[Zawgyi]

Michael Kors နာရီ အတုနဲ႔ အစစ္ကို ဘယ္လို ခြဲျခားၾကမလဲ

ျမန္မာျပည္မွာ ေခတ္စားတာ ၾကာျပီျဖစ္တဲ့ လူငယ္ေတြလည္း ၾကိဳက္ၾကတဲ့ Michael Kors နာရီေတြ ေစ်းကြက္ထဲမွာ အမ်ားၾကီးေတြ႔ေနရပါတယ္။ Online Shop ေတြမွာတင္ မွာယူေနလို႔ ရတဲ့အတြက္ တခ်ိဳ႕ကလည္း Authentic အစစ္ေတြ ေရာင္းခ်သလို တခ်ိဳ႕ကလည္း အဖိုးႏႈန္းသက္သာတဲ့ Replica ေတြ ေရာငး္ခ်ၾကပါတယ္။ တကယ့္ျပႆနာအစစ္ကေတာ့ Replica ကို အစစ္ေစ်းနဲ႔ ဝယ္ယူမိမွာပါပဲ။

ဒါေၾကာင့္ Authentic Michael Kors နာရီေတြ ေရာင္းခ်တဲ့ ဆိုင္ေတြကေန အတုနဲ႔ အစစ္ဘယ္လိုခြဲလို႔ ရတယ္ဆိုတဲ့ ဗဟုသုတေလးေတြ မွ်ေဝေပးခ်င္ပါတယ္။

ထုပ္ပိုးမႈ

Michael Kors အတုေတြရဲ႕ ဗူးေတြက အရမ္းသိသာပါတယ္။ Michael Kors အတုဗူးေတြကို တရုတ္ပစၥည္းပံုစံ ဘူးေတြ၊ စာလံုးေတြ မသပ္မရပ္ျဖစ္ေနတာေတြနဲ႔ ေတြ႔ရပါလိမ့္မယ္။ နမူနာပံုေတြကို ၾကည့္ပါ။

Fake

Fake

Fake

Fake

Fake

Michael Kors နာရီအစစ္ေတြရဲ႕ Box ေတြကေတာ့ ဒီလို သပ္သပ္ရပ္ရပ္နဲ႔ လာေလ့ရွိပါတယ္။ ဒါ့အျပင္ ဘူူးရဲ႕ တစ္ဖက္ေဘးေဘာင္ဟာ တျခားသံုးဖက္ထက္ ပိုထူျပီး Michael Kors စာတမ္းေရးထိုးထားေလ့ရွိပါတယ္။

Genuine

Genuine

Genuine

Genuine

ေနာက္တစ္ခ်က္ကေတာ့ နာရီစြပ္ထားတဲ့ ေခါင္းအံုးေလးေတြဟာ အစစ္မွာဆုိရင္ အစြန္းေတြက ေလးေထာင့္က်က်ရွိျပီး အတုမွာဆုိရင္ လံုးဝန္းကာ တကယ့္ေခါင္းအံုးအစစ္ေလးနဲ႔ တူပါတယ္။

ဒါတင္မဟုတ္ဘဲ Michael Kors အစစ္ရဲ႕ Manuals မွာ Batch Code ပါဝင္ပါတယ္။ Manual ရဲ႕ ေနာက္ဆံုးစာရြက္ ညာဘက္ေထာင့္မွာ ေတြ႔ႏုိင္ပါတယ္။

နာရီပံုစံ

နာရီပံုစံမွာဆုိရင္ Date ေနရာကို ၾကည့္ပါ၊ အစစ္မွာဆုိရင္ Date ျပထားတဲ့ေနရာဟာ တည့္တည့္ေလးရွိျပီး အတုမွာဆုိရင္ေတာ့ ေစာင္းေနတတ္ပါတယ္။

 

ဒိုင္ခြက္ေပၚက Michael Kors စာသားဆုိရင္လည္း အစစ္မွာ စာလံုးေတြက ကပ္မေနဘဲ တစ္ခုနဲ႔ တစ္ခုျခားေနျပီး အတုမွာေတာ့ ကပ္ေနတတ္ပါတယ္။

အေလးခ်ိန္

အေလးခ်ိန္ဆုိရင္ေတာ့ အစစ္က အျမဲပိုေလးတတ္ပါတယ္။

လက္ပတ္

လက္ပတ္ေနရာမွာဆုိရင္ေတာ့ Michael Kors အစစ္ဟာ Stainless Steel နဲ႔ လုပ္ထားျပီး PVD coating လုပ္ထားတာပါ။ အတုဆိုရင္ေတာ့ Light Tin Alloy နဲ႔ လုပ္ထားျပီး ေရြေရာင္၊ ေငြေရာင္နဲ႔ Rosegold လုိ အေရာင္ေတြကို Latex Coating လုပ္ထားတာ ျဖစ္ျပီး ကိုင္ၾကည့္လိုက္တာနဲ႔ကို ကြာျခားမႈကို သိသာေစပါတယ္။

ဒါတင္မဟုတ္ဘဲ Michael Kors Stainless Steel နာရီေတြမွာ ျဖဳတ္လုိ႔ ရတဲ့အဆစ္ေတြကို ျမွားေလးေတြနဲ႔ ျပထားတတ္ပါတယ္။ဒါေပမယ့္ ေမာ္ဒယ္တုိင္းေတာ့ ပါတာမဟုတ္ဘူးေနာ္။

ေနာက္တစ္ခုပါတာကေတာ့ Part Number ေတြပါ။ Number ေတြဟာ စတုိင္တစ္ခုနဲ႔ တစ္ခု ကြဲျပားႏုိင္ေပမယ့္ အျမဲတမ္းေတာ့ ေဖာ္ျပပါရွိပါတယ္။

Michael Kors နာရီေတြဟာ အျမဲတမ္း ပံုေျပာင္းျပီး Consistency မျဖစ္တဲ့အတြက္ နာရီတစ္လံုးနဲ႔ တစ္လံုး ခြဲျခားရတာ မလြယ္ပါဘူး။ အၾကမ္းအားျဖင့္ေတာ့ အေပၚက အခ်က္ေလးေတြ အားလံုးကို ထည့္သြင္းစဥ္းစားျပီး ခြဲျခားႏုိင္ၾကပါေစ။

Yoe Lu (Akhayar)

www.akhayar.com

Source : www.detectfake.com
[Unicode]

Michael Kors နာရီ အတုနဲ့ အစစ်ကို ဘယ်လို ခွဲခြားကြမလဲ

မြန်မာပြည်မှာ ခေတ်စားတာ ကြာပြီဖြစ်တဲ့ လူငယ်တွေလည်း ကြိုက်ကြတဲ့ Michael Kors နာရီတွေ ဈေးကွက်ထဲမှာ အများကြီးတွေ့နေရပါတယ်။ Online Shop တွေမှာတင် မှာယူနေလို့ ရတဲ့အတွက် တချို့ကလည်း Authentic အစစ်တွေ ရောင်းချသလို တချို့ကလည်း အဖိုးနှုန်းသက်သာတဲ့ Replica တွေ ရောင်းချကြပါတယ်။ တကယ့်ပြဿနာအစစ်ကတော့ Replica ကို အစစ်ဈေးနဲ့ ဝယ်ယူမိမှာပါပဲ။

ဒါကြောင့် Authentic Michael Kors နာရီတွေ ရောင်းချတဲ့ ဆိုင်တွေကနေ အတုနဲ့ အစစ်ဘယ်လိုခွဲလို့ ရတယ်ဆိုတဲ့ ဗဟုသုတလေးတွေ မျှဝေပေးချင်ပါတယ်။

ထုပ်ပိုးမှု

Michael Kors အတုတွေရဲ့ ဗူးတွေက အရမ်းသိသာပါတယ်။ Michael Kors အတုဗူးတွေကို တရုတ်ပစ္စည်းပုံစံ ဘူးတွေ၊ စာလုံးတွေ မသပ်မရပ်ဖြစ်နေတာတွေနဲ့ တွေ့ရပါလိမ့်မယ်။ နမူနာပုံတွေကို ကြည့်ပါ။

Fake

Fake

Fake

Fake

Fake

Michael Kors နာရီအစစ်တွေရဲ့ Box တွေကတော့ ဒီလို သပ်သပ်ရပ်ရပ်နဲ့ လာလေ့ရှိပါတယ်။ ဒါ့အပြင် ဘူူးရဲ့ တစ်ဖက်ဘေးဘောင်ဟာ တခြားသုံးဖက်ထက် ပိုထူပြီး Michael Kors စာတမ်းရေးထိုးထားလေ့ရှိပါတယ်။

Genuine

Genuine

Genuine

Genuine

နောက်တစ်ချက်ကတော့ နာရီစွပ်ထားတဲ့ ခေါင်းအုံးလေးတွေဟာ အစစ်မှာဆိုရင် အစွန်းတွေက လေးထောင့်ကျကျရှိပြီး အတုမှာဆိုရင် လုံးဝန်းကာ တကယ့်ခေါင်းအုံးအစစ်လေးနဲ့ တူပါတယ်။

ဒါတင်မဟုတ်ဘဲ Michael Kors အစစ်ရဲ့ Manuals မှာ Batch Code ပါဝင်ပါတယ်။ Manual ရဲ့ နောက်ဆုံးစာရွက် ညာဘက်ထောင့်မှာ တွေ့နိုင်ပါတယ်။

နာရီပုံစံ

နာရီပုံစံမှာဆိုရင် Date နေရာကို ကြည့်ပါ၊ အစစ်မှာဆိုရင် Date ပြထားတဲ့နေရာဟာ တည့်တည့်လေးရှိပြီး အတုမှာဆိုရင်တော့ စောင်းနေတတ်ပါတယ်။

 

ဒိုင်ခွက်ပေါ်က Michael Kors စာသားဆိုရင်လည်း အစစ်မှာ စာလုံးတွေက ကပ်မနေဘဲ တစ်ခုနဲ့ တစ်ခုခြားနေပြီး အတုမှာတော့ ကပ်နေတတ်ပါတယ်။

အလေးချိန်

အလေးချိန်ဆိုရင်တော့ အစစ်က အမြဲပိုလေးတတ်ပါတယ်။

လက်ပတ်

လက်ပတ်နေရာမှာဆိုရင်တော့ Michael Kors အစစ်ဟာ Stainless Steel နဲ့ လုပ်ထားပြီး PVD coating လုပ်ထားတာပါ။ အတုဆိုရင်တော့ Light Tin Alloy နဲ့ လုပ်ထားပြီး ရွေရောင်၊ ငွေရောင်နဲ့ Rosegold လို အရောင်တွေကို Latex Coating လုပ်ထားတာ ဖြစ်ပြီး ကိုင်ကြည့်လိုက်တာနဲ့ကို ကွာခြားမှုကို သိသာစေပါတယ်။

ဒါတင်မဟုတ်ဘဲ Michael Kors Stainless Steel နာရီတွေမှာ ဖြုတ်လို့ ရတဲ့အဆစ်တွေကို မြှားလေးတွေနဲ့ ပြထားတတ်ပါတယ်။ဒါပေမယ့် မော်ဒယ်တိုင်းတော့ ပါတာမဟုတ်ဘူးနော်။

နောက်တစ်ခုပါတာကတော့ Part Number တွေပါ။ Number တွေဟာ စတိုင်တစ်ခုနဲ့ တစ်ခု ကွဲပြားနိုင်ပေမယ့် အမြဲတမ်းတော့ ဖော်ပြပါရှိပါတယ်။

Michael Kors နာရီတွေဟာ အမြဲတမ်း ပုံပြောင်းပြီး Consistency မဖြစ်တဲ့အတွက် နာရီတစ်လုံးနဲ့ တစ်လုံး ခွဲခြားရတာ မလွယ်ပါဘူး။ အကြမ်းအားဖြင့်တော့ အပေါ်က အချက်လေးတွေ အားလုံးကို ထည့်သွင်းစဉ်းစားပြီး ခွဲခြားနိုင်ကြပါစေ။

Yoe Lu (Akhayar)

www.akhayar.com

Source : www.detectfake.com