[Zawgyi]

အိပ္ရင္ေဟာက္တတ္တဲ့အက်င့္ကုိ ဒီနည္းလမ္းေတြနဲ႔ ေဖ်ာက္ၾကည္႔ရေအာင္

အိပ္ေပ်ာ္ေနစဥ္ ေဟာက္သံက်ယ္က်ယ္ေဟာက္တတ္ျခင္းက သိပ္ကုိဆိုးရြားတဲ့ အမူအက်င့္တစ္ခုပါပဲ။ ေဟာက္ေနတဲ့သူအဖုိ႔ မသိသာေပမယ့္ ေဘးက အတူအိပ္စက္သူအဖုိ႔ေတာ့ အေတာ့္ကုိ ဒုကၡမ်ားပါတယ္။ အသံက်ယ္ေလာင္စြာေဟာက္တတ္သူေၾကာင့္ ရုတ္တရက္ဆုိသလုိ အိပ္ရာက လန္႔ႏုိးရတဲ့အခ်ိန္ေတြဟာလည္း ဘယ္လုိမွကုိ သည္းခံလုိ႔မရတဲ့အရာလုိ႔လည္း ဆုိၾကပါတယ္။ ေဟာက္တတ္သူေတြကလည္း သူတုိ႔ရဲ႕ အိပ္ေနစဥ္ေဟာက္တတ္တဲ့အက်င့္ကုိ ေဖ်ာက္ပစ္ဖုိ႔ဆုိတာလည္း သိပ္ကုိခက္ခဲတတ္ၾကပါတယ္။ ဒီေတာ့ အိပ္ေပ်ာ္ေနစဥ္ေဟာက္တတ္တဲ့အက်င့္နဲ႔ ေဟာက္တတ္ျခင္းေတြကုိ ဘယ္လုိတားဆီးၾကမလဲဆုိတာကုိ နည္းလမ္းေကာင္းေလးေတြ ေဖာ္ျပေပးလုိက္ပါတယ္….

ပံုစံေျပာင္းအိပ္ပါ

အိပ္တဲ့ပံုစံကုိ ေျပာင္းအိပ္ၾကည့္ပါ။ ပက္လက္အေနအထား လဲေလ်ာင္းအိပ္စက္ျခင္းဟာ ေက်ာဘက္ကုိ ပုိမုိအားသက္ေရာက္ေစကာ လွ်ာနဲ႔အာေခါင္တုိ႔က လည္ေခ်ာင္းရဲ႕အေနာက္နံရံဘက္ကုိ ၿပိဳက်သလုိျဖစ္ေပၚရာကေန အသက္ရွဴထုတ္တဲ့အခါ တုန္ခါမႈနဲ႔ အသံေတြကုိ ထြတ္ေပၚလာေစပါတယ္။ ဒါ ဟာ အသက္ရွဴလမ္းေၾကာင္းမွာ ပိတ္ဆုိ႔ေနတဲ့ အေနအထားေၾကာင့္လုိ႔လည္း ဆုိႏုိင္ပါတယ္။ ေနာက္ၿပီး လည္ပင္း၊ ဇက္အေနအထားတုိ႔ဟာ အိပ္ေပ်ာ္ေနစဥ္မွာ သက္ေတာင့္သက္သာပံုစံမရွိခဲ့ဘူးဆုိရင္လည္း အိပ္ရင္ေဟာက္တတ္ပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ပါ

ကုိယ္အေလးခ်ိန္ေလွ်ာ့ခ်ပါ။ ကုိယ္အေလးခ်ိန္မ်ားတဲ့သူေတြပဲ အိပ္ရင္ ေဟာက္တတ္တာမဟုတ္ပါဘူး။ ကုိယ္အေလးခ်ိန္နည္းတ့ဲသူေတြလည္း ေဟာက္တတ္ေလ့ရွိပါတယ္။ ဒါေပမယ့္ လူတစ္ေယာက္မွာ ကုိယ္အေလးခ်ိန္တျဖည္းျဖည္း တုိးျမင့္လာတာနဲ႔အမွ် အိပ္ရင္ ေဟာက္တတ္တဲ့အေလ့အက်င့္ဟာလည္း ေပၚလာတတ္ပါတယ္။ ဝတဲ့သူေတြမွာ ပုိၿပီးေတာ့ ေဟာက္တတ္ေလ့ရွိတာကုိလည္း ေတြ႔ရပါတယ္။ ဒါေၾကာင့္မုိ႔လုိ႔ ဝတဲ့သူေတြဟာ အိပ္ရင္ ေဟာက္တဲ့အက်င့္ကုိ ေဖ်ာက္ဖုိ႔ဆုိရင္ ကုိယ္အေလးခ်ိန္
ေလွ်ာ့ခ်သင့္ပါတယ္။

အရက္ေလ်ွာ့ေသာက္ပါ

အရက္ေသစာေတြ ေရွာင္ပါ။ အရက္ေသစာနဲ႔ အေဖ်ာ္ယမကာေတြေသာက္သံုးျခင္းကေနလည္း ေက်ာအေနာက္ဘက္က ၾကြက္သားေတြ အလုပ္လုပ္မႈကုိ မူမမွန္ျဖစ္လာေစပါတယ္။ ဒါဟာ အိပ္ရင္ ေဟာက္ျခင္းကုိ ျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္မုိ႔လုိ႔ အိပ္ရာမဝင္ခင္မွာ အရက္ေသစာမေသာက္သံုးဖုိ႔ကုိလည္း သတိေပးခ်င္ပါတယ္။

ခပ္ေျဖးေျဖးနဲ႔ ပံုမွန္ေလရွဴသြင္းထုတ္လုပ္ပါ

ပံုမွန္ေလရွဴ၊ အထုတ္အသြင္းကုိလုပ္ပါ။ အိပ္ရာထဲကုိေရာက္ၿပီး အိပ္ေမာမက်ခင္အခ်ိန္အထိ ႏွာေခါင္းေပါက္ကေန ေလရွဴသြင္းျခင္း၊ ေလရွဴထုတ္ျခင္းကုိ ပံုမွန္လုပ္ေဆာင္ပါ။ အသက္ရွဴျမန္တာ၊ အသက္ရွဴေႏွးတာေတြဟာ လည္ေခ်ာင္းနဲ႔ အသက္ရွဴလမ္းေခ်ာင္းအလုပ္လုပ္ပံုကုိ ေႏွာင့္ယွက္ေစလုိ႔ အိပ္တဲ့အခါ ေဟာက္ျခင္းကုိ ျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ ခပ္ေျဖးေျဖးနဲ႔ ပံုမွန္ေလရွဴသြင္းလုပ္ၿပီး အိပ္စက္ပါ။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

အိပ္ရာဝင္ခ်ိန္ စိတ္ကုိ အသက္သာဆံုးထားပါ

အိပ္ရာဝင္တဲ့အခ်ိန္ အေလ့အက်င့္ေကာင္းေတြယူပါ။ တခ်ိဳ႕က အိပ္ရာဝင္ခါနီးမွ အရက္ေသစာေတြ ေသာက္စားထားတာ၊ အစားေတြ အလြန္အကၽြံစားေသာက္ထားတာ၊ အိပ္ခ်ိန္ပံုမွန္မရွိတာ၊ ေနာက္ၿပီး တစ္ျခားေသာ အိပ္စက္မႈအေႏွာင့္အယွက္ေပးမယ့္အရာေတြေၾကာင့္ ေကာင္းေကာင္းအိပ္မေပ်ာ္ႏုိင္ ျဖစ္လာတဲ့အခါ အိပ္ရင္ေဟာက္တဲ့အက်င့္ကုိ ျဖစ္လာေစပါတယ္။ အိပ္ရာဝင္ခ်ိန္ စိတ္ကုိ အသက္သာ ဆံုးနဲ႔ စိတ္ကုိ အေအးဆံုးထားၿပီး သက္ေတာင့္သက္သာ အိပ္စက္ပါ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အိပ်ရင်ဟောက်တတ်တဲ့အကျင့်ကို ဒီနည်းလမ်းတွေနဲ့ ဖျောက်ကြည့်ရအောင်

အိပ်ပျော်နေစဉ် ဟောက်သံကျယ်ကျယ်ဟောက်တတ်ခြင်းက သိပ်ကိုဆိုးရွားတဲ့ အမူအကျင့်တစ်ခုပါပဲ။ ဟောက်နေတဲ့သူအဖို့ မသိသာပေမယ့် ဘေးက အတူအိပ်စက်သူအဖို့တော့ အတော့်ကို ဒုက္ခများပါတယ်။ အသံကျယ်လောင်စွာဟောက်တတ်သူကြောင့် ရုတ်တရက်ဆိုသလို အိပ်ရာက လန့်နိုးရတဲ့အချိန်တွေဟာလည်း ဘယ်လိုမှကို သည်းခံလို့မရတဲ့အရာလို့လည်း ဆိုကြပါတယ်။ ဟောက်တတ်သူတွေကလည်း သူတို့ရဲ့ အိပ်နေစဉ်ဟောက်တတ်တဲ့အကျင့်ကို ဖျောက်ပစ်ဖို့ဆိုတာလည်း သိပ်ကိုခက်ခဲတတ်ကြပါတယ်။ ဒီတော့ အိပ်ပျော်နေစဉ်ဟောက်တတ်တဲ့အကျင့်နဲ့ ဟောက်တတ်ခြင်းတွေကို ဘယ်လိုတားဆီးကြမလဲဆိုတာကို နည်းလမ်းကောင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်….

ပုံစံပြောင်းအိပ်ပါ

အိပ်တဲ့ပုံစံကို ပြောင်းအိပ်ကြည့်ပါ။ ပက်လက်အနေအထား လဲလျောင်းအိပ်စက်ခြင်းဟာ ကျောဘက်ကို ပိုမိုအားသက်ရောက်စေကာ လျှာနဲ့အာခေါင်တို့က လည်ချောင်းရဲ့အနောက်နံရံဘက်ကို ပြိုကျသလိုဖြစ်ပေါ်ရာကနေ အသက်ရှူထုတ်တဲ့အခါ တုန်ခါမှုနဲ့ အသံတွေကို ထွတ်ပေါ်လာစေပါတယ်။ ဒါ ဟာ အသက်ရှူလမ်းကြောင်းမှာ ပိတ်ဆို့နေတဲ့ အနေအထားကြောင့်လို့လည်း ဆိုနိုင်ပါတယ်။ နောက်ပြီး လည်ပင်း၊ ဇက်အနေအထားတို့ဟာ အိပ်ပျော်နေစဉ်မှာ သက်တောင့်သက်သာပုံစံမရှိခဲ့ဘူးဆိုရင်လည်း အိပ်ရင်ဟောက်တတ်ပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

ကိုယ်အလေးချိန်လျှော့ချပါ

ကိုယ်အလေးချိန်လျှော့ချပါ။ ကိုယ်အလေးချိန်များတဲ့သူတွေပဲ အိပ်ရင် ဟောက်တတ်တာမဟုတ်ပါဘူး။ ကိုယ်အလေးချိန်နည်းတဲ့သူတွေလည်း ဟောက်တတ်လေ့ရှိပါတယ်။ ဒါပေမယ့် လူတစ်ယောက်မှာ ကိုယ်အလေးချိန်တဖြည်းဖြည်း တိုးမြင့်လာတာနဲ့အမျှ အိပ်ရင် ဟောက်တတ်တဲ့အလေ့အကျင့်ဟာလည်း ပေါ်လာတတ်ပါတယ်။ ဝတဲ့သူတွေမှာ ပိုပြီးတော့ ဟောက်တတ်လေ့ရှိတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ဝတဲ့သူတွေဟာ အိပ်ရင် ဟောက်တဲ့အကျင့်ကို ဖျောက်ဖို့ဆိုရင် ကိုယ်အလေးချိန်
လျှော့ချသင့်ပါတယ်။

အရက်လျှော့သောက်ပါ

အရက်သေစာတွေ ရှောင်ပါ။ အရက်သေစာနဲ့ အဖျော်ယမကာတွေသောက်သုံးခြင်းကနေလည်း ကျောအနောက်ဘက်က ကြွက်သားတွေ အလုပ်လုပ်မှုကို မူမမှန်ဖြစ်လာစေပါတယ်။ ဒါဟာ အိပ်ရင် ဟောက်ခြင်းကို ဖြစ်စေပါတယ်။ ဒါ့ကြောင့်မို့လို့ အိပ်ရာမဝင်ခင်မှာ အရက်သေစာမသောက်သုံးဖို့ကိုလည်း သတိပေးချင်ပါတယ်။

ခပ်ဖြေးဖြေးနဲ့ ပုံမှန်လေရှူသွင်းထုတ်လုပ်ပါ

ပုံမှန်လေရှူ၊ အထုတ်အသွင်းကိုလုပ်ပါ။ အိပ်ရာထဲကိုရောက်ပြီး အိပ်မောမကျခင်အချိန်အထိ နှာခေါင်းပေါက်ကနေ လေရှူသွင်းခြင်း၊ လေရှူထုတ်ခြင်းကို ပုံမှန်လုပ်ဆောင်ပါ။ အသက်ရှူမြန်တာ၊ အသက်ရှူနှေးတာတွေဟာ လည်ချောင်းနဲ့ အသက်ရှူလမ်းချောင်းအလုပ်လုပ်ပုံကို နှောင့်ယှက်စေလို့ အိပ်တဲ့အခါ ဟောက်ခြင်းကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် ခပ်ဖြေးဖြေးနဲ့ ပုံမှန်လေရှူသွင်းလုပ်ပြီး အိပ်စက်ပါ။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

အိပ်ရာဝင်ချိန် စိတ်ကို အသက်သာဆုံးထားပါ

အိပ်ရာဝင်တဲ့အချိန် အလေ့အကျင့်ကောင်းတွေယူပါ။ တချို့က အိပ်ရာဝင်ခါနီးမှ အရက်သေစာတွေ သောက်စားထားတာ၊ အစားတွေ အလွန်အကျွံစားသောက်ထားတာ၊ အိပ်ချိန်ပုံမှန်မရှိတာ၊ နောက်ပြီး တစ်ခြားသော အိပ်စက်မှုအနှောင့်အယှက်ပေးမယ့်အရာတွေကြောင့် ကောင်းကောင်းအိပ်မပျော်နိုင် ဖြစ်လာတဲ့အခါ အိပ်ရင်ဟောက်တဲ့အကျင့်ကို ဖြစ်လာစေပါတယ်။ အိပ်ရာဝင်ချိန် စိတ်ကို အသက်သာ ဆုံးနဲ့ စိတ်ကို အအေးဆုံးထားပြီး သက်တောင့်သက်သာ အိပ်စက်ပါ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။