[Zawgyi]





















August(Akhayar)

www.akhayar.com


 

[Unicode]

ချစ်သူများနေ့ကို ဘယ်လိုဖြတ်သန်းခဲ့လဲ

မိတ်ဆွေဟာ FA တစ်ယောက်လား။ ဒါမှမဟုတ် ဆွတ်ပျံ့ကြည်နူးဖွယ်ချစ်သူကို ပိုင်ဆိုင်ထားသူလား။ နှစ်ဦးသဘောတူချစ်ရသူရှိပေမယ့် အနေဝေးနေတဲ့ LDRS ချစ်ခြင်းမျိုးလား။ ပြီးခဲ့တဲ့နှစ် ချစ်သူများနေ့တုန်းက ဘောလုံးပရိသတ် FA တွေက ချစ်သူမရှိလည်း ဘာဖြစ်လဲ ချန်ပီယံလိဂ်ပွဲတွေရှိတယ်ဆိုပြီး ခပ်ရွဲ့ရွဲ့ ပြောခဲ့သလို၊ အတွဲတွေကလည်း ဒီနေ့မှ ချောကလက်မစားရရင်၊ ပန်းစည်းမရရင် ကမ္ဘာပျက်မလိုဖြစ်နေတာမျိုးကလည်း FA တွေအတွက် အမြင်ကတ်စရာဖြစ်နေမလားပဲ။ ထားပါအခုရေးမှာက FA ၊ RS စကားရည်လုပွဲအကြောင်း မဟုတ်ပါဘူး။ ကမ္ဘာကျော်ဘောလုံးသမားတချို့ ချစ်သူများနေ့မှာ ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာကို ပြောချင်တာပါ။ စာသားတွေဦးစားမပေးဘဲ Photo Essay ဆန်ဆန်တင်ဆက်လိုက်ပါတယ်

နေမာ (Neymar) တို့စုံတွဲ

နေမာ (Neymar) တို့စုံတွဲ

နေမာ (Neymar) နဲ့ သူ့ချစ်သူ (Bruna Marquezine)တို့ဟာ မျက်နှာချင်းဆိုင်ရင်း တစ်ဦးကိုတစ်ဦး ကြည်နူးစွာ၊ နှလုံးသားအသံကို နားထောင်နေသလား။

ဒေးဗစ်လူးဝစ်ဇ် (David Luiz) တို့စုံတွဲက ခပ်ပျော်ပျော်

ဒေးဗစ်လူးဝစ်ဇ် (David Luiz) တို့စုံတွဲက ခပ်ပျော်ပျော်

ဒေးဗစ်လူးဝစ်(David Luiz) တို့စုံတွဲကတော့ အနုအရွတွေ မလုပ်ခဲ့ဘဲ ခပ်ပျော်ပျော်လေး ဓာတ်ပုံရိုက်ခဲ့ပါတယ်။

အိုဇေးလ် (Ozil) ရဲ့ ကဗျာဆန်ဆန်

အိုဇေးလ် (Ozil) ရဲ့ ကဗျာဆန်ဆန်

အာဆင်နယ်ရဲ့ ကွင်းလယ်ဗိသုကာ အိုဇေးလ်( Ozil)က ချစ်ရသူကို ရိုမန်တစ်ဆန်ဆန်လက်ဆောင်တွေပေးပြီး ကဗျာဆန်ခဲ့ပါတယ်။

ဖာဘရီဂတ်စ်(Fabregas) တို့ မိသားစု

ဖာဘရီဂတ်စ်(Fabregas) တို့ မိသားစု

ဖာဘရီဂတ်စ် (Fabregas)က ကမ်းခြေမှာ မိသားစုနဲ့အတူ အပန်းဖြေနေပုံကို ချစ်သူများနေ့မှာ လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။

သက်တမ်းရင့်အချစ်တွေနဲ့ ဘက်ခမ်(Beckham)တို့ ဇနီးမောင်နှံ

သက်တမ်းရင့်အချစ်တွေနဲ့ ဘက်ခမ်(Beckham)တို့ ဇနီးမောင်နှံ

ဘက်ခမ် (Beckham) တို့ ဇနီးမောင်နှံကတော့ ငယ်ငယ်တုန်းကထက် ပိုချစ်နေတယ်လို့ ဆိုရမလားပဲ။

ကာကာ(Kaka) တို့ဇနီးမောင်နှံ

ကာကာ(Kaka) တို့ဇနီးမောင်နှံ

ငယ်ချစ်နဲ့အတူ ကာကာ (Kaka)က ကမ်းခြေမှာ အတူရှိပြီး ချစ်သူများနေ့ကို ရင်ခုန်သံအသစ်တွေမွေးဖွားရင်း ဖြတ်သန်းခဲ့ပါတယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။