိယ့္ရဲ႕အားသာခ်က္၊ အားနည္းခ်က္ေတြ လက္ခံတတ္ဖုိ႔၊ ကုိယ့္ရဲ႕ရွိရင္းတုိင္းကုိ လက္ခံတတ္ဖုိ႔၊ ျမင္တတ္ဖုိ႔ သင္ၾကားေပးပါ။ ကုိယ့္ကုိကုိယ္ခ်စ္တယ္ဆုိတာ အတၱႀကီးတာမ်ိဳးမဟုတ္ပဲ ကုိယ့္အေၾကာင္းကုိယ္အသိဆံုးနဲ႔ ကုိယ့္စိတ္ကုိ ကုိယ္နားလည္ႏုိင္ဆံုးျဖစ္ေအာင္ သိဖုိ႔ပါ။ ကုိယ့္ကုိကုိယ္ခ်စ္တတ္မယ္ ဂရုစုိက္တတ္မယ္ဆုိရင္ ေပ်ာ္ရႊင္မႈကုိ ကုိယ္တုိင္ဖန္တီးႏုိင္မွာျဖစ္ပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စိတ္အားငယ္ရတဲ့အခ်ိန္တုိင္း ကုိယ့္ကုိကုိယ္ျပန္အားေပးၿပီး ျပန္ထဖုိ႔လုိမယ္ဆုိတာကို သမီးေလးကုိ သင္ေပးထားပါ။

ရွင္သန္ေနထုိင္မႈနဲ႔ ရည္ရြယ္ခ်က္ ဦးတည္မႈကုိ အၿမဲသိေနပါေစ။

သမီးေလးဘဝမွာ ကုိယ့္ေျခေထာက္ေပၚကုိယ္ရပ္တည္ၿပီး ႀကီးျပင္းလာတဲ့အခ်ိန္အထိ ဘယ္လုိရွင္သန္ခဲ့ရလဲဆုိတာ သမီးေလးကုိ သိေအာင္လုပ္ေပးထားပါ။ အနာဂတ္အခ်ိန္ေတြမွာ သမီးေလးရဲ႕ ဘယ္လုိရည္မွန္းခ်က္ေတြရွိသလဲ။ ဘယ္လုိအိပ္မက္ေတြရွိေနသလဲဆုိတာလည္း သမီးကေလးကုိ ေတြးေတာပံုေဖာ္ေနပါေစ။ ရည္မွန္းခ်က္ရွိထားတဲ့လူတစ္ေယာက္ဟာ ဘယ္ေတာ့မွလမ္းေပ်ာက္မွာမဟုတ္လုိ႔ပါ။ ဒီေတာ့ သမီးေလးဆီမွာလည္း အိပ္မက္ေတြ အမ်ားႀကီး တစ္ခုၿပီးတစ္ခု ေျပာင္းလဲေနခ်င္လည္းေျပာင္းလဲေနမွာပါ။ သူရဲ႕အိပ္မက္ေတြကုိ ဘယ္လုိအေကာင္အထည္ေဖာ္ေအာင္ ႀကိဳးစားမလဲ။ ဘယ္လုိသင္ယူမႈေတြလုပ္မလဲဆုိတာ မိဘေတြက ေကာင္းရာဆုိးရာေတြကုိ လမ္းေၾကာင္းျပသေပးၿပီး အေကာင္းဆံုး ပံ့ပိုးထိန္းေက်ာင္းမႈေတြ လုပ္သင့္ပါတယ္။

ေလာကႀကီးကုိ ျဖန္႔က်က္ၿပီး ၾကည့္ရႈတတ္ပါေစ။

သမီးေလးရဲ႕အျမင္နဲ႔ စိတ္ထြက္ေပါက္ေတြကုိ လြတ္လြတ္လပ္လပ္ႀကီး ျမင္ၾကားသိရွိႏုိင္ပါေစ။ ပတ္ဝန္းက်င္ကုိ ေလ့လာတတ္ေစဖုိ႔၊ အေကာင္းအဆိုးေတြကုိ ကုိယ္တုိင္သိရွိေလ့လာတတ္ေစဖုိ႔၊ အသစ္အသစ္ေသာ ပတ္ဝန္းက်င္ေတြကုိ ျဖန္႔က်က္ၿပီး သမီးေလးကုိ ေလာကႀကီးအေၾကာင္း သင္ယူဖုိ႔ ခြင့္ျပဳေပးထားပါ။ လမ္းေၾကာင္းမမွားဖုိ႔ အတတ္ပညာေတြနဲ႔ အသိပညာဗဟုသုေတြ၊ မိဘေတြရဲ႕ဆိုဆံုးမမႈေတြက သမီးကေလးအနာဂတ္အတြက္ အေထာက္အပံ့ျဖစ္ေနပါေစ။ ခရီးသြားခုိင္းပါ။ လူတစ္ေယာက္အတြက္ ခရီးသြားျခင္းက ကမာၻႀကီးကေပးတဲ့ အခြင့္အေရးကုိ ပုိင္ဆုိင္ထားႏုိင္သလုိပါပဲ။

လူေတြနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရး တည္ေဆာက္ေပးခုိင္းပါ။

မုန္းျခင္းေတြထက္စာရင္၊ ခ်စ္ျခင္းေတြက ပုိေကာင္းမြန္တယ္မုိ႔လား။ ဒါေၾကာင့္ လူေတြရဲ႕အခ်စ္ခံရေအာင္၊ လူတုိင္းနဲ႔ ေကာင္းမြန္ေျပလည္တဲ့ ဆက္ဆံေရးကုိ သမီးကေလး တည္ေဆာက္တတ္ဖုိ႔ သင္ၾကားျပသေပးပါ။ ပတ္ဝန္းက်င္က လူေတြက သမီးေလးကုိခ်စ္ခင္ေနဖုိ႔၊ ေလးစားေနဖုိ႔၊ ယံုၾကည္ေနဖုိ႔အတြက္ သမီးေလးရဲ႕အက်င့္စရုိက္၊ အမူအယာ၊ အေျပာအဆုိ၊ အသြားအလာနဲ႔ စိတ္ထားေတြမွာ လူေတြကခ်စ္ခင္ေအာင္ေနတတ္ဖုိ႔ လုိအပ္တယ္ဆုိတာေျပာျပပါ။ ဒါမွလည္း သမီးေလးက လူေတြအ ေပၚ ျပန္ၿပီး ခ်စ္တတ္ခင္တတ္၊ ၾကင္နာတတ္တဲ့ စိတ္ထားနဲ႔ အၿမဲၿပံဳးေပ်ာ္ရႊင္ေနမွာျဖစ္ပါတယ္။

အျခားသူေတြကုိေရာ၊ ကုိယ့္ကုိကုိယ္ေရာ ခြင့္လႊတ္တတ္ဖုိ႔ သင္ေပးပါ။

ခြင့္လႊတ္ျခင္းဆုိတာ ျမင့္ျမတ္ႀကီးက်ယ္တဲ့ စိတ္ထားပုိင္ရွင္ေတြမွာပဲ ရွိတာပါ။ အမွားလုပ္လုိက္မိလုိ႔ ခြင့္လႊတ္ႏုိင္တဲ့သူက စိတ္ေအးခ်မ္းရဆံုးျဖစ္မွာပါ။ လူတုိင္းက အမွားေတြက်ဴးလြန္ႏုိင္ပါတယ္။ သမီးေလးမွာလည္း အမွားေတြရွိခဲ့မွာပါ။ အမွားေတြကုိ အျပစ္တင္ေဝဖန္ရင္း အခ်ိန္ေတြကုန္ဆံုးတာက လူညံ့ေတြရဲ႕အလုပ္ေတြပါ။ အမွားတစ္ခါက်ဴးလြန္တုိင္း တစ္ခါသင္ယူမႈတစ္ခုရတယ္လုိ႔ ယူဆၿပီး ေနာက္ဆင္တူတဲ့ အမွားမ်ိဳးမက်ဴးလြန္မိေအာင္ သမီးေလးကုိေျပာေပးပါ။ အမွားလုပ္မိလုိ႔ ကုိယ့္ကုိကုိယ္လည္း ခြင့္လႊတ္သင့္တယ္ဆုိတဲ့ စိတ္ကုိလည္း ေမြးျမဴခုိင္းပါ။ အျခားသူေတြမွာလည္း ဒီလုိပါပဲ။ အမွားေတြအတြက္ သေဘာထားျမင့္ျမတ္စြာနဲ႔ ခြင့္လႊတ္ေပးခုိင္းပါ။

ခ်စ္သမီးေလးေတြ ဘဝခရီးလမ္းသာယာေျဖာင့္ျဖဴးႏုိင္ၾကပါေစ……

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သမီးလေးတွေ ပိုင်ဆိုင်ထားပြီဆိုရင် ဒီအချက်တွေကို မဖြစ်မနေသင်ကြားပေးပါ…..

သားသမီးလေးတွေရဲ့ အနာဂတ်ဘဝခရီးလမ်းလှပဖို့အတွက် မိဘတိုင်းက လမ်းညွှန်သင်ကြားပြသပေးရမှာပါ။ လူကြီးမိဘမိဘဆရာသမားတွေရဲ့ ဆိုဆုံးမမှုအောက်မှာ ကောင်းကောင်းမွန်မွန်နဲ့ကြီးပြင်းလာတဲ့ ရင်သွေးငယ်ကလေးတွေက ဘဝခရီးလမ်းကို ဖြတ်သန်းတဲ့အခါ အမှားအမှန်ကို ခွဲခြားသိပြီး အခက်အခဲတွေကို အကောင်းဆုံး ကြံ့ကြံ့ခံရင်ဆိုင်ဖြတ်သန်းသွားနိုင်ကြမှာလည်းဖြစ်ပါတယ်။ မိဘတွေက သားသမီးတွေအတွက် အသိပညာ၊ အတတ်ပညာ၊ စိတ်ပိုင်းဆိုင်ရာ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားကောင်းမွန်တဲ့သူတွေဖြစ်လာအောင် ထိန်းကျောင်းသင်ကြားပြသပေးရမှာပါ။ သားယောကျ်ားလေးနဲ့ယှဉ်ရင် သမီးမိန်းကလေးတွေက အားနွဲ့တတ်ကြပါတယ်နော်။ ဒါကြောင့် သမီးမိန်းကလေးတွေကို ပိုင်ဆိုင်ထားတဲ့ မိဘဖြစ်သူတွေအတွက်တော့ တကယ့်ကိုပဲ မိဘရိပ်အောက်မှာ ပညာရည်ပြည့်ဝပြီး အလိမ္မာဆုံးဖြစ်မယ့် သမီးကလေးတွေဖြစ်အောင် ပြုစုပျိုးထောင်ပေးဖို့လိုအပ်ပါတယ်။ သမီးမိန်းကလေးတွေဆိုရင်တော့ မဖြစ်မနေသင်ကြားပြသပေးရမှာက လှပတဲ့စိတ်ထားရှိဖို့နဲ့ ဘဝခရီးလမ်းကို ဘယ်လိုမျိုးကြံ့ကြံ့ခံလျှောက်လှမ်းသွားကြမလဲဆိုတာနဲ့ပတ်သက်ပြီး သင်ကြားပြသပေးသင့်သလို အခြားသောဘယ်လိုအချက်အလက်တွေကိုလည်း သင်ကြားပြသပေးသင့်သလဲဆိုတာကို သမီးမိန်းကလေးတွေမွေးထားတဲ့ မိဘတွေအတွက် ဖော်ပြပေးလိုက်ပါတယ်….

ကိုယ့်ကိုကိုယ်ချစ်တတ်ဖို့ သမီးလေးကို သင်ပေးပါ။

လောကကြီးမှာ ကိုယ့်လောက်တော့ ဘယ်သူကမှ ကိုယ့်ကိုမချစ်ကြပါဘူး။ ဒါကြောင့်မို့လို့ မိမိကိုယ်ကို အရင်ဆုံးချစ်တတ်အောင် သင်ပေးပါ။ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေ လက်ခံတတ်ဖို့၊ ကိုယ့်ရဲ့ရှိရင်းတိုင်းကို လက်ခံတတ်ဖို့၊ မြင်တတ်ဖို့ သင်ကြားပေးပါ။ ကိုယ့်ကိုကိုယ်ချစ်တယ်ဆိုတာ အတ္တကြီးတာမျိုးမဟုတ်ပဲ ကိုယ့်အကြောင်းကိုယ်အသိဆုံးနဲ့ ကိုယ့်စိတ်ကို ကိုယ်နားလည်နိုင်ဆုံးဖြစ်အောင် သိဖို့ပါ။ ကိုယ့်ကိုကိုယ်ချစ်တတ်မယ် ဂရုစိုက်တတ်မယ်ဆိုရင် ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးနိုင်မှာဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စိတ်အားငယ်ရတဲ့အချိန်တိုင်း ကိုယ့်ကိုကိုယ်ပြန်အားပေးပြီး ပြန်ထဖို့လိုမယ်ဆိုတာကို သမီးလေးကို သင်ပေးထားပါ။

ရှင်သန်နေထိုင်မှုနဲ့ ရည်ရွယ်ချက် ဦးတည်မှုကို အမြဲသိနေပါစေ။

သမီးလေးဘဝမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး ကြီးပြင်းလာတဲ့အချိန်အထိ ဘယ်လိုရှင်သန်ခဲ့ရလဲဆိုတာ သမီးလေးကို သိအောင်လုပ်ပေးထားပါ။ အနာဂတ်အချိန်တွေမှာ သမီးလေးရဲ့ ဘယ်လိုရည်မှန်းချက်တွေရှိသလဲ။ ဘယ်လိုအိပ်မက်တွေရှိနေသလဲဆိုတာလည်း သမီးကလေးကို တွေးတောပုံဖော်နေပါစေ။ ရည်မှန်းချက်ရှိထားတဲ့လူတစ်ယောက်ဟာ ဘယ်တော့မှလမ်းပျောက်မှာမဟုတ်လို့ပါ။ ဒီတော့ သမီးလေးဆီမှာလည်း အိပ်မက်တွေ အများကြီး တစ်ခုပြီးတစ်ခု ပြောင်းလဲနေချင်လည်းပြောင်းလဲနေမှာပါ။သူရဲ့အိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်အောင် ကြိုးစားမလဲ။ ဘယ်လိုသင်ယူမှုတွေလုပ်မလဲဆိုတာ မိဘတွေက ကောင်းရာဆိုးရာတွေကို လမ်းကြောင်းပြသပေးပြီး အကောင်းဆုံး ပံ့ပိုးထိန်းကျောင်းမှုတွေ လုပ်သင့်ပါတယ်။

လောကကြီးကို ဖြန့်ကျက်ပြီး ကြည့်ရှုတတ်ပါစေ။

သမီးလေးရဲ့အမြင်နဲ့ စိတ်ထွက်ပေါက်တွေကို လွတ်လွတ်လပ်လပ်ကြီး မြင်ကြားသိရှိနိုင်ပါစေ။ ပတ်ဝန်းကျင်ကို လေ့လာတတ်စေဖို့၊ အကောင်းအဆိုးတွေကို ကိုယ်တိုင်သိရှိလေ့လာတတ်စေဖို့၊ အသစ်အသစ်သော ပတ်ဝန်းကျင်တွေကို ဖြန့်ကျက်ပြီး သမီးလေးကို လောကကြီးအကြောင်း သင်ယူဖို့ ခွင့်ပြုပေးထားပါ။ လမ်းကြောင်းမမှားဖို့ အတတ်ပညာတွေနဲ့ အသိပညာဗဟုသုတွေ၊ မိဘတွေရဲ့ဆိုဆုံးမမှုတွေက သမီးကလေးအနာဂတ်အတွက် အထောက်အပံ့ဖြစ်နေပါစေ။ ခရီးသွားခိုင်းပါ။ လူတစ်ယောက်အတွက် ခရီးသွားခြင်းက ကမ္ဘာကြီးကပေးတဲ့ အခွင့်အရေးကို ပိုင်ဆိုင်ထားနိုင်သလိုပါပဲ။

လူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ပေးခိုင်းပါ။

မုန်းခြင်းတွေထက်စာရင်၊ ချစ်ခြင်းတွေက ပိုကောင်းမွန်တယ်မို့လား။ ဒါကြောင့် လူတွေရဲ့အချစ်ခံရအောင်၊ လူတိုင်းနဲ့ ကောင်းမွန်ပြေလည်တဲ့ ဆက်ဆံရေးကို သမီးကလေး တည်ဆောက်တတ်ဖို့ သင်ကြားပြသပေးပါ။ ပတ်ဝန်းကျင်က လူတွေက သမီးလေးကိုချစ်ခင်နေဖို့၊ လေးစားနေဖို့၊ ယုံကြည်နေဖို့အတွက် သမီးလေးရဲ့အကျင့်စရိုက်၊ အမူအယာ၊ အပြောအဆို၊ အသွားအလာနဲ့ စိတ်ထားတွေမှာ လူတွေကချစ်ခင်အောင်နေတတ်ဖို့ လိုအပ်တယ်ဆိုတာပြောပြပါ။ ဒါမှလည်း သမီးလေးက လူတွေအ ပေါ် ပြန်ပြီး ချစ်တတ်ခင်တတ်၊ ကြင်နာတတ်တဲ့ စိတ်ထားနဲ့ အမြဲပြုံးပျော်ရွှင်နေမှာဖြစ်ပါတယ်။

အခြားသူတွေကိုရော၊ ကိုယ့်ကိုကိုယ်ရော ခွင့်လွှတ်တတ်ဖို့ သင်ပေးပါ။

ခွင့်လွှတ်ခြင်းဆိုတာ မြင့်မြတ်ကြီးကျယ်တဲ့ စိတ်ထားပိုင်ရှင်တွေမှာပဲ ရှိတာပါ။ အမှားလုပ်လိုက်မိလို့ ခွင့်လွှတ်နိုင်တဲ့သူက စိတ်အေးချမ်းရဆုံးဖြစ်မှာပါ။ လူတိုင်းက အမှားတွေကျူးလွန်နိုင်ပါတယ်။ သမီးလေးမှာလည်း အမှားတွေရှိခဲ့မှာပါ။ အမှားတွေကို အပြစ်တင်ဝေဖန်ရင်း အချိန်တွေကုန်ဆုံးတာက လူညံ့တွေရဲ့အလုပ်တွေပါ။ အမှားတစ်ခါကျူးလွန်တိုင်း တစ်ခါသင်ယူမှုတစ်ခုရတယ်လို့ ယူဆပြီး နောက်ဆင်တူတဲ့ အမှားမျိုးမကျူးလွန်မိအောင် သမီးလေးကိုပြောပေးပါ။ အမှားလုပ်မိလို့ ကိုယ့်ကိုကိုယ်လည်း ခွင့်လွှတ်သင့်တယ်ဆိုတဲ့ စိတ်ကိုလည်း မွေးမြူခိုင်းပါ။ အခြားသူတွေမှာလည်း ဒီလိုပါပဲ။ အမှားတွေအတွက် သဘောထားမြင့်မြတ်စွာနဲ့ ခွင့်လွှတ်ပေးခိုင်းပါ။

ချစ်သမီးလေးတွေ ဘဝခရီးလမ်းသာယာဖြောင့်ဖြူးနိုင်ကြပါစေ……

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။