[Zawgyi]

Introvert ေတြ သီတင္းကၽြတ္မွာ ဘာေတြလုပ္ေနလဲ

Introvert ေတြအတြက္ကေတာ့ သီတင္းကၽြတ္အားလပ္ရက္ေတြက ဇိမ္ခံလို႔အေကာင္းဆံုးအခ်ိန္ေတြပါပဲေနာ္။ Introvert ဆိုတဲ့အတိုင္း ေအးေအးလူလူသာသာယာယာေနတတ္သူမ်ားဆိုေတာ့ သီတင္းကၽြတ္အားလပ္ရက္ အခ်ိန္အခါသမယႀကီးကို ဘယ္လိုေပ်ာ္ရႊင္စြာ ေက်ာ္ျဖတ္ၾကမလဲဆိုတာကို အတူတူႀကံစည္ၾကည့္ရေအာင္ေနာ္။

အေ၀းဆံုးကို ထြက္ေျပးမယ္

ရန္ကုန္ၿမိဳ႕ႀကီးကေန အေ၀းဆံုးကို ထြက္ေျပးၿပီး သာသာယာယာ ေနလိုက္ၾကရင္ေကာင္းမလား။ ကမ္းေျခတစ္ခုခု ဒါမွမဟုတ္ ေအးေဆးတဲ့နယ္ၿမိဳ႕ေလးတစ္ခုကို သြားၿပီး Staycation သြားေနတာပဲျဖစ္ျဖစ္လုပ္ၾကပါလား။ ရက္ေတြက်န္ပါေသးတယ္။ ေသာၾကာေန႔ကို ခြင့္ယူလိုက္ရံုပဲေပါ့ေနာ္။ ေအးေဆးပါ။

တစ္ေနကုန္အိပ္မယ္

အရမ္းေကာင္းတဲ့ အႀကံတစ္ခုရွိပါတယ္။ အဲဒါကေတာ့ အိမ္ခန္းထဲမွာ တစ္ေနကုန္အိပ္ဖို႔ပါပဲ။ ႏိုးလာရင္ စားၿပီးျပန္အိပ္ပါ။ အခုလိုမ်ိဳးမအိပ္ရတာလည္း ၾကာၿပီမလား။ အိပ္ခ်င္ခဲ့တဲ့ေန႔ေတြကို အတိုးခ်ၿပီး အေၾကြးဆပ္လိုက္ပါေတာ့။ ဒါေပမယ့္ တစ္ခုေတာ့ရွိတယ္ေနာ္။ လာမယ့္ေသာၾကာလို၊ စေနတနဂၤေႏြလိုေန႔မ်ိဳးေတြမွာေတာ့ သိပ္မအိပ္နဲ႔ေတာ့ေနာ္။ ရံုးတက္မွ အက်င့္ႀကီးပါၿပီး အိပ္ခ်င္လွ်က္နဲ႔ ဟုတ္ေပ့ျဖစ္ေနပါဦးမယ္။

သူငယ္ခ်င္းေတြနဲ႔ပတ္ေတြ႕မယ္

Introvert ဆိုတာနဲ႔ အိမ္တြင္းပုန္းႀကီးေတြလို႔ မထင္ပါနဲ႔ေနာ္။ သူတို႔က ေအးေအးလူလူေနတတ္တာပါ။ သူငယ္ခ်င္းေတြကို အခုပဲဖုန္းဆက္ခ်ိန္းၿပီး စားေကာင္းတဲ့ဆိုင္တစ္ဆိုင္မွာ ေရွးေဟာင္းေႏွာင္းျဖစ္ေတြေျပာေနၾကတာေရာ မေကာင္းဘူးလား။ ဒီလို အားလံုးအားလပ္ရက္ရတဲ့အခ်ိန္ေလာက္ပဲ ဆံုေတြ႕ဖို႔ လြယ္ကူႏိုင္မွာပါေနာ္။ ရံုးျပန္ဖြင့္ရင္လည္း ကိုယ့္အလုပ္နဲ႔ကိုယ္ ျပန္ရႈပ္ၾကဦးမွာပဲ မဟုတ္ဘူးလား။

မိသားစုအေပ်ာ္ေတြဖန္တီးမယ္

ေနာက္ၿပီး နယ္ကမိသားစုေတြဆိုရင္ေတာ့ ဒီအခ်ိန္ေလးမွာပဲ မိသားစု စံုစံုလင္လင္မ်က္ႏွာခ်င္းဆိုင္ရတာပါ။ ဒီေတာ့ ေပ်ာ္စရာအခ်ိန္ေလးအျဖစ္ မုန္႔ေတြလုပ္စားၾကတာပဲျဖစ္ျဖစ္၊ အလွဴေတြလုပ္ၾကတာပဲျဖစ္ျဖစ္ ေဆြမ်ိဳးေတြနဲ႔ မိသားစု၀င္ေတြအကုန္ဆံုၿပီး တန္ဖိုးရွိတဲ့အခ်ိန္ေလးေတြကို ဖန္တီးၾကရင္ေရာ။

Challenge ေတြလုပ္မယ္

ေနာက္တစ္ခုက Challenge ေတြကို ၿပီးေျမာက္ေအာင္ လုပ္ၾကည့္ဖို႔ပါ။ သာမန္ဆို အၿမဲတမ္း ရံုးသြားေနရလို႔၊ အိပ္ရာက ေစာေစာထေနရလို႔၊ အိမ္မွာအခ်ိန္ျပည့္မရွိႏိုင္လို႔၊ အျပင္ပဲထြက္ေနရလို႔ မလုပ္ျဖစ္တဲ့ အလွအပဆိုင္ရာ၊ ေငြေၾကးဆိုင္ရာ၊ ေပ်ာ္ရႊင္မႈဆိုင္ရာ Challenge ေတြကို အခု ပိတ္ရက္မွာ ႀကိဳးစားလုပ္ၾကည့္လို႔လည္း ရပါေသးတယ္။ တစ္ေန႔လံုး ဘာမွေငြမသံုးတဲ့ေန႔တို႔၊ ဟင္းသီးဟင္းရြက္ပဲစားတဲ့ေန႔တို႔ စတာေတြကို အတူတူလုပ္ၾကည့္ရေအာင္လား။

ဒါေလးေတြကေတာ့ Introvert ေတြအေနနဲ႔ သီတင္းကၽြတ္ပိတ္ရက္ေတြကို အက်ိဳးရွိရွိနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ဘယ္လိုအသံုးခ်လို႔ရလဲဆိုတာကို ေဖာ္ျပေပးလိုက္တာပါ။ မၾကာခင္မွာပဲ သီတင္းကၽြတ္ပိတ္ရက္ေတြကုန္ေတာ့မယ္ေနာ္။ ျမန္ျမန္ေလးလႈပ္ရွားလိုက္ရေအာင္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

Introvert တွေ သီတင်းကျွတ်မှာ ဘာတွေလုပ်နေလဲ

Introvert တွေအတွက်ကတော့ သီတင်းကျွတ်အားလပ်ရက်တွေက ဇိမ်ခံလို့အကောင်းဆုံးအချိန်တွေပါပဲနော်။ Introvert ဆိုတဲ့အတိုင်း အေးအေးလူလူသာသာယာယာနေတတ်သူများဆိုတော့ သီတင်းကျွတ်အားလပ်ရက် အချိန်အခါသမယကြီးကို ဘယ်လိုပျော်ရွှင်စွာ ကျော်ဖြတ်ကြမလဲဆိုတာကို အတူတူကြံစည်ကြည့်ရအောင်နော်။

အဝေးဆုံးကို ထွက်ပြေးမယ်

ရန်ကုန်မြို့ကြီးကနေ အဝေးဆုံးကို ထွက်ပြေးပြီး သာသာယာယာ နေလိုက်ကြရင်ကောင်းမလား။ ကမ်းခြေတစ်ခုခု ဒါမှမဟုတ် အေးဆေးတဲ့နယ်မြို့လေးတစ်ခုကို သွားပြီး Staycation သွားနေတာပဲဖြစ်ဖြစ်လုပ်ကြပါလား။ ရက်တွေကျန်ပါသေးတယ်။ သောကြာနေ့ကို ခွင့်ယူလိုက်ရုံပဲပေါ့နော်။ အေးဆေးပါ။

တစ်နေကုန်အိပ်မယ်

အရမ်းကောင်းတဲ့ အကြံတစ်ခုရှိပါတယ်။ အဲဒါကတော့ အိမ်ခန်းထဲမှာ တစ်နေကုန်အိပ်ဖို့ပါပဲ။ နိုးလာရင် စားပြီးပြန်အိပ်ပါ။ အခုလိုမျိုးမအိပ်ရတာလည်း ကြာပြီမလား။ အိပ်ချင်ခဲ့တဲ့နေ့တွေကို အတိုးချပြီး အကြွေးဆပ်လိုက်ပါတော့။ ဒါပေမယ့် တစ်ခုတော့ရှိတယ်နော်။ လာမယ့်သောကြာလို၊ စနေတနင်္ဂနွေလိုနေ့မျိုးတွေမှာတော့ သိပ်မအိပ်နဲ့တော့နော်။ ရုံးတက်မှ အကျင့်ကြီးပါပြီး အိပ်ချင်လျှက်နဲ့ ဟုတ်ပေ့ဖြစ်နေပါဦးမယ်။

သူငယ်ချင်းတွေနဲ့ပတ်တွေ့မယ်

Introvert ဆိုတာနဲ့ အိမ်တွင်းပုန်းကြီးတွေလို့ မထင်ပါနဲ့နော်။ သူတို့က အေးအေးလူလူနေတတ်တာပါ။ သူငယ်ချင်းတွေကို အခုပဲဖုန်းဆက်ချိန်းပြီး စားကောင်းတဲ့ဆိုင်တစ်ဆိုင်မှာ ရှေးဟောင်းနှောင်းဖြစ်တွေပြောနေကြတာရော မကောင်းဘူးလား။ ဒီလို အားလုံးအားလပ်ရက်ရတဲ့အချိန်လောက်ပဲ ဆုံတွေ့ဖို့ လွယ်ကူနိုင်မှာပါနော်။ ရုံးပြန်ဖွင့်ရင်လည်း ကိုယ့်အလုပ်နဲ့ကိုယ် ပြန်ရှုပ်ကြဦးမှာပဲ မဟုတ်ဘူးလား။

မိသားစုအပျော်တွေဖန်တီးမယ်

နောက်ပြီး နယ်ကမိသားစုတွေဆိုရင်တော့ ဒီအချိန်လေးမှာပဲ မိသားစု စုံစုံလင်လင်မျက်နှာချင်းဆိုင်ရတာပါ။ ဒီတော့ ပျော်စရာအချိန်လေးအဖြစ် မုန့်တွေလုပ်စားကြတာပဲဖြစ်ဖြစ်၊ အလှူတွေလုပ်ကြတာပဲဖြစ်ဖြစ် ဆွေမျိုးတွေနဲ့ မိသားစုဝင်တွေအကုန်ဆုံပြီး တန်ဖိုးရှိတဲ့အချိန်လေးတွေကို ဖန်တီးကြရင်ရော။

Challenge တွေလုပ်မယ်

နောက်တစ်ခုက Challenge တွေကို ပြီးမြောက်အောင် လုပ်ကြည့်ဖို့ပါ။ သာမန်ဆို အမြဲတမ်း ရုံးသွားနေရလို့၊ အိပ်ရာက စောစောထနေရလို့၊ အိမ်မှာအချိန်ပြည့်မရှိနိုင်လို့၊ အပြင်ပဲထွက်နေရလို့ မလုပ်ဖြစ်တဲ့ အလှအပဆိုင်ရာ၊ ငွေကြေးဆိုင်ရာ၊ ပျော်ရွှင်မှုဆိုင်ရာ Challenge တွေကို အခု ပိတ်ရက်မှာ ကြိုးစားလုပ်ကြည့်လို့လည်း ရပါသေးတယ်။ တစ်နေ့လုံး ဘာမှငွေမသုံးတဲ့နေ့တို့၊ ဟင်းသီးဟင်းရွက်ပဲစားတဲ့နေ့တို့ စတာတွေကို အတူတူလုပ်ကြည့်ရအောင်လား။

ဒါလေးတွေကတော့ Introvert တွေအနေနဲ့ သီတင်းကျွတ်ပိတ်ရက်တွေကို အကျိုးရှိရှိနဲ့ ပျော်ပျော်ရွှင်ရွှင် ဘယ်လိုအသုံးချလို့ရလဲဆိုတာကို ဖော်ပြပေးလိုက်တာပါ။ မကြာခင်မှာပဲ သီတင်းကျွတ်ပိတ်ရက်တွေကုန်တော့မယ်နော်။ မြန်မြန်လေးလှုပ်ရှားလိုက်ရအောင်။

Moethaesay (Akhayar)

www.akhayar.com