သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ျဖဳန္းတယ္ဆုိတာ အျမဲတမ္းေပ်ာ္စရာပါ။ ဒါေပမယ့္ အခုလုိမ်ိဳး ကိုယ္စီအလုပ္ေတြနဲ႔ ေန႔ရက္တုိင္းကို ေက်ာ္ျဖတ္ေနရတဲ့အခ်ိန္မွာ သူငယ္ခ်င္းေတြနဲ႔ေတြ႕ျပီး အခ်ိန္ေပးဖို႔က ပိုျပီးခက္ခဲလာပါတယ္။ ဒါေပမယ့္ အခုလုိ ေအာက္တိုဘာလလုိမ်ိဳး သီတင္းကၽြတ္အားလပ္ရက္ေတြရွိေနတဲ့အခ်ိန္မွာေတာ့ ပိုျပီး သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ေပးလုိ႔ရလာပါျပီ။

အဲ့ေတာ့ သူငယ္ခ်င္းေတြအတူရွိေနတဲ့ေနရာမွာ ဘယ္လုိမ်ိဳး ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ အခ်ိန္ျဖဳန္းၾကမလဲ? အခုဒီ Article ေလးမွာ ေပ်ာ္စရာအခုိက္အတန္႔ေလးေတြကို ရရွိေအာင္ ကိုယ္တုိင္ဖန္တီးႏုိင္မယ့္အလြယ္ကူဆံုးနည္းလမ္းေတြကို ေျပာျပမယ္ဆုိရင္ လုိက္လုပ္ၾကည့္ၾကမလား?

(၁) ေပ်ာ္စရာဓါတ္ပံု Challenge ေတြလုပ္ၾကမယ္

Photo Challenge

သူငယ္ခ်င္းေတြနဲ႔အတူ ကိုယ့္ဖုန္းကင္မရာနဲ႔ ဓါတ္ပံုရုိက္တာက အျမဲတမ္းေပ်ာ္စရာေကာင္းပါတယ္။ ကိုယ့္အခ်င္းခ်င္းဓါတ္ပံုရုိက္တာပဲျဖစ္ျဖစ္ ရူခင္းပံုေတြ၊ Portrait ပံုေတြရုိက္တာပဲျဖစ္ျဖစ္ တစ္ေယာက္နဲ႔တစ္ေယာက္ယွဥ္ျပိဳင္ျပီးေတာ့ ဘယ္သူကပိုေကာင္းတဲ့ပံုရုိက္ႏုိင္သလဲဆုိတာကို ျပိဳင္ၾကည့္ၾကည့္ပါ။

(၂) ရုပ္ရွင္ညလံုးေပါက္ၾကည့္ၾကမယ္

Watching Movie

သူငယ္ခ်င္းေတြ အိမ္မွာစုျပီး အိပ္ျဖစ္တယ္ဆုိရင္ ညလံုးေပါက္ရုပ္ရွင္ၾကည့္တာက ေပ်ာ္စရာေကာင္းတဲ့အခိုက္အတန္႔ေတြကို ဖန္တီးတာကလည္း ေကာင္းတဲ့အခ်ိန္ျဖဳန္းနည္းတစ္ခုပါ။ TV Channel ေတြက တစ္ညလံုးလာေနတဲ့ ရုပ္ရွင္ေတြကိုၾကည့္တာပဲျဖစ္ျဖစ္၊ ကိုယ္ၾကိဳက္တဲ့ ရုပ္ရွင္ကားေတြဝယ္ထားျပီးပဲျဖစ္ျဖစ္ ဒါမွမဟုတ္ ဇတ္လမ္းတြဲေတြကို ၾကည့္တာပဲျဖစ္ျဖစ္ သူငယ္ခ်င္းေတြနဲ႔အတူဆို ေပ်ာ္စရာေကာင္းမွာအေသအခ်ာပါပဲ။

(၃) အျပင္မွာ အခ်ိန္ုျဖဳန္းမယ္

Shopping

သူငယ္ခ်င္းေတြ ေတြ႕တဲ့အခ်ိန္မွာ တစ္ေနရာထဲမွာ ခ်ိန္းတာထက္ အျပင္ကိုေလွ်ာက္သြားတာကလည္း တကယ္ကို မတူထူးျခားတဲ့အေတြ႕အၾကံဳအသစ္ကို ခံစားႏုိင္ေစမွာပါ။ Shopping Center ေတြ၊ ပန္းျခံေတြနဲ႔ တျခားအနားယူလို႔ေကာင္းတဲ့ေနရာေတြကို ေလွ်ာက္သြားျပီး အမွတ္တရာဓါတ္ပံုေတြရုိက္ထားတာကလည္း ေတာ္ေတာ္ေလးကို ေကာင္းတဲ့အေတြ႕အၾကံဳတစ္ခုရမွာပါ။ မၾကာေသးခင္ကမွ Samsung ကအသစ္ထြက္ရွိလာတဲ့ Galaxy J6+ ရဲ႕ Dual Camera မွာပါဝင္လာတဲ့ Live Focus လုပ္ေဆာင္ခ်က္နဲ႔ဆိုရင္ ကိုယ့္တစ္သက္တာအမွတ္တရျဖစ္ေစမယ့္ ဓာတ္ပံုေလးေတြကို ရိုက္ကူးသိမ္းဆည္းထားႏိုင္မွာပါ။

(၄) Dinner Party ေတြ အတူျပဳလုပ္ၾကမယ္

Dinner Party

သူငယ္ခ်င္းေတြနဲ႔ အျပင္မွာ ညစာစားတာထက္ အိမ္မွာ Dinner Party လုပ္တာကလည္း ေတာ္ေတာ္ေလးကို ေကာင္းတဲ့အမွတ္တရေတြကို ဖန္တီးႏုိင္မယ့္ နည္းလမ္းတစ္ခုပါ။ အျပင္မွာစားတာထက္ သူငယ္ခ်င္းေတြစုျပီးေတာ့ ေပ်ာ္ေပ်ာ္ပါးပါး ဟင္းခ်က္စားၾကတာကလည္း တကယ္ကို ေပ်ာ္စရာပါ။

(၅) သူငယ္ခ်င္းေတြနဲ႔အတူ ရုပ္ရွင္ဖန္တီးမယ္

အခုလုိမ်ိဳး ဖုန္းေတြကိုယ္စီရွိေနတဲ့အခ်ိန္မွာ ျပဳလုပ္သင့္တဲ့ေနာက္ထပ္အရာတစ္ခုက ရုပ္ရွင္ရုိက္ၾကည့္တာပါ။ လုပ္ရမွာက သူငယ္ခ်င္းေတြစုျပီးေတာ့ ရုိက္ခ်င္တဲ့ ရုပ္ရွင္အတြက္ ဇာတ္ညြန္းေတြ၊ ဇာတ္ကြက္ေတြကို အတူစဥ္းစားျပီးေတာ့ အဲ့အတုိင္းရုိက္ရုံပါပဲ။ ကိုယ္ၾကိဳက္တဲ့ရုပ္ရွင္လုိမ်ိဳး ကိုယ္တုိင္သူငယ္ခ်င္းေတြနဲ႔ ရုိက္ျပီးေတာ့ ဖုန္းေပၚမွာပဲ အလြယ္တကူ Edit လုပ္ျပီး ရုပ္ရွင္တစ္ခုဖန္တီးၾကည့္တာကလည္း ေပ်ာ္စရာတစ္ခုပါ။

(၆) ဂိမ္းအတူေဆာ့ၾကမယ္

Playing Game

အခုလုိ လူတုိင္းစမတ္ဖုန္းေတြအသံုးျပဳလာတဲ့အခ်ိန္မွာ သူငယ္ခ်င္းေတြဂိမ္းအတူေဆာ့ဖုိ႔အတြက္ Console ဂိမ္းစက္ေတြရွိစရာမလုိေတာ့ပါဘူး။ အခုေနာက္ပိုင္းမွာ Multi-player ဂိမ္းေတြျဖစ္တဲ့ BombSquad ၊ Words with Friends ၊ Chess ၊ Glow Hockey ၊ Heads Up နဲ႔ Mobile Legends လုိမ်ိဳး ဂိမ္းေတြကို စမတ္ဖုန္းတစ္လံုးေပၚမွာ အတူေဆာ့လုိ႔ရေနပါျပီ။

အခုလုိမ်ိဳး သူငယ္ခ်င္းေတြနဲ႔အတူအခ်ိန္ျဖဳန္းဖုိ႔အတြက္ စမတ္ဖုန္းေကာင္းေကာင္းတစ္လံုးလည္းလုိအပ္မွာျဖစ္ျပီးေတာ့ ဒီေနရာမွာ Samsung ကေန အသစ္ထုတ္ထားတဲ့ Galaxy J6+ ဖုန္းက ေငြက်ပ္ ၃ သိန္းဝန္းက်င္မွာ လုပ္ေဆာင္ခ်က္ေကာင္းေတြပါဝင္တဲ့စမတ္ဖုန္းတစ္ခုလုိ႔ ေျပာလုိ႔ရပါတယ္။

Samsung Galaxy J6+

ဒီ Samsung Galaxy J6+ ဖုန္းမွာဆုိရင္ Dual Camera စနစ္ ၊ 6″ Infinity Display နဲ႔ ဒီဇုိင္းအသစ္ျဖစ္တဲ့ Side Fingerprint Scanner ပါဝင္မွာလည္းျဖစ္ပါတယ္။ အခု Galaxy J6+ စမတ္ဖုန္းကို လွပတဲ့ အနက္ေရာင္၊ မီးခိုးေရာင္နဲ႔ အနီေရာင္ စသျဖင့္ ၃ ေရာင္ေရြးခ်ယ္ႏုိင္မွာျဖစ္ျပီးေတာ့ လာမယ့္ေအာက္တုိဘာလ ၁၂ ရက္ကေန စတင္ျပီး ဝယ္ယူရရွိႏုိင္မွာျဖစ္ပါတယ္။

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတယ်ဆိုတာ အမြဲတမ်းပျော်စရာပါ။ ဒါပေမယ့် အခုလိုမျိုး ကိုယ်စီအလုပ်တွေနဲ့ နေ့ရက်တိုင်းကို ကျော်ဖြတ်နေရတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့တွေ့ပြီး အချိန်ပေးဖို့က ပိုပြီးခက်ခဲလာပါတယ်။ ဒါပေမယ့် အခုလို အောက်တိုဘာလလိုမျိုး သီတင်းကျွတ်အားလပ်ရက်တွေရှိနေတဲ့အချိန်မှာတော့ ပိုပြီး သူငယ်ချင်းတွေနဲ့ အချိန်ပေးလို့ရလာပါပြီ။

အဲ့တော့ သူငယ်ချင်းတွေအတူရှိနေတဲ့နေရာမှာ ဘယ်လိုမျိုး ပျော်ပျော်ရွှင်ရွှင်နဲ့ အချိန်ဖြုန်းကြမလဲ? အခုဒီ Article လေးမှာ ပျော်စရာအခိုက်အတန့်လေးတွေကို ရရှိအောင် ကိုယ်တိုင်ဖန်တီးနိုင်မယ့်အလွယ်ကူဆုံးနည်းလမ်းတွေကို ပြောပြမယ်ဆိုရင် လိုက်လုပ်ကြည့်ကြမလား?

(၁) ပျော်စရာဓါတ်ပုံ Challenge တွေလုပ်ကြမယ်

Photo Challenge

သူငယ်ချင်းတွေနဲ့အတူ ကိုယ့်ဖုန်းကင်မရာနဲ့ ဓါတ်ပုံရိုက်တာက အမြဲတမ်းပျော်စရာကောင်းပါတယ်။ ကိုယ့်အချင်းချင်းဓါတ်ပုံရိုက်တာပဲဖြစ်ဖြစ် ရူခင်းပုံတွေ၊ Portrait ပုံတွေရိုက်တာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက်ယှဉ်ပြိုင်ပြီးတော့ ဘယ်သူကပိုကောင်းတဲ့ပုံရိုက်နိုင်သလဲဆိုတာကို ပြိုင်ကြည့်ကြည့်ပါ။

(၂) ရုပ်ရှင်ညလုံးပေါက်ကြည့်ကြမယ်

Watching Movie

သူငယ်ချင်းတွေ အိမ်မှာစုပြီး အိပ်ဖြစ်တယ်ဆိုရင် ညလုံးပေါက်ရုပ်ရှင်ကြည့်တာက ပျော်စရာကောင်းတဲ့အခိုက်အတန့်တွေကို ဖန်တီးတာကလည်း ကောင်းတဲ့အချိန်ဖြုန်းနည်းတစ်ခုပါ။ TV Channel တွေက တစ်ညလုံးလာနေတဲ့ ရုပ်ရှင်တွေကိုကြည့်တာပဲဖြစ်ဖြစ်၊ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ကားတွေဝယ်ထားပြီးပဲဖြစ်ဖြစ် ဒါမှမဟုတ် ဇတ်လမ်းတွဲတွေကို ကြည့်တာပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့အတူဆို ပျော်စရာကောင်းမှာအသေအချာပါပဲ။

(၃) အပြင်မှာ အချိန်ုဖြုန်းမယ်

Shopping

သူငယ်ချင်းတွေ တွေ့တဲ့အချိန်မှာ တစ်နေရာထဲမှာ ချိန်းတာထက် အပြင်ကိုလျှောက်သွားတာကလည်း တကယ်ကို မတူထူးခြားတဲ့အတွေ့အကြုံအသစ်ကို ခံစားနိုင်စေမှာပါ။ Shopping Center တွေ၊ ပန်းခြံတွေနဲ့ တခြားအနားယူလို့ကောင်းတဲ့နေရာတွေကို လျှောက်သွားပြီး အမှတ်တရာဓါတ်ပုံတွေရိုက်ထားတာကလည်း တော်တော်လေးကို ကောင်းတဲ့အတွေ့အကြုံတစ်ခုရမှာပါ။ မကြာသေးခင်ကမှ Samsung ကအသစ်ထွက်ရှိလာတဲ့ Galaxy J6+ ရဲ့ Dual Camera မှာပါဝင်လာတဲ့ Live Focus လုပ်ဆောင်ချက်နဲ့ဆိုရင် ကိုယ့်တစ်သက်တာအမှတ်တရဖြစ်စေမယ့် ဓာတ်ပုံလေးတွေကို ရိုက်ကူးသိမ်းဆည်းထားနိုင်မှာပါ။

(၄) Dinner Party တွေ အတူပြုလုပ်ကြမယ်

Dinner Party

သူငယ်ချင်းတွေနဲ့ အပြင်မှာ ညစာစားတာထက် အိမ်မှာ Dinner Party လုပ်တာကလည်း တော်တော်လေးကို ကောင်းတဲ့အမှတ်တရတွေကို ဖန်တီးနိုင်မယ့် နည်းလမ်းတစ်ခုပါ။ အပြင်မှာစားတာထက် သူငယ်ချင်းတွေစုပြီးတော့ ပျော်ပျော်ပါးပါး ဟင်းချက်စားကြတာကလည်း တကယ်ကို ပျော်စရာပါ။

(၅) သူငယ်ချင်းတွေနဲ့အတူ ရုပ်ရှင်ဖန်တီးမယ်

အခုလိုမျိုး ဖုန်းတွေကိုယ်စီရှိနေတဲ့အချိန်မှာ ပြုလုပ်သင့်တဲ့နောက်ထပ်အရာတစ်ခုက ရုပ်ရှင်ရိုက်ကြည့်တာပါ။ လုပ်ရမှာက သူငယ်ချင်းတွေစုပြီးတော့ ရိုက်ချင်တဲ့ ရုပ်ရှင်အတွက် ဇာတ်ညွန်းတွေ၊ ဇာတ်ကွက်တွေကို အတူစဉ်းစားပြီးတော့ အဲ့အတိုင်းရိုက်ရုံပါပဲ။ ကိုယ်ကြိုက်တဲ့ရုပ်ရှင်လိုမျိုး ကိုယ်တိုင်သူငယ်ချင်းတွေနဲ့ ရိုက်ပြီးတော့ ဖုန်းပေါ်မှာပဲ အလွယ်တကူ Edit လုပ်ပြီး ရုပ်ရှင်တစ်ခုဖန်တီးကြည့်တာကလည်း ပျော်စရာတစ်ခုပါ။

(၆) ဂိမ်းအတူဆော့ကြမယ်

Playing Game

အခုလို လူတိုင်းစမတ်ဖုန်းတွေအသုံးပြုလာတဲ့အချိန်မှာ သူငယ်ချင်းတွေဂိမ်းအတူဆော့ဖို့အတွက် Console ဂိမ်းစက်တွေရှိစရာမလိုတော့ပါဘူး။ အခုနောက်ပိုင်းမှာ Multi-player ဂိမ်းတွေဖြစ်တဲ့ BombSquad ၊ Words with Friends ၊ Chess ၊ Glow Hockey ၊ Heads Up နဲ့ Mobile Legends လိုမျိုး ဂိမ်းတွေကို စမတ်ဖုန်းတစ်လုံးပေါ်မှာ အတူဆော့လို့ရနေပါပြီ။

အခုလိုမျိုး သူငယ်ချင်းတွေနဲ့အတူအချိန်ဖြုန်းဖို့အတွက် စမတ်ဖုန်းကောင်းကောင်းတစ်လုံးလည်းလိုအပ်မှာဖြစ်ပြီးတော့ ဒီနေရာမှာ Samsung ကနေ အသစ်ထုတ်ထားတဲ့ Galaxy J6+ ဖုန်းက ငွေကျပ် ၃ သိန်းဝန်းကျင်မှာ လုပ်ဆောင်ချက်ကောင်းတွေပါဝင်တဲ့စမတ်ဖုန်းတစ်ခုလို့ ပြောလို့ရပါတယ်။

Samsung Galaxy J6+

ဒီ Samsung Galaxy J6+ ဖုန်းမှာဆိုရင် Dual Camera စနစ် ၊ 6″ Infinity Display နဲ့ ဒီဇိုင်းအသစ်ဖြစ်တဲ့ Side Fingerprint Scanner ပါဝင်မှာလည်းဖြစ်ပါတယ်။ အခု Galaxy J6+ စမတ်ဖုန်းကို လှပတဲ့ အနက်ရောင်၊ မီးခိုးရောင်နဲ့ အနီရောင် စသဖြင့် ၃ ရောင်ရွေးချယ်နိုင်မှာဖြစ်ပြီးတော့ လာမယ့်အောက်တိုဘာလ ၁၂ ရက်ကနေ စတင်ပြီး ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Zawyè (Akhayar) 

www.akhayar.com