[Zawgyi]

စိတ္ဓာတ္က်ေနသူေတြကို ေဖးကူၾကရေအာင္လား

စိတ္ဓာတ္က်တယ္ဆိုတာဟာ အခုေနာက္ပိုင္း ျမန္မာႏုိင္ငံမွာ လူသိမ်ားေခတ္စားလာတဲ့ ေရာဂါဆိုးတစ္မ်ိဳးပါပဲ။ ကၽြန္မတို႔ ခ်စ္ခင္အားက်ရတဲ့ Celebrity ေတြျဖစ္တဲ့ Kate Spade တို႔၊ Chester တို႔၊ Anthony Bourdain တို႔လည္း ဒီႏွစ္အတြင္းမွာပဲ ကိုယ့္ကိုယ္ကိုယ္ အဆံုးစီရင္ခဲ့ၾကတာကို ၀မ္းနည္းစြာ ၾကားသိခဲ့ရပါေသးတယ္ေနာ္။ တစ္ေန႔တစ္ေန႔ Social Media မွာ ျမင္ေနရတာေတြဟာ စိတ္ဓာတ္က်လို႔၊ စိတ္ညစ္လို႔ စတဲ့အေၾကာင္းျပခ်က္ေပါင္းစံုအေၾကာင္း Status ေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းႀကံစည္မႈသတင္းေတြပါ။

တကယ္ေတာ့ ဒီ Depression လို႔ ေခၚတဲ့ စိတ္ဓာတ္က်တဲ့ေရာဂါဟာ အခုမွ ေပၚလာတာေတာ့ မဟုတ္ပါဘူးေနာ္။ ဒီႏုိင္ငံမွာကေတာ့ စိတ္က်န္းမာေရးထက္ ကိုယ္က်န္းမာေရးကို အသားေပးတဲ့အခါမွာ Mental Illness လို႔ေခၚတဲ့ လူေတြရဲ႕ စိတ္က်န္းမာေရးအေျခအေနကေတာ့ ဂရုစိုက္ခံရတာမ်ိဳး မရွိခဲ့ပါဘူး။ တကယ္ေတာ့ ကိုယ္က်န္းမာေရးထက္ စိတ္က်န္းမာေရးက ပိုၿပီး အေလးထားျပဳစုေစာင့္ေရွာက္သင့္တဲ့အရာပါ။

စိတ္ဓာတ္က်တယ္ဆိုတာ အသက္ ၁၈ႏွစ္ေနာက္ပိုင္းကေနစၿပီး အသက္ ၄၄ႏွစ္အတြင္း အျဖစ္မ်ားပါတယ္။ တက္ခ်င္တဲ့သင္တန္းမတက္ရလို႔၊ အလုပ္က ၀င္ေငြမေကာင္းလို႔၊ မိသားစု၀င္အမ်ားႀကီးကို ထမ္းပိုးေနရလို႔၊ လူ၀င္မဆံ့လို႔ စတဲ့ လို႔ ေပါင္းစံုနဲ႔ ဒီေရာဂါဟာ စတင္အျမစ္တြယ္လာပါလိမ့္မယ္။ ဒါကို ပတ္၀န္းက်င္အသိုင္းအ၀ိုင္းနဲ႔ မိသားစု၀င္ေတြက အလိုက္တသိ ကုသေပးႏုိင္ဖို႔ လိုအပ္ပါတယ္ေနာ္။ ဒီလိုမွမဟုတ္ရင္ေတာ့ စိတ္ခံစားခ်က္ျပင္းျပတဲ့လူငယ္ေတြနဲ႔ စိတ္အားငယ္တတ္တဲ့လူငယ္ေတြဟာ Depression ေၾကာင့္ပဲ ခ်စ္တဲ့သူေတြကို ခြဲခြာသြားၾကဦးမွာပါ။

ဒီေတာ့ ကၽြန္မတို႔ သူတို႔ေလးေတြကုိ ဘယ္လို ၀န္းရံၾကရင္ေကာင္းမလဲ။

အေရးပါတဲ့အခ်က္တစ္ခ်က္က နားေထာင္ေပးဖို႔ပါ။ ဒီလိုလူမ်ိဳးေတြဟာ စကားမေျပာေတာ့တာမဟုတ္ပါဘူး။ စကားေျပာလည္း သူ႔ရဲ႕ ရင္ထဲက အပူလံုးေတြနဲ႔ ခံစားခ်က္ေတြကို နားလည္ၿပီး စိတ္ရွည္ရွည္နဲ႔ နားေထာင္ေပးမယ့္လူ မရွိဘူးလို႔ ထင္ေနတာေၾကာင့္ပါ။ ဘာပဲျဖစ္ျဖစ္ ဖြင့္ထုတ္လုိက္ရရင္ေတာ့ စိတ္လက္ေပါ့ပါးသြားၿပီး ေလာကထဲမွာ သူ႔ကို နားလည္ေပးတဲ့သူတစ္ေယာက္ရွိေနတယ္လို႔ သက္ေသျပႏုိင္ပါေသးတယ္။ မိဘေတြအေနနဲ႔လည္း ကိုယ့္ရဲ႕ သားသမီးေတြ ဒီလိုျဖစ္ေနပံုရရင္ သူ႔ရဲ႕ ရင္ထဲကအရာေတြအေၾကာင္း ဂရုတစိုက္နဲ႔ နားေထာင္ေပးၾကပါေနာ္။

ေနာက္တစ္ခ်က္က ေပ်ာ္ရႊင္မႈကို ရွာေဖြေပးလိုက္ပါ။ ဒါဟာ ပိုက္ဆံေတြအကုန္ခံၿပီး လုပ္ေပးရတာမ်ိဳးကို ေျပာေနတာမဟုတ္ပါဘူးေနာ္။ မိသားစုေတြဆံုၿပီး အတူတူ ခ်စ္ခ်စ္ခင္ခင္ ေႏြးေႏြးေထြးေထြး စကားေတြေျပာရင္း ရယ္ၾကေမာၾကပါ။ သူခ်စ္တဲ့သူေတြနဲ႔အတူတူ အခ်ိန္ျဖဳန္းႏုိင္ေအာင္ စီစဥ္ေပးလိုက္ပါ။ သူတစ္ေယာက္တည္း မဟုတ္ဘူးဆိုတာကို သူသိပါေစ။

ၿပီးရင္ေတာ့ လြတ္လပ္ခြင့္ေပးလိုက္ပါ။ ဒီဘက္ႏုိင္ငံေတြမွာ အျဖစ္မ်ားတာက မိသားစု၀င္ေတြဟာ လူငယ္ေတြကို မ်က္စိေထာက္ေဒါက္လုိက္ၾကည့္ေနတတ္ပါတယ္။ ဘယ္သြားဦးမွာလဲ၊ ဘာလုပ္ဦးမွာလဲဆိုၿပီး တရားလြန္စိုးရိမ္ပူပန္ေနတာေတြဟာ တကယ္ေတာ့ ခ်စ္ရာမေရာက္ပါဘူးေနာ္။ သားသမီးပဲျဖစ္ျဖစ္၊ မိဘပဲျဖစ္ျဖစ္ တစ္ေယာက္ကို တစ္ေယာက္မပိုင္ပါဘူး။ ဒါေၾကာင့္လည္း တရားလြန္ထိန္းခ်ဳပ္ထားမယ့္အစား လြတ္လပ္ခြင့္ေပးလိုက္ပါ။ အႏၱရာယ္မရွိမယ့္အရာေတြအထိပါ လိုက္ၿပီး ခ်ဳပ္ခ်ယ္မေနပါနဲ႔ေတာ့။ သူ႔ရဲ႕ လြတ္လပ္ခြင့္ေလးနဲ႔ သူ ေနပါေစေနာ္။

အေရးႀကီးဆံုးနဲ႔ ေနာက္ဆံုးအခ်က္ကေတာ့ နားလည္ေပးဖို႔ပါပဲ။ မ်ားေသာအားျဖင့္ စိတ္က်န္းမာေရးအေၾကာင္း နားမလည္တဲ့အတြက္ လူႀကီးေတြဟာ လူငယ္ေတြ Depression ျဖစ္လာတာကို အလကားအိမ္မွာေနၿပီး စိတ္ညစ္ျပေနတယ္၊ ျပႆနာရွာေနတယ္လို႔ ျမင္ေနတတ္ပါတယ္။ တကယ္ မျမင္ဖူးတဲ့ပံုစံမ်ိဳး ကိုယ့္ရဲ႕ မိသားစု၀င္တစ္ေယာက္ေယာက္ဆီက ျမင္ေနရၿပီဆိုရင္ အလ်င္စလို အျပစ္မတင္ဘဲ နားလည္ေပးပါ။ သူ စိတ္ထိခိုက္ေနလား။ သူ စိတ္ဖိစီးမႈမ်ားေနလား စသည္ျဖင့္ ေလ့လာၾကည့္ပါ။ မထင္မွတ္ထားဘဲ အလ်င္စလို အျပစ္တင္လုိက္တာက သူတို႔ကို အစြန္းကေန ျပဳတ္က်သြားေအာင္ တြန္းပို႔သလို ျဖစ္ေနတတ္လို႔ပါေနာ္။

ေခ်ာက္ကမ္းပါးအစြန္းမွာ ရပ္ေနသူတစ္ေယာက္အတြက္ေတာ့ ေနာက္ဆံုးေျခတစ္လွမ္းက သူ႔ရဲ႕ ဘ၀ကို အဆံုးအျဖတ္ေပးသြားမွာပါပဲ။ အဲဒီ့ ေနာက္ဆံုးေျခတစ္လွမ္းကို ေရႊ႕လိုက္တဲ့သူက ကၽြန္မတို႔မျဖစ္ဖို႔ေတာ့ လိုအပ္ပါတယ္ေနာ္။ ကိုယ့္ေဘးနားက ခ်စ္ရတဲ့သူေတြ စိတ္ဓာတ္က်ေနၿပီဆိုရင္ အလကားလုိ႔ အျပစ္တင္ေနမိမယ့္အစား Mental illness ဆိုတာကို နားလည္ၿပီး ေဖးမတြဲကူၾကရေအာင္လား။

Moethaesay (Akhayar)

[Unicode]

စိတ်ဓာတ်ကျနေသူတွေကို ဖေးကူကြရအောင်လား

စိတ်ဓာတ်ကျတယ်ဆိုတာဟာ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ လူသိများခေတ်စားလာတဲ့ ရောဂါဆိုးတစ်မျိုးပါပဲ။ ကျွန်မတို့ ချစ်ခင်အားကျရတဲ့ Celebrity တွေဖြစ်တဲ့ Kate Spade တို့၊ Chester တို့၊ Anthony Bourdain တို့လည်း ဒီနှစ်အတွင်းမှာပဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြတာကို ဝမ်းနည်းစွာ ကြားသိခဲ့ရပါသေးတယ်နော်။ တစ်နေ့တစ်နေ့ Social Media မှာ မြင်နေရတာတွေဟာ စိတ်ဓာတ်ကျလို့၊ စိတ်ညစ်လို့ စတဲ့အကြောင်းပြချက်ပေါင်းစုံအကြောင်း Status တွေနဲ့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုသတင်းတွေပါ။

တကယ်တော့ ဒီ Depression လို့ ခေါ်တဲ့ စိတ်ဓာတ်ကျတဲ့ရောဂါဟာ အခုမှ ပေါ်လာတာတော့ မဟုတ်ပါဘူးနော်။ ဒီနိုင်ငံမှာကတော့ စိတ်ကျန်းမာရေးထက် ကိုယ်ကျန်းမာရေးကို အသားပေးတဲ့အခါမှာ Mental illness လို့ခေါ်တဲ့ လူတွေရဲ့ စိတ်ကျန်းမာရေးအခြေအနေကတော့ ဂရုစိုက်ခံရတာမျိုး မရှိခဲ့ပါဘူး။ တကယ်တော့ ကိုယ်ကျန်းမာရေးထက် စိတ်ကျန်းမာရေးက ပိုပြီး အလေးထားပြုစုစောင့်ရှောက်သင့်တဲ့အရာပါ။

စိတ်ဓာတ်ကျတယ်ဆိုတာ အသက် ၁၈နှစ်နောက်ပိုင်းကနေစပြီး အသက် ၄၄နှစ်အတွင်း အဖြစ်များပါတယ်။ တက်ချင်တဲ့သင်တန်းမတက်ရလို့၊ အလုပ်က ဝင်ငွေမကောင်းလို့၊ မိသားစုဝင်အများကြီးကို ထမ်းပိုးနေရလို့၊ လူဝင်မဆံ့လို့ စတဲ့ လို့ ပေါင်းစုံနဲ့ ဒီရောဂါဟာ စတင်အမြစ်တွယ်လာပါလိမ့်မယ်။ ဒါကို ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ မိသားစုဝင်တွေက အလိုက်တသိ ကုသပေးနိုင်ဖို့ လိုအပ်ပါတယ်နော်။ ဒီလိုမှမဟုတ်ရင်တော့ စိတ်ခံစားချက်ပြင်းပြတဲ့လူငယ်တွေနဲ့ စိတ်အားငယ်တတ်တဲ့လူငယ်တွေဟာ Depression ကြောင့်ပဲ ချစ်တဲ့သူတွေကို ခွဲခွာသွားကြဦးမှာပါ။

ဒီတော့ ကျွန်မတို့ သူတို့လေးတွေကို ဘယ်လို ဝန်းရံကြရင်ကောင်းမလဲ။

အရေးပါတဲ့အချက်တစ်ချက်က နားထောင်ပေးဖို့ပါ။ ဒီလိုလူမျိုးတွေဟာ စကားမပြောတော့တာမဟုတ်ပါဘူး။ စကားပြောလည်း သူ့ရဲ့ ရင်ထဲက အပူလုံးတွေနဲ့ ခံစားချက်တွေကို နားလည်ပြီး စိတ်ရှည်ရှည်နဲ့ နားထောင်ပေးမယ့်လူ မရှိဘူးလို့ ထင်နေတာကြောင့်ပါ။ ဘာပဲဖြစ်ဖြစ် ဖွင့်ထုတ်လိုက်ရရင်တော့ စိတ်လက်ပေါ့ပါးသွားပြီး လောကထဲမှာ သူ့ကို နားလည်ပေးတဲ့သူတစ်ယောက်ရှိနေတယ်လို့ သက်သေပြနိုင်ပါသေးတယ်။ မိဘတွေအနေနဲ့လည်း ကိုယ့်ရဲ့ သားသမီးတွေ ဒီလိုဖြစ်နေပုံရရင် သူ့ရဲ့ ရင်ထဲကအရာတွေအကြောင်း ဂရုတစိုက်နဲ့ နားထောင်ပေးကြပါနော်။

နောက်တစ်ချက်က ပျော်ရွှင်မှုကို ရှာဖွေပေးလိုက်ပါ။ ဒါဟာ ပိုက်ဆံတွေအကုန်ခံပြီး လုပ်ပေးရတာမျိုးကို ပြောနေတာမဟုတ်ပါဘူးနော်။ မိသားစုတွေဆုံပြီး အတူတူ ချစ်ချစ်ခင်ခင် နွေးနွေးထွေးထွေး စကားတွေပြောရင်း ရယ်ကြမောကြပါ။ သူချစ်တဲ့သူတွေနဲ့အတူတူ အချိန်ဖြုန်းနိုင်အောင် စီစဉ်ပေးလိုက်ပါ။ သူတစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သူသိပါစေ။

ပြီးရင်တော့ လွတ်လပ်ခွင့်ပေးလိုက်ပါ။ ဒီဘက်နိုင်ငံတွေမှာ အဖြစ်များတာက မိသားစုဝင်တွေဟာ လူငယ်တွေကို မျက်စိထောက်ဒေါက်လိုက်ကြည့်နေတတ်ပါတယ်။ ဘယ်သွားဦးမှာလဲ၊ ဘာလုပ်ဦးမှာလဲဆိုပြီး တရားလွန်စိုးရိမ်ပူပန်နေတာတွေဟာ တကယ်တော့ ချစ်ရာမရောက်ပါဘူးနော်။ သားသမီးပဲဖြစ်ဖြစ်၊ မိဘပဲဖြစ်ဖြစ် တစ်ယောက်ကို တစ်ယောက်မပိုင်ပါဘူး။ ဒါကြောင့်လည်း တရားလွန်ထိန်းချုပ်ထားမယ့်အစား လွတ်လပ်ခွင့်ပေးလိုက်ပါ။ အန္တရာယ်မရှိမယ့်အရာတွေအထိပါ လိုက်ပြီး ချုပ်ချယ်မနေပါနဲ့တော့။ သူ့ရဲ့ လွတ်လပ်ခွင့်လေးနဲ့ သူ နေပါစေနော်။

အရေးကြီးဆုံးနဲ့ နောက်ဆုံးအချက်ကတော့ နားလည်ပေးဖို့ပါပဲ။ များသောအားဖြင့် စိတ်ကျန်းမာရေးအကြောင်း နားမလည်တဲ့အတွက် လူကြီးတွေဟာ လူငယ်တွေ Depression ဖြစ်လာတာကို အလကားအိမ်မှာနေပြီး စိတ်ညစ်ပြနေတယ်၊ ပြဿနာရှာနေတယ်လို့ မြင်နေတတ်ပါတယ်။ တကယ် မမြင်ဖူးတဲ့ပုံစံမျိုး ကိုယ့်ရဲ့ မိသားစုဝင်တစ်ယောက်ယောက်ဆီက မြင်နေရပြီဆိုရင် အလျင်စလို အပြစ်မတင်ဘဲ နားလည်ပေးပါ။ သူ စိတ်ထိခိုက်နေလား။ သူ စိတ်ဖိစီးမှုများနေလား စသည်ဖြင့် လေ့လာကြည့်ပါ။ မထင်မှတ်ထားဘဲ အလျင်စလို အပြစ်တင်လိုက်တာက သူတို့ကို အစွန်းကနေ ပြုတ်ကျသွားအောင် တွန်းပို့သလို ဖြစ်နေတတ်လို့ပါနော်။

ချောက်ကမ်းပါးအစွန်းမှာ ရပ်နေသူတစ်ယောက်အတွက်တော့ နောက်ဆုံးခြေတစ်လှမ်းက သူ့ရဲ့ ဘဝကို အဆုံးအဖြတ်ပေးသွားမှာပါပဲ။ အဲဒီ့ နောက်ဆုံးခြေတစ်လှမ်းကို ရွှေ့လိုက်တဲ့သူက ကျွန်မတို့မဖြစ်ဖို့တော့ လိုအပ်ပါတယ်နော်။ ကိုယ့်ဘေးနားက ချစ်ရတဲ့သူတွေ စိတ်ဓာတ်ကျနေပြီဆိုရင် အလကားလို့ အပြစ်တင်နေမိမယ့်အစား Mental illness ဆိုတာကို နားလည်ပြီး ဖေးမတွဲကူကြရအောင်လား။

Moethaesay (Akhayar)