[Zawgyi]

သီတင္းကၽြတ္ပိတ္ရက္မွာ ပ်င္းခ်ိန္မရေလေအာင္ အက်ဳိးရွိရွိ ဒီ္လိုကုန္ဆံုးၾကည္႔ၾကမယ္

အားလပ္ရက္ကို ဝန္ထမ္းေတြတိုင္း ေမွ်ာ္လင့္ေတာင့္တၾကပါတယ္။ အားလပ္ရက္ရၿပီဆိုရင္ေတာ့ ရုံးဖြင့္ရက္ေတြမွာ မလုပ္ခဲ႔ရတာေတြ အတုိးခ်လုပ္ဖို႔ အစီအစဥ္ေတြဆဲြၾကၿပီး အေတြးေတြကိုယ္စီနဲ႔ ဝန္ထမ္္းေတြရင္ထဲမွာ ပိတီေတြ လႊမ္းမိုးေနၾကပါတယ္။ အလုပ္လုပ္ရတာ သာမန္ထက္ေတာင္ ပိုသြက္သလို ရွွိလာပါတယ္။ မနက္ျဖန္ဆို သီတင္းကၽြတ္ပိတ္ရက္ကလည္း ေရာက္ၿပီဆိုေတာ့ ေျခေထာက္နဲ႔ေျမႀကီး မထိသလုိ လြင့္ေမ်ာေနကာ ပိတ္ရက္အတြက္ ခြန္အားေတြ ျပည္႔ဝလုိ႔ေနပါတယ္။ သီတင္းကၽြတ္ပိတ္ရက္ဟာ ဝန္ထမ္းေတြအတြက္ ေက်ာင္းတက္တုန္းကေလာက္ ပိတ္ရက္ေတြ အမ်ားႀကီး မရဘူးဆိုေပမယ့္လည္း ပံုမွန္ပိတ္ရက္ထက္ေတာ့ နည္းနည္းမ်ားတယ္လို႔ေျပာလို႔ရပါတယ္။

ဒီႏွစ္သီတင္းကၽြတ္ပိတ္ရက္က ေအာက္တုိဘာလ ၂၃ ရက္ကေန႔ ၂၆ အထိပိတ္ကာ ေသာၾကာေန႔တစ္ရက္ကို ခြင့္ယူလိုက္မယ္ဆိုရင္ေတာ့ အဂၤါ၊ ဗုဒၶဟူး၊ၾကာသပေတး၊ ေသာၾကာ၊ စေနနဲ႔ တနဂၤေႏြဆုိၿပီး စုစုေပါင္း ငါးရက္နီးပါးရရွိပါတယ္။ ဒီပိတ္ရက္ ငါးရက္မွာ အက်ဳိးရွိရွိ ဘယ္လုိကုန္ဆံုးသင့္လဲဆိုတာ သိရွိေစဖို႔အတြက္ ပိိတ္ရက္ကုန္ဆံုးနည္း တခ်ဳိ႕ေတြကို ေဝမွ်ေပးခ်င္ပါတယ္။

သီတင္းကၽြတ္ပိတ္ရက္ရရွိၿပီဆိုရင္ေတာ့ ခရီးမထြက္တဲ့သူေတြအေနနဲ႔ ပထမဦးဆံုး လုပ္ရမယ့္အရာတစ္ခုကေတာ့ ဝန္ထမ္းတိုင္းလုပ္ၾကမယ့္ အရာတစ္ခု ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ ဝန္ထမ္းေတြ စိတ္ထဲမွာ အျပည္႔အဝေနရာယူေနတဲ႔ အိပ္စက္အနားယူျခင္းပဲ ျဖစ္ပါတယ္။ ရုံးဖြင့္ရက္မွာ မအိပ္ခဲ႔ရသမွ် ပိတ္ရက္မွာ ဘယ္လို အေႏွာင့္အယွွက္မွ အဝင္မခံဘဲ အားရပါးရ ေနာက္က်တဲ႔အထိ အိပ္စက္လုိက္ပါ။

sleeping in weekend

sleeping in weekend

ေနာက္တစ္ခုကေတာ့ စာဖတ္ဝါသနာပါသူေတြအေနနဲ႔ စာအုပ္ေတြ လံုလံုေလာက္ေလာက္ ဝယ္ယူၿပီး ပိတ္ရက္ကို အခ်ိန္ကုန္ဆံုးၾကည္႔ပါ။ စာဖတ္ဝါသနာရင့္သန္လာေစၿပီး ဗဟုသုတေတြလည္းတုိးပြားေစတဲ႔ ေကာင္းမြန္တဲ႔ အခ်ိန္ကုန္ဆံုးနည္းျဖစ္လို႔ အခ်ိန္ေလးရတုန္း စမ္းၾကည္႔သင့္ပါတယ္။

Reading Book

Reading Book

ရတုန္းရခိုက္အခ်ိန္ေလးမွာ သီတင္းကၽြတ္လည္းျဖစ္တဲ႔အတြက္ မိဘ၊ဘိုးဘြား၊ သက္ႀကီးဝါႀကီးေတြကို လိုက္ကန္ေတာ့ၿပီး မိသားစုေတြနဲ႔ အခ်ိန္ျဖဳန္းတာကလည္း ေကာင္းမြန္တဲ႔ အေလ့အက်င့္ေကာင္းပဲ ျဖစ္ပါတယ္။ ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္လို႔ရတဲ႔ အခ်ိန္ေကာင္းမို႔ တစ္အိမ္ဝင္ တစ္အိမ္တက္ လူႀကီးေတြလိုက္ကန္ေတာ့ကာ မုန္႔ဖိုးေတြျပန္ေတာင္းၿပီး ေပ်ာ္ေပ်ာ္ပါးပါး သီတင္းကၽြတ္ကို ျဖတ္သန္းၾကည္႔လိုက္ပါ။

သီတင္းကၽြတ္ပိတ္ရက္ရတဲ႔အခ်ိန္ဟာ ရုပ္ရွင္ဝါသနာအိုးေတြနဲ႔ ဂိမ္းမာေတြအတြက္ေတာ့ ရုပ္ရွင္ေတြ တဝႀကီးၾကည္႔ဖို႔၊ ဂိမ္းေဆာ့ဖို႔ အခြင့္အေရးေပးလုိက္သလုိပါပဲ။ ၾကည္႔ခ်င္ၿပီး မၾကည္႔ခဲ႔ရင္ေတာ့ ရုပ္ရွင္ကားေတြကို ေသခ်ာေလးရွာေဖြၿပီး ရုပ္ရွင္ၾကည္႔ကာ အသစ္သစ္ေသာ ဂိမ္းေတြစမ္းေဆာ့ၾကည္႔ကာ လူဘဝရဲ႕ အႏွစ္သာရကို ခံစားၾကည္႔ပါ။ ရုပ္ရွင္ေတြတဝႀကီး ၾကည့္ၿပီး ဂိမ္းေဆာ့ၿပီးၿပီဆိုရင္ေတာ့ မုန္႔ေတြ တမ်ဳိးၿပီးတမ်ဳိး အိမ္မွာ မရုိးရေအာင္ စမ္းလုပ္စားၾကကာ အစားတစ္လုိင္းေလးေတြ လုပ္လို႔ရပါေသးတယ္။ ပ်င္းပ်င္းရွိ မုန္႔လုပ္စားျခင္းကလည္း မုန္႔လုပ္တဲ့စြမ္းရည္ေတြနဲ႔ အခ်က္အျပဳတ္လက္ရည္ေတြ တက္လာေစမွာ ေသခ်ာပါတယ္။

Baking Cake

Baking Cake

တခ်ဳိ႕နယ္ေတြနဲ႔ ရန္ကုန္ၿမိဳ႕မွာ ေရေက်ာ္ပဲြေစ်းလိုမ်ဳိး ပဲြလမ္းသဘင္ေတြရွိတဲ႔အတြက္ ပ်င္းလာရင္ ပဲြေစ်းေတြကို လည္ပတ္ၿပီးသြားစားလို႔ ရပါေသးတယ္။ ပဲြေစ်းသြားရင္ေတာ့ ခိုက္ရန္မျဖစ္ပြားဖို႔၊ ခါးပတ္ႏိႈိက္ရန္ကေနေရွာင္ရွားဖို႔၊ ဂ်င္းမမိဖို႔ကိုေတာ့ အထူးသတိျပဳသင့္ပါတယ္။ ေနာက္ဆံုးအေနနဲ႔ကေတာ့ မိဘေတြဆိုရင္ သားသားမီးမီးေလးေတြကို ေသခ်ာအခ်ိန္ေပးသင့္ၿပီး သားသမီးေတြဆိုရင္လည္း အခ်ိန္ေလးရတုန္း မိဘေတြကို ေျခဆုပ္လက္နယ္ ျပဳစုေစာင့္ေရွာက္ေပးပါ။ ဒီေလာက္ဆိုရင္ေတာ့ ပိတ္ရက္ ခရီးမသြားမယ့္သူေတြ မပ်င္းေအာင္ အခ်ိန္ကုန္ဆံုးလို႔ ရေလာက္ၿပီလို႔ ထင္ပါတယ္။

ပိတ္ရက္ခရီးသြားမယ့္လူေတြကို အၾကံျပဳခ်င္တာကေတာ့ တတ္ႏို္င္ရင္ ပိတ္ရက္ေလးရက္ရတုန္း အပန္းေျဖခရီးထြက္ရတာ ျဖစ္တဲ႔အတြက္ ကိုယ္တကယ့္အပန္းေျဖမယ့္ခရီးမ်ဳိး၊ လူသိပ္မက်ပ္ႏို္င္တဲ႔ ေနရာမ်ဳိးကို အခ်ိန္ေလးေသခ်ာေပးၿပီး ေရြးခ်ယ္သြားဖို႔ အၾကံျပဳခ်င္ပါတယ္။ ခရီးမထြက္ခင္မွာလည္း ခရီးအတြက္ လိုအပ္သမွ် အစစအရာရာ မက်န္ခဲ႔ေအာင္ ေသခ်ာစစ္ေဆးသင့္သလို ေဆးဝါးေတြလည္း ပါေအာင္ယူသြားသင့္ပါတယ္။ ကားက်ပ္မွာျဖစ္တဲ႔အတြက္ ခရီးခ်ိန္ထက္ သံုးေလးငါးနာရီေလာက္ေစာထြက္ဖို႔လည္း အၾကံျပဳခ်င္ပါတယ္။ ခရီးထြက္ရင္ ေဒသအစားအစာေတြကို ျမည္းစမ္းၾကည္႔ခ်င္တာမွန္ေပမယ့္လည္း လူက်ပ္တဲ႔ ဒီလုိရာသီမ်ဳိးမွာ မစားခင္ အစားအစာေတြ လတ္ဆတ္သန္႔ရွင္းမႈရွိမရွိ အရင္စစ္ေဆးၿပီးမွ ျမည္းစမ္းၾကည့္ဖို႔ သတိေပးခ်င္ပါတယ္။ လူက်ပ္တဲ႔အခ်ိန္မ်ဳိးမွာ ခရီးသြားတာျဖစ္လို႔ ခါးပိုက္ႏႈိက္မခံရဖို႔နဲ႔ ထိခိုက္ဒဏ္ရာမရဖို႔ကိုေတာ့ အထူးသတိျပဳသင့္ပါတယ္။

Travelling

Travelling

ေနာက္ဆံုးကုန္ဆံုးနည္းတစ္ခုကေတာ့ ကုသိုလ္ရခ်င္သူေတြ ျပဳလုပ္သင့္တဲ႔ ကုန္ဆံုးပံု ကုန္ဆံုးနည္းလမ္းေလး ျဖစ္ပါတယ္။အဲဒါကေတာ့ ရတဲ႔အခ်ိန္မွာ တရားစခန္းဝင္ၿပီး ကုသိုလ္ယူကာ အခ်ိန္ကုန္ဆံုးျခင္းပဲ ျဖစ္ပါတယ္။ အထူးမွာခ်င္တာကေတာ့ အိမ္ေထာင္ရွင္မေတြအတြက္ပါ။ ဝန္ထမ္းေတြက ပိတ္ရက္ရလို႔ အနားယူခြင့္ရေပမယ့္လည္း အိမ္ေထာင္ရွင္မေတြမွာ ပိတ္ရက္မရွိတဲ႔အတြက္ ဒီရက္ေတြမွာ ကုိယ့္ကိုယ္ကို ခြင့္ေပးၿပီး အနားယူလိုက္ပါ။

ပိတ္ရက္မွာ အားရပါးရ အနားယူ အပန္းေျဖၿပီးရင္ေတာ့ ဘဝႀကီးတိုးတက္ဖို႔ အားသြန္ခြန္စိုက္နဲ႔ ျပန္လည္ အလုပ္လုပ္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

သီတင်းကျွတ်ပိတ်ရက်မှာ ပျင်းချိန်မရလေအောင် အကျိုးရှိရှိ ဒီ်လိုကုန်ဆုံးကြည့်ကြမယ်

အားလပ်ရက်ကို ဝန်ထမ်းတွေတိုင်း မျှော်လင့်တောင့်တကြပါတယ်။ အားလပ်ရက်ရပြီဆိုရင်တော့ ရုံးဖွင့်ရက်တွေမှာ မလုပ်ခဲ့ရတာတွေ အတိုးချလုပ်ဖို့ အစီအစဉ်တွေဆွဲကြပြီး အတွေးတွေကိုယ်စီနဲ့ ဝန်ထမ်းတွေရင်ထဲမှာ ပိတီတွေ လွှမ်းမိုးနေကြပါတယ်။ အလုပ်လုပ်ရတာ သာမန်ထက်တောင် ပိုသွက်သလို ရှိလာပါတယ်။ မနက်ဖြန်ဆို သီတင်းကျွတ်ပိတ်ရက်ကလည်း ရောက်ပြီဆိုတော့ ခြေထောက်နဲ့မြေကြီး မထိသလို လွင့်မျောနေကာ ပိတ်ရက်အတွက် ခွန်အားတွေ ပြည့်ဝလို့နေပါတယ်။ သီတင်းကျွတ်ပိတ်ရက်ဟာ ဝန်ထမ်းတွေအတွက် ကျောင်းတက်တုန်းကလောက် ပိတ်ရက်တွေ အများကြီး မရဘူးဆိုပေမယ့်လည်း ပုံမှန်ပိတ်ရက်ထက်တော့ နည်းနည်းများတယ်လို့ပြောလို့ရပါတယ်။

ဒီနှစ်သီတင်းကျွတ်ပိတ်ရက်က အောက်တိုဘာလ ၂၃ ရက်ကနေ့ ၂၆ အထိပိတ်ကာ သောကြာနေ့တစ်ရက်ကို ခွင့်ယူလိုက်မယ်ဆိုရင်တော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ကြာသပတေး၊ သောကြာ၊ စနေနဲ့ တနင်္ဂနွေဆိုပြီး စုစုပေါင်း ငါးရက်နီးပါးရရှိပါတယ်။ ဒီပိတ်ရက် ငါးရက်မှာ အကျိုးရှိရှိ ဘယ်လိုကုန်ဆုံးသင့်လဲဆိုတာ သိရှိစေဖို့အတွက် ပိတ်ရက်ကုန်ဆုံးနည်း တချို့တွေကို ဝေမျှပေးချင်ပါတယ်။

သီတင်းကျွတ်ပိတ်ရက်ရရှိပြီဆိုရင်တော့ ခရီးမထွက်တဲ့သူတွေအနေနဲ့ ပထမဦးဆုံး လုပ်ရမယ့်အရာတစ်ခုကတော့ ဝန်ထမ်းတိုင်းလုပ်ကြမယ့် အရာတစ်ခု ဖြစ်ပါတယ်။ အဲ့ဒါကတော့ ဝန်ထမ်းတွေ စိတ်ထဲမှာ အပြည့်အဝနေရာယူနေတဲ့ အိပ်စက်အနားယူခြင်းပဲ ဖြစ်ပါတယ်။ ရုံးဖွင့်ရက်မှာ မအိပ်ခဲ့ရသမျှ ပိတ်ရက်မှာ ဘယ်လို အနှောင့်အယှက်မှ အဝင်မခံဘဲ အားရပါးရ နောက်ကျတဲ့အထိ အိပ်စက်လိုက်ပါ။

sleeping in weekend

sleeping in weekend

နောက်တစ်ခုကတော့ စာဖတ်ဝါသနာပါသူတွေအနေနဲ့ စာအုပ်တွေ လုံလုံလောက်လောက် ဝယ်ယူပြီး ပိတ်ရက်ကို အချိန်ကုန်ဆုံးကြည့်ပါ။ စာဖတ်ဝါသနာရင့်သန်လာစေပြီး ဗဟုသုတတွေလည်းတိုးပွားစေတဲ့ ကောင်းမွန်တဲ့ အချိန်ကုန်ဆုံးနည်းဖြစ်လို့ အချိန်လေးရတုန်း စမ်းကြည့်သင့်ပါတယ်။

Reading Book

Reading Book

ရတုန်းရခိုက်အချိန်လေးမှာ သီတင်းကျွတ်လည်းဖြစ်တဲ့အတွက် မိဘ၊ဘိုးဘွား၊ သက်ကြီးဝါကြီးတွေကို လိုက်ကန်တော့ပြီး မိသားစုတွေနဲ့ အချိန်ဖြုန်းတာကလည်း ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းပဲ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်လို့ရတဲ့ အချိန်ကောင်းမို့ တစ်အိမ်ဝင် တစ်အိမ်တက် လူကြီးတွေလိုက်ကန်တော့ကာ မုန့်ဖိုးတွေပြန်တောင်းပြီး ပျော်ပျော်ပါးပါး သီတင်းကျွတ်ကို ဖြတ်သန်းကြည့်လိုက်ပါ။

သီတင်းကျွတ်ပိတ်ရက်ရတဲ့အချိန်ဟာ ရုပ်ရှင်ဝါသနာအိုးတွေနဲ့ ဂိမ်းမာတွေအတွက်တော့ ရုပ်ရှင်တွေ တဝကြီးကြည့်ဖို့၊ ဂိမ်းဆော့ဖို့ အခွင့်အရေးပေးလိုက်သလိုပါပဲ။ ကြည့်ချင်ပြီး မကြည့်ခဲ့ရင်တော့ ရုပ်ရှင်ကားတွေကို သေချာလေးရှာဖွေပြီး ရုပ်ရှင်ကြည့်ကာ အသစ်သစ်သော ဂိမ်းတွေစမ်းဆော့ကြည့်ကာ လူဘဝရဲ့ အနှစ်သာရကို ခံစားကြည့်ပါ။ ရုပ်ရှင်တွေတဝကြီး ကြည့်ပြီး ဂိမ်းဆော့ပြီးပြီဆိုရင်တော့ မုန့်တွေ တမျိုးပြီးတမျိုး အိမ်မှာ မရိုးရအောင် စမ်းလုပ်စားကြကာ အစားတစ်လိုင်းလေးတွေ လုပ်လို့ရပါသေးတယ်။ ပျင်းပျင်းရှိ မုန့်လုပ်စားခြင်းကလည်း မုန့်လုပ်တဲ့စွမ်းရည်တွေနဲ့ အချက်အပြုတ်လက်ရည်တွေ တက်လာစေမှာ သေချာပါတယ်။

Baking Cake

Baking Cake

တချို့နယ်တွေနဲ့ ရန်ကုန်မြို့မှာ ရေကျော်ပွဲဈေးလိုမျိုး ပွဲလမ်းသဘင်တွေရှိတဲ့အတွက် ပျင်းလာရင် ပွဲဈေးတွေကို လည်ပတ်ပြီးသွားစားလို့ ရပါသေးတယ်။ ပွဲဈေးသွားရင်တော့ ခိုက်ရန်မဖြစ်ပွားဖို့၊ ခါးပတ်နှိုက်ရန်ကနေရှောင်ရှားဖို့၊ ဂျင်းမမိဖို့ကိုတော့ အထူးသတိပြုသင့်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ မိဘတွေဆိုရင် သားသားမီးမီးလေးတွေကို သေချာအချိန်ပေးသင့်ပြီး သားသမီးတွေဆိုရင်လည်း အချိန်လေးရတုန်း မိဘတွေကို ခြေဆုပ်လက်နယ် ပြုစုစောင့်ရှောက်ပေးပါ။ ဒီလောက်ဆိုရင်တော့ ပိတ်ရက် ခရီးမသွားမယ့်သူတွေ မပျင်းအောင် အချိန်ကုန်ဆုံးလို့ ရလောက်ပြီလို့ ထင်ပါတယ်။

ပိတ်ရက်ခရီးသွားမယ့်လူတွေကို အကြံပြုချင်တာကတော့ တတ်နိုင်ရင် ပိတ်ရက်လေးရက်ရတုန်း အပန်းဖြေခရီးထွက်ရတာ ဖြစ်တဲ့အတွက် ကိုယ်တကယ့်အပန်းဖြေမယ့်ခရီးမျိုး၊ လူသိပ်မကျပ်နိုင်တဲ့ နေရာမျိုးကို အချိန်လေးသေချာပေးပြီး ရွေးချယ်သွားဖို့ အကြံပြုချင်ပါတယ်။ ခရီးမထွက်ခင်မှာလည်း ခရီးအတွက် လိုအပ်သမျှ အစစအရာရာ မကျန်ခဲ့အောင် သေချာစစ်ဆေးသင့်သလို ဆေးဝါးတွေလည်း ပါအောင်ယူသွားသင့်ပါတယ်။ ကားကျပ်မှာဖြစ်တဲ့အတွက် ခရီးချိန်ထက် သုံးလေးငါးနာရီလောက်စောထွက်ဖို့လည်း အကြံပြုချင်ပါတယ်။ ခရီးထွက်ရင် ဒေသအစားအစာတွေကို မြည်းစမ်းကြည့်ချင်တာမှန်ပေမယ့်လည်း လူကျပ်တဲ့ ဒီလိုရာသီမျိုးမှာ မစားခင် အစားအစာတွေ လတ်ဆတ်သန့်ရှင်းမှုရှိမရှိ အရင်စစ်ဆေးပြီးမှ မြည်းစမ်းကြည့်ဖို့ သတိပေးချင်ပါတယ်။ လူကျပ်တဲ့အချိန်မျိုးမှာ ခရီးသွားတာဖြစ်လို့ ခါးပိုက်နှိုက်မခံရဖို့နဲ့ ထိခိုက်ဒဏ်ရာမရဖို့ကိုတော့ အထူးသတိပြုသင့်ပါတယ်။

Travelling

Travelling

နောက်ဆုံးကုန်ဆုံးနည်းတစ်ခုကတော့ ကုသိုလ်ရချင်သူတွေ ပြုလုပ်သင့်တဲ့ ကုန်ဆုံးပုံ ကုန်ဆုံးနည်းလမ်းလေး ဖြစ်ပါတယ်။အဲဒါကတော့ ရတဲ့အချိန်မှာ တရားစခန်းဝင်ပြီး ကုသိုလ်ယူကာ အချိန်ကုန်ဆုံးခြင်းပဲ ဖြစ်ပါတယ်။ အထူးမှာချင်တာကတော့ အိမ်ထောင်ရှင်မတွေအတွက်ပါ။ ဝန်ထမ်းတွေက ပိတ်ရက်ရလို့ အနားယူခွင့်ရပေမယ့်လည်း အိမ်ထောင်ရှင်မတွေမှာ ပိတ်ရက်မရှိတဲ့အတွက် ဒီရက်တွေမှာ ကိုယ့်ကိုယ်ကို ခွင့်ပေးပြီး အနားယူလိုက်ပါ။

ပိတ်ရက်မှာ အားရပါးရ အနားယူ အပန်းဖြေပြီးရင်တော့ ဘဝကြီးတိုးတက်ဖို့ အားသွန်ခွန်စိုက်နဲ့ ပြန်လည် အလုပ်လုပ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

H.H(Akhayar)

www.akhayar.com