[Zawgyi]

ႏုိင္ငံတကာအဆင့္မီ အင္ဂ်င္နီယာမဟာဘြဲ႕ ကုိ ျပည္တြင္းမွာပဲ ေလ့လာမယ္

ေခတ္မီတုိးတက္လာတဲ့ နည္းပညာေခတ္ႀကီးမွာ ပညာရပ္အသစ္အဆန္းေတြကုိ ေလ့လာထားကာမွ ေတာ္ကာက်မွာပါ။ မဟုတ္ရင္ေတာ့ ၿပိဳင္ဘက္ေတြက ႏွာတစ္ဖ်ားတင္မက ေခါင္းတစ္လုံးသာသြားၿပီး ေနာက္ေကာက္ခ်သြားမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ပညာရပ္တစ္မ်ိဳးမ်ိဳးကုိ ေလ့လာထားမွသာ ေခါင္းေမာ့ရင္ေကာ့ႏုိင္မွာပါ။ ဝန္ထမ္းေတြအေနနဲ႔လည္း ပညာရည္ျပည့္ဝေနတဲ့အခါ ကုိယ္အလုပ္လုပ္ခ်င္တဲ့ ကုမၸဏီကုိ စိတ္ႀကိဳက္ေရြးခ်ယ္ႏုိင္ၿပီး ပညာရည္မျပည့္ေသးရင္ေတာ့ ကုမၸဏီက ကိုယ့္ကုိ ေရြးခ်ယ္သြားမွာျဖစ္ပါတယ္။

ေလ့လာစရာ ပညာရပ္ေတြ အမ်ားႀကီးရွိတဲ့အထဲကမွ အင္ဂ်င္နီယာနယ္ပယ္ဆုိတာ ေလ့လာလုိ႔ မကုန္ႏုိင္တဲ့ ပင္လယ္ႀကီးလုိပါပဲ။ အင္ဂ်င္နီယာႀကီးေတြ ကုိယ္တုိင္လည္း ေခတ္မီနည္းပညာေတြကုိ ထပ္ေဆာင္းေလ့လာရသလုိ အင္ဂ်င္နီယာနယ္ပယ္ကုိ ကူးေျပာင္းမယ့္ လူငယ္ေတြကုိယ္တုိင္လည္း အင္ဂ်င္နီယာပညာရပ္ကုိ အပူးတျပင္း ေလ့လာေနၾကပါၿပီ။ ဒါ့ေပမယ့္ တုိးတက္ခ်င္တဲ့ လူငယ္ေတြအေနနဲ႔ ႏုိင္ငံတကာအဆင့္မီအင္ဂ်င္နီယာမဟာဘြဲ႕ ကုိ လုိခ်င္ေပမယ့္ ျပည္ပမွာ သြားေရာက္ေလ့လာရတဲ့အတြက္ ကုန္က်စရိတ္ မကာမိပါဘူး။ အခုဆုိရင္္ ကမၻာေက်ာ္တကၠသိုလ္ႀကီးေတြဟာ ျမန္မာႏုိင္ငံမွာ လာေရာက္ဖြင့္လွစ္လာတဲ့အတြက္ ႏုိင္ငံတကာဘြဲ႕ ေတြကုိ အုိးမကြာအိမ္မကြာနဲ႔ ေလ့လာႏုိင္တဲ့အျပင္ ကုန္က်စရိတ္လည္း သက္သာလာပါၿပီ။

အခုဆုိရင္ အေမရိကန္ႏုိင္ငံရဲ႕ နာမည္ေက်ာ္တကၠသုိလ္ျဖစ္တဲ့ Kaplan Global Education Group ဟာလည္း ျမန္မာႏုိင္ငံကုိ ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။ ဒါ့အျပင္ Kaplan Myanmar University College ဟာ သင္ၾကားေရးသုေတသနနဲ႔ အလုပ္အကုိင္ရရွိမႈ အခြင့္အလမ္းေတြမွာ ေက်ာ္ေစာထင္ရွားလွတဲ့ အဂၤလန္ႏုိင္ငံအေျခစုိက္ Teesside University နဲ႔ ခ်ိတ္ဆက္ၿပီး စီးပြားေရးဒီဂရီဘြဲ႕ေတြနဲ႔ အင္ဂ်င္နီယာမဟာဘြဲ႕ေတြကုိ ေပးအပ္ေနပါၿပီ။

အဂၤလန္ႏုိင္ငံ အေျခစုိက္ Teesside University ဟာဆုိရင္လည္း ၁၉၃ဝခုႏွစ္ကတည္းက တည္ေထာင္ခဲ့ၿပီး ေတာ္ဝင္ဘုရင္ႀကီး Edward VIII ကုိယ္တုိင္ ဖြင့္လွစ္ေပးခဲ့တယ္။ ကမၻာ့ပညာေရးသမုိင္းေၾကာင္းမွာ (၈၅) ႏွစ္ေက်ာ္ၾကာေအာင္ ထည္ထည္ဝါဝါရပ္တည္ခဲ့တဲ့ တကၠသုိလ္တစ္ခုျဖစ္ပါတယ္။ အဂၤလန္ႏုိင္ငံ မစ္ဒယ္ဘေရာ့ၿမိဳ႕လယ္မွာ ခန္႔ခန္႔ညားညားတည္ရွိၿပီး ဝန္ထမ္းေပါင္း (၂,၃၅၅) ဦးနဲ႔ ေထာက္ပံ့ေပးထားပါတယ္။ ႏုိင္ငံေပါင္း (၁ဝဝ) ေက်ာ္မွ ေက်ာင္းသား (၁၁ဝ,၉၅) ဦး သင္ယူေနၾကၿပီး ကမၻာေက်ာ္ပညာေရးမဂၢဇင္း Times Higher Education ရဲ႕ သက္တမ္း (၅ဝ) နဲ႔ ေအာက္မွာရွိတဲ့ ကမၻာ့အေကာင္းဆုံးတကၠသုိလ္စာရင္းမွာ အဆင့္ (၁၅၁) မွာ ရပ္တည္ေနပါတယ္။ နယ္ပယ္အသီးသီးမွာ ထူးခြ်န္ေျပာင္ေျမာက္တဲ့ လူငယ္ေတြကုိ ေမြးထုတ္ႏုိင္ခဲ့တဲ့အတြက္ ၂ဝဝ၉ခုႏွစ္မွာ University of the Year နဲ႔ Outstanding Employer Engagement Initiative ဆုတံဆိပ္ေတြ ရရွိခဲ့ပါတယ္။ ဒါ့အျပင္ ၂ဝ၁၈ခုႏွစ္မွာ Times Higher Education မဂၢဇင္းမွာလည္း ထည့္သြင္းေဖာ္ျပခံရတဲ့ တကၠသုိလ္ႀကီးျဖစ္ပါတယ္။

Teesside University က တိုက္႐ိုက္ေပးအပ္တဲ့ ျမန္မာႏိုင္ငံရဲ႕ ပထမဦးဆံုး MSc (Engineering Management) ဘြဲ႕ကို Kaplan Myanmar University College မွာပဲ တက္ေရာက္ႏုိင္ၿပီး သင္တန္းကာလမွာ (၁၂) လျဖစ္ပါတယ္။ 100% Oversea Lecturer ေတြ လာေရာက္သင္ၾကားမွာျဖစ္ၿပီး မူလတကၠသုိလ္နဲ႔မျခား သင္ၾကားေရးအေတြ႕ အၾကံဳကုိ ခံစားရမွာပါ။

Teesside University ရဲ႕ Online Library  ကုိ အခမဲ့ဝင္ေရာက္ႏုိင္မွာျဖစ္ၿပီး မူလတကၠသုိလ္ေက်ာင္းသားေတြနဲ႔မျခား ေလ့လာႏုိင္မွာျဖစ္ပါတယ္။ သင္တန္းေၾကးအေနနဲ႔ ေဒၚလာ (၁၅,ဝဝဝ) က်သင့္မွာျဖစ္ၿပီး ပထမဆုံးအပ္ႏွံတဲ့ ေက်ာင္းသားေတြအေနနဲ႔ ပညာသင္ဆုအျဖစ္ ေဒၚလာ (၃,ဝဝဝ) ေပးအပ္မယ္လုိ႔ သိရျပန္ပါတယ္။ အေသးစိတ္အခ်က္အလက္ေတြကုိေတာ့ Kaplan Myanmar University College ရဲ႕  Hotline ဖုန္းနံပါတ္ 09 777 636 000 နဲ႔ 09 777 686 000 ကုိ ဆက္သြယ္စုံစမ္းႏုိင္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

နိုင်ငံတကာအဆင့်မီ အင်ဂျင်နီယာမဟာဘွဲ့ ကို ပြည်တွင်းမှာပဲ လေ့လာမယ်

ခေတ်မီတိုးတက်လာတဲ့ နည်းပညာခေတ်ကြီးမှာ ပညာရပ်အသစ်အဆန်းတွေကို လေ့လာထားကာမှ တော်ကာကျမှာပါ။ မဟုတ်ရင်တော့ ပြိုင်ဘက်တွေက နှာတစ်ဖျားတင်မက ခေါင်းတစ်လုံးသာသွားပြီး နောက်ကောက်ချသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပညာရပ်တစ်မျိုးမျိုးကို လေ့လာထားမှသာ ခေါင်းမော့ရင်ကော့နိုင်မှာပါ။ ဝန်ထမ်းတွေအနေနဲ့လည်း ပညာရည်ပြည့်ဝနေတဲ့အခါ ကိုယ်အလုပ်လုပ်ချင်တဲ့ ကုမ္ပဏီကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီး ပညာရည်မပြည့်သေးရင်တော့ ကုမ္ပဏီက ကိုယ့်ကို ရွေးချယ်သွားမှာဖြစ်ပါတယ်။

လေ့လာစရာ ပညာရပ်တွေ အများကြီးရှိတဲ့အထဲကမှ အင်ဂျင်နီယာနယ်ပယ်ဆိုတာ လေ့လာလို့ မကုန်နိုင်တဲ့ ပင်လယ်ကြီးလိုပါပဲ။ အင်ဂျင်နီယာကြီးတွေ ကိုယ်တိုင်လည်း ခေတ်မီနည်းပညာတွေကို ထပ်ဆောင်းလေ့လာရသလို အင်ဂျင်နီယာနယ်ပယ်ကို ကူးပြောင်းမယ့် လူငယ်တွေကိုယ်တိုင်လည်း အင်ဂျင်နီယာပညာရပ်ကို အပူးတပြင်း လေ့လာနေကြပါပြီ။ ဒါ့ပေမယ့် တိုးတက်ချင်တဲ့ လူငယ်တွေအနေနဲ့ နိုင်ငံတကာအဆင့်မီအင်ဂျင်နီယာမဟာဘွဲ့ ကို လိုချင်ပေမယ့် ပြည်ပမှာ သွားရောက်လေ့လာရတဲ့အတွက် ကုန်ကျစရိတ် မကာမိပါဘူး။ အခုဆိုရင် ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေဟာ မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်လာတဲ့အတွက် နိုင်ငံတကာဘွဲ့ တွေကို အိုးမကွာအိမ်မကွာနဲ့ လေ့လာနိုင်တဲ့အပြင် ကုန်ကျစရိတ်လည်း သက်သာလာပါပြီ။

အခုဆိုရင် အမေရိကန်နိုင်ငံရဲ့ နာမည်ကျော်တက္ကသိုလ်ဖြစ်တဲ့ Kaplan Global Education Group ဟာလည်း မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် Kaplan Myanmar University College ဟာ သင်ကြားရေးသုတေသနနဲ့ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းတွေမှာ ကျော်စောထင်ရှားလှတဲ့ အင်္ဂလန်နိုင်ငံအခြေစိုက် Teesside University နဲ့ ချိတ်ဆက်ပြီး စီးပွားရေးဒီဂရီဘွဲ့တွေနဲ့ အင်ဂျင်နီယာမဟာဘွဲ့တွေကို ပေးအပ်နေပါပြီ။

အင်္ဂလန်နိုင်ငံ အခြေစိုက် Teesside University ဟာဆိုရင်လည်း ၁၉၃ဝခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး တော်ဝင်ဘုရင်ကြီး Edward VIII ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့တယ်။ ကမ္ဘာ့ပညာရေးသမိုင်းကြောင်းမှာ (၈၅) နှစ်ကျော်ကြာအောင် ထည်ထည်ဝါဝါရပ်တည်ခဲ့တဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ မစ်ဒယ်ဘရော့မြို့လယ်မှာ ခန့်ခန့်ညားညားတည်ရှိပြီး ဝန်ထမ်းပေါင်း (၂,၃၅၅) ဦးနဲ့ ထောက်ပံ့ပေးထားပါတယ်။ နိုင်ငံပေါင်း (၁ဝဝ) ကျော်မှ ကျောင်းသား (၁၁ဝ,၉၅) ဦး သင်ယူနေကြပြီး ကမ္ဘာကျော်ပညာရေးမဂ္ဂဇင်း Times Higher Education ရဲ့ သက်တမ်း (၅ဝ) နဲ့ အောက်မှာရှိတဲ့ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်စာရင်းမှာ အဆင့် (၁၅၁) မှာ ရပ်တည်နေပါတယ်။ နယ်ပယ်အသီးသီးမှာ ထူးချွန်ပြောင်မြောက်တဲ့ လူငယ်တွေကို မွေးထုတ်နိုင်ခဲ့တဲ့အတွက် ၂ဝဝ၉ခုနှစ်မှာ University of the Year နဲ့ Outstanding Employer Engagement Initiative ဆုတံဆိပ်တွေ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂ဝ၁၈ခုနှစ်မှာ Times Higher Education မဂ္ဂဇင်းမှာလည်း ထည့်သွင်းဖော်ပြခံရတဲ့ တက္ကသိုလ်ကြီးဖြစ်ပါတယ်။

Teesside University က တိုက်ရိုက်ပေးအပ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး MSc (Engineering Management) ဘွဲ့ကို Kaplan Myanmar University College မှာပဲ တက်ရောက်နိုင်ပြီး သင်တန်းကာလမှာ (၁၂) လဖြစ်ပါတယ်။ 100% Oversea Lecturer တွေ လာရောက်သင်ကြားမှာဖြစ်ပြီး မူလတက္ကသိုလ်နဲ့မခြား သင်ကြားရေးအတွေ့ အကြုံကို ခံစားရမှာပါ။

Teesside University ရဲ့ Online Library  ကို အခမဲ့ဝင်ရောက်နိုင်မှာဖြစ်ပြီး မူလတက္ကသိုလ်ကျောင်းသားတွေနဲ့မခြား လေ့လာနိုင်မှာဖြစ်ပါတယ်။ သင်တန်းကြေးအနေနဲ့ ဒေါ်လာ (၁၅,ဝဝဝ) ကျသင့်မှာဖြစ်ပြီး ပထမဆုံးအပ်နှံတဲ့ ကျောင်းသားတွေအနေနဲ့ ပညာသင်ဆုအဖြစ် ဒေါ်လာ (၃,ဝဝဝ) ပေးအပ်မယ်လို့ သိရပြန်ပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ Kaplan Myanmar University College ရဲ့  Hotline ဖုန်းနံပါတ် 09 777 636 000 နဲ့ 09 777 686 000 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com