[Zawgyi]

ပိုးပု၀ါေတြနဲ႔ နည္းလမ္းအမ်ိဳးမ်ိဳး စတိုင္လ္ထုတ္ဖို႔ရာ

ပု၀ါဆိုတာ ေန႔စဥ္ဖက္ရွင္မွာ အၿမဲလိုလို ပါတဲ့ ဖက္ရွင္အသံုးအေဆာင္မဟုတ္ေပမယ့္ ဖက္ရွင္သစ္တစ္ခု ထြင္ခ်င္တဲ့သူေတြအတြက္ေတာ့ မရွိမျဖစ္ကို ရွိသင့္တဲ့ Accessories တစ္ခုပါ။ ဟိုးအရင္ လြန္ခဲ့တဲ့ ႏွစ္ေတြတုန္းကေတာ့ Audrey Hepburn တို႔၊ Lady Diana တို႔ကစလို႔ ဒီေနာက္ပိုင္းမွာလည္း ပု၀ါကို ပံုစံအမိ်ဳးမ်ိဳးနဲ႔ ၀တ္လာၾကတာ ေတြ႔ရမွာျဖစ္ပါတယ္။ ပိုးပု၀ါပြင့္ရိုက္လို အဆင္ေလးေတြက စတိုင္လ္ထုတ္လို႔ေကာင္းသလို ပံုစံအမ်ိဳးမ်ိဳးနဲ႔ အလွဆင္လို႔ ရတာမို႔ ဖက္ရွင္သစ္ထြင္ခ်င္တယ္ဆုိရင္ေတာ့ ဒီ tips ေလးေတြနဲ႔ လန္းလို႔ရပါတယ္။

Old Hollywood Look လို႔ေခၚတဲ့ ေခတ္ေဟာင္း မင္းသမီးေတြ စတိုင္လ္ထုတ္တဲ့ ေခါင္းမွာ ပု၀ါပတ္ထားတဲ့ ပံုစံက ဒီေန႔ေခတ္တိုင္ လူငယ္ေတြၾကားထဲမွာ ေဟာင္းမသြားပါဘူး။ ကမ္းေျခေတြသြားတဲ့အခါပဲ ျဖစ္ျဖစ္၊ ေခတ္ေဟာင္း စတိုင္လ္ မိမိမိုက္မိုက္ေလး ဓာတ္ဖမ္းခ်င္ရင္ပဲ ျဖစ္ျဖစ္ ဒီစတိုင္လ္က အဆင္ေျပပါတယ္။

ပု၀ါကို ဖဲျပားပံုစံ လုပ္ၿပီးစည္းတာကေတာ့ နည္းနည္းေတာ့ ဆန္းေနမွာပါ။ ဒီပံုစံေလးက ဆြယ္တာေျဗာင္ေလးေတြ ၀တ္တဲ့အခါ၊ မိန္းမဆန္ဆန္ ဂါ၀န္ေလးေတြ ၀တ္တဲ့အခါ အထူးလိုက္ဖက္တဲ့ ပံုစံေလးေပါ့။

လက္ျပတ္အက်ၤ ီေတြ၀တ္လုိ႔ ရိုးရွင္းသလိုျဖစ္ေနတယ္ဆုိရင္  ပခံုးတစ္ဖက္မွာ ပု၀ါေလးခ်ည္ၿပီး ထြင္လိုက္လို႔ရပါတယ္။ အနည္းဆံုးေတာ့ ေျဗာင္ရွင္းႀကီး ျဖစ္မေနေတာ့ဘူးေပါ့။

ရိုးရိုးရွင္းရွင္းပံုစံႀကီးကို မႀကိဳက္ဘူးဆိုရင္ လည္ပင္းတစ္၀ိုက္နားမွာ ခပ္ေလ်ာ့ေလ်ာ့ပတ္ၿပီး ခပ္ရွည္ရွည္ပံုစံေလး ခ်ထားလုိ႔ရပါတယ္။ ပတ္ရတာ မႀကိဳက္ဘူးဆိုရင္လည္း တစ္ဖက္စီ ခ်ထားၿပီး စတိုင္လ္လုပ္ရံုပါပဲ။

Choker ေတြ ေခတ္မစားေတာ့တဲ့ေနာက္မွာေတာ့ လည္ပင္းမွာ Accessories ထည့္မယ္ဆုိရင္ ပု၀ါကို ထည့္သြင္းစဥ္းစားလုိ႔ရပါတယ္။ အရြယ္အစား အရမ္းမႀကီးတဲ့ ပု၀ါကို လည္ပင္းမွာ ေသေသသပ္သပ္ေလးေခါက္ၿပီး ခ်ည္မယ္ဆုိရင္ Western-Inspired ျဖစ္တဲ့ စတိုင္လ္ကို ရရွိမွာျဖစ္ပါတယ္။

အျပင္သြားခါနီး ခါးပတ္မေတြ႔လုိ႔ ေခါင္းစားေနစရာမလိုပါဘူး။ ခါးပတ္အစား ပု၀ါခပ္ရွည္ရွည္ေလးကို ခါးမွာပတ္ခ်ည္လိုက္ရံုနဲ႔ ခါးပတ္ေတာင္မလိုေအာင္ လွသြားမွာပါ။ ပိုၿပီး Chic ျဖစ္သလို Long Coat ေတြ၊ အေရာင္ေဖ်ာ့ ကုတ္ေလးေတြနဲ႔ တြဲ၀တ္တာ အေကာင္းဆံုးပါပဲ။

ဒါကေတာ့ တကယ့္ကို DIY နည္းပါ။ ပု၀ါအလတ္စား ႏွစ္ထည္ရွိတာနဲ႔ အက်ၤ ီတစ္ထည္ရမယ့္အျပင္ အမိုက္စားျဖစ္ေစမယ့္ နည္းေပါ့။ ပု၀ါႏွစ္ထည္ကို ဟိုဘက္စြန္း ဒီဘက္စြန္း ခ်ည္လိုက္ၿပီးမွ Crop Top ပံုစံ၀တ္လိုက္ရင္ တကယ္ကို မိုက္သြားမွာ ျဖစ္ပါတယ္။ အကယ္လို႔ လက္အရမ္းျပတ္တယ္၊ ဂ်ိဳင္းက်ယ္တယ္ဆိုရင္ေတာ့ ေအာက္က ႀကိဳးတစ္ေခ်ာင္းေလးခံ၀တ္ဖို႔ မေမ့ပါနဲ႔။

လက္ကိုင္အိတ္မွာ Accessories ေတြ မ်ိဳးစံုတပ္မယ့္အစား ပု၀ါေလးကို ခ်ည္ထားလိုက္မယ္ဆိုရင္ ၾကည့္ရတာလည္း ရွင္းရွင္းလင္းလင္းရွိမယ္။ အိတ္ဒီဇိုင္းေလးက ပိုၿပီးလည္း ဆန္းသြားမွာပါ။

Su Yi Htet (Akhayar)

[Unicode]

ပိုးပုဝါတွေနဲ့ နည်းလမ်းအမျိုးမျိုး စတိုင်လ်ထုတ်ဖို့ရာ

ပုဝါဆိုတာ နေ့စဉ်ဖက်ရှင်မှာ အမြဲလိုလို ပါတဲ့ ဖက်ရှင်အသုံးအဆောင်မဟုတ်ပေမယ့် ဖက်ရှင်သစ်တစ်ခု ထွင်ချင်တဲ့သူတွေအတွက်တော့ မရှိမဖြစ်ကို ရှိသင့်တဲ့ Accessories တစ်ခုပါ။ ဟိုးအရင် လွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ Audrey Hepburn တို့၊ Lady Diana တို့ကစလို့ ဒီနောက်ပိုင်းမှာလည်း ပုဝါကို ပုံစံအမျိုးမျိုးနဲ့ ဝတ်လာကြတာ တွေ့ရမှာဖြစ်ပါတယ်။ ပိုးပုဝါပွင့်ရိုက်လို အဆင်လေးတွေက စတိုင်လ်ထုတ်လို့ကောင်းသလို ပုံစံအမျိုးမျိုးနဲ့ အလှဆင်လို့ ရတာမို့ ဖက်ရှင်သစ်ထွင်ချင်တယ်ဆိုရင်တော့ ဒီ tips လေးတွေနဲ့ လန်းလို့ရပါတယ်။

Old Hollywood Look လို့ခေါ်တဲ့ ခေတ်ဟောင်း မင်းသမီးတွေ စတိုင်လ်ထုတ်တဲ့ ခေါင်းမှာ ပုဝါပတ်ထားတဲ့ ပုံစံက ဒီနေ့ခေတ်တိုင် လူငယ်တွေကြားထဲမှာ ဟောင်းမသွားပါဘူး။ ကမ်းခြေတွေသွားတဲ့အခါပဲ ဖြစ်ဖြစ်၊ ခေတ်ဟောင်း စတိုင်လ် မိမိမိုက်မိုက်လေး ဓာတ်ဖမ်းချင်ရင်ပဲ ဖြစ်ဖြစ် ဒီစတိုင်လ်က အဆင်ပြေပါတယ်။

ပုဝါကို ဖဲပြားပုံစံ လုပ်ပြီးစည်းတာကတော့ နည်းနည်းတော့ ဆန်းနေမှာပါ။ ဒီပုံစံလေးက ဆွယ်တာဗြောင်လေးတွေ ဝတ်တဲ့အခါ၊ မိန်းမဆန်ဆန် ဂါဝန်လေးတွေ ဝတ်တဲ့အခါ အထူးလိုက်ဖက်တဲ့ ပုံစံလေးပေါ့။

လက်ပြတ်အင်္ကျ ီတွေဝတ်လို့ ရိုးရှင်းသလိုဖြစ်နေတယ်ဆိုရင်  ပခုံးတစ်ဖက်မှာ ပုဝါလေးချည်ပြီး ထွင်လိုက်လို့ရပါတယ်။ အနည်းဆုံးတော့ ဗြောင်ရှင်းကြီး ဖြစ်မနေတော့ဘူးပေါ့။

ရိုးရိုးရှင်းရှင်းပုံစံကြီးကို မကြိုက်ဘူးဆိုရင် လည်ပင်းတစ်ဝိုက်နားမှာ ခပ်လျော့လျော့ပတ်ပြီး ခပ်ရှည်ရှည်ပုံစံလေး ချထားလို့ရပါတယ်။ ပတ်ရတာ မကြိုက်ဘူးဆိုရင်လည်း တစ်ဖက်စီ ချထားပြီး စတိုင်လ်လုပ်ရုံပါပဲ။

Choker တွေ ခေတ်မစားတော့တဲ့နောက်မှာတော့ လည်ပင်းမှာ Accessories ထည့်မယ်ဆိုရင် ပုဝါကို ထည့်သွင်းစဉ်းစားလို့ရပါတယ်။ အရွယ်အစား အရမ်းမကြီးတဲ့ ပုဝါကို လည်ပင်းမှာ သေသေသပ်သပ်လေးခေါက်ပြီး ချည်မယ်ဆိုရင် Western-Inspired ဖြစ်တဲ့ စတိုင်လ်ကို ရရှိမှာဖြစ်ပါတယ်။

အပြင်သွားခါနီး ခါးပတ်မတွေ့လို့ ခေါင်းစားနေစရာမလိုပါဘူး။ ခါးပတ်အစား ပုဝါခပ်ရှည်ရှည်လေးကို ခါးမှာပတ်ချည်လိုက်ရုံနဲ့ ခါးပတ်တောင်မလိုအောင် လှသွားမှာပါ။ ပိုပြီး Chic ဖြစ်သလို Long Coat တွေ၊ အရောင်ဖျော့ ကုတ်လေးတွေနဲ့ တွဲဝတ်တာ အကောင်းဆုံးပါပဲ။

ဒါကတော့ တကယ့်ကို DIY နည်းပါ။ ပုဝါအလတ်စား နှစ်ထည်ရှိတာနဲ့ အင်္ကျ ီတစ်ထည်ရမယ့်အပြင် အမိုက်စားဖြစ်စေမယ့် နည်းပေါ့။ ပုဝါနှစ်ထည်ကို ဟိုဘက်စွန်း ဒီဘက်စွန်း ချည်လိုက်ပြီးမှ Crop Top ပုံစံဝတ်လိုက်ရင် တကယ်ကို မိုက်သွားမှာ ဖြစ်ပါတယ်။ အကယ်လို့ လက်အရမ်းပြတ်တယ်၊ ဂျိုင်းကျယ်တယ်ဆိုရင်တော့ အောက်က ကြိုးတစ်ချောင်းလေးခံဝတ်ဖို့ မမေ့ပါနဲ့။

လက်ကိုင်အိတ်မှာ Accessories တွေ မျိုးစုံတပ်မယ့်အစား ပုဝါလေးကို ချည်ထားလိုက်မယ်ဆိုရင် ကြည့်ရတာလည်း ရှင်းရှင်းလင်းလင်းရှိမယ်။ အိတ်ဒီဇိုင်းလေးက ပိုပြီးလည်း ဆန်းသွားမှာပါ။

Su Yi Htet (Akhayar)