[ZawGyi]

Sauna (ေခၽြးထုတ္ခန္း)မဝင္ခင္ သိထားသင္႔ေသာအခ်က္မ်ား

အခုေနာက္ပိုင္းမွာ ရာသီဥတုပူေတာ႔ပူေပမယ္႔ ေခၽြးပုပ္ေတြထုတ္ရျခင္းရဲ႕အက်ိဳးကိုအမ်ားၾကီးသိလာၾကျပန္ေတာ႔ သူငယ္ခ်င္းေတြစုျပီးေခၽြးထုတ္ခန္းသြားတာမ်ိဳး Spa သြားျပီး Sauna ထိုင္တာမ်ိဳးေတာ္ေတာ္မ်ားမ်ားလုပ္လာၾကပါတယ္။ တခ်ိဳ႕အဆင္႔ျမင္႔ Gym ေတြမွာလည္း Sauna ရွိတာမို႔ Gym ေဆာ႔ျပီးခ်ိန္ တစ္ပါတည္း Sauna ဝင္ၾကတာမ်ိဳးရွိျပန္ပါတယ္။ အထူးသျဖင္႔ အမ်ိဳးသမီးေတြနဲ႔ အသက္အရြယ္ၾကီးသူေတြကဒီလိုေခၽြးထုတ္ရတာကိုပိုၾကိဳက္ၾကပါတယ္။

Sauna ဟာ ခႏၶာကိုယ္ထဲကအဆိပ္အေတာက္ေတြ၊ အေရျပားေပၚကအဆိပ္အေတာက္ေတြကို ဖယ္ရွားေပးျပီး ကိုက္ခဲနာက်င္မႈေတြကိုလည္းသက္သာေစပါတယ္။ ဝိတ္က်ေစျပီး စိတ္ဖိစီးမႈေတြကိုလည္း ေျဖေလ်ွာ႔ေပးႏိုင္ပါတယ္။ အဆိပ္အေတာက္ေတြဟာ ေခၽြးကေနတဆင္႔ထြက္သြားတာမို႔ ခႏၶာကိုယ္ေပါ႔ပါးလန္းဆန္းျပီး အသားအေရလည္းၾကည္လင္လာေစတာျဖစ္ပါတယ္။ Sauna ဝင္တာေတာ႔ဟုတ္ပါျပီ၊ တကယ္အက်ိဳးမ်ားေစဖုိ႔ ဘာေတြျပင္ဆင္မလဲ ဘာေတြေဆာင္လုိ႔ ဘာေတြေရွာင္ရမလဲဆိုတာကလည္း သိထားဖို႔လုိပါေသးတယ္ေနာ္။

Sauna သမိုင္းေၾကာင္း

Sauna ကို ဆိုးန “Sow (wow နဲ႔အသံထြက္တူပါတယ္) nah” လို႔အသံထြက္တာျဖစ္ျပီး ဖင္လန္ဘာသာစကားျဖစ္ပါတယ္။ ေရခ်ိဳးျခင္း၊ ေရခ်ိဳးအိမ္လို႔ အဓိပၸါယ္ရပါတယ္။ Sauna ဟာ လြန္ခဲ႔တဲ႔ႏွစ္ေပါင္း ၂၀၀၀ ေက်ာ္ကတည္းကစတင္ခဲ႔တာျဖစ္ျပီး ကနဦးမွာေတာ႔ ေျမၾကီးကိုတြင္းတူးျပီး Sauna ျပဳလုပ္ၾကတာပါ။ တျဖည္းျဖည္းနဲ႔တုိးတက္လာခ်ိန္မွာေတာ႔ သစ္သားအိမ္ေလးျဖစ္လာပါတယ္။ ဒီအိမ္ေလးထဲမွာ ေက်ာက္ခဲေတြကိုရဲရဲေတာက္လာေအာင္ အပူေပးျပီးမီးခိုးေတြနဲ႔ျပည္႔ေစပါတယ္။  ဒီ Process ဟာတစ္မနက္ခင္းေလာက္ၾကာပါတယ္။

Finnish-smoke-sauna

Finnish-smoke-sauna

အခန္းထဲမွာ လူဝင္လုိ႔အဆင္ေျပတဲ႔အပူခ်ိန္ေရာက္ျပီဆုိေတာ႔မွ Sauna ထိုင္ၾကတာျဖစ္ပါတယ္။ ၁၆၈၃ ခုနစ္မွာေတာ႔ အေမရိကန္ေတြက ဒီနည္းကိုသေဘာက်ျပီးလုပ္ေဆာင္ၾကရာကေန Sauna ဟာဖြ႔ံျဖိဳးလာခဲ႔တာပါ။ ၁၉၅၀ ဝန္းက်င္မွာေတာ႔ လွ်ပ္စစ္ Sauna မီးဖိုေတြ ထြက္ေပၚလာခဲ႔ပါတယ္။ အခုဆုိရင္ေတာ႔ ကမၻာတစ္ဝွမ္းလံုးမွာ Sauna ကိုမသိသူမရွိ ေပၚျပဴလာျဖစ္ေနပါျပီ။

Sauna မဝင္ခင္နဲ႔ဝင္ျပီး ဘာေတြလုပ္မလဲ

-Sauna မဝင္ခင္ အနည္းဆံုးေရ ၈ ေအာင္စေသာက္ပါ။ ဘာေၾကာင္႔လဲဆုိေတာ႔ ခႏၶာကိုယ္အပူခ်ိန္ျမင္႔တက္လာျပီးေခၽြးမ်ားမ်ားထြက္လာမွာမုိ႔ ကိုယ္တြင္းမွာေရဓာတ္ျပည္႔ဝေနဖို႔လုိပါတယ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

-ျပီးေတာ႔ အစားအမ်ားၾကီးမစားထားမိေစဖုိ႔လည္း လိုပါတယ္။ ခႏၶာကိုယ္တြင္းေသြးလွည္႔ပတ္မႈေကာင္းေကာင္းရေစဖုိ႔ အစာေျခစနစ္ကိုအမ်ားၾကီးအလုပ္မေပးဖုိ႔လုိပါတယ္။ ဒါေၾကာင္႔ ဗိုက္ဆာတယ္ဆုိရင္ အစာေက်လြယ္တဲ႔ မုန္႔ေလးေတြပဲစားသင္႔တာျဖစ္ပါတယ္။

-ေရခ်ိဳးပါ။ ခႏၶာကိုယ္ကဗက္တီးရီးယားေတြဟာ ပူေႏြးတဲ႔ေနရာမွာပိုမိုပြားမ်ားလာႏိုင္တဲ႔အတြက္ အေရျပားကိုသန္႔ရွင္းျပီးေျခာက္ေသြ႕ေနေစဖုိ႔ ဂရုစိုက္သင္႔ပါတယ္။ ေရခ်ိဳးတဲ႔ေနရာမွာ ေရေႏြးနဲ႔ခ်ိဳးသင္႔ပါတယ္။ ဒါမွSauna အပူခ်ိန္ကို အေရျပားကၾကိဳတင္ခံႏိုင္ရည္ရွိျပီးသားျဖစ္ေနမွာပါ။ ဆံပင္အတြက္ေတာ႔ ေခါင္းမေလွ်ာ္ဘဲ ေခါင္းကိုတဘက္နဲ႔ပတ္သြားလုိ႔အဆင္ေျပပါတယ္။

-လက္ဝတ္ရတနာေတြ Accessories ေတြ လံုးဝမဝတ္ဆင္သြားရပါဘူး။ အကုန္ခၽြတ္ျပီးသိမ္းထားခဲ႔ဖုိ႔လုိပါတယ္ေနာ္။

-တခ်ိဳ႕ေတြကေတာ႔ ခႏၶာကိုယ္ကို ဆီလူးတာမ်ိဳး Skincare လိမ္းတာမ်ိဳးလုပ္တတ္ၾကပါတယ္။ ေခၽြးေပါက္ေတြပြင္႔ခ်ိန္မွာ လိမ္းထားတဲ႔ အာဟာရအႏွစ္ေတြကပိုျပီးစိမ္႔ဝင္ႏိုင္တာမို႔ အသားအေရလွပမႈအတြက္ ေကာင္းက်ိဳးေတြအမ်ားၾကီးရလုိ႔ျဖစ္ပါတယ္။

-Sauna ကိုလူမဝင္ခင္နာရီဝက္ၾကိဳျပီး အပူေပးထားဖုိ႔လုိပါတယ္။ Sauna ဝင္တဲ႔အခ်ိန္မွာ ေခၽြးစုပ္တဲ႔တဘက္ေလးပတ္သြားပါ။ ဒါမွ ေခၽြးေတြထြက္လုိက္ ေခၽြးျပန္သုတ္လုိက္လုပ္လုိ႔ရမွာပါ။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

-ပထမဆံုးအၾကိမ္ Sauna ဝင္မယ္ဆုိရင္ 100 ံF အခန္းထဲမွာ ၁၀ မိနစ္ ဒါမွမဟုတ္ ၁၅ မိနစ္ေလာက္ပဲေနေစခ်င္ပါတယ္။ ေနာက္ရက္ေတြမွာမွ မိနစ္ ၄၀ ၊ ၄၅ မိနစ္ စသျဖင္႔ အခ်ိန္တိုးပါ။ လူတစ္ေယာက္နဲ႔တစ္ေယာက္ကမတူတဲ႔အတြက္ ကိုယ္႔ခႏၶာကိုယ္ကအခ်က္ျပသမွ်ကို အျမဲနားစြင္႔ေနဖုိ႔လုိပါတယ္။ ေယဘုယ်အားျဖင္႔အပူခ်ိန္ဟာ 150 ံF ဝန္းက်င္ပဲရွိသင္႔ပါတယ္။

woman-in-sauna

woman-in-sauna

-Sauna ကေနျပန္ထြက္လာခ်ိန္မွာ အနည္းဆံုးေရ ၂၄ ေအာင္စေသာက္ပါ။ ခြန္အားျဖည္႔အခ်ိဳရည္ေတြလည္း ေသာက္ႏိုင္ပါတယ္။

-ေခၽြးနည္းနည္းတိတ္သြားျပီး ခႏၶာကိုယ္ေအးသြားျပီဆုိရင္ေရေအးေအး(သုိ႔) ေရၾကက္သီးေႏြးေလးနဲ႔ ေရခ်ိဳးပါ။ Sauna ကထြက္ခ်ိန္ဟာေခၽြးေပါက္ေတြပြင္႔ေနခ်ိန္မို႔ မုတ္ဆိတ္ရိတ္တာမ်ိဳး အေမြးအမွင္ရိတ္တာမ်ိဳးေတြ လုပ္ဖို႔အဆင္ေျပပါတယ္ေနာ္။

အခုေလာက္ဆုိရင္ေတာ႔ ဘယ္မွာပဲ Sauna ထိုင္ထိုင္သိသင္႔တဲ႔အေျခခံအခ်က္ေတြကိုဗဟုသုတအေနနဲ႔ သိသြားျပီလုိ႔ထင္ပါတယ္။ အေရးအၾကီးဆံုးအခ်က္ကေတာ႔ ေရမ်ားမ်ားေသာက္ေပးဖုိ႔ပါပဲေနာ္။ ေရေသာက္ဖုိ႔ လံုးဝလံုးဝမေမ႔ပါနဲ႔။

အားလံုးပဲ စိတ္ေအးခ်မ္းေပ်ာ္ရႊင္မႈနဲ႔အတူ က်န္းမာလွပႏိုင္ၾကပါေစ။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

Sauna (ချွေးထုတ်ခန်း)မဝင်ခင် သိထားသင့်သောအချက်များ

အခုနောက်ပိုင်းမှာ ရာသီဥတုပူတော့ပူပေမယ့် ချွေးပုပ်တွေထုတ်ရခြင်းရဲ့အကျိုးကိုအများကြီးသိလာကြပြန်တော့ သူငယ်ချင်းတွေစုပြီးချွေးထုတ်ခန်းသွားတာမျိုး Spa သွားပြီး Sauna ထိုင်တာမျိုးတော်တော်များများလုပ်လာကြပါတယ်။ တချို့အဆင့်မြင့် Gym တွေမှာလည်း Sauna ရှိတာမို့ Gym ဆော့ပြီးချိန် တစ်ပါတည်း Sauna ဝင်ကြတာမျိုးရှိပြန်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ အသက်အရွယ်ကြီးသူတွေကဒီလိုချွေးထုတ်ရတာကိုပိုကြိုက်ကြပါတယ်။

Sauna ဟာ ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေ၊ အရေပြားပေါ်ကအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုက်ခဲနာကျင်မှုတွေကိုလည်းသက်သာစေပါတယ်။ ဝိတ်ကျစေပြီး စိတ်ဖိစီးမှုတွေကိုလည်း ဖြေလျှော့ပေးနိုင်ပါတယ်။ အဆိပ်အတောက်တွေဟာ ချွေးကနေတဆင့်ထွက်သွားတာမို့ ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းပြီး အသားအရေလည်းကြည်လင်လာစေတာဖြစ်ပါတယ်။ Sauna ဝင်တာတော့ဟုတ်ပါပြီ၊ တကယ်အကျိုးများစေဖို့ ဘာတွေပြင်ဆင်မလဲ ဘာတွေဆောင်လို့ ဘာတွေရှောင်ရမလဲဆိုတာကလည်း သိထားဖို့လိုပါသေးတယ်နော်။

Sauna သမိုင်းကြောင်း

Sauna ကို ဆိုးန “Sow (wow နဲ့အသံထွက်တူပါတယ်) nah” လို့အသံထွက်တာဖြစ်ပြီး ဖင်လန်ဘာသာစကားဖြစ်ပါတယ်။ ရေချိုးခြင်း၊ ရေချိုးအိမ်လို့ အဓိပ္ပါယ်ရပါတယ်။ Sauna ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းကစတင်ခဲ့တာဖြစ်ပြီး ကနဦးမှာတော့ မြေကြီးကိုတွင်းတူးပြီး Sauna ပြုလုပ်ကြတာပါ။ တဖြည်းဖြည်းနဲ့တိုးတက်လာချိန်မှာတော့ သစ်သားအိမ်လေးဖြစ်လာပါတယ်။ ဒီအိမ်လေးထဲမှာ ကျောက်ခဲတွေကိုရဲရဲတောက်လာအောင် အပူပေးပြီးမီးခိုးတွေနဲ့ပြည့်စေပါတယ်။  ဒီ Process ဟာတစ်မနက်ခင်းလောက်ကြာပါတယ်။

Finnish-smoke-sauna

Finnish-smoke-sauna

အခန်းထဲမှာ လူဝင်လို့အဆင်ပြေတဲ့အပူချိန်ရောက်ပြီဆိုတော့မှ Sauna ထိုင်ကြတာဖြစ်ပါတယ်။ ၁၆၈၃ ခုနစ်မှာတော့ အမေရိကန်တွေက ဒီနည်းကိုသဘောကျပြီးလုပ်ဆောင်ကြရာကနေ Sauna ဟာဖွံ့ဖြိုးလာခဲ့တာပါ။ ၁၉၅၀ ဝန်းကျင်မှာတော့ လျှပ်စစ် Sauna မီးဖိုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အခုဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းလုံးမှာ Sauna ကိုမသိသူမရှိ ပေါ်ပြူလာဖြစ်နေပါပြီ။

Sauna မဝင်ခင်နဲ့ဝင်ပြီး ဘာတွေလုပ်မလဲ

-Sauna မဝင်ခင် အနည်းဆုံးရေ ၈ အောင်စသောက်ပါ။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်အပူချိန်မြင့်တက်လာပြီးချွေးများများထွက်လာမှာမို့ ကိုယ်တွင်းမှာရေဓာတ်ပြည့်ဝနေဖို့လိုပါတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

-ပြီးတော့ အစားအများကြီးမစားထားမိစေဖို့လည်း လိုပါတယ်။ ခန္ဓာကိုယ်တွင်းသွေးလှည့်ပတ်မှုကောင်းကောင်းရစေဖို့ အစာခြေစနစ်ကိုအများကြီးအလုပ်မပေးဖို့လိုပါတယ်။ ဒါကြောင့် ဗိုက်ဆာတယ်ဆိုရင် အစာကျေလွယ်တဲ့ မုန့်လေးတွေပဲစားသင့်တာဖြစ်ပါတယ်။

-ရေချိုးပါ။ ခန္ဓာကိုယ်ကဗက်တီးရီးယားတွေဟာ ပူနွေးတဲ့နေရာမှာပိုမိုပွားများလာနိုင်တဲ့အတွက် အရေပြားကိုသန့်ရှင်းပြီးခြောက်သွေ့နေစေဖို့ ဂရုစိုက်သင့်ပါတယ်။ ရေချိုးတဲ့နေရာမှာ ရေနွေးနဲ့ချိုးသင့်ပါတယ်။ ဒါမှSauna အပူချိန်ကို အရေပြားကကြိုတင်ခံနိုင်ရည်ရှိပြီးသားဖြစ်နေမှာပါ။ ဆံပင်အတွက်တော့ ခေါင်းမလျှော်ဘဲ ခေါင်းကိုတဘက်နဲ့ပတ်သွားလို့အဆင်ပြေပါတယ်။

-လက်ဝတ်ရတနာတွေ Accessories တွေ လုံးဝမဝတ်ဆင်သွားရပါဘူး။ အကုန်ချွတ်ပြီးသိမ်းထားခဲ့ဖို့လိုပါတယ်နော်။

-တချို့တွေကတော့ ခန္ဓာကိုယ်ကို ဆီလူးတာမျိုး Skincare လိမ်းတာမျိုးလုပ်တတ်ကြပါတယ်။ ချွေးပေါက်တွေပွင့်ချိန်မှာ လိမ်းထားတဲ့ အာဟာရအနှစ်တွေကပိုပြီးစိမ့်ဝင်နိုင်တာမို့ အသားအရေလှပမှုအတွက် ကောင်းကျိုးတွေအများကြီးရလို့ဖြစ်ပါတယ်။

-Sauna ကိုလူမဝင်ခင်နာရီဝက်ကြိုပြီး အပူပေးထားဖို့လိုပါတယ်။ Sauna ဝင်တဲ့အချိန်မှာ ချွေးစုပ်တဲ့တဘက်လေးပတ်သွားပါ။ ဒါမှ ချွေးတွေထွက်လိုက် ချွေးပြန်သုတ်လိုက်လုပ်လို့ရမှာပါ။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

-ပထမဆုံးအကြိမ် Sauna ဝင်မယ်ဆိုရင် 100 ံF အခန်းထဲမှာ ၁၀ မိနစ် ဒါမှမဟုတ် ၁၅ မိနစ်လောက်ပဲနေစေချင်ပါတယ်။ နောက်ရက်တွေမှာမှ မိနစ် ၄၀ ၊ ၄၅ မိနစ် စသဖြင့် အချိန်တိုးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ကမတူတဲ့အတွက် ကိုယ့်ခန္ဓာကိုယ်ကအချက်ပြသမျှကို အမြဲနားစွင့်နေဖို့လိုပါတယ်။ ယေဘုယျအားဖြင့်အပူချိန်ဟာ 150 ံF ဝန်းကျင်ပဲရှိသင့်ပါတယ်။

woman-in-sauna

woman-in-sauna

-Sauna ကနေပြန်ထွက်လာချိန်မှာ အနည်းဆုံးရေ ၂၄ အောင်စသောက်ပါ။ ခွန်အားဖြည့်အချိုရည်တွေလည်း သောက်နိုင်ပါတယ်။

-ချွေးနည်းနည်းတိတ်သွားပြီး ခန္ဓာကိုယ်အေးသွားပြီဆိုရင်ရေအေးအေး(သို့) ရေကြက်သီးနွေးလေးနဲ့ ရေချိုးပါ။ Sauna ကထွက်ချိန်ဟာချွေးပေါက်တွေပွင့်နေချိန်မို့ မုတ်ဆိတ်ရိတ်တာမျိုး အမွေးအမှင်ရိတ်တာမျိုးတွေ လုပ်ဖို့အဆင်ပြေပါတယ်နော်။

အခုလောက်ဆိုရင်တော့ ဘယ်မှာပဲ Sauna ထိုင်ထိုင်သိသင့်တဲ့အခြေခံအချက်တွေကိုဗဟုသုတအနေနဲ့ သိသွားပြီလို့ထင်ပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ ရေများများသောက်ပေးဖို့ပါပဲနော်။ ရေသောက်ဖို့ လုံးဝလုံးဝမမေ့ပါနဲ့။

အားလုံးပဲ စိတ်အေးချမ်းပျော်ရွှင်မှုနဲ့အတူ ကျန်းမာလှပနိုင်ကြပါစေ။

ဂျူဂျူး(Akhayar)

www.akhayar.com