အမှတ်တရဓါတ်ပုံတွေရိုက်ဖို့ပဲဖြစ်ြဖစ်၊ Professional ကျကျဓါတ်ပုံတွေကို ရိုက်ချင်တာပဲဖြစ်ဖြစ် တကယ်ကို Professional DSLR Camera တွေ ဝယ်စရာမလိုဘဲနဲ့ ကိုယ့်မှာရှိနေတဲ့ စမတ်ဖုန်းတစ်ခုနဲ့ပဲ ကောင်းကောင်းရိုက်လို့ရတယ်ဆိုတာ သင်သိပါသလား? အခုအချိန်မှာ စမတ်ဖုန်းတွေရဲ့ ကင်မရာတွေက တော်တော်လေးကိုကောင်းလာတော့ သာမန် Point & Shoot ကင်မရာတစ်ခုကို အစားထိုးလို့ရတဲ့အဆင့်တောင်ရှိနေတော့ အခု Article မှာ ကိုယ့်ရဲ့ စမတ်ဖုန်းနဲ့ ဓါတ်ပုံကောင်းကောင်းဘယ်လိုရိုက်ရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

Honor 8X Camera

အရင်ဆုံးအနေနဲ့ အခုပြောသွားမယ့် စမတ်ဖုန်းကင်မရာ Feature တွေက Honor 8X စမတ်ဖုန်းကို အခြေခံပြီး ပြောပြသွားမှာဖြစ်ပြီးတော့ ကိုယ့်မှာရှိနေတဲ့ စမတ်ဖုန်းပေါ်မှုတည်ပြီး အချို့သော အချက်လေးတွေက ကွဲလွဲနိုင်ပါတယ်။

(၁) ဘယ်လိုပဲရိုက်ရိုက် Grid ကို ဖွင့်ရိုက်ပါ

Grid

ဒါကတော့ စမတ်ဖုန်းနဲ့ပဲဖြစ်ဖြစ် ဘယ်လိုမျိုး ကင်မရာနဲ့ပဲရိုက်ရိုက် အရင်ဆုံးဦးစားပေးဆောင်ရွက်ရမယ့် အချက်တစ်ခုပါ။ Camera Setting ထဲက Grid ကို ဖွင့်လိုက်တာက ကိုယ်ရိုက်ချင်တဲ့ ဓါတ်ပုံကို Composition ကောင်းကောင်းချလို့ရသွားသလို မှားယွင်းပြီး Frame စောင်းသွားတာကလည်း ကာကွယ်ပေးနိုင်မှာပါ။ Honor 8X လို ဖုန်းတွေမှာဆိုရင် ပုံမှန် 3×3 Grid အပြင် ကိုယ်ရိုက်ချင်တဲ့ ပုံစံပေါ်မှုတည်ပြီး တခြားသော Grid ပုံစံတွေလည်း စိတ်ကြိုက်ထားပေးလို့ရမှာပါ။

Grid

(၂) Background ကို ခွဲခြားနိုင်အောင် Portrait/Aperture Mode နဲ့ ရိုက်ကူးပါ

များသောအားဖြင့် အရိုက်များတဲ့ ဓါတ်ပုံတွေကို ကြည့်မယ်ဆိုရင် လူအလှပုံ ဒါမှမဟုတ် Subject တစ်ခုခုကို ထင်းနေအောင် ရိုက်ကြတာပိုပြီးများပြားပါတယ်။ အဲ့ဒီအတွက် အခုနောက်ပိုင်း Dual Camera ပါဝင်လာတဲ့ စမတ်ဖုန်းကင်မရာတွေက ပိုပြီးအသုံးဝင်လာပါတယ်။

ဥပမာ Honor 8X မှာပါဝင်တဲ့ 20MP Primary Camera Sensor အပြင် ဒီ Background Information တွေကို ခွဲခြားနိုင်တဲ့ 2MP Secondary Sensor ပါထပ်ပြီး ပါဝင်တာကြောင့် ဒီလိုမျိုး မျက်စိထဲခွဲထွက်နေတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။

Portrait Mode

ဒီနေရာမှာ Portrait Mode က လူဓါတ်ပုံတွေကို ရိုက်ကူးတဲ့နေရာမှာ အသုံးပြုနိုင်ပြီးတော့ မျက်နှာ Skin Tone ကို ပါ ပြင်ဆင်ပေးနိုင်တဲ့ Option တစ်ခုပါဝင်နေမှာပါ။

Aperture Mode

Aperture Mode နဲ့ ရိုက်မယ်ဆိုရင် လူမဟုတ်တဲ့ တခြားသော Subject တွေကို ရိုက်တဲ့နေရာမှာ ပိုအသုံးဝင်ပြီးတော့ ဒီ Aperture Mode မှာ နောက်ခံ Background ကို ဘယ်လောက်ဝါးမယ်ဆိုတဲ့ Aperture f Number ကို စိတ်ကြိုက်ပြင်ဆင်လို့ရတာက အားသာချက်လို့ပြောရမှာပါ။

(၃) ညဘက်ရိုက်မယ်ဆိုရင် Night Mode ကို အမြဲအသုံးပြုပါ

Night Mode

ဒါကတော့ Honor 8X အပါအဝင် အခုနောက်ပိုင်း စမတ်ဖုန်းတွေမှာပါဝင်လာတဲ့ Night Mode ပဲဖြစ်ပါတယ်။ ယခင်ကလိုမျိုး Shutter Speed ကို Manual သတ်မှတ်လိုက်ပြီး Long Exposure ပုံတွေရိုက်မယ့်အစား AI အကူအညီနဲ့ စမတ်ဖုန်းကို ၅ စက္ကန့်လောက်ကိုင်ထားလိုက်တာနဲ့ လှပပြီး အလင်းရောင်ကောင်းကောင်းရတဲ့ Night Shot ရရှိတဲ့အတွက် ညဘက်ဓါတ်ပုံရိုက်မယ်ဆိုရင် Night Mode ကို အသုံးပြုတာ အကောင်းဆုံးဖြစ်မှာပါ။

(၄) Pro Mode ကို စိတ်ကြိက်ကစားကြည့်ပါ

Pro Mode

Honor 8X လိုမျိုးဖုန်းတွေရဲ့ အားသာချက်က Manual Mode ဒါမှမဟုတ် Pro Mode ပါဝင်တာဖြစ်ပြီးတော့ Shutter Speed ၊ White Balance ၊ Focus ၊ ISO နဲ့ Exposure တွေ အကုန်လုံးကို Manual ချိန်ပြီး ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။

အခုလိုမျိုး Manual Mode ကို ရိုက်ကူးမယ်ဆိုရင်တော့ ကင်မရာ အခြေခံ နည်းစနစ်တွေအနည်းငယ်သိရှိထားဖို့တော့ လိုအပ်မှာဖြစ်ပေမယ့် တဖြည်းဖြည်းစမ်းကြည့်ရင်းနဲ့ အသားကျသွားပြီး ရိုက်တတ်သွားတဲ့အချိန်ကြရင် Professional DSLR ကင်မရာတွေ ဝယ်မယ်ဆိုရင်တောင် Setting တွေက စမ်းနေတော့မှာမဟုတ်ဘဲ လွယ်ကူသွားမှာပါ။

(၅) ဖုန်းမှာပါတဲ့ တခြားသော Function တွေကို အသုံးချကြည့်ပါ

Honor 8X Camera Modes

အခုပြောသွားတဲ့ အချက်လေးတွေက စမတ်ဖုန်းတော်တော်များများမှာ ပါဝင်တဲ့ Feature တွေဖြစ်ပြီးတော့ Honor 8X လိုဖုန်းတွေမှာဆိုရင် Slo-Mo Mode ၊ Light Painting Mode ၊ HDR နဲ့ Time-lapse Mode တွေပါဝင်ဦးမှာပါ။ အဲ့တော့ ကိုယ့်ရဲ့ စမတ်ဖုန်းကင်မရာကို သာမန် Point & Shoot အနေနဲ့တင်မဟုတ်ဘဲ ဒီလိုမျိုး အပိုပါလာတဲ့ ကင်မရာ Feature တွေကလည်း ကိုယ်စိတ်ကူးရှိရင် ရှိသလောက်ရိုက်ရင်းနဲ့ လှပတဲ့ ဓါတ်ပုံလေးတွေကို ရရှိနိုင်မှာပါ။

ဒီအချက်လေးတွေကတော့ ကိုယ့်လက်ထဲမှာ အမြဲတမ်းရှိနေတဲ့ စမတ်ဖုန်းကင်မရာနဲ့ ပုံထွက်အကောင်းဆုံးဖြစ်အောင် ရိုက်ကူးနိုင်မယ့် နည်းလမ်းအချို့ပါ။ ကိုယ့်ဖုန်းက တခြားဈေးအရမ်းကြီးတဲ့ Flagship ဖုန်းတွေဖြစ်မှ ကင်မရာကောင်းနေတာထက် လှပတဲ့ဓါတ်ပုံတစ်ခုရဖို့က ရိုက်တဲ့သူရဲ့ ကျွမ်းကျင်မှုနဲ့ Editing က ပိုအရေးကြီးတဲ့အတွက် ဒီအချက်လေးက အကျိုးရှိမယ်လို့ ယူဆမိပါတယ်။