[Zawgyi]

ရံုးဆင္းခ်ိန္ေတြကို ဘယ္လိုျဖတ္သန္းၾကမလဲ

အလုပ္ခ်ိန္ၿပီးရင္ ဘယ္ေတြသြား၊ ဘာေတြလုပ္ေလ့ရွိပါတယ္။ အရက္ေသာက္ၿပီး ေဟးလား၀ါးလားလုပ္တာကေတာ့ လူငယ္ဘ၀မွာပဲ ေပ်ာ္စရာေကာင္းတာပါ။ နည္းနည္းရင့္က်က္လာတဲ့အခ်ိန္က်ေတာ့ ကိုယ့္အတြက္ တိုးတက္ႏိုင္တဲ့၊ ေပ်ာ္ရႊင္မႈထက္ စိတ္ခ်မ္းေျမ႕မႈကိုပိုေပးႏိုင္တဲ့အလုပ္ေတြကို ေရြးခ်ယ္ေလ့ရွိၾကပါတယ္။ ဒီလုိပဲ က်င့္သံုးရမွာပါပဲ။ ဒါေၾကာင့္ အလုပ္ခ်ိန္ၿပီးတဲ့ တစ္ေန႔တာမွာ ကိုယ္ပိုင္အခ်ိန္ေတြကို ဘယ္လိုအက်ိဳးရွိရွိသံုးစြဲရမလဲဆိုတာကို သိၾကပါသလား။

စာဖတ္ပါ

စာဖတ္တာကေတာ့ အခ်ိန္ေရြးေနစရာမလိုပါဘူး။ ဘယ္လိုအခ်ိန္ပဲျဖစ္ျဖစ္ သင့္ေတာ္ေနတာပါပဲ။ အလုပ္ခ်ိန္ၿပီးလို႔ အိမ္မွာနားနားေနေနရွိၿပီဆိုရင္ Social Media ေပၚမွာအခ်ိန္ကုန္ေနမယ့္အစား စာဖတ္ပါ။ ဦးေႏွာက္မွာ ရင္းႏွီးျမဳပ္ႏွံပါ။ စာဖတ္တာေလာက္ ဗဟုသုတရွာမွီးလို႔ေကာင္းတာ မရွိပါဘူး။

သူငယ္ခ်င္းေတြနဲ႔ေတြ႕ဆံုစကားေျပာပါ

သူငယ္ခ်င္းေတြနဲ႔ ရံုးဆင္းခ်ိန္ေတြ႕ဖို႔ ေျပာတာက အရင္တုန္းကလို အရက္ဆိုင္မွာ ဟီးဟီးဟားဟားလုပ္ခိုင္းေနတာ မဟုတ္ပါဘူးေနာ္။ ကိုယ့္ကို ေကာင္းက်ိဳးျပဳႏိုင္တဲ့သူငယ္ခ်င္းေတြနဲ႔ ခ်ိန္းၿပီး ေကာ္ဖီဆိုင္တစ္ဆိုင္ဆိုင္မွာ အလုပ္အေၾကာင္းေတြ၊ မိသားစုအေၾကာင္းေတြ အခ်င္းခ်င္းေျပာဆိုရင္ဖြင့္ဖို႔ပါ။ ေကာင္းတဲ့သူငယ္ခ်င္းေတြဆိုတာ ေမာင္ႏွမနဲ႔ တူတာပဲေလ။

စာေရးပါ

စာေရးတဲ့အလုပ္နဲ႔ ဆက္ႏြယ္ေနတဲ့သူေတြကေတာ့ Blog တစ္ခုေလာက္ဖြင့္ၿပီး ကိုယ္ ေ၀မွ်ခ်င္တဲ့အေၾကာင္းအရာေလးေတြနဲ႔ ကိုယ့္ရဲ႕ အေတြ႕အႀကံဳေလးေတြကို ေရးသားပါ။ ဒီလိုမွမဟုတ္ရင္လည္း အားလပ္ခ်ိန္ေတြမွာ Facebook နဲ႔ Linkedin မွာပဲ ကိုယ့္ရဲ႕ လုပ္ငန္းဆိုင္ရာလႈပ္ရွားမႈေတြကို ေ၀မွ်ပါ။ အမုန္းစကားေတြကလြဲလို႔ ဘယ္လိုအေၾကာင္းအရာမ်ိဳးကိုပဲ ေ၀မွ်ပါေစ Sharing is caring မဟုတ္လား။

ဘာသာတရားလုပ္ပါ

အားတဲ့ကိုယ္ပိုင္အခ်ိန္ေလးေတြအတြင္းမွာ ဘာသာတရားကိုလည္း ဦးစားေပးလိုက္ပါဦးေနာ္။ ဘာသာေရးဆိုတာ ပစ္ပယ္ထားလို႔မရပါဘူး။ အနည္းဆံုး တရားထိုင္ရင္ေတာင္မွ စိတ္ၿငိမ္ၿပီး ဥာဏ္ရည္ထက္ျမတ္တယ္လို႔ လူေတာ္ေတာ္မ်ားမ်ားကေတာင္ လက္ခံထားၾကတာပဲမဟုတ္လား။ ကိုယ့္ရဲ႕ဘာသာတရားအရ ကိုယ္စီကိုယ္စီ ဘာသာေရးကို အေရးေပးသင့္ပါတယ္။

မိသားစုကိုအခ်ိန္ေပးပါ

လူေတြက မိသားစုအတြက္ ပိုက္ဆံရွာေနရင္းနဲ႔ပဲ ပိုက္ဆံေနာက္ကိုလိုက္ရင္း မိသားစုကို ပစ္ပယ္လာမိၾကပါတယ္။ ဒီလိုမဟုတ္ဘဲ အျဖစ္မွန္ကို ျပန္ေတြးပါ။ မိသားစုကို အခ်ိန္ေပးပါ။ သူတို႔နဲ႔ ေႏြးေႏြးေထြးေထြးေနပါ။ လစာထုတ္ခ်ိန္ေတြနဲ႔ ထူးျခားတဲ့ရက္ေတြမွာ ခ်ိန္းၿပီး အျပင္မွာလည္ပါ။ သင္ မရွိေတာ့ရင္ လုပ္ငန္းခြင္က သင့္ေနရာမွာ တျခားတစ္ေယာက္ ေရာက္လာမွာပါ။ မိသားစုအတြက္ကေတာ့ သင္မရွိေတာ့ရင္ ဘယ္သူမွမရွိႏိုင္ေတာ့ပါဘူး။

အလုပ္ခ်ိန္ကေန အားလပ္တဲ့အခါတိုင္း အခုေျပာျပခဲ့တာေလးေတြကို ဂရုတစိုက္လုပ္ေစခ်င္ပါတယ္။ အလုပ္ထဲမွာပဲ နစ္မြန္းေနတယ္ဆိုတာ ဂုဏ္ယူစရာကိစၥတစ္ခုမဟုတ္ပါဘူး။ စီးပြားေရးနဲ႔ လူမႈေရးကို ညီတူညီမွ်လုပ္ကိုင္ႏုိင္မွသာ ဂုဏ္ယူရမွာပါ။ အားလပ္တဲ့ကိုယ္ပိုင္အခ်ိန္ေလးေတြကို အက်ိဳးရွိရွိအသံုးခ်လိုက္ၾကရေအာင္ေနာ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

ရုံးဆင်းချိန်တွေကို ဘယ်လိုဖြတ်သန်းကြမလဲ

အလုပ်ချိန်ပြီးရင် ဘယ်တွေသွား၊ ဘာတွေလုပ်လေ့ရှိပါတယ်။ အရက်သောက်ပြီး ဟေးလားဝါးလားလုပ်တာကတော့ လူငယ်ဘဝမှာပဲ ပျော်စရာကောင်းတာပါ။ နည်းနည်းရင့်ကျက်လာတဲ့အချိန်ကျတော့ ကိုယ့်အတွက် တိုးတက်နိုင်တဲ့၊ ပျော်ရွှင်မှုထက် စိတ်ချမ်းမြေ့မှုကိုပိုပေးနိုင်တဲ့အလုပ်တွေကို ရွေးချယ်လေ့ရှိကြပါတယ်။ ဒီလိုပဲ ကျင့်သုံးရမှာပါပဲ။ ဒါကြောင့် အလုပ်ချိန်ပြီးတဲ့ တစ်နေ့တာမှာ ကိုယ်ပိုင်အချိန်တွေကို ဘယ်လိုအကျိုးရှိရှိသုံးစွဲရမလဲဆိုတာကို သိကြပါသလား။

စာဖတ်ပါ

စာဖတ်တာကတော့ အချိန်ရွေးနေစရာမလိုပါဘူး။ ဘယ်လိုအချိန်ပဲဖြစ်ဖြစ် သင့်တော်နေတာပါပဲ။ အလုပ်ချိန်ပြီးလို့ အိမ်မှာနားနားနေနေရှိပြီဆိုရင် Social Media ပေါ်မှာအချိန်ကုန်နေမယ့်အစား စာဖတ်ပါ။ ဦးနှောက်မှာ ရင်းနှီးမြုပ်နှံပါ။ စာဖတ်တာလောက် ဗဟုသုတရှာမှီးလို့ကောင်းတာ မရှိပါဘူး။

သူငယ်ချင်းတွေနဲ့တွေ့ဆုံစကားပြောပါ

သူငယ်ချင်းတွေနဲ့ ရုံးဆင်းချိန်တွေ့ဖို့ ပြောတာက အရင်တုန်းကလို အရက်ဆိုင်မှာ ဟီးဟီးဟားဟားလုပ်ခိုင်းနေတာ မဟုတ်ပါဘူးနော်။ ကိုယ့်ကို ကောင်းကျိုးပြုနိုင်တဲ့သူငယ်ချင်းတွေနဲ့ ချိန်းပြီး ကော်ဖီဆိုင်တစ်ဆိုင်ဆိုင်မှာ အလုပ်အကြောင်းတွေ၊ မိသားစုအကြောင်းတွေ အချင်းချင်းပြောဆိုရင်ဖွင့်ဖို့ပါ။ ကောင်းတဲ့သူငယ်ချင်းတွေဆိုတာ မောင်နှမနဲ့ တူတာပဲလေ။

စာရေးပါ

စာရေးတဲ့အလုပ်နဲ့ ဆက်နွယ်နေတဲ့သူတွေကတော့ Blog တစ်ခုလောက်ဖွင့်ပြီး ကိုယ် ဝေမျှချင်တဲ့အကြောင်းအရာလေးတွေနဲ့ ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေကို ရေးသားပါ။ ဒီလိုမှမဟုတ်ရင်လည်း အားလပ်ချိန်တွေမှာ Facebook နဲ့ Linkedin မှာပဲ ကိုယ့်ရဲ့ လုပ်ငန်းဆိုင်ရာလှုပ်ရှားမှုတွေကို ဝေမျှပါ။ အမုန်းစကားတွေကလွဲလို့ ဘယ်လိုအကြောင်းအရာမျိုးကိုပဲ ဝေမျှပါစေ Sharing is caring မဟုတ်လား။

ဘာသာတရားလုပ်ပါ

အားတဲ့ကိုယ်ပိုင်အချိန်လေးတွေအတွင်းမှာ ဘာသာတရားကိုလည်း ဦးစားပေးလိုက်ပါဦးနော်။ ဘာသာရေးဆိုတာ ပစ်ပယ်ထားလို့မရပါဘူး။ အနည်းဆုံး တရားထိုင်ရင်တောင်မှ စိတ်ငြိမ်ပြီး ဉာဏ်ရည်ထက်မြတ်တယ်လို့ လူတော်တော်များများကတောင် လက်ခံထားကြတာပဲမဟုတ်လား။ ကိုယ့်ရဲ့ဘာသာတရားအရ ကိုယ်စီကိုယ်စီ ဘာသာရေးကို အရေးပေးသင့်ပါတယ်။

မိသားစုကိုအချိန်ပေးပါ

လူတွေက မိသားစုအတွက် ပိုက်ဆံရှာနေရင်းနဲ့ပဲ ပိုက်ဆံနောက်ကိုလိုက်ရင်း မိသားစုကို ပစ်ပယ်လာမိကြပါတယ်။ ဒီလိုမဟုတ်ဘဲ အဖြစ်မှန်ကို ပြန်တွေးပါ။ မိသားစုကို အချိန်ပေးပါ။ သူတို့နဲ့ နွေးနွေးထွေးထွေးနေပါ။ လစာထုတ်ချိန်တွေနဲ့ ထူးခြားတဲ့ရက်တွေမှာ ချိန်းပြီး အပြင်မှာလည်ပါ။ သင် မရှိတော့ရင် လုပ်ငန်းခွင်က သင့်နေရာမှာ တခြားတစ်ယောက် ရောက်လာမှာပါ။ မိသားစုအတွက်ကတော့ သင်မရှိတော့ရင် ဘယ်သူမှမရှိနိုင်တော့ပါဘူး။

အလုပ်ချိန်ကနေ အားလပ်တဲ့အခါတိုင်း အခုပြောပြခဲ့တာလေးတွေကို ဂရုတစိုက်လုပ်စေချင်ပါတယ်။ အလုပ်ထဲမှာပဲ နစ်မွန်းနေတယ်ဆိုတာ ဂုဏ်ယူစရာကိစ္စတစ်ခုမဟုတ်ပါဘူး။ စီးပွားရေးနဲ့ လူမှုရေးကို ညီတူညီမျှလုပ်ကိုင်နိုင်မှသာ ဂုဏ်ယူရမှာပါ။ အားလပ်တဲ့ကိုယ်ပိုင်အချိန်လေးတွေကို အကျိုးရှိရှိအသုံးချလိုက်ကြရအောင်နော်။

Moethaesay (Akhayar)

www.akhayar.com